တီးတောင်….တီးတောင်….
ရုံး မဆင်းခင် ၁၀ မိနစ် ကြိုပေး ထားတဲ့ ဖုန်း alarm သံ လေး မြည် လာ လို့ …..မေလေး…. ရင်ထဲလှိုက် ကနဲ ခုန်သွားတယ်။ ဟုတ်တယ် လေ သူနဲ့ တွေ့ ရ တော့ မှာ ကိုး…..သူ ဆိုတာ က မေလေး တို့လမ်း ထိပ် အိမ် က လူ ပေါ့ ။သူ့ ကို မေလေး သတိထား မိ တာ ၁ လ လောက် ရှိ ရော့ မယ်။ အလုပ်သွား အလုပ် ပြန် လမ်း ထိပ်မှာရပ်တဲ့ ဖယ်ရီစောင့်စီး ရ တဲ့ မေလေး ကို စူးစူးစိုက်စိုက် ငေးကြည့် တတ်တဲ့ သူ……. အိမ်ရှေ့ အုတ်ခုံ လေး မှာ တခါတလေ ထိုင်လို့ ၊ တခါတလေလဲ ခြံတံခါး ၀မှာ ရပ် လို….့ မေလေး ကို အဝေး ကြီး မှာ ထဲက လှမ်း ငေး နေတတ်တဲ့ သူ……

အနား ရောက်လို့ မေလေး က ပြန်ကြည့် လိုက်ရင် မျက်လွှာ ချသွား တတ်သလို၊ တခါ တလေ ကျတော့ လည်း သူခိုး လူမိ သွား သလို ရှက်ကိုး ရှက်ကန်း ပြန်ပြုံးပြ တတ်ပြန်တယ်။ သူ့ အသက် ကတော့ မေလေး တို့ နဲ့ မတိမ်း မယိမ်း လောက် ထင်ပါရဲ့ ၊ နဲနဲ တောင် ငယ်ချင်မလား မသိ…..အရပ်ကြီး က မြင့် မြင့် ကြီး နဲ့ ကိုယ် လုံး ကိုယ် ထည် ကလည်း ယောက်ျား ပီပီ သသ ထောင်ထာင်မောင်းမောင်း….. ထူးခြား တာ က အသား အရေ …..ယောက်ျားလေး တန်မဲ့ ဖြူ ၀င်းမွတ် ပြီး ကြည် စင် နေတယ်။ နှူတ်ခမ်း လေး က လည်း စိုရဲ လို့ ….ဆေးလိပ်၊ အရက်၊ ကွမ်း တို့ နဲ့ ဝေး မဲ့ ပုံပါ ပဲ၊ နှာခေါင်း လေး ကလည်း ချွန်ချွန် လုံးလုံး လေး … မျက်လုံးတောက်တောက် လေး က မျက် တောင်စင်းစင်း လေး တွေ ၀န်း ရံ လို့ …မျက်ခုံး မဲ နက်နက် လေး က လည်း ထင်းထင်း လေး …. ဆံပင် တို ကပ်ကပ် လေး နဲ့ မေလေး စိတ်ထဲ မှာ တော့ သူ့ ကို ကြည့် ရတာ အပြစ်ကင်းတဲ့ ကလေးလေး တစ်ယောက် လို ပါပဲ။

