ပညာရေးချို့တဲ့သူများနှင့် ဘွဲ့ရပြီး အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာလူငယ်များအတွက်

manawphyulayAugust 29, 20121min20118

  • ASIA MASTERS

    ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်း
    အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အပတ်စဉ် အခမဲ့ ဆွေးနွေးပွဲ
    (ဟိုတယ်၊ စားသောက်ဆိုင်၊ သင်္ဘောလိုင်း၊ လေကြောင်းလိုင်း၊ အရောင်းဆိုင်)

  • ASIA MASTERS ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်းမှ ပညာရေးချို့တဲ့သူများနှင့် ဘွဲ့ရပြီး အလုပ်အကိုင်ရှာဖွေနေသည့် မြန်မာလူငယ်များအတွက်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ မည်သူမဆို တက်ရောက်လေ့လာနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

    အကြောင်းအရာ ။ ။ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆွေးနွေးပွဲ။
    နေ့ရက် ။ ။ အပတ်စဉ် (စနေနေ့တိုင်း)
    အချိန် ။ ။ ညနေ (၀၃: ဝ၀)နာရီမှ (၀၄း၃၀) နာရီထိ
    နေရာ ။ ။ ASIA MASTERS ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသင်တန်းကျောင်း
    အမှတ် (၂၇၀)၊ အနော်ရထာလမ်း၊ (၂၈ လမ်းနှင့် ရွှေဘုံသာလမ်းကြား)၊ မဟူရာကွန်ဒို (တထပ်)၊
    ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
    တယ်လီဖုန်းအမှတ် ။ ။ (၀၉) ၇၃၁၆၂၇၂၁၊ ၄၂၁၁၀၀၀၁၁၁၊ ၄၅၀၀၄၄၃၃၁၊ ၄၃၀၆၉၆၃၁

    ဆွေးနွေးပွဲ၏ရည်ရွယ်ချက်များ
    ၁။ ပြည်တွင်း/ပြည်ပတွင် ဂုဏ်သိက္ခာရှိရှိ တက်လမ်းရှိသည့် အလုပ်အကိုင်များရရှိနိုင်သည့် Tourism & Hospitality Industry အကြောင်း ရှင်းလင်းတင်ပြပေးရန်။
    ၂။ ASIA MASTERS ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သင်တန်းကျောင်းနှင့်ပတ်သက်၍ သိကောင်းစရာများ ဟောပြောရန်။
    ၃။ ဟိုတယ်၊ စားသောက်ဆိုင်၊ သင်္ဘောလိုင်း၊ လေကြောင်းလိုင်း၊ အရောင်းဆိုင်အကြောင်းအရာများအား ဗဟုသုတဖြန့်ဝေရန်။
    ၄။ တက်ရောက်လာသူများအတွက် အလုပ်အကိုင်နှင့် မိမိဘဝတက်လမ်းအတွက် အခမဲ့ဆွေးနွေးပေးရန်။

    သင်နှင့် သင့်မိသားစုအတွက် လမ်းကြောင်းမှန်ရွေးချယ်နိုင်ရေး ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါသည်။

    18 comments

    • casper

      August 29, 2012 at 4:50 pm

      ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းအတွက် အမှန်တကယ်အကျိုးရှိမယ့် ဆွေးနွေးပွဲဖြစ်လို့ တက်ဖြစ်မှာပါ။

      • zarlay

        August 30, 2012 at 3:52 pm

        ဟုတ်ကဲ့တတ်ဖြစ်အောင်တက်ပါနော် ဟိုတယ်ခရီးကဝန်ထမ်းဖြစ်နေလို့ ထောက်ခံပါတယ်

    • aanyar thar

      August 29, 2012 at 5:40 pm

      တကယ်..အခမဲ့နော်…ဘာစာရွက်စာတမ်းကြေးမှ့..မတောင်းဘူးဆိုတာ..ဂယ်လားဟင်.

    • ma ma01306

      August 29, 2012 at 7:19 pm

      သင်တန်းပြီးသွားရင် အလုပ်ပါရှာဖွေပေးလိုက်ရင် ပိုကောင်းတယ်
      အလုပ်လက်မဲ့တွေ မပေါတော့ဘူးပေါ့နော်..

