ဈေးစွာလာတဲ့ အကြော်ပန်းခြောက်

ေမွာ္ဆရာAugust 30, 20121min35520

အကြော်ပန်းခြောက် ပေါက်ဈေး ဟာ လွန်ခဲ့တဲ့ ၄ လ လောက်က တပိဿာကို သုံးထောင်လောက်သာ ပေါက်ခဲ့ရာက တဖြည်းဖြည်း ဈေးနှုန်း မြင့်တက်လာပြိး .. ယခုအခါ တပိဿာကို ၁၈၀၀ဝ ဈေး အထိ ဈေးမြင့်လာနေပါတယ် ..။
အကြော်ပန်းခြောက် ကို ခရိုင်မြို့တွေမှာ ဒိုင်ကြီးတွေ ဖွင့် ပြီး အကြီးအကျယ် ဝယ်ယူနေပေမယ့် ဘယ်ကို ပို့နေတယ် ဆိုတာကတော့ သေချာ မသိရသေးပါဘူး ..။ အများစုကတော့ ဆေးဖော်စပ်ဖို့ တရုတ်နိုင်ငံကို ပို့တယ်လို့ ဆိုပါတယ် …။
အရင်တုန်းက ဆော့ကစားနေတဲ့ ကလေးငယ်တွေတောင်မှပဲ အခု မဆော့နှိုင်တော့ အကြော်ပန်းလိုက်ကောက် အခြောက်ခံ ရောင်းချပြီး တနေ့ လေးငါးရာမှ တစ်ထောင်အထိ မုန့်ဖိုးရရှိနေကြတာကို မြင်ရပါတယ် ..။

အကြော်ပွင့်

အကြော်ပန်းပင် ..

ဒီတော့ မှော်ဆရာလဲ ခါတော်မှီ စီးပွားရေးအနေနဲ့ အကြော်ပန်းကောက် အခြောက်လှမ်းပြီး ရောင်းစားရင် ကောင်းမလား စဉ်းစားနေရပါတယ်.. ။ အိမ်ထဲမှာတင် အကြော်ပင် ရှိတဲ့သူတွေကတော့ .. သိန်းကျော်ရနှိုင်တဲ့ တပိုင်တနိုင် စီးပွားရေး အနေနဲ့ လက်တို့လိုက်ပါတယ်ဗျာ ….

20 comments

  • may flowers

    August 30, 2012 at 2:15 pm

    တရုတ်စံကားပန်းလို့ခေါ်တာမဟုတ်ဘူးလားဟင် အကြော်ပန်းလို့ခေါ်တာလား..ဒါမှမဟုတ်မျိုးမတူလို့လား

    တကယ်မသိလို့မေးတာပါနော်.။

    တရုတ်စံကားပန်းဆို ခြံထဲမှာများကြီးပဲ ဈေးကွက်စီးပွားရေးအရ ကောက်ပြီးနေလှမ်းထားမလို့ပါ..ဟီဟိ။

    • မှော်ဆရာ

      August 30, 2012 at 3:06 pm

      သေချာချင်ရင် ဝယ်တဲ့သူကို ဒီပန်းခြောက်မျိုး ဝယ်မလား ဘယ်လောက်ဈေး ပေးမလဲ မေးကြည့်ပေါ့ ..။ ကောက်ပြီးအခြောက်လှမ်းထားတာတော့ မမှားလောက်ပါဘူး …။

  • မြတ်ကျော်သူ

    August 30, 2012 at 2:41 pm

    လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ အရမ်းအဝယ်လိုက်ခဲ့ပါတယ်…
    ဒီနေ့တော့ သူ့အကြောင်း မကြားရသလောက်ပါပဲ…

    • မှော်ဆရာ

      August 30, 2012 at 3:07 pm

      အခု ပြန် အဝယ်လိုုက်နေတယ်ဗျ ..

  • ဘဲဥ

    August 30, 2012 at 2:42 pm

    ဟုတ်တယ်ခဗျ
    အကြော်ပန်း (ခ) တရုတ်စကားပန်း အနီရောင်က ပိုပြီးဆေးဘက်ဝင်သလို ပိုပြီးတော့လည်း ဈေ းကောင်းတယ်လို့ သိရပါတယ်ခဗျ

  • kotun winlatt

    August 30, 2012 at 3:09 pm

    ဝိုးးးးးးးတကယ်လားးးးးးပွတာပဲ…ရွာမှာ အဲ့ဂလို ပန်းပင်ဒွေ အများးးးကြီးးးးး
    နာတော့ ထောပီကွ….
    ကဲ…ဘယ်ဒူတွေ ရှယ်ယာဝင်ဦးးးမလဲဗျို့….။

  • ကထူးဆန်း

    August 30, 2012 at 3:13 pm

    တရုတ်စကားပန်း လို့ဘဲ ခေါ်ပါတယ် ။ ငယ်ငယ်က အခြောက်လှမ်း ပြန်ပြုတ် သုတ် စားဘူးခဲ့ပါတယ် ။
    ရေနွေးကြမ်း လ္ဘက်ခြောက် အဖြစ်လည်း သုံးကြကြောင်းတော့ သိခဲ့ဘူးပါသည်။
    အပင်က လည်းစိုက်လို့ လွယ်ပါသည် ။ ကိုင်းချိုး စိုက်ရုံပါ။

  • Novy

    August 30, 2012 at 3:37 pm

    http://www.mawluu.com/2012/01/blog-post_29.html
    ဒီလင့်ကလေးမှာ သွားဖတ်လိုက်ရင်တော့
    အကျော်ပင်နဲ့တရုတ်စကားပင် ခွဲခွဲခြားခြားသိလောက်မယ်ထင်ပါတယ်ရှင်