သူမျက် လွှာ ချ သွားတဲ့ အချိန်မှာ သေချာ ခိုးကြည့် ရင်း မှတ်မိ ခဲ့ ရတဲ့သူ့ ရဲ့ ပုံရိပ်တွေ ပေါ့။ ဒူးခေါင်းဖုံး တဲ့ ကွားတား ဘောင်းဘီ လေးတွေ အမြဲ ၀တ် တတ်တဲ့၊ branded ကြိုးသိုင်း ဖိနပ် လေး တွေ စီးတတ်တဲ့၊ သူ့ ပုံ ရိပ် တွေ ဟာ မေလေးရဲ့ နှလုံး သား ထဲ မှာ scan ဖတ် ထား သလို စွဲနေမိပြီ ….သူရယ်။
‘ဟေ့ ဘာတွေ တွေး ပြီး ပြုံး နေတာ လဲ’  ဘေး က သူငယ်ချင်း အသံကြား မှ မေလေး လည်း သတိပြန် ၀င်လာပြီး လုပ်လက်စ အလုပ်တွေ မြန်မြန် လက်စသတ်၊ အိတ် ထဲက two way ဗူးလေး ထုတ်ပြီး မျက်နှာ ကို နည်းနည်း တို့….နှုတ်ခမ်း ကို gloss လေး တင် ပြီး ခေါင်းလေး ဖြီးလို့ ပြန်ဖို့ ပြင်ဆင် လိုက် ရတယ်။ အခု ဆို စောင့် ကြည့် နေမဲ့ သူ ရှိ နေပြီ ဆိုတော့ မေလေးရဲ့ အိမ် အပြန် ညနေခင်းတွေ ဟာ ခါတိုင်းထက် ပို ပြီး လှ ပနေ တယ် ပေါ့။

ဖယ်ရီ ပေါ် က ဆင်းတာနဲ့ အကျင့် ပါနေတဲ့ မျက် လုံးတွေ က သူ့ ရဲ့ အိမ်ရှေ့ ကို လှမ်း ကြည့် မိလိုက် တော့ ….တွေ့  လိုက် ရပါ ပြီ ..သူ့ ကို ….အမွှေး ပွ ခွေး ပုပု လေး ကို ပိုက်လို့ မေလေး လာမဲ့ လမ်း ကို မျှော် ကြည့် နေတဲ့ သူ……မေလေး လည်း ရင်ခုန် ကျေနပ်စွာနဲ့ သူ့ ရှေ့ က ဖြတ် လျှောက်ပြီး အနား ရောက်တော့မှ အခု မှ တွေ့ တဲ့ပုံစံ မျိုး နဲ့ တချက် လှမ်း ကြည့် လိုက် တယ်… ဒီတခါတော့ သူက ရင်းရင်းနှီးနှီး ပြုံး ရင်း နဲ့ သူ့ လက်ထဲက ခွေး လေး ကို မြှောက်ပြပြီး …ယူမလား ဆိုတဲ့ ပုံစံ မျိုးနဲ့ မေးလေးဆက် ပြတယ်။ မေလေး လည်း အယောင်ယောင် အမှားမှား နဲ့ ခေါင်း ညိမ့် မိသလား ခေါင်း ခါမိသလား တောင် မမှတ် မိဘဲ သူ့ ရှေ့ က အမြန် ဖြတ်လျှောက်လာခဲ့ မိတယ်။ ဒီည အဖို့ တော့ သူ့ အကြောင်း တွေးရင်း ညဉ့်နက် ရ ဦးမယ် ထင်ပါရဲ့။

နောက်ရက် တွေ မှာလည်း ဒီလို ပဲ သူ ပိုက် ထားတတ် တဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ၊ ဟန်းမ်စတားလေး တွေ နဲ့ မေလေးကို လှမ်း စတတ်သလို မေလေးက လည်း ပြန်ပြီး ပြုံးပြ နှုတ်ဆက် ခဲ့ တယ်။ မေလေး ကလည်း အကောင်လေးတွေ ချစ်တတ် သူ ဆိုတော့သူနဲ့ မေ လေး စိတ် ချင်း တူကြ တယ်ပေါ့…… နောက်တော့ မှ မေလေးအိမ်မှာ မွေး ထားတဲ့ ယုန်ညို လေး ကို သူ့ကိုပြ ရ ဦး မယ်။