    • Htoo thin

      August 29, 2012 at 7:40 pm

      ဘာလဲပညာတတ်တွေကို စားပွဲထိုးနဲ့ စာဖို့မှူးတွေဖြစ်စေချင်တယ်ပေါ့ သူများနိုင်ငံများသွားပြီး ကျွန်ခံတာ တောင် သိဏ္ခာရှိရှိဖြစ်စေချင်တယ် …ဘာလဲတခေါက်လာလဲ စားပွဲထိုး အိမ်ဖေါ် ……. IT ရအောင်လုပ် စလုံးမှာ အလုပ်တွေအများကြီးရှိတယ်…

      • manawphyulay

        August 30, 2012 at 9:45 am

        ဒီအတွေးတွေ ရှိသေးရင်တော့ သူများနိုင်ငံရဲ့ကျွန်ဖြစ်နေဦးမှာ အမှန်ပါပဲ။ ဘယ်နေရာမဆို အလုပ်လုပ်ချင်စိတ်ရှိတဲ့သူဖြစ်ဖို့ရယ်… ပညာမပြီးဆုံးပဲ ဘဝမှာ လေနေတဲ့သူတွေအများကြီးပါပဲ။ ဒီလူတွေကို လမ်းမှန်ရောက်ဖို့ တတ်နိုင်သလောက် နီးစပ်တဲ့သူတွေက ဆွဲခေါ်သင့်တယ်လို့မြင်မိတယ်။ ဒါမှ နိုင်ငံမှာ အလုပ်လက်မဲ့တွေ လျော့နည်းပြီး မိသားစုတိုင်းစီးပွားရေးအဆင်ပြေမှာဖြစ်ပါတယ်။ စားပွဲထိုးတို့ စားဖိုမှူးတို့ဖြစ်အောင်လုပ်ပြီး သူများနိုင်ငံသွားရမယ်လို့ ပြောတာကို လက်ခံပြီးလုပ်နေတဲ့သူတွေက လူပိန်းတွေမို့လို့ပဲ။ ကိုယ်တိုင်စဉ်းစားပြီးမှ လုပ်ဆောင်သင့်ပါတယ်။ ဘယ်သူက ဘာလုပ်ဆိုတိုင်းလျှောက်လုပ်တော့ သူများနိုင်ငံရဲ့ ကျွန်ဖြစ်တာ မဆန်းပါဘူး။

      • casper

        August 30, 2012 at 10:05 am

        သူများနိုင်ငံမှာကျွန်ခံရတာထက်စာရင် ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးကိုဝန်ဆောင်မှုပေးပြီး အိုးမကွာ အိမ်မကွာဝင်ငွေရှာနိုင်အောင်လို့လမ်းညွှန်ပေးနေတာကို အကောင်းမြင်ဝါဒနဲ့မကြည့် တာကကော ဘာသဘောလဲ? IT မှအလုပ်ဖြစ်မယ်ထင်နေလား? နိုင်ငံခြားခရီးသွားတွေ ကိုယ့်
        တိုင်းပြည်ကို ပိုပြီးဝင်ဖို့သက်ဆိုင်ရာတွေက ကြိုးစားနေချိန်မှာ နိုင်ငံခြားမသွားပဲ ကိုယ့်တိုင်းပြည်
        ထဲမှာပဲ စီးပွားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းရအောင် တဖက်တလမ်းကကူညီတာကို
        မကူညီချင်နေပါ၊ မနှောင့်ယှက်ပါနဲ့။

      • Foreign Resident

        August 30, 2012 at 11:24 am

        သူတစ်ပါးကို မတရား မလုပ်ပဲ ၊ ကိုယ့်ခွန် ကိုယ့်အား နှင့်
        ရိုးရိုးသားသား ရှာဖွေစားတဲ့ ၊ ဘယ် အလုပ်ကိုမဆို ၊
        ( ဆရာဝန်မကြီး ဖြစ်ဖြစ် ၊ စားပွဲထိုး အိမ်ဖေါ် ဖြစ်ဖြစ် ၊ ဖာသည် ဖြစ်ဖြစ် )
        လေးစားပါတယ် ။

