လွမ်းမိတဲ့ ညနေခင်း…..

kotun winlattAugust 30, 20122min53233

ဒီနေ့တော့ ကျနော်ညနေပိုင်းမှာ လမ်းလျှောက်ထွက်ရင်း လယ်ထဲက အိမ်ပြန်လာတဲ့ နွားလှည်းနဲ့ လယ်သမားကြီးကို တွေ့လို့ နောက်ကနေရိုက်လိုက်တာ..

(ဟဲ.. ဓာတ်ပုံနော်..ဓာတ်ပုံ….)  ဒီလို လှည်းအိမ်မပါတဲ့ နွားလှည်းမျိုး မြင်ဘူးအောင်လို့ပါ… ကျနော် ကျောင်းတက်တုန် ကျနော်တို့ဘက်က နွားလှည်းတွေမှာ

ဘရိတ်တပ်ထားတယ်..ဆိုတာကို မယုံကြဘူးတဲ့လေ… ခုလည်း ကျနော်တို့ဘက်မှာ လှည်းအိမ်မပါပဲ မောင်းတယ်ပေါ့ဗျာ..ဒါမျုးလှည်းကိုတော့ လှည်းကတုံးလို့ ခေါ်သဗျ..

 

ဒါလေးကတော့ လမ်းလျှောက်ရတာ ခြေညောင်းလာလို့ ထိုင်နားရင်း လက်ကမြင်းမိလိုက်တဲ့ပုံလေးပါ.. အဝေးက စပါးပင် စိမ်းစိမ်းလေးတွေ တောတန်းလေးတွေကို ကျနေက

ထိုးနေတာလေးကို သဘောကျမိပါရဲ့…..

 

ဒီပုံလေးကတော့ တိမ်တွေလှတာနဲ့ ရိုက်လိုက်မိတာ ကောင်းကင်ပြာကြီးရယ် တိမ်ဖြူဖြူလေးတွေရယ်…စပါးပင်စိမ်းစိမ်းလေးတွေရယ်ကို ပေါင်းစပ်ကြည့်လိုက်တာပေါ့ခင်ဗျာ….

 

ဒီနှစ်ပုံကတော့ ကျနော့်ကို အလွမ်းပိုစေပါတယ်.. ဒီမင်းဝံတောင်တန်းကြီးနဲ့ ညနေချိန် အိပ်တန်းပျံငှက်တွေကို မြင်ရပြီး ကျနော်ကဗျာတစ်ပုဒ်ရေးဘူးပါတယ်….

ကဗျာထဲက စာတစ်ပိုဒ်က …..“ မေ……

တောင်တန်းပြာတွေဆီကိုလည်း မျှော်မကြည့်ရဲဘူးကွယ်…..

ဗျိုင်းတစ်အုပ် ထအပြန်မှာ …

အလွမ်းတွေ လာလာမှန်မှာစိုးလို့ပါ…..”

ကျနော် ပြန်လှည့်ပြန်လာတော့ မိုးမချုပ်သေးပေမယ့် လမင်းကြီးက ကောင်းကင်ယံမှ အေးချမ်းမှုကိုပေးဖို့ အားယူနေပါပြီ… တောင်တန်းပြာကြီးရယ် မီးခိုးရောင် တိမ်တိုက်ရယ်…

လမင်းလေးမပြည့်တပြည့်ရယ်…. ဪ….ငါ..ငိုမိတော့မယ်…သဘာဝရယ်……။

လယ်စောင့်တဲလေး ခြေတံရှည် မိုးအောက်ထက်မှာနေဆိုတဲ့ ကဗျာလေးကို ရွတ်မိတယ်… နေညိုချိန် တိမ်တွေကလည်း တောက်ပနေချိန် အထီးကျန် အဖော်မဲ့စွာ ထီးထီးရပ်နေတဲ့

လယ်တဲလေးရယ်…. ငါတို့တွေ ဘဝတူတူပဲလားလို့…တွေးမိပါတယ်….(ဟဲ..ဟဲ…)

ပျော်ရွှင်ချမ်းမြေ့ကြပါစေ……

( T.W.L)

33 comments

  • Khaing Khaing

    August 30, 2012 at 2:15 pm

    အောက်ဆုံးကပုံလေးက အရမ်းကို စိတ်ကြည်နူးစရာ မျက်စိပဒါသရစရာကောင်းပါတယ် ………

    • kotun winlatt

      August 30, 2012 at 2:42 pm

      ဟုတ်ကဲ့ပါ….မခိုင်ရေ…
      မခိုင်တို့ မိသားစု အလည်လာကြလေ…
      ဒီလို သာယာတဲ့ ရှုခင်းလေးတွေကို လိုက်ပြပေးပါ့မယ်…။

