ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်… …ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (8 )…

Ma EiAugust 30, 20124min14112

ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်…

…ရှမ်းပြည် တောင်ပိုင်း အလည်သွားမယ် (8 )…

 

ညောင်ရွှေ Remember Inn မှာ Breakfast စားအပြီး Checkout လုပ်ခဲ့ပြီး ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်သို့

ထွက်ခွာလာခဲ့ကြပါတယ်…ညောင်ရွှေ အောင်ပန်း ပင်းတယ လမ်းတစ်လျှောက် လှပသော တောင်တန်းများ ထင်းရှုးပင်များ၊

ထွန်ယက်လက်စ မြေနီ မြေယာများ၊ စိုက်ခင်းများနဲ့ ကောင်းကင်ပြာ စသည်ဖြင့် မြင်မြင်သမျှ လှပနေပါတယ်…

အောင်ပန်း ပင်းတယ လမ်းမှာ ရွာစဉ်တန်းလေးကျော်တာနဲ့ သမီးက ရောက်ကာနီးပြီလား၊ မရောက်သေးဘူးလား ဆိုတဲ့

စကားကို ထပ်တလဲလဲ မေးပါ၊ပြောပါတော့တယ်…ရောက်တော့မယ် ၊ ရှေ့ဆိုရောက်ပြီ ပြောရင်း ကိုယ်တိုင်လဲ အရင်အခေါက်တွေက

ဒီလောက်မဝေးသလို ခံစားရပါတယ်…

တစ်ချို့ရွာတွေမှာ ဆိုင်းဘုတ်ထောင်လို့ ၈၈ ကျောင်းသားများကို ကြိုဆိုပါ၏ ရေးထားတယ်… ဒီနေ့လာကြမှာမို့ ကြိုဆိုကြတာတဲ့။

ဆိုင်ကယ်တွေမှာ အလံနီလေးတွေနဲ့ ပင်နီဝတ်စုံနဲ့ သေချာကိုကြိုကြတာဘဲ…သူတို့လဲ ကိုယ့်လူတွေပါလားလို့ အားတက်ဝမ်းသာ မိပါတယ်…

ကားသမားလေးက ကျနော်တို့ လမ်းသစ်ကနေ သွားကြမယ်…အပြန်မှ မြို့ထဲပို့ပေးမယ် ပြောပြီး မြေနီလမ်း ကိုချိုးကွေ့လိုက်ပါတယ်…

လမ်းကလေးရဲ့အဆုံးထိပ် အဝေးတောင်စောင်းမှာ မြင်နေရတာကတော့ ရောက်ချင်နေလှတဲ့ ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်

ဖြစ်ပါတယ်…

1…တောင်ဖီလာ မှ သဘာဝလှိုဏ်ဂူတော်

 

2… ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော်
3…တောင်ခြေဘုရားများ နှင့် လမ်းကလေး
4…စောင်းတန်းလေး ဝဲဘက်ခြမ်း
5…ပုန်းတလုပ်ကန် စောင်းတန်းလေး…

ပင်းတယ ရွှေဥမင် သဘာဝလှိုဏ်ဂူတော် သည် အတွင်းတွင် ပေ ၄၉ဝ ရှည်ပြီး အစပိုင်းတွင် ဘုရားအဆူဆူ နေရာမလပ် ပူဇော်ထားရှိပါတယ်…

အလယ်တွင် ဆင်ချည်တိုင်၊မြင်းချည်တိုင်၊ နတ်ရေကန်၊ အောင်မြေ၊ ကျောက်စည်၊ကျောက်မောင်း၊ နတ်သမီး ရက်ကန်းစင် စသည်ဖြင့်

ကျောက်စက်ပန်းဆွဲ၊ကျောက်စက်မိုးမျှော် များ ပုံသဏ္ဍာန်ထူးခြားစွာ တည်ရှိနေကြပါသည်။

လှိုဏ်ဂူတော်အတွင်း ထူးခြားသော ဆင်းတုတော်များကို ဓါတ်ပုံရိုက်လို့ မျှဝေပေးပါရစေနော်…

6…အဝင်ဝရှိ ဆင်းတုတော်များ…
7…အဝင်ဝရှိ စေတီတော်…
8…ဂူအတွင်း ၄၉ဝ ပေအရှည်ရှိတယ်တဲ့
9…တခွန်တိုင်ဘုရား..
10…ဝမ်းတော်ပြည့်ဘုရား…
11…ဂူလမ်းဆုံး…
12…ချွေးထွက်ကိုယ်စားတော်..
13…ကျောက်ကမ္ဘားယံ မှ စေတီလေး…
14… ကျောက်ကမ္ဘားယံ မှ စေတီလေး…

…တောင်ဖီလာ ကာဆီး… ၊ရှုမညီးစရာ သဘာဝအလှစုံစွာ… အဆင်းလှတဲ့ ပင်းတယမြို့သာယာ…..