        တိုင်းပြည်အတွက် ကျရာတာဝန် ထမ်းတယ်လို့ ၊
        ယူဆပါတယ် ။

    • utawgyaw

      August 30, 2012 at 8:50 am

      အလုပ်ဟူသမျှ ဂုဏ်ရှိစွ။ ပညာတတ် အမည်ခံချင်ရင် စဉ်းစားပြီးမှ ပြောပါ။

    • yadanar nwe

      August 30, 2012 at 10:16 am

      လောကကြီးမှာ တစ်ဖက်စောင်းနင်းဖြစ်နေရင် အဆင်ပြေမယ်လို့ ထင်ရဲ့လားရှင်။ ဆရာဝန်ဆိုတာ ဂုဏ်ရှိတဲ့အလုပ်ဆိုပြီး ဆရာဝန်တွေကြီးပဲ လုပ်နေရင် လူ့လောကကြီး အဆင်ပြေမယ်လို့ ထင်နေလားရှင်။ IT ပညာရှင်တွေပဲလောကမှာ ရှိနေရင်ရော ဘာလုပ်ကြရမလဲ။ လူတိုင်းကတော့ သူ့နေရာနဲ့သူ အကုန်လိုအပ်ပါတယ်။ ဘဝမှာ ဘာလုပ်ရမယ်မသိပဲ လမ်းပျောက်နေတဲ့ လူငယ်တွေ အများကြီးရှိပါတယ်။ အဲ့လိုလူငယ်တွေအတွက်ရည်ရွယ်ပြီး ဆွေးနွေးပေးတာဖြစ်ပါတယ်ရှင်။ ကိုယ့်လုပ်ရပ်တစ်ခုက လူတစ်ဖက်သားကို အကျိုးမပေးချင်နေပါစေ မနှောင့်ယှက်ပါနဲ့ရှင်။ ကိုယ့်စိတ်ထဲမှာ ကျွန်စိတ်ရှိနေမယ်ဆို ဘယ်လောက်မြင့်မားတဲ့ ပညာတွေသင်ထားပါစေ ကျွန်ဖြစ်နေဦးမှာပါ။

    • နွေဦး

      August 30, 2012 at 1:16 pm

      အချိန်ပို ရှိတဲ့ သူတွေအတွက် မျှဝေပေးတဲ့ ပညာရပ်တွေဖြစ်တဲ့အတွက်
      တချိန်မှာ အသုံးဝင်နိုင်တဲ့အတွက် တက်ရောက် နားထောင် ဗဟုသုတ ရကြပါစေ..။
      အခမဲ့ ဆွေးနွေးပွဲ ဖြစ်အောင် စီစဉ်ပေးတဲ့ သူတွေကိုကော shareပေးတဲ့သူတွေကိုကော ကျေးဇူးတင်ပါသည် ။

    • ကထူးဆန်း

      August 30, 2012 at 3:05 pm

      ှSedona Hotel ကလည်း Training အနေနဲ့ ခေါ်နေပါသည် ။ ၁ဝ တန်းအောင် ၁၈-၂၅ နှစ် ။ အသေးစိတ်သိချင်ရင်တော့ ဒီနေ့ထွက် မြန်မာတိုင်းမ် မြန်မာ ဘာသာ မှာ ပါပါသည် ။
      ဖုန်းဆက်မေးချင်ရင်တော့ ၆၆၆၉၀ဝ ခေါ်ပြီး HR Department တောင်း၍ မေးလျှင် ရမည်ထင်ပါသည်။
      Asia Master ကတော့ သူ့ သင်တန်းတက်ဖို့ ဆွယ်တဲ့ အနေနဲ့ ရှင်းပြတာ ဖြစ်ပါမည် ။

    • panpan ngape

      August 31, 2012 at 2:35 pm

      Asia Masters Training Center ကို သမီးအနေနဲ့ နယ်မှာရှိတဲ့ ကျောင်းသုူ၊ကျေင်းသားတွေကို သင်တန်းတက်ဖို့ အထူးဖိတ်ခေါ်ပါတယ်။သမီးကလည်း နယ်ကကျောင်းသူတယောက်ပါ။သမီးလိုပဲ အလုပ်ကိုင်အခွင့်လမ်းကောင်းတွေပွင့်လမ်းစေချင်ပါတယ်။ဒီသင်တန်းဟာသမီးအတွက် အောင်မြင်မှုတွေရရှိမယ်လို့ ယုံကြည်ပါတယ်။Asia Masters Training Center ကို ဖွင့်လှစ်ထားတဲ့အတွက်ကြောင့်အရမ်းအရမ်းကိုကျေးဇူးတင်ပါတယ်။

    • ugly man

      August 31, 2012 at 2:45 pm

      ပညာ တပိုင်း တစနဲ့ အလုပ်လုပ်ဖို့ ခက်ခဲသူများအတွက် သင်တော်သော သင်တန်းတခု ဖြစ်ပါတယ်။ အတတ်ပညာ အပြင် အသိပညာများကိုလည်း လေ့ကျင့်သင်ကြားပေးပါတယ်။ မိမိကိုယ် ကို တစ်နေ့ထက် တစ်နေ့ တိုးတက်အောင် နည်းလမ်းများ၊ အကြံကောင်းများ ပေးပါတယ်။ တစ်နေ့လောက် လာရောက်လေ့လာကြည့်ပါ။