      • zarlay

        August 30, 2012 at 2:58 pm

        ပုံတွေကြည့်ပြီး လွမ်းတောင်လာပြီ ခက်တာက ဘယ်သူ့ကိုလွမ်းရမလဲ မသိဘူးဖြစ်နေတယ်

        • kotun winlatt

          August 30, 2012 at 3:03 pm

          အဟဲ….
          လွမ်းစရာမရှိတော့ ယောင်ချာချာဖြစ်နေတယ်လားးး
          ဘဝတူတွေပါပဲလေ…. အားးးမငယ်ပါနဲ့ဗျာ….။

      • zarlay

        August 30, 2012 at 3:22 pm

        ပုံကိုကြိုက်လို့ ဒေါင်းလို့လုပ်တာမရဘူးဖြစ်နေတယ် သိရင်ပြောပြကြပါအုံး

  • amatmin

    August 30, 2012 at 2:22 pm

    ပုံတွေအကုန် လှသဗျာ..
    တောသားမို့လားမသိဘူး..
    လယ်ကွင်းစိမ်းစိမ်းမြင်ရင် ပစ်လွမ်းလိုက်မိတာပဲ
    တခေါက်လောက်တော့ ရောက်အောင်လာချင်သား..
    လမင်းလေး မပြူ့တပြူပုံလေးကြိုက်သဗျာ..

    • kotun winlatt

      August 30, 2012 at 2:44 pm

      တစ်ခါတစ်ခေါက်လောက်ဖြင့် အရောက်လာစေချင်ပါတယ်…ကိုမတ်ရေ…

  • မြတ်ကျော်သူ

    August 30, 2012 at 2:27 pm

    အက်ဆေးဆိုတာရဲ့ အဓိပ္ပါယ်ကိုတော့ ကျွန်တော် သေချာမသိဘူး…
    ဒါပေမယ့် အက်ဆေးဆိုတဲ့ စာတွေတော့ အနည်းအကျဉ်း ဖတ်ဖူးတယ်…
    ဒီလို မဟုတ်သလိုပဲ…
    ဒါက Photo Essay လို့ ပြောရမလားပဲ…

    • kotun winlatt

      August 30, 2012 at 2:47 pm

      ဟုတ်ပါတယ်ဗျာ..အက်ဆေးဆိုတာ အခုကျနော်ရေးလိုက်တဲ့ ပုံစံမဟုတ်တာတော့ အသေအချာပါ..
      ကျနော်ပုံလေးတွေ တင်ပြီး စာလေးကိုလည်း ဒီထက်များများရေးမယ်ဆိုပြီး အက်ဆေးဆိုပြီး တက်ရိုက်လိုက်တာပါ..ဒါပေမယ့် မကောင်းတဲ့ ကွန်နက်ရှင်ကို အားလုပ်နေရတာနဲ့ပဲ တွေးထားတာလေးတွေက ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်လို့ စာနည်းသွားတာပါခင်ဗျာ…
      ကိုမြတ်ကျော်သူ ပြောသလိုပဲ ဖိုတိုအက်ဆေးလို့ပဲ ထားလိုက်ကြပါစို့…။

  • မြတ်ကျော်သူ

    August 30, 2012 at 2:56 pm

    ဒါပဲပေါ့…ဒါအမှန်ပဲ…ဒီလိုပဲဖြစ်ရမယ်လေ..
    (ရွေးကောက်ပွဲ..ကြော်ငြာဗွီဒီယို…မှ)

    • kotun winlatt

      August 30, 2012 at 3:00 pm

      အော်ကွယ်….ဟုတ်ပါတယ်ဆိုနေမှ..သူကဇွတ်ပဲ…
      လူဇိုးးးးးးးးး

  • Ma Ei

    August 30, 2012 at 2:59 pm

    ဒီလိုညနေခင်းလေးတွေမြင်ရမှတော့
    မလွမ်းဘယ်သူရှိမှာလဲ နော်…

    • kotun winlatt

      August 30, 2012 at 3:02 pm

      ဟုတ်ပါ့နော်…မအိရေ..
      မလွမ်းဘယ်သူရှိနိုင်မလဲ…မဆွေးဘယ်သူရှိနိုင်မလဲပေါ့….။

  • mayjuly

    August 30, 2012 at 3:06 pm

    အာ လွမ်းလာပီနော် … ပြန်မယ် ဒီလကုန်ရင် ရွာကိုပြန်မယ် … 😀

    လှည်းတော့ ဒီအချိန်ရှိဘူးဆိုတော့ ဆိုင်ကယ်ပြန်စီးမယ်ကွာ ….

