နွေးထွေးစွာ တန်ဖိုးထားခြင်းများကို လိုအပ်ပါသည်

moonpoemAugust 29, 20121min705

လုပ်ငန်းခွင် ထဲက အသိမိတ်ဆွေအိမ် မိတ်ဆွေက ဖိတ်တာကြောင့် ဘာရယ်မဟုတ် လိုက်သွားမိတယ်။
သူ ့အိမ်ကလူတွေနဲ ့မိတ်ဆက်ပေးတော့ အားလုံးက အေးတိအေးစက်နဲ ့ဪအေးအေး အဆင်ပြေသလို
နေနော်ဆိုတဲ့ စကားတစ်ခွန်းနဲ ့ပဲ မိတ်ဆက်ပေးခြင်းအပိုင်းက ပြီးသွားတယ်။

ဒီအလုပ်ကိုစဝင်တဲ့နေ ့ကလည်း ဒီလိုပါပဲ မန်နေဂျာက အားလုံးနဲ ့မိတ်ဆက်ပေးတဲ့ အချိန် တွေ ့ရတာ
ဝမ်းသာပါတယ်။ မသိတာရှိရင်မေးနော်ညီမလေး စသဖြင့် နွေးထွေးစွာ ပြန်လည်တုံ ့ပြန်သူက အနည်းစု
ဝတ်ကျေတမ်းကျေ အသက်မပါအပြုံးတွေနဲ ့ပြန်လည်ဖြေဆိုတာ အများစုပါ။

ကျွန်မသာဆိုရင် ကုမ်မဏီကို ပြောင်းလာတဲ့ ဝန်ထမ်းအသစ်ဆိုရင် စိမ်းတဲ့ပတ်ဝန်းကျင်မှာ
အားငယ်နေမှာပဲဆိုတဲ့ စိတ်နဲ ့နွေးထွေးစွာကြိုဆိုမိမှာပါ။

သူများတွေအတွက်တော့မသိပါ။ကျွန်မတို ့ မန်းတလေးအိမ်ဆိုရင် တစ်စုံတစ်ယောက်လာလည်တဲ့အခါ
ခေါ်လာသူက တစ်အိမ်လုံးနဲ ့မိတ်ဆက်ပေးတာမျိုး၊ကျွန်မတို ့မိဘတွေ၊အဒေါ်တွေကလည်း တဖန်
လာလည်သူကို သူ ့ရဲ ့ဇာတိတို ့ရာသီဥတုတို ့မေးမြန်းပြီး ရင်းနှီးမှုကို ယူကြပါတယ်။

ဒါကြောင့်လည်း အိမ်ကမိဘတွေနဲ ့ကျွန်မတို့ မောင်နှမတွေရဲ ့သူငယ်ချင်းတွေက ကျွန်မတို့တွေနဲ ့မခြား
အိမ်နဲ ့ရင်းနှီးကြပါတယ်။ ဘာပဲပြောပြော မြန်မာလူမျိုးတွေရဲ ့ဓလေ့တစ်ခုအနေနဲ ့ဒါဟာ နွေးထွေးတဲ့
ပတ်ဝန်းကျင်လေးအဖြစ်နဲ ့ပျော်ရွှင်ဖွယ်ရာကောင်းတယ်လို ့မြင်မိပါတယ်။

အခုတော့ အလိမ်အညာပေါတဲ့ခေတ်ကိုရောက်လာလို ့လူအချင်းချင်းမယုံကြည်ကြတော့တာပဲလား၊လူတွေကပဲ
စီးပွားရေးကို အားစိုက်ပြီးရှာနေရလို့ ပဲလားမသိ ကျွန်မတော့ အေးတိအေးစက် ဆက်ဆံရေးတွေကို ကြုံတွေ ့ရတာများပါတယ်။
ရန်ကုန်ရွှေမြို ့တော်မှာ နေထိုင်ပြီး အလုပ်လုပ်နေတဲ့ ကျွန်မတခါတရံ စိတ်ပျက်မိပါတယ်။