    • မောင်ပေ

      August 30, 2012 at 8:32 pm

      လင့်ခ်လေးပေးတဲ့ အတွက် ကျေးဇူးပါပဲ အန်တီနိုရေ
      အဲဒီလင့်ခ် သွားဖတ်မိမှပဲ ၊ တရုတ်စကားပင် နဲ ့အကျော်ပင် နဲ ့ခွဲခြားသိရတော့တယ်ဗျို ့
      နို ့… မှော်ကြီးပုံကြည့်ပြီး ၊ တရုတ်စကားပင်ပဲ မှတ်ပြီး စိတ်ကူးတောင်ယဉ်နေမိတယ်
      စစ်ကိုင်းဘက်မှာ အရမ်းပေါတာကလား

      • ကထူးဆန်း

        August 30, 2012 at 9:28 pm

        ဟုတ်ပ ကိုပေရေ ။ ရှဲရှဲ ပါ Novy ရေ ။

  • Ma Ei

    August 30, 2012 at 4:43 pm

    အရင်က အိမ်ရှေ့မှာ အကြော်ပင်ကြီးရှိခဲ့တယ်…
    ကားလမ်းချဲ့တော့ ၁၃ ပေလောက် ပေးလိုက်ရလို့ပါသွားခဲ့တယ်…
    နှမြောလိုက်တာနော်…

  • နေဝန်းနီ

    August 30, 2012 at 8:16 pm

    တရုတ်စကား ပန်းခြောက်လည်း ဝယ်တဲ့သူရှိပါရဲ့ …။ မနှစ်က အိမ်နားက ကလေးတွေ ကောက်ပြီးရောင်းနေတာတွေ့ဖူးတယ်…။

  • pooch

    August 30, 2012 at 9:13 pm

    အဲ့ဒီအကြော်ပင်က အရွက်စိမ်းကို ထောင်းပြီး ရလာတဲ့ အရည်ကို ကြေးဇွန်းထဲ ထည့်ပြီးရင် အောက်ကနေ မီးအပူနည်းနည်းပေးပြီး ဆားနည်းနည်းခပ်သောက်ရင် ရင်ကြပ်တာတွေ ကို သက်သာစေတာမို့ ခပ်ငယ်ငယ်က အမေတိုုက်လေ့ရှိပါတယ်။ တကယ်လည်း သက်သာခဲ့ပါတယ်။ ကိုယ်တွေ့မို့ပါ။

    ခုနောက်ပိုင်းတော့ ချောင်းဆိုးရင်ကြပ်ဖြစ်ရင် နီးရာဆေးပဲသောက်ဖြစ်တာမို့ လုပ်မသောက်ဖြစ်တာတောင် ကြာနေပါပြီ။

    တကယ်ဆေးဘက်ဝင်တဲ့ အပင်မို့ တတ်ကျွမ်းသူများအနေနဲ့ သုတေသနလုပ်ပြီး ဆေးဖော်ဖို့ ကောင်းတယ်။

  • ဆူး

    August 31, 2012 at 12:15 pm

    အိမ်မှာတော့ အရွက်တွေ ကြွေလွန်းလို့.. စိတ်ပျက်လို့ တနေ့ကပဲ အပင် ကို တော်တော် များများ ချိုင်ပလိုက်ပြီ။ ရှိတော့ဘူး။

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 1:34 pm

    အိုးးးးးမိုက်တယ်နော်…
    မဆိုးဘူး အကြော်ပန်းတွေ လိုက်ကောက်ပြီး…
    အခြောက်လှမ်းရရင် ကောင်းမယ်…:P

  • MaMa

    August 31, 2012 at 9:51 pm

    အိမ်ရှေ့မှာလည်း ရှိတယ်။
    ဘယ်သူမှတော့ လာကောက်တာ မတွေ့သေးဘူး။
    ပုံမှာပြထားတဲ့အပင်ကတော့ တရုတ်စကားပန်းပင်ပဲ ဖြစ်မယ်။
    အကျော်ပန်းပွင့်က သိပ်မအာပဲ နည်းနည်း ချွန်ချွန်လေး ဖြစ်နေတယ်။
    အဖြူရောင်အပြင် အခြားအရောင် (အနီ၊ အဝါ) တွေလည်း မြင်ဖူးတယ်။

  • မှော်ဆရာ

    August 31, 2012 at 10:23 pm

    တရုတ်လား အကြော်လား ကျွန်တော် သေချာတော့ မခွဲနှိုင်သေးဘူး …။
    ဒါပေမယ့် အဲဒီ့အပွင့်တွေက ရောင်းရတာတော့ သေချာတယ် …။
    အဲဒီ့တစ်ပင်ထဲကို ကျွန်တော် ကောက်ရောင်းတာ ငွေ သိန်းကျော် ရနေပြီ … :))
    ဒါကြောင့် လက်တို့လိုက်တာပါဗျို့ …။

  • M M

    May 26, 2014 at 11:56 am

    အိမ်ရှေ့မှာအကြော်ပင်ရှိတယ်ဗျ…
    ဘာကြောင့်သိလည်းဆိုတော့သူ့ကိုတစ်ရပ်ကွက်လုံးကအကြော်ပင်လို့ခေါ်ကြသဗျ …
    အကြော်ပွင့်တွေကသိပ်လှတယ်ဗျ …:D

Leave a Reply