***ရေသောက်မြစ်***

maung khinminAugust 30, 20121min660

ရေသောက်မြစ်

ရေသောက်မြစ် …………………..
ရေဝအောင် သောက်ဖို ့သင့်ရဲ့
အကန် ့အသတ် ၊ အတားအဆီး ….
အပင်ကြီးထွား ရှင်သန်ခြင်း
ဟင်းးးးးး းးးးးးးးး းးးးးးးးးးး

နက်နက်ရှိုင်းရှိုင်း ထိုးဖောက်
မြေအောက်မှာ … ရေရှိနေ
ပုံသေနည်း ထံ …. ခေါင်းဝင်ကိုယ်ဆံ့ဖို ့
အသက်ငွေ ့ငွေ ့လေးကို ….
ဆွဲဆန် ့ထားရ

ဩဇာဓါတ်ပျက်  မြေဆီလွှာ
လူ ့အလွှာတွေအတွက် ….
သူ ့မှာရှိတာလေးကို  ထုတ်မပြရဲ
သစ်တစ်ပင် ကောင်း … ငှက်တစ်သောင်း
ဟိုးးးးးးးး  ဟောင်းလောင်းပေါက်ကြီးထဲ
အစပြန်ပြန် ကောက်လို ့ …….
မှောက်လျက် လဲကျ … ဒါ ဘဝလားးးး

အကိုင်း ၊ အခက် ၊ အရွက် ၊ အဖူး ….
အရူးလို  … စိမ်းလန်း
လေသံဖမ်း တရားနာ
အမှားမပါတဲ့ … ဘဝမျက်နှာဖုံး အတု
ခင်ဗျားတို ့ …. ခု ချွတ်ကြပါ

နှင်းဆီနီ တွေ ပြာကျပေးခဲ့ ပြီးပြီ
ပိတောက်ဝါ တွေ ရဲ့ သွေးညှီနံ ့
မေတ္တာဓါတ် နဲ ့အကဲခတ်နေတဲ့ …
ပန်းပွင့်တွေ … ရေဆာနေကြရောပေါ့ …

ကောင်းကင် အပြာ … တိမ်ခိုး အဖြူ
တောင်တန်း အစိမ်း … ယိမ်းထိုးခါလှုပ်
ရုတ်ရုတ် သဲသဲ … ခေတ်ပြိုင် ထဲမှာ
ငါ့ … ရေသောက်မြစ်လေး
အစို ဓါတ်နဲ ့  …. ……. …………
ဝေးနေသေးတယ် ….။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၃၀.၈.၂၀၁၂