    • kotun winlatt

      August 30, 2012 at 3:13 pm

      အယ်…ဂယ်ဂျီးးးးပြန်မှာလားးးး
      ဆိုင်ကယ်စီးရင်လည်းး ဦးထုပ်လေးတော့ဆောင်းဗျ…
      ရွာမှာ ဘဲဥဖြူဖြူတွေက ဝစီ တရွီရွှီးနဲ့မို့ပါ…။

    • kotun winlatt

      August 31, 2012 at 8:05 am

      ဟုတ်ကဲ့ပါ..လေးပေါက်ရေ.. အလုပ်လေးတွေအားရင်တော့
      တစ်ခေါက်တစ်ခါတော့ အရောက်လာစေချင်ပါတယ်..
      လေးပေါက်သာ ကျနော်တို့ဆီရောက်ရင် ဓာတ်ပုံတွေ ရိုက်လို့ မဝနိုင်အောင်ဖြစ်နေမှာ အသေအချာပါပဲ…..။

  • ပုံတွေက မိုက်တယ်ဗျာ ..
    သဘာဝ ပုံတွေလို့ ပြောရမယ်ဗျ ..
    ချယ်ဘဲ …
    အားပေးသွားပါဒယ်ဗျို့ ..

    • kotun winlatt

      August 31, 2012 at 8:06 am

      မရှိတဲ့ ရည်းစားလေးကိုရော..မလွမ်းမိသွားတော့ဘူးလားးး
      ကိုအံစာရ….
      လာအားပေးတာကျေးဇူးပါဗျာ….

  • မောင်ပေ

    August 30, 2012 at 8:43 pm

    ကျောင်းဆြာရေ
    အာလကေ အဆင်မပြေဖြစ်နေလို ့မလာဖြစ်ခဲ့တာ
    နောင်တရချင်စရာပဲ
    သို ့ပေသည့် ၊ ကျောင်းဆြာတို ့ဆီ လာဖို ့ရည်မှန်းချက်ကတော့ မပျက်သေးဘူး
    အခုပို ့စ်ပါ ရှူခင်းအလှပုံတွေကို ကြည့်ရတော့
    အဲဒီကိုလာရင် ကင်မရာယူဖို ့မမေ့ဖို ့ဆိုပြီး မှတ်ချက်ချမိတယ်ဗျား

    • kotun winlatt

      August 31, 2012 at 8:08 am

      ကိုပေက ကျနော့်ကို အိပ်မက်တွေ ပေးသွားတာပါ….
      လာမယ်ဆိုလို့ မျှော်နေမိတာ…တကယ်ကျတော့လာလည်း မလာဘူးးး
      ဒီတစ်ခါတော့ သေသေချာချာလာခဲ့ဗျာ…
      ကိုပေမလာခင် ကျနော် ကိုးလပိုင်းထဲမှာ မန်းလေးလာဖြစ်မယ်ထင်တယ်ဗျ…။

    • kotun winlatt

      August 31, 2012 at 8:29 am

      မေ…
      တောင်တန်းပြာတွေဆီ
      မျှော်မကြည့်ရဲတော့ပါဘူး..
      ဗျိုင်းတစ်အုပ်ထအပြန်မှာ
      အလွမ်းတွေလာလာမှန်မှာစိုးလို့ပါ…

      အနောက်တောင်တဝိုက်ဆီက
      တိမ်ညိုတွေစွေလာတိုင်းလည်း
      မိုးခေါ်တေးတွေကိုမဆိုဖြစ်တော့ပါဘူး…
      အဆွေးတွေပိုပိုလာမှာစိုးလို့ပါ ….
      မြူခိုးတွေဝေနေတဲ့
      ရွာအစွန်က ကုက္ကိုပင်အိုမှာလည်း
      သွားမထိုင်ရဲတော့ပါဘူး…
      ဥဩသံတွေကြားရင်
      မေ…. ပြန်လာမလားလို့
      မျှော်ရတာမောလွန်းလို့ပါ…
      ခုတော…… ငါ ..
      အခန်းကျဉ်းလေးထဲမှာ
      သိမ်ငယ်မှုတေးတွေ
      ရင့်ကျူးရင်း ….