တခါကလည်း ခရီးသွားကုမ်မဏီတစ်ခုကို ရုံးကဝန်ထမ်းတွေ ခရီးစီစဉ်ဖို ့အတွက် သွားပြီးစုံစမ်းတာ
တံခါးလာဖွင့်ပေးတဲ့ ညီမငယ်လေးက အပြုံးအရယ်မဲ့တဲ့မျက်နှာနဲ ့ကြိုဆိုပါတယ်။မန်နေဂျာကတော့
ပုံမှန်ပဲ ပြောဆိုရှင်းပြပါတယ်။အဲလိုရှင်းပြရင်းနဲ ့သွားမယ့်နေရာတွေရဲ ့သုံးမယ့် ဟိုတယ်ပန်းဖလက်ကို
ဝန်ထမ်းတစ်ယောက်ကို ယူလာခိုင်းတော့ စက်ရုပ်မျက်နှာနဲ ့ယူလာပေးပါတယ်။

နောက် ကျွန်မအဒေါ် မျက်စိစမ်းဖို ့အတွက် နာမည်ကြီး မျက်စိဆေးခန်းတစ်ခုကို သွားပြတော့လည်း
ဝန်ထမ်းတွေက ဒီနေရာမှာ ဒီလိုစောင့်၊ ဆရာဝန်လာရင် အကြောင်းကြားမယ်ဆိုပြီး အဲဒီဆေးခန်းက
ဝန်ထမ်းသဘောမဟုတ်ဘဲ လမ်းဘေးမှာ လမ်းပျောက်လို ့မေးတဲ့အခါ ဖြေတဲ့ လူစတိုင်မျိုးနဲ့
လမ်းညွှန်ပေးသွားပါတယ်။

ကျွန်မ မားကတ်တင်းတွေ၊ ဝန်ဆောင်မှုတွေ အများကြီးနားမလည်ပါ။ဒါပေမယ့် ဝန်ဆောင်မှုအဓိကဖြစ်နေတဲ့
လုပ်ငန်းတွေက ပြုံးပြတာ၊ဝန်ဆောင်မှုနဲ ့ဧည့်သည်ကို စိတ်ကျေနပ်မှုပေးရတာမဟုတ်ဘူးလားရှင်။

ကိုယ့်အပေါ် မောက်မာတာ၊ ရိုင်းပြတာ မဟုတ်ပေမယ့် ကျွန်မအတွက်ကတော့နွေးထွေးစွာ ကြိုဆိုမယ့် နေရာလေးတွေ၊
အပြုံးလေးတွေနဲ ့စိတ်ကျေနပ်မှုပေးနိုင်မယ့် လူမှုပတ်ဝန်းကျင်၊လုပ်ငန်းပတ်ဝန်းကျင်ကိုပဲ လိုချင်မိပါတယ်ရှင်။ကျွန်မနဲ ့အလားတူသော စိတ် ဒီကမိတ်ဆွေများမှာလည်းရှိကြလိမ့်မယ်လို ့ယုံကြည်ပါတယ်။

စာကြွင်း။ ။ ကျွန်မ မန်းတလေးဂေဇက်မှာ စာစရေးတော့ နွေးထွေးစွာ ကြိုဆိုခဲ့ကြတဲ့ ဒီက မိတ်ဆွေတွေကို
အထူးကျေးဇူးတင်ရှိကြောင်း ပြောလိုက်ပါရစေရှင်။