    • tom jerry

      August 31, 2012 at 2:49 pm

      Asia Masters Training Center မှာသမီးသင်တန်းတက်နေပါတယ် လူငယ်တိုင်းကိုသင်တန်းလာတက်စေချင်တယ်…Learingလုပ်စေချင်တယ်

    • Htoo thin

      August 31, 2012 at 5:08 pm

      ဒီအတွေးတွေ ရှိသေးရင်တော့ သူများနိုင်ငံရဲ့ကျွန်ဖြစ်နေဦးမှာ အမှန်ပါပဲ။ ဘယ်နေရာမဆို အလုပ်လုပ်ချင်စိတ်ရှိတဲ့သူဖြစ်ဖို့ရယ်… ပညာမပြီးဆုံးပဲ ဘဝမှာ လေနေတဲ့သူတွေအများကြီးပါပဲ။ ဒီလူတွေကို လမ်းမှန်ရောက်ဖို့ တတ်နိုင်သလောက် နီးစပ်တဲ့သူတွေက ဆွဲခေါ်သင့်တယ်လို့မြင်မိတယ်။ ဒါမှ နိုင်ငံမှာ အလုပ်လက်မဲ့တွေ လျော့နည်းပြီး မိသားစုတိုင်းစီးပွားရေးအဆင်ပြေမှာဖြစ်ပါတယ်။ စားပွဲထိုးတို့ စားဖိုမှူးတို့ဖြစ်အောင်လုပ်ပြီး သူများနိုင်ငံသွားရမယ်လို့ ပြောတာကို လက်ခံပြီးလုပ်နေတဲ့သူတွေက လူပိန်းတွေမို့လို့ပဲ။ ကိုယ်တိုင်စဉ်းစားပြီးမှ လုပ်ဆောင်သင့်ပါတယ်။ ဘယ်သူက ဘာလုပ်ဆိုတိုင်းလျှောက်လုပ်တော့ သူများနိုင်ငံရဲ့ ကျွန်ဖြစ်တာ မဆန်းပါဘူး။

      မြန်မာတွေလိုသေးတယ်ဆိုတာပြတာဘဲ တခုခုကို ထောက်ပြရင် စိတ်ဆိုးတော့တာဘဲ တိုင်းတပါးသားဆိုရင် ရွက်ချင်တယ် ဒီလောက်ရရာအလုပ်လုပ်လျင်ရင် လယ်စိုက်ပေါ့ အလုပ်ဟူသမျှဂုဏ်ရှိနေရင် လယ်စိုက်ကါ ကိုင်းစိုက်ပါစိုက်ပျိုးရေး တိုင်းပြည်လေတိုင်းပြည်စီးပွားရေဆိုတာ ပြည်သူကဦးစောင်လိုမရဘူး အစိုးရတရပ်က ပါဝင်ပြီး လူထုအတွက် ဖန်တီးပေးရမှာ နောက် အလုပ်သမားအခွင့်ရေးရပိုင်ခွင်တွေ ကိုကာကွယ်တဲ့ဥပဒေရှိရှိရဲ့လားအလုပ်လက်မဲ့ဘာကြောင့်ဖြစ်နေလဲ သိလား ပြန်စဉ်းစား ပြောလိုက်တဲ့ စကားကို စိတ်ဆိုးနေမဲ့အစား အပြုသဘောဆောင်ပါ လူငယ်တွေမှာ အလုပ်တွေမရှိတာ မဟုတ်ဘူး ဘာမှာတို့ညာမှတိုလုပ်ချင်နေတာ အိုကေ ဥပမာ အီးမေဂျာနဲ့ပြီးသူတယောက်ဆိုရင် ဘာလုပ်မလဲ ?ဒီဟိုတယ်နဲ့ခရီးသွားတွေက ဘယ်တိုင်းပြည်တွေက လာလုပ်တာလဲ အခွင့်ရေးရော ရှိရဲ့လား သိလားအဲးဒါတွေ နောက် ဖေါင်တွေ ရမယ် အလကား နောလစ် တက် လုပ်မယ် ပိုက်ဆံပေးရမယ် ၁၀၀၀ဝ မအောင်ရင်ပြန်ပေးမယ်ဘာညာပေါ့် ဘယ်အလုပ်မှ ပွဲစားနဲ့မလုပ်ရင် ပေးသရာမလိုပါဘူး..။ ပြောပါမယ် မနောဖြူလေးကရော ဘယ်မှလဲ အခု facebook ဘုတ်မှာ သွားKyaut Ta Dar Nld ရှာရင် ဘာတွေ ပညာဒါနလုပ်နေတယ်တိုတာတွေရမယ်..ရိုက်စားမဟုတ်ဘူး အဲဒါ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုရင် မြန်မာပြည်က တိုးတက်တာ ကြာပေါ့ဗျာ လူနေခြုံကြားစိတ်နေဘုံဖျားတဲ့ ခြုံကြားမှာနေတဲ့ကောင်တွေဘယ်တော့မှ ဘုံဖျားရောက်လာတာမတွေဘူူူူးဘူး…..tom jerry

