အိမ်အပြန်နွေ

Win Paing SoeAugust 29, 20121min715

တစ်နှစ်သာသာပဲနေဖူးတဲ့ မြို့ကတောင်
Identity Cardလေးပြလိုက်နိုင်ရင်…
အားရဝမ်းသာ ကြိုဆိုသေးတယ်…
ခုတော့ ၂၅နှစ်စာ ရှင်သန်ခဲ့ဖူးတဲ့မြေပေါ်ခြေအချ…
ဖြည့်လိုက်ရတဲ့စာရွက်တွေ….
အမေလို့ခေါ်ဖို့အရေး…. မွေးစာရင်းပြန်တောင်းနေသလိုပါပဲလား…

အပြောင်းအလဲတဲ့….
တတ်လဲတတ်နိုင်လွန်းတယ်….
ကျားကြောက်နေရတဲ့ဘဝ နေသားကျနေမှတော့….
ဘယ်အချိန်ပေါ်လာမယ်မှန်းမသိတဲ့ ရှင်ကြီးဆိုတာကို
ကြောက်စရာမလိုဘူးတော့မပြောပါနဲ့တော့…..

ဖော်ရွေတယ်တဲ့…
နားလည်မှုဆိုတဲ့…. တစ်ဆုံးတိုင်အဓိပ္ပါယ်ရောက်တဲ့စကားလုံးကို
ထည်လဲသုံးတတ်တဲ့…ယူနီဖောင်းဝတ်တွေကိုပြောတာလား…

နွေးထွေးတယ်တဲ့…
အလုံပိတ်အဲကွန်းကားပေါ်က….မွေးပွအကျင်္ီနဲ့လူကပြောတာလား….
(ဒါမှမဟုတ်)….
နေရောင်ပြင်းပြင်းအောက်က..မှိန်ဖျော့ဖျော့မျှော်လင့်ချက်မျက်ဝန်းပိုင်ရှင်
ဆုတောင်းသံတရစပ်နဲ့ အမယ်အိုကပြောတာလား….

ငွေ့ငွေ့လေးကျန်တဲ့ တနင့်တပိုးမျှော်လင့်ချက်တွေ…
ခဏပြန်အသက်သွင်းကြည့်တယ်….
(ခုချိန်ထိ) ဘာလို့များ ကာရန်မညီနိုင်သေးတာလဲ…..

ခြေစုံကန်တယ်လို့သာ အားမနာတမ်းပြောလိုက်ပါ….
ရန်ကုန်ရေ……
နင့်အရိပ်က.. ငါ့အတွက်တော့ တော်တော်ပူနေသေးတယ်…

5 comments

  • maung khinmin

    August 30, 2012 at 10:23 am

    အိမ်အပြန်နွေ …
    အလိမ်ခံနေရ
    လူ ့ဘဝ
    ဘုကျ
    ခုမှ
    ဒုက္ခပါလားးးး
    ဘယ်ကိုသွားသွား
    ကာရန်ခါးနေ
    မဟာဆန် သလား
    တစ်ခါတစ်ရံ ဟားတိုက်
    ရယ်လိုက်ချင်သေးးးးးးးးးးးး

  • မောင်ပေ

    August 30, 2012 at 12:17 pm

    အိမ်အပြန်နွေ
    စိန်ဖန်ငွေ
    တိမ်ဆံတွေ
    လိမ်ကြံနေ
    ညိမ်မခံပေ

  • Inz@ghi

    August 30, 2012 at 12:40 pm

    နောက်ဆို..
    ဝင်ငွေ ၃-ဆ တိုးတော့မှ ရှို…
    အဲ့ကျမှ … အဲ့ကျမှ …. အဲ့ … ကျ …. မှ …
    လောလော ဆယ်တော့ ..အံကြိတ် ..တောက်ခေါက် …

    😀

  • manawphyulay

    August 30, 2012 at 1:27 pm

    ရန်ကုန်မြေကို ခြေချ
    နေပူရင်သာ ပူတာပါ
    မိုးရွာရင် ရေလျှံနေလို့ အပူတွေ လျှော့မယ်ထင်ပါရဲ့…

  • Mobile

    December 16, 2012 at 1:30 pm

    အားပေးသွားပါကြောင်း

Leave a Reply