အသက်ကိုတဲ့-ရှည်စေလို

aye.kkAugust 30, 20121min718

လူ ့ဘ ဝ က ခ ဏ တာ မျှ ပင် ဖြစ် သည် ။ ရ ခဲ လှ သည့် လူ ့ဘ ဝ တွင် ၊ အ သက် ရှည်-ကျ မ္မာ စွာ နေ ထိုင် နိုင် ရေး က လို အပ် လှ ပေ သည် ။ ရုပ် တ ရား သည် ကံ,စိတ်,ဥတု,အာဟာရ ကြောင့်-ဖြစ် သည် ။ ခန္ဓာ ကိုယ် တည် ရှိ နေ ခြင်း သည် ကံ,စိတ်,ဥတု,အာဟာရ တည်း ဟူ သော အ ကြောင်း တ ရား လေး ပါး တို ့ဖြင့် တည် ရှိ ၏ ၊ ထို အ ကြောင်း တ ရား လေး ပါး တို ့တွင် တစ် ပါး ပါး ချွတ် ယွင်း ခဲ့ လျှင် ။ အ သက် ရှည် စွာ မ တည် နိုင် ပဲ ပျက် စီး ရ မည် သာ ဖြစ် ကြောင်း ။ ဗုဒ္ဓ မြတ် စွာ ဘု ရား ဟော ကြား ထား တော် မူ ခဲ့ ပါ သည် ။

“အ သက် ကို တဲ့-ရှည် စေ လို”ဘယ် လို နေ ထိုင် ရ မယ် ဆို တာ ကို လည်း ။ အ မေ က….။ ဒါ လီ ကို ခ ဏ ခ ဏ ပြော ဆို ဆုံး မ ပါ တယ် ။ ဆုံး မ ရ တဲ့ အ ကြောင်း က လည်း………… ။
ဒါ လီ အ ကျင့် က ၊ အ စား မက် ၊ အ အိပ် မက် ၊ အ ဆော့ မက် ၊ စိတ် တို ဒေါ သ ထွက် လွယ် တတ် သူ တ ဦး ဖြစ် နေ လို ့ပါ ။
ဒါ လီ အ ကျင့် ကို အ မေ သိ တော့ ၊ မ ဆင် ခြင် ရင် လော က မှာ အ သက် ရှည် ရှည် နေ ထိုင် နိုင် ဘို ့အ တွက် မ လွယ် ကူ နိုင် တဲ့ အ ပြင် ။ အ သက် တို မှာ ဖြစ် ကြောင်း ပြော ပြ ပါ တယ် ။

ဒါ လီ အ ကျင့် က ၊ ကိုယ် နှစ် သက် တဲ့ အ စား စာ မြင် တွေ ့ရင် အား ရ ပါး ရ ၊ အ ဝ အ ပြဲ ၊ မ ချိ မ ဆန် ့စား တတ် ပါ
တယ် ။ အဲ ဒီ လို စား တတ် လို ့လည်း အ စာ စား ပြီး ရင် ။ အ စာ မ ကြေ ချက် နိုင် ပဲ ပြန် အံ ထွက် တဲ့ ဒု က္ခ ။ အ စား လွန် ပြီး ဗိုက် နာ တဲ့ ဒု က္ခ ။ မ ကြာ ခ ဏ ဆို သ လို ကြုံ တွေ ့ပါ တယ် ။ ဒါ လီ အ စာ စား ပြီး ရင် ၊ အ ဖေ ကိုယ် တိုင် က ဒါ လီ ကို စိတ် ပူ ပြီး ။ အ စာ ကြေ တဲ့ ဂျဲ လ် မက် ဆေး ပြား သုံး လေး ပြား အ ထိ စား ခိုင်း ရ တာ လည်း နေ ့စဉ် နဲ ့အ မျှ အ မြဲ လို လို ပါ ဘဲ။