5 comments

  • YE YINT HLAING

    August 29, 2012 at 6:04 pm

    လူတွေမှာလည်း မပြုံး မရယ် နိုင်တဲ့ အကြောင်း တွေ က အများသားဗျ ! ဖိအားတွေ ၊ တင်းအားတွေ ၊ တွန်းအားတွေ ကြောင့်ပေါ့ဗျာ ! ကျွန်တော်ကတော့ ကိုယ့် အခန်းကနေ အပြင်ထွက်ပြီ ဆိုတာနဲ့ ကိုယ့်မျက်နှာ ကို ပြင်လိုက်ပြီး တွေ.သမျှလူ ပြုံးပြနှုတ်ဆက် လိုက်တာပဲ ။ ကိုယ့်အပြုံး တွေထဲက အတွေ.အကြုံလေး တခုလည်း ရခဲ့တယ် ။ လုပ်ငန်းထဲ မှာ လူဟောင်းလည်းဖြစ် ရာထူးနဲ့ လုပ်ပိုင်ခွင့်လည်းရှိ ပြီး ရုပ်ရည်လေးပါသနားကမားရှိတဲ့ လူတစ်ယောက်ရှိတယ် ။ အထက်ပါအချက်တွေပြည့်စုံတဲ့ သူဆိုတော့ သူမကြိုက်ရင် မကြိုက် သလို စော် လို့ရတယ်ပေါ့ဗျာ ! သူအလုပ် ကို ကျွန်တော် အတိအကျ မဟုတ်တောင် အကြမ်းဖျင်းနားလည်ပေမဲ့ ကျွန်တော့အလုပ်ဖြစ်တဲ့ စက်ပစ်စည်း အစိတ်အပိုင်းတွေ ကိုတော့ သူလုံးဝ နားမလည် ပါဘူး ! တနေ.့ရုံးထဲ ပစ်စည်း သွားမှာတော့ သူလည်းအားလပ်နေတာနဲ့ နားမလည်ပဲ ဝင်ပွါးနေတာနဲ့ ကျွန်တော် ရှင်းပြနေတဲ့ ပစ်စည်း ဝယ်ပေးရမဲ့သူက နားမလည် နိုင်တော့ပဲ လည်ထွက်နေတယ် ။ ဒါနဲ့ ကျွန်တော် က နောက်တခေါက်ရှင်းပြဘို့ အဲဒီလူကို တစိတ်လောက် ငြိမ်ပေးပါလို့ တောင်းဆိုလိုက်တာ လူကြားထဲ သူ့လိုလူကို ဒါမျိုး ပြောရမလား မြင်သွားတယ်ထင်ပါတယ်နောက်ပိုင်း ကျွန်တော် လုပ်သမျှ လိုက်ကြည့်နေပြီး ကွယ်ရာကနေ ရှိသမျှ အားနည်းချက် ကို ဝေဖန်ပြစ်တင် အတင်း တုတ်တော့တာပဲ ။ ဒါပေမဲ့ အစပိုင်း လူသစ်လည်းဖြစ် ကိုယ့်အာရုံ နဲ့ကိုယ်ဆိုတော့ မသိဘူး ! ကြာလာတော့ သိလာတယ် ! သူများ ပြောလို့ ပြန်သိရတဲ့ အချိန် စဉ်းစား မိတာတခုက ငါ – ခုမှသိတာတောင် ငါ့ရင်ထဲ မှာချက်ချင်း ပူလောင်သွားတာ ။ သူဆို ဘယ်လောက်ကြာကြာ ပူလောင်နေပြီးပြီလဲလို့ တွေးလိုက်မိတာ ။ ဒါကြောင့် သူနဲ့ တွေတိုင်း ကြုံတိုင်း သတိတရ နဲ့ကို ပြုံးပြနှုတ်ဆက်တယ် ။ ဒီလိုနဲ့ တစ်လလောက် အကြာ ပါတီ ညရောက်တော့ သူ — မူးမူး နဲ့ ကျွန်တော့ ကို တောင်းပန်စကား တွေလာပြောရင်း အရက် တစ်ခွက်လာပေးတယ် ။ ခုနောက်ပိုင်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဖြစ်လာတယ် ။ အပြုံး ကြောင့် အမုန်းတွေ အပူတွေ ပျောက်ကုန်တယ် ပေါ့ဗျာ !

  • ကို ခင်ခ

    August 29, 2012 at 8:47 pm

    အခုတော့အလိမ်အညာပေါတဲ့ခေတ်ကိုရောက်လာလို ့လူအချင်းချင်းမယုံကြည်ကြတော့ တာပဲလား၊လူတွေကပဲ စီးပွားရေးကို အားစိုက်ပြီးရှာနေရလို့ ပဲလားမသိ ကျွန်မတော့ အေးတိအေးစက် ဆက်ဆံရေးတွေကို ကြုံတွေ ့ရတာများပါတယ်။
    ရန်ကုန်ရွှေမြို ့တော်မှာ နေထိုင်ပြီး အလုပ်လုပ်နေတဲ့ ကျွန်မတခါတရံ စိတ်ပျက်မိပါတယ်။

    စိတ်မပျက်ပါနဲ့ moonpoem ရေ ရန်ကုန်မှာက ပြေးပြေးလွှားလွှား သွားသွားလာလာ လုပ်ကြရတာရယ်၊ စရိတ်စကကြောင့် ပိုပြီးရှာရတာရယ်ကြောင့်ဖြစ်မှာပါ။ ပြီးတော့ ခင်ခင်မင်မင်ဖြစ်ဖို့ဆိုတာ ကိုယ်ကလည်း ဖော်ရွေဖို့လိုမယ်ထင်ပါတယ်။ ရန်ကုန်သူ ရန်ကုန်သား တွေလည်း ခင်မိပြီဆို တကယ်ဖော်ဖော်ရွေရွေပါဗျာ။ အလုပ်ခွင်ကတော့ သူလည်း အလုပ်တာဝန်တွေနဲ့မို့ဖြစ်မှာပါ။ ဆက်လက်နေထိုင်လုပ်သွားရင်း ပျော်ရွှင်စရာ ဝန်းကျင်လေးများရပါစေလို့ ဆန္ဒပြုပါ၏။

