ကဗျာမဟုတ်တဲ့ ကဗျာ (အပိုင်း2)

si toneAugust 29, 20121min1577

ပေးဆပ်သူ မဟုတ်တဲ့ ပေးဆပ်သူ
အကျွန်ပ် သူနဲ့
မျက်လုံးချင်း ဆုံလို့ ချစ်ခဲ့ပါတယ်
နောက် သူပေးဆပ်ပါတယ်.. အပြုံးတစ်ပွင့်
အကျွန်ပ် ပြန်ပေးဆပ်ပါတယ် ရင်ခုန်မှုအပြုံးကိုပေါ့
နောက်သူပေးဆပ်ပါတယ် အချစ်တစ်ခုကို
အကျွန်ပ် ပြန်ပေးဆပ်ပါတယ် မကုန်ဆုံးနိုင်တဲ့အချစ်ကိုပေါ့
နောက်သူပေးဆပ်ပါတယ် အေးဆက်မှုတစ်ခုကို
အကျွန်ပ် ပြန်ပေးဆပ်ပါတယ် နွေထွေးမှုကိုပြန်ရအောင်ပေါ့
နောက်သူပေးဆပ်ပါတယ် ထားရစ်ခြင်းတစ်ခုကို
အကျွန်ပ်ပြန်ပေးဆပ်ပါတယ် တောင်းတခြင်းတစ်ခုကိုပေါ့
နောက်သူပေးဆပ်ပါတယ် ရက်စက်မှုတစ်ခုကို
အကျွန်ပ် ပြန်ပေးဆပ်ပါတယ် ငိုကြွေးခြင်းတစ်ခုကိုပေါ့
နောက်ဆုံးသူပေးဆပ်ခဲ့ပါတယ် အမုန်းတစ်ခုကို
အကျွန်ပ် ပြန်ပေးဆပ် အလွမ်းတစ်မျိူးကိုပေါ့
နောက်တစ်ကြိမ် သူနဲ့ အကျွန်ပ်
မျက်လုံးချင်း ဆုံးလို့ သူကို အကျွန်ပ်မုန်းသွားခဲ့ပါတယ်..
တကယ်တော့
သူက နောက်ပေးဆပ်သူ တစ်ယောက်နဲ့ပေါ့…………

ဒီဟာကိုလဲထပ် အားပေးပါနော်….
အားလုံးကို ရှစ်တဲ့ SI Tone

7 comments

  • မောင်ပေ

    August 29, 2012 at 10:10 pm

    အားလုံးကိုရှစ်
    စားသုံးလိုလစ်
    ကျားပြုံးအပျိုရစ်
    ဖားငုံးချိုပစ်

  • ကြောင်ကြီး

    August 30, 2012 at 9:52 am

    ဖားငုံးချိုပစ်
    ဓားတုံးပိုထစ်
    ဝါးလုံးတိုမျှစ်
    ပျားမုန်းလိုချစ်
    ဘားဆုံးအိုညစ်
    ငါးပုန်းဆိုဖြစ်..။

  • maung khinmin

    August 30, 2012 at 10:30 am

    ကဗျာမဟုတ်တဲ့ ကဗျာ
    တစ်ခါတစ်ခါ အဟုတ်တည့် ပါရဲ့ …
    ပေးဆပ်သူ နဲ ့ … ယူသူကြားးးးးးးးးးး

  • aung moethu

    August 30, 2012 at 10:57 am

    ကျောရိုးတစ်ခုထဲနဲ့ ဆွဲခေါ်သွားတဲ့ကဗျာပါ… စကားလုံးက သိပ်ဆန်းသစ်မှုမရှိပေမယ့် မဆိုးဘူးလို့ပဲ ပြောပါရစေ။ ဆက်လက်ရေးသားနိုင်ပါစေ။ း)

  • manawphyulay

    August 30, 2012 at 11:48 am

    အကျွန်ုပ် ကဗျာမဟုတ်သော ကဗျာကို
    ဖတ်ရှုပြီးသကာလ
    အကျွန်ုပ် ဝေဖန်ကြည့်မိသည့်အခါ
    ခေါင်းစဉ်လေးတစ်ခု ပေးမိပါရဲ့
    ပေးဆပ်သော လူသား… လို့လေ..

  • si tone

    August 31, 2012 at 5:33 pm

    အားပေးတဲ့ အတွက်ကျေဇူးတင်ပါတယ်….

  • la min

    August 31, 2012 at 8:55 pm

    အားပေးသွားတယ်နော်

Leave a Reply