***ရေသောက်မြစ်***

maung khinminAugust 30, 20121min1326

ရေသောက်မြစ်

ရေသောက်မြစ် …………………..
ရေဝအောင် သောက်ဖို ့သင့်ရဲ့
အကန် ့အသတ် ၊ အတားအဆီး ….
အပင်ကြီးထွား ရှင်သန်ခြင်း
ဟင်းးးးးး းးးးးးးးး းးးးးးးးးးး

နက်နက်ရှိုင်းရှိုင်း ထိုးဖောက်
မြေအောက်မှာ … ရေရှိနေ
ပုံသေနည်း ထံ …. ခေါင်းဝင်ကိုယ်ဆံ့ဖို ့
အသက်ငွေ ့ငွေ ့လေးကို ….
ဆွဲဆန် ့ထားရ

ဩဇာဓါတ်ပျက်  မြေဆီလွှာ
လူ ့အလွှာတွေအတွက် ….
သူ ့မှာရှိတာလေးကို  ထုတ်မပြရဲ
သစ်တစ်ပင် ကောင်း … ငှက်တစ်သောင်း
ဟိုးးးးးးးး  ဟောင်းလောင်းပေါက်ကြီးထဲ
အစပြန်ပြန် ကောက်လို ့ …….
မှောက်လျက် လဲကျ … ဒါ ဘဝလားးးး

အကိုင်း ၊ အခက် ၊ အရွက် ၊ အဖူး ….
အရူးလို  … စိမ်းလန်း
လေသံဖမ်း တရားနာ
အမှားမပါတဲ့ … ဘဝမျက်နှာဖုံး အတု
ခင်ဗျားတို ့ …. ခု ချွတ်ကြပါ

နှင်းဆီနီ တွေ ပြာကျပေးခဲ့ ပြီးပြီ
ပိတောက်ဝါ တွေ ရဲ့ သွေးညှီနံ ့
မေတ္တာဓါတ် နဲ ့အကဲခတ်နေတဲ့ …
ပန်းပွင့်တွေ … ရေဆာနေကြရောပေါ့ …

ကောင်းကင် အပြာ … တိမ်ခိုး အဖြူ
တောင်တန်း အစိမ်း … ယိမ်းထိုးခါလှုပ်
ရုတ်ရုတ် သဲသဲ … ခေတ်ပြိုင် ထဲမှာ
ငါ့ … ရေသောက်မြစ်လေး
အစို ဓါတ်နဲ ့  …. ……. …………
ဝေးနေသေးတယ် ….။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၃၀.၈.၂၀၁၂

6 comments

  • မောင်ပေ

    August 30, 2012 at 11:43 am

    ရေသောက်မြစ်
    ပေလျှောက်ခြစ်
    တစ္ဆေခြောက်ရစ်
    အေကြောက်လစ်
    ငွေပျောက်ဂစ်

    • maung khinmin

      August 30, 2012 at 11:51 am

      အတော်နောက်တဲ့ ….ဆြာပေ
      အေကြောက် လစ် …. ငွေပျောက်ဂစ် … တဲ့လား

      ခွေခေါက် ချစ် …. သေမလောက် ဟင့် ……….

      • အဲ့ လူဂျီးက
        အေကြောက်တယ်သာ ပြောဒါ ..
        အဟင်း .. ဟင်း .. ပြောလိုက်ချင်ဘူး ..
        ဟိုနေရာဆို သူဂ ရှေ့ဆုံးက ရောက်ရောက်နေဒတ်ဒါ .. :mrgreen:

        ရေသောက်မြစ် ကဗျာလေးကို
        အားပေးသွားပါတယ် ကိုခင်မင်ရေ …

        • Mobile

          December 13, 2012 at 10:41 pm

          အားပေးသွားပါတယ် ကိုခင်မင်းရေ အားပေးရင်း ရေဆာလာလို့
          သောက်လိုက်ပါဦးမယ် ခဏစောင့်ပါဦး။

  • သုရှင်

    August 30, 2012 at 12:47 pm

    အင်း…ဗျာ…။
    ရေသောက်မြစ်က နှစ်ခုတောင်မှ ပါလား။
    အောက်မှာ လည်း တစ်ခု… :mrgreen:

  • ရုတ်ရုတ် သဲသဲ … ခေတ်ပြိုင် ထဲမှာ
    ငါ့ … ရေသောက်မြစ်လေး
    အစို ဓါတ်နဲ ့ …. ……. …………
    ဝေးနေသေးတယ် ….။။။။

Leave a Reply