  • မောင်ပေ

    August 29, 2012 at 10:20 pm

    ဝန်ဆောင်မှု ကိစ္စ အဆင်မပြေတဲ့ ကိစ္စကတော့ ၊ အဲဒီ အဆင်မပြေတဲ့ ဝန်ထမ်းအားလုံးကို အချိုးပြေသွားအောင် အကုန်ထုတ်ပစ်လိုက်မှ ပြင်သွားကြမယ်လို ့ထင်မိတာပါပဲ

  • Inz@ghi

    August 30, 2012 at 12:53 pm

    ပြောနေကျ စကားပဲ ထပ်ပြောရရင်တော့ …
    personal & professional မကွဲလို့ပါပဲ …

    Why Retailers Lose Customers?
    ဆိုတဲ့ အထဲမှာတော့ .. သည်လိုပြောထားလေရဲ့

    1% Die
    3% Move Away
    4% Float from business to business
    7% Change business on recommendation from friend
    8% Chronic moaners and buy according to their whims
    9% Believe they can buy more cheaply elsewhere
    68% Object to the indifference or attitude of the staff

    ဝန်ထမ်း ဆက်ဆံရေး မကောင်းတာက မအောင်မြင်မှုရဲ့ အကြောင်းရင်းခံ
    ၃ပုံ၂ပုံလောက် ဖြစ်နေနိုင်တယ် ဆိုတာလေးပါ…။ (ရွေးစရာမရှိလို့ ဒါပဲ သုံးနေရ
    ရင်တော့ သည်အဆို မှားမယ်ပေါ့ဗျာ..)

    ဒီအတွက် Customer ဘာလိုချင်သလဲ ဆိုတာနဲ့ ပါတ်သတ်ပြီး
    Tom O’ Toole ပြောတာကတော့ သိပ်ရှင်းပါရဲ့

    look at me
    smile at me
    greet me
    talk to me
    thank me

    သည်တော့ ဒါတွေကို ပြေလည်စေဖို့. .. အဖြေရှာထားတဲ့..
    The Body Shop ရဲ့ နာမည်ကျော် မူကတော့ သည်လိုပါတဲ့..

    Never treat customers as enemies, approach them as potential friends.

    Think of customers as guests, make them laugh.

    Acknowledge their presence within 30 seconds: smile, make eye contact, say hello.

    Talk to them within the first 3 minutes.

    Offer product advice where appropriate.

    Smile.

    Always thank customers and invite them back.

    ဘယ်သူမှ လိုက်မလုပ်တာတော့ … မပြောတတ်ဘူးဗျ…
    ယဉ်ကျေးတယ် ဆို … သူများကို အားနာတတ်တယ်…
    သူများနေရာက စဉ်းစားပေးတတ်တယ်ဆို ..
    ကိုယ့်ကိုကိုယ်ထက် တဖက်သား ကို ဦးစားပေးတတ်တယ်ဆို..
    ခေတ်-စနစ်-အကျပ်အတည်း-မွမ်းကျပ်မှုတွေကို ခေါင်းစဉ်မပြပါနဲ့…
    ကိုယ် ဆက်ဆံရတဲ့ တဖက်လူ (အထူးသဖြင့် customer လည်း ဒါတွေ ခံစားနေရသူပါ..)
    ကိုယ့် Product- Service ကို လက်ခံယူနေစဉ် အတွင်းမှာတော့
    သည်ခေတ်- သည်စနစ်- သည်အကျပ်အတည်း- သည်မွမ်းကျပ်မှုတွေ ရဲ့ စွန်းထင်းမှုတွေ
    ကင်းဝေးနေစေရမယ် ဆိုတာမျိုး .. Pro ပီပီ ဆက်ဆံနိုင်မယ် ဆိုရင်တော့ ….။
    အောင်မြင်ပျော်ရွှင်တဲ့ လူမှု ပတ်ဝန်းကျင် ဖြစ်လာမယ် လို့ပဲ ပြောချင်ပါရဲ့ဗျာ..

    တော်သေးဘီ
    ခင်တဲ့

    Ref:
    http://www.bankofideas.com.au/Downloads/20_%20Ideas_for_Creating.pdf

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 12:11 am

    အားပေးသွားပါကြောင်းဗျာ

Leave a Reply