      မနက်ဖြန်တွေကို …
      ရစ်သမ်ပျက်သံစဉ်တွေနဲ့ …
      အဆွေးကုတင်ထက်မှာ
      နားဆင်သူရှိနေမလားဆိုပြီး ..
      တိတ်တိတ်လေးသာ ….
      တိတ်တိတ်လေးသာ….
      ဆိုငြီးနေရတာပါကွယ် …..
      @@@@@@@@@@@@@@@@@@
      ကဲ..ကိုယ့်ဆရာရေ…ကဗျာလေးဖတ်ချင်တယ်ဆိုလို့ ရေးပေးလိုက်တယ်နော်…
      ကဗျာ ခေါင်းစဉ်က ဝေးသွားပြီးနောက်……..တဲ့ခင်ဗျ…..။

      • ရွှေ ကြည်

        August 31, 2012 at 12:12 pm

        ကိုထွန်းဝင်းလတ်ရေ ကိုနာဂရကိုကျေးဇူးတင်ရတော့မှာပဲ။
        ရွှေကြည်လည်း အမြည်းလေးနဲ့အားမရဖြစ်နေတာ။ အခုမှပဲပြည့်စုံသွားတော့တယ်။
        ကောင်းလိုက်တဲ့ကဗျာလေး။
        ဒါ့ပုံတွေနဲ့ဒီကဗျာနဲ့တွဲခံစားလိုက်တော့
        ငိုချင်ရဲ့ လက်တို့ပေါ့ဗျာ။

        • kotun winlatt

          August 31, 2012 at 1:52 pm

          ဟုတ်…ကျေးဇူးတင်ပါတယ်ခင်ဗျာ..
          ကဗျာလေးကတော့ ရေးထားတာကြာပါပြီ…။

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 11:36 am

    ပုံလေးတွေ အရမ်းမိုက်တယ်နော်…
    လက်ရာကတော့ တကယ်ကောင်းတယ်…။

    • kotun winlatt

      August 31, 2012 at 1:55 pm

      ဟားးးးအဲ့လောက်မဟုတ်ပါဘူးဗျာ…
      ကင်မရာသေးသေးလေးနဲ့ လျှောက်ရိုက်ထားတာပါ…
      ဂေဇက်မှာက ဒါ့ပုံဆြာတွေအများကြီးပါ…ကျနော်လက်ဆော့ထားတာလေးပါ..။

  • မွန်မွန်

    August 31, 2012 at 12:11 pm

    ပုံတွေ အကုန်လုံးက တကယ်ကို လှတာပါ… မွန်မွန်ဆိုလည်း လွမ်းမိမှာပဲ.. ပုံကြည့်ပြီးတောင် လွမ်းနေတာ… (ဘူ့ကိုလည်းတော့ သိဝူး)
    ပြာလဲ့လဲ့ကောင်းကင်၊ ဖြူလွလွတိမ်တိုုက်၊ မှုန်ပျပျ တောင်တန်း၊ ပျံသန်းတဲ့ ငှက်ကလေးတွေ၊ ပြူထွက်စ လမင်းငယ်… တကယ့်ကဗျာဆန်တဲ့ မြင်ကွင်းပါ…

    ဝေးသွားပြီးတဲ့နောက် ကဗျာလေးကလည်း ရင်ကိုထိစေပါတယ်ရှင်…

    • kotun winlatt

      August 31, 2012 at 1:57 pm

      ဟုတ်…လွမ်းတာတော့ လွမ်းတာပဲဗျ…
      ရင်ထဲမှာ လှစ်ဟာသလလိုလို..မွန်းကြပ်သလိုနဲ့လေ…
      လာအားပေးတာ ကျေးဇူးပါ..မွန်မွန်ရေ….။

  • ချာလီဂဇက်ဒလဝမ်

    August 31, 2012 at 2:12 pm

    လွမ်းနေခဲ့ရတဲ့သူလေးနဲ့ ဟောဟို အောက်ဆုံးက ပုံလေးထဲက လယ်စောင့်တဲခြေတံရှည်
    လေးမှာ တခဏတာလေး ကြည်နူးချင်လိုက်တာဟေ ။

    • kotun winlatt

      August 31, 2012 at 2:21 pm

      ဟုတ်….လွမ်းနေခဲ့ရတဲ့သူလေးနဲ့ ကြည်နူးနိုင်စေဖို့ ဆုတောင်းပေးပါတယ်ဗျာ…။

  • marblecommet

    September 1, 2012 at 2:37 am

    ဒုက္ခပဲ ဒုက္ခပဲ
    ဒီလူကတော့ သူ့ဆီ မလာချင် လာချင်အောင်
    လုပ်နေပြီထင်တယ်….
    ကိုပေနဲ့လိုက်ခဲ့မယ်ဗျာ…

  • ကြောင်ကြီး

    September 1, 2012 at 11:16 am

    လွမ်းရှိတဲ့ညခင်း
    နမ်းမိတော့ထဗျင်း
    စမ်းထိပျော့ကရင်း
    ဖမ်းကြည့်ပေါ့ငါ့မြင်း..။

Leave a Reply