တခါ တော့ သူစားနေတဲ့ lolly pop လေး ကို စား မလား ဆိုတဲ့ ပုံ စံလေး လုပ်ပြလို့ မေလေး လည်း ခေါင်း ညိမ့် ပြ လိုက် ရော ဘာ မပြော ညာ မပြော နဲ့ မေလေး နား ကို လာပြီး သူ့ ဘောင်းဘီ အိတ် ထဲက lolly pop လေး တစ်ခု ထုတ်လို့ မေလေး လက်ထဲထည့် ပေး ပြီး လှည့် ထွက် သွားတဲ့ သူ့  ကို ကြည့် လို့ မေလေး မှာ အသည်း တွေ ယား ပြီး ရင်တွေ တလှပ် လှပ် တုန်လို့ပေါ့။

ဒီလိုနဲ့ အချိန်တွေ တစ်ရက်ပြီး တစ်ရက် ကုန် လာတာနဲ့အမျှ သူ နဲ့ မေလေး လည်း အသံတိတ် ရင်း နှီး မှု တွေ ရလာ ခဲ့တယ်။ အကြိမ်ကြိမ် အခါခါ အကြည့် ချင်း ဆုံ ၊ အပြုံး ချင်း ဖလှယ် ဖြစ်ခဲ့ ကြတာတောင် သူ့ဘက်က ဘာမှ မစ လာသေး တော့ မေးလေး မှာ မချင့် မရဲ ဖြစ်ရ ပြန်တယ်။ သူ့ နာမည် လေးတောင်သိခွင့် မရသေး……။ မေလေး လည်း လမ်း ထဲ က လူတွေ ဆီ ကနေ မသိမသာ စနည်းနာ ခဲ့ ပေမယ့် သူတို့ မိသားစု က ပြောင်း လာတာ မကြာသေး သလို ပတ်ဝန်း ကျင်နဲ့ လည်းရင်းရင်းနှီးနှီး မနေကြတော့ ဘယ်သူမှ မသိ…. ပေါ်ပေါ် ထင်ထင် စုံစမ်း ဖို့ လည်း မရဲ ဆိုတော့ သူနဲ့ ပတ်သတ် ပြီး ဘာမှ မသိရ…..။ သူကတော့ ယောက်ျားလေးဆိုတော့ မေလေး အကြောင်း ကို သိချင်သိနေ မှာပေါ့ လေ။

ဒီနေ့ ရုံး ကို အသွား မှာ သူ့ ကို လှမ်းကြည့် လိုက်တော့ မေလေး ကို သိသိသာသာ မျှော်နေတဲ့ ပုံပေါက်ပြီး မေလေး ကို တွေ့ တာနဲ့ တစ်ခုခု ပြောဖို့ ပြင်ဆင် ထားတဲ့ ပုံနဲ့ အနား ကို လျှောက်လာတယ်။ မေလေး မျှော်လင့် နေတဲ့ စကားပြောတော့ မယ် ဆို တာ မိန်းကလေးတွေ ရဲ့ စိတ်ခံစားမှု ပင်ကို အသိနဲ့ သိလိုက် တယ်…..မေလေး ဖြေဖျား လက်ဖျားတွေ အေး လာ သလို ရင်တွေ လည်း အတိုင်း အဆ မဲ့ ခုန် နေခဲ့ တယ်….မေလေး မှာ သူ့ အတွက် အဖြေ အဆင်သင့် ရှိပြီး သားပဲ …နော်…ဒါပေမယ့် မိန်း ကလေး ပဲ နည်းနည်းတော့ မူ ရအုံး မှာပေါ့ ။ သူ…. မေလေးနဲ့ အနီး ဆုံး ကိုရောက်လာ တယ်….သူ့ ရဲ့ အသက်ရှူ သံ တောင် ကြားနေရတယ်….မေလေး မော့ မကြည့် ရဲလို့ ခေါင်း ကို အသာငုံ့ ထား မိတယ်။ သူ ဘယ်လိုများ စပြော မလဲ…မေလေးကရော …ဘာပြန်ပြော ရ မလဲ။
အဲဒီ အချိန်မှာပဲ

About မိုချို

မို co has written 41 post in this Website..

   Send article as PDF