ဆူ တာ ကို မ နှစ် သက် တဲ့ အ ဖေ ကြောင့် ။ အ မေ က ဒါ လီ ကို ဆုံး မ ရ တာ ပို လို ့ခက် ခဲ နေ ခဲ့ ပါ တယ် ။ ရေ သောက် ရင် လည်း အား ရ ပါး ရ နဲ ့အ လျှင် စ လို သောက် တတ် လို ့၊ တစ် ခါ တော့ ဆေး ရုံ ရောက် ခဲ့ ဘူး ရ ပါ တယ် ။ အ မေ က တော့ ဒါ လီ ကို မိ ဘ စ ကား နား မ ထောင် တဲ့ အ တွက် ။ ဒဏ် ခတ် ခံ ရ တာ လို ့ပြော ပါ တယ် ။
ထ မင်း စား ရင်း ၊ ထ မင်း နင် ရာ က ရေ ကို အ လျှင် စ လို သောက် မိ လို ့ရေ သီး သွား လို ့အ သက် ရှူ လမ်း ကြောင်း ပိတ် ပြီး ဆေး ရုံ ရောက် ခဲ့ ရ တာ ပါ ။

ဆေး ရုံ မ ရောက် ခင် လမ်း မှာ တင် ၊ ဒါ လီ မျက် နှာ တွေ ပြာ နှမ်း လာ လို ့၊ ရှိ သ မျှ ဘု ရား ဂုဏ် တော် တွေ ကို ၊ အ မေ ရွက် ဖတ် ခဲ့ ရ တဲ့ အ ပြင် ၊ အ ဖေ ရော အ မေ ပါ လွန် စွာ စိတ် ပူ ၊ စိတ် ဒု က္ခ ကြီး မား သွား ခဲ့ ကြ ရ ပါ တယ်။
အဲ ဒီ ထဲ က ဒါ လီ လည်း ၊ အ ရမ်း ကို ကြောက် သွား ပြီး ရေ ကို အ လျှင် စ လို မ သောက် ရဲ ခဲ့ တော့ ပါ ဘူး။ အ စား အ သောက် ကို မျှ တ သင့် တင့် စွာ နဲ ့မ စား သောက် တတ် လို ့ဖြစ် ရ တာ ပါ ။
ဆ ရာ ဝန် က ဒါ လီ ကို မ ပေါ့ ဆ ဖို ့၊ ရေ သီး တာ က ရေ နစ် သူ နဲ ့တူ ကြောင်း ။ အ သက် ရှူ လမ်း ကြောင်း ပိတ် ပြီး အ သက် ပါ ဆုံး ရှူံး သွား နိုင် ကြောင်း ပြော ပြ ခဲ့ ပါ တယ် ။

