ကဗျာမဟုတ်တဲ့ ကဗျာ

si toneAugust 29, 20121min1024

စာရေး ဆရာ

ဇာတ်လမ်းရေးသာသူ အကျွန်ပ်
အချစ်ဇာတ်လမ်း တစ်ပုဒ်ကိုရေးရင်……
ကြေကွဲနေရမည့် အခန်းမှာ
အကျွန်ပ်ရဲ့ ဖောင်တိန်းလေးဟာ
မှင်ကုန်သွားဖို့ ဆုတောင်းပါတယ်…
ဒီလိုပဲ…. လွမ်းဆွတ်ရမည့် အခန်းမှာ
အကျွန်ပ်ရဲ့ အာရုံလေးတွေ
လေထဲမှာ မျှောပါသွားဖို့ ဆုတောင်းပါတယ်…
ဒီလိုပဲ… ဇာတ်နာမည့် အခန်းမှာလဲ
အကျွန်ပ်ရဲ့ ခံစားချက်ကို တင်ပြတဲ့ စာအုပ်ကလေး
ကုန်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးရင်
ဇာတ်လမ်း တစ်ပုဒ်ရေးပြီးရခဲ့ပါတယ်….
ထိုဇာတ်လမ်းက “ ခွဲခွာချင်း” ဆိုတဲ့
ဇာတ်လမ်းလေး တစ်ပုဒ်ပါ…..

Si Tone ရဲ့ကဗျာ လေး အားပေးပါနော်
ပီးတော့ အကဲလဲခပ်ပေးနော်…

4 comments

  • မောင်ပေ

    August 29, 2012 at 10:07 pm

    အကဲခပ်
    ဘဲရှက်
    သဲပက်
    လဲထွက်
    ပဲချက်
    အမဲနှပ်

    • ကြောင်ကြီး

      August 30, 2012 at 9:46 am

      အမဲနှပ်
      စွဲချက်
      ကျွဲလတ်
      ဂဲနှက်..
      ဖဲမှတ်
      ခဲဖျက်
      ရဲကပ်
      ပွဲပျက်..။

  • aung moethu

    August 30, 2012 at 10:55 am

    ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်ရေးတံနေရာမှာ ကာရန်မညီဖြစ်နေပေမယ့် စည်းချက်တော့ ညီနေရပါမယ်။ ဒီကဗျာရဲ့ လေးငါးကြောင်းလောက်ထိ စည်းချက်ညီလာပြီးမှ နောက်ဆုံးနှစ်ကြောင်းမှာ စည်းချက်လွတ်သွားသလိုပါပဲ။ ကဗျာရဲ့ အနှစ်သာရက သိပ်မပေါ်လွင်လှပါဘူး။ ဝေဖန်ပေးတာနော် ။ ဆက်ရေးပါခင်ဗျာ။ 🙂

  • si tone

    August 31, 2012 at 5:35 pm

    ဝေဖန်ပေးတာ….. ကျေဇူးတင်ပါတယ်…… aung moe thu

Leave a Reply