ဟေး…းး…ရပ်ဝေးက မိတ်ဆွေများ တစ်ခေါက်လောက်တော့ အလည်ရောက်ကာ ရွှေဥမင် ဘုရားဖူးစေချင်တာ…

တောင်တန်းမြေပြန့် ချစ်ခင်စွာ အေးချမ်းလှပေတာ…လာဖြစ်အောင်လဲ လာခဲ့ပါ…အဆင်းလှတဲ့ ပင်းတယ မြို့တော်ပါ…

 

သီချင်းလေး မှတ်မိသလောက်ရေးလို့…ဖိတ်ခေါ်ကာ ရွှေဥမင် ဘုရားဖူးစေချင်ပါကြောင်း တင်ပြလိုက်ရပါတယ်…

ခင်တဲ့

မအိ

12 comments

  • Mon Kit

    August 30, 2012 at 3:23 pm

    ထပ်မံ ဖူးမျှော်သွားပါတယ် မအိရေ…
    ကလောကို မြန်မြန်ပို့ပေးနော်…….
    အမှတ်ရစရာ .. သတိယစရာ များစွာဖြင့်…
    စောင့်မျှော် အားပေးနေပါမည်…..

  • Ma Ei

    August 30, 2012 at 4:10 pm

    ပင်းတယ ပြီးရင်…
    မြင်းမထိဂူကို သွားမယ်…
    အဲ့ကမှ…ကလောကိုသွားမယ်လေ…
    ဆက်လက်အားပေးနော်…

  • ပန်းစံပါယ်

    August 30, 2012 at 4:25 pm

    ဒီပို့စ်လေးနဲ့ ဓာတ်ပုံလေးတွေတွေ့တော့ လွန်ခဲ့တဲ့ ၁၃ နှစ်လောက်က အလုပ်ထဲကညီအစ်ကိုမောင်နှမတွေနဲ့ ရောက်ဖြစ်ခဲ့တာကိုသတိရပြီး နောက်တစ်ခေါက်ထပ်သွားချင်မိပါရဲ့။ အခွင့်သာတဲ့တစ်ချိန်တော့ သွားရောက်ဖူးချင်ပါသေးတယ်။

  • မောင်ပေ

    August 30, 2012 at 8:10 pm

    လှပတဲ့ ရှူခင်းတွေကိုကြည့်ရင်း ဘုရားဖူးသွားပါတယ် မအိရေ

  • Htoo thin

    August 31, 2012 at 3:57 am

    ကျုပ်တို့စော်ဘွားမျိုးတွေတည်ခဲ့တဲ့ဘုရားတွေဆီ တခေါက်လောက်တော့ ပြန်ဖူးချင်ပါတယ်ဗျာ

  • မိုချို

    August 31, 2012 at 11:13 am

    ၂၀၀ရ လောက် က ရောက် ဖူးတယ် ဆိုရုံ အပြေး အလွှားဖူးပြန် ခဲ့ ရတာ အမှတ် ရမိသေးတယ်။ အဲတုန်း က ဓါတ်ပုံ ရိုက် လို့ ရတဲ့ ပစ္စည်း ဘာမှ မပါလို့ ပင်း တယတို့ ၊ အင်းလေး တို့၊ တောင်ကြီး တို့ ဆို တာ အမှတ်တရပြန်ကြည့် စရာတောင် မရှိဘူး ဖြစ်နေတယ်။ ခုလို သူများ ရိုက်လာတာတွေ ့ တော့ မှ ဒီလို ပါလား လို့ ပြန်မှတ်မိတော့ တယ်။ မြင်းမထိ ဆို အရှေ့ က ခေါက်တုံ့ ခေါက် ပြန် ဖြတ်နေရဲ့ နဲ့ မရောက် ခဲ့ ရဘူး။

    • Ma Ei

      August 31, 2012 at 2:02 pm

      မိုချိုရေ…
      မြင်းမထိဂူ သွားခဲ့ရတဲ့ အကြောင်းလေး ဖတ်ကြည့်ပြီးရင်
      မသွားခဲ့တာတော်သေးရဲ့လို့ပြောမိမှာ…
      ခုရေးနေပါတယ်…

  • ကျနော်နဲ့မအိ ပင်းတယရောက်တာသိပ်မကွာဘူး။
    ကျနော်က အေပရယ်လကုန်ခါနီးရောက်။
    မြင်းမထိအရင်သွား။
    နောက်ရက် ပင်းတယသွား။
    အဲဒီကပြန်မှာရွာအလှုပန်းတနော်ကိုဆက်သွားတာ။
    အခုမအိထဲမှာပါတဲ့ တံခွန်ုတိုင်ဘုရားကျနော်မရိုက်ခဲ့ရဘူး။
    အခုမအိပုံမြင်မှ ပြန်သတိရလာတာရယ်။

    • Ma Ei

      August 31, 2012 at 1:57 pm

      ကိုပေါက်တင်ပြီးသားပုံတွေချည်းလို့ထင်ထားတာ…
      တစ်ပုံလောက်မတူလို့ တော်သေးတယ်နော်…

  • Ma Ei

    August 31, 2012 at 2:12 pm

    ပန်းစံပါယ် says: …
    ရောက်ဖူးပေမဲ့ ထပ်သွားချင်တဲ့နေရာလေးကို
    ထပ်သွားဘို့ရာအခွင့်သာပါစေကြောင်းနော်…

    မောင်ပေ says: …
    Comment..လေးတွေအမြဲရေးပေးလို့
    ကျေးဇူးတင်ပါတယ်နော်…

    Htoo thin says: …
    တစ်ခေါက်မက အခါခါဖူးခွင့်ရပါစေနော်…

    အတိသဉ္ဖာ နာဂရချစ်သူ says: …
    MG မှာ မရောက်ဖူးတဲ့နေရာစုံကို ရောက်ခွင့်ရနေတာပါ…
    တစ်ကယ်လဲရောက်ဖူးစေချင်ပါတယ်…

Leave a Reply