အ ဆော့ မက် တာ နဲ ့ပတ် သက် ပြီး ။ ဒါ လီ က ကျွမ်း ဘား က စား နည်း ကို အ ရမ်း ဝါ သ နာ ပါ ခဲ့ ပါ တယ် ။ မိ ဘ ညီ အစ် ကို မောင် နှ မ တွေ ထဲ မှာ ထူး ထူး ခြား ခြား ဝါ သ နာ ပါ ခဲ့ သူ တ ဦး ဖြစ် ခဲ့ တာ မို ့အ ပြင်း အ ထန် ၊ အ လွန် အ ကျွံ လုံ ့လ အား ထုတ် ပြီး က စား တတ် ခဲ့ ပါ တယ် ။ သူ ငယ် ချင်း တွေ ရဲ ့အား ကျ မှု ၊ မောင် နှ မ တွေ မ လုပ် နိုင် ခဲ့ တာ ကို လုပ် ပြ နိုင် ခဲ့ လို ့စိတ် ထဲ ဘ ဝင် ကြွ ခဲ့ မိ ပါ တယ် ။ အ ပြင်း အ ထန် လေ့ ကျင့် က စား တာ ကို သိ လို ့အ ဖေ နဲ ့အ မေ က ဆူ တော့ ။ အ ဖေ နဲ ့အ မေ တို ့အ လစ် မှာ ၊ မောင် နှမ တွေ အ လစ် မှာ ကိုယ့် အိပ် ရာ ရှိ တဲ့ အိမ် ပေါ် ထပ် ဆီ သွား ပြီး ။ ကျွမ်း ဘား က စား တာ ကို အ ပြင်း အ ထန် လေ့ ကျင့် ခဲ့ လို ့ပေါင် ထိတ် မျက် ခဲ့ ဘူး ပါ တယ် ။ တော် တော် နဲ ့ပြန် မ ကောင်း ခဲ့ ပါ ဘူး။
အ မေ ပဲ ဆေး လိမ်း ပေး ရ ။ ဆေး လူး ပေး ရ ။ နောက် ပိုင်း အ ဖေ ပါ တား မြစ် ယူ ရ ပါ တယ် ။ ကျွမ်း ဘား က စား တာ က အ ခန် ့မ သင့် ရင် ၊ ခန္ဓာ ကိုယ် ထိ ခိုက် မှာ ကို အ ဖေ က စိုး ရိမ် ပူ ပန် ပြီး ၊ တား မြစ် ခဲ့ ပါ တယ် ။

မိုး တွေ ဝုန်း ဝုန်း ရွာ တဲ့ အ ခါ လို မျိုး မှာ ။ ရေ ပေး ချိုး ဘို ့ခွင့် ပြု ပေး ရင် တော် တော် နဲ ့မ ရပ် ချင် တာ က လည်း ဒါ လီ ပါ ဘဲ ။ ဒါ လီ ကြောင့် လည်း ကျန် တဲ့ မောင် နှ မ တွေ ပါ မိုး ဝုန်း ဝုန်း ရွာ ချိန် ။ ရေ ချိုး ရ တဲ့ အ ခွင့် အ လမ်း ပိတ် ခဲ့ ရ ပါ တယ် ။ ဒါ လီ ခေါင်း မာ ပြီး လုပ် တတ် တဲ့ အ ကျင့် က လည်း အ အေး မိ ပြီး ဖျား တာ ပါ ဘဲ ။

အ ဆော့ မက် ,အ အိပ် မက်,အ စား မက်,စိတ် တို တတ် တဲ့ ဒါ လီ ကို ။ အ မေ က ဘု ရား ဟော နိ ပတ် တော် လာ တွေ နဲ ့ ပြော ဆို ဆုံး မ တတ် ပါ တယ် ။
အ မေ ဆူ ရင် မ ကြိုက် တဲ့ ဒါ လီ က ကိုယ့် ကိုယ် ကို စိတ် က တို ပြီး ။ အိမ် ပေါ် ထပ် တက် ပြီး ၊ ထ မင်း မ စား ဟင်း မ စား နဲ ့စိတ် ကောက် တတ် ပါ တယ် ။ စိတ် တို လွယ် ဒေါ သ ဖြစ် လွယ် တတ် တဲ့ ဒါ လီ ကို ၊ အ သက် ရှည်- ကျန်း မာ စွာ နေ ထိုင် နိုင် ရေး အ တွက် ၊ မြတ် စွာ ဘု ရား က အ သက် ရှည် ကြောင်း တ ရား ၅ ပါး ကို ဟော ကြား တော် မူ ခဲ့ ကြောင်း ပြော ပြ ပါ တယ် ။
“အ သက် ကို တဲ့-ရှည် စေ လို ” ဘယ် လို နေ ထိုင် ရ မယ် ။ လိုက် နာ ရ မယ် ဆို တာ ကို လည်း ။
ဒါ လီ သ ဘော ပေါက် နား လည် ခဲ့ ရ ပါ တော့ တယ် ။

မြတ် စွာ ဘု ရား ဟော ကြား တော် မူ ခဲ့ သည့် အ သက် ရှည် ကြောင်း တ ရား ၅ ပါး ။

၁။ သ ပ္ပါ ကာ ရီ ဟော တိ = မိ မိ ခန္ဓာ ကိုယ် နှင့် မသင့် လျော် သော အ စား အ စာ ၊ အ နေ အ ထိုင် ၊ အ အေး အ ပူ ၊ ရာ သီ ဥ တု များ ကို ရှောင် ကြဉ် ၍ ၊ သင့် လျော် သော အ စား အ စာ ၊ အ နေ အ ထိုင် ၊ အ အေး အ ပူ ဥ တု ရာ သီ များ ကို မှီ ဝဲ သုံး ဆောင် ပြု လုပ် နေ ထိုင် ရ မည်။

၂။ သ ပ္ပါ ယ မ တ္တံ ဇာ နာ ဘီ = သင့် လျော် သော အ စား အ စာ ၊ အ နေ အ ထိုင် ၊ အ ပူ အ အေး ဥ တု ရာ သီ များ ကို မှီ ဝဲ သုံး ဆောင် ပြု လုပ် ရာ မှာ လည်း ၊ မိ မိ ခန္ဓာ ကိုယ် နှင့် မျှ တ ရုံ ၊ အ တိုင်း အ ရှည် ပ ဏာ မ ကို သိ ၍ မှီ ဝဲ သုံး ဆောင် ပြု လုပ် နေ ထိုင် ရ မည်။

၃။ ပ ရိ ဏ တ ဘော ဇီ ဝ ဟော တိ = အ စား အ စာ များ ကို မှီ ဝဲ သုံး ဆောင် သော အ ခါ ကြေ ခဲ ကျက် ခဲ သော အ စာ ကြမ်း များ ကို ရှောင် နိုင် သ မျှ ရှောင် ၍ ၊ ကြေ လွယ် ကျက် လွယ် သော အ စား စာ တို ့ကို မှီ ဝဲ သုံး ဆောင် ရ မည် ။

၄။ သီ လ ဝါ စ = သူ ့အ သက် မ သတ် ခြင်း ၊ သူ ့ဥစ္စာ မ ခိုး ခြင်း ၊ သူ တစ် ပါး သား သ မီး များ ကို မ လွန် ကျူး ၊ မ ဖျက် ဆီး ခြင်း ၊ လိ်မ် ညာ ၍ မ ပြော ခြင်း ၊ အ ရက် သေ စာ မ သောက် စား ခြင်း စ သော အ ကျင့် သီ လ နှင့် ပြည့် စုံ ရ မည်။

၅။ က လျာ ဏ မိ တ္တော စ = စိတ် နှ လုံး ကို ချမ်း မြေ့ စေ တတ် သော မိတ် ကောင်း ဆွေ ကောင်း ၊ သား ကောင်း သ မီး ကောင်း ၊ လင် ယော ကျ်ား ကောင်း ၊ ဇ နီး ကောင်း များ နှင့် ပြည့် စုံ ရ မည် ။ အ တူ တ ကွ နေ ထိုင် ရ မည် ။

(ဤ တ ရား ၅ ပါး နှင့် ပြည့် စုံ သူ တို ့သည် အ သက် ရှည် စွာ နေ ထိုင် ရ မည် ဟု ဗုဒ္ဓ က ဟော ကြား ခဲ့ ကြောင်း သိ ရှိ ရ ပါ ၏ )

8 comments

  • မောင်ပေ

    August 30, 2012 at 7:49 pm

    အန်တီအေး ရေ မဟာဇနက္ကမင်းသား လို ့များပြောချင်တာလားဗျို ့
    စေတနာတွေနဲ ့ပို ့စ်မှာ ဖတ်ရတာတစ်မျိုးပေါ့ဗျာ

    • aye.kk

      August 30, 