      ကဘာတွေဘယ်လိုအကြောင်းတွေပြောပြသင့်တယ် တိုက်ခိုက် တာမဟုတ်ဘူး

      ugly man says:
      ပညာ တပိုင်း တစနဲ့ အလုပ်လုပ်ဖို့ ခက်ခဲသူများအတွက် သင်တော်သော သင်တန်းတခု ဖြစ်ပါတယ်။ အတတ်ပညာ အပြင် အသိပညာများကိုလည်း လေ့ကျင့်သင်ကြားပေးပါတယ်။ မိမိကိုယ် ကို တစ်နေ့ထက် တစ်နေ့ တိုးတက်အောင် နည်းလမ်းများ၊ အကြံကောင်းများ ပေးပါတယ်။ တစ်နေ့လောက် လာရောက်လေ့လာကြည့်ပါ။

      ဒီမှာပြောထားတာကြည့် ဘာလဲ ပညာရှင်တွေ အတွက်လား ပြောချင်တာ ဆန်နဲ့ အိုးနဲ့ ကိုတ်ပါစေ…. မိုက်ရိုင်းတဲ့ စကားတွေလူကြီးတွေလဲ မပြောမိပါစေနဲ့ သမိုင်းဆိုတာပြန်ဖျက်မရဘူး..။

    • Htoo thin

      August 31, 2012 at 5:25 pm

      ခရီးသွားလုပ်ငန်းသင်တန်းကျောင်း
      အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အပတ်စဉ် အခမဲ့ ဆွေးနွေးပွဲ
      (ဟိုတယ်၊ စားသောက်ဆိုင်၊ သင်္ဘောလိုင်း၊ လေကြောင်းလိုင်း၊ အရောင်းဆိုင် တက်ပါ သိုသော် စေတနာကြောင့်ပြေတာပါ ကျွန်စိတ်ဆိုတာ တိုင်းတပါး အထင်ကြီး ကိုလူမျိုးကို အထင်သေး ဆက်ဆံတာလဲ ကျွန်စိတ်တမျိုးပါဘဲ..
      ဘာဘဲဖြစ်ဖြစ် လွပ်လပ်စွာကွဲလွဲ ခွ့င်ရှိပေမဲ့ အမှန်တရားမှာတော့ ကွဲလွဲခွင့်မရှိပါဘူး တခြားရိုက်စားတွေနဲ့ တွေနိုင်တဲ့ အခြေအနေဖြစ်မှာဆိုးလိုပါ ကိုက ကိုလူမျိုး လူငယ်တွေကို ကူညီတဲ့ ဖေါင်ဒေးရှင်းရှိပါတယ် ဆက်သွယ်ချင်ရင်လဲ ရပါတယ်

    • Mလုလင်

      August 31, 2012 at 11:19 pm

      အလုပ်အကိုင် အခွင့်အလန်း အတွက် တော့ ဖြစ်လာကောင်းဖြစ်လာနိုင်တာ ပေါ့လေ .. ဒါပေသိ .. ဒါကြီး က …… သင်တန်းကျောင်း မှာဆွေးနွေးပွဲ လုပ်တာ ဆိုတော့ ….. အဲ့မှာ တက်နေတယ် ဆိုတဲ့ သမီး လေး တို့ရေ .. ကောင်းတယ် မကောင်းဘူး .. ဆိုတာ ပြောဖို့ .. ခဏ တော့ စောင့် ကြည့်ပါဦးကွယ်။ ဘဝ ဆိုတာ အရှည် ကြီး မဟုတ်လား …… အင်း .. အနိစ္စ …

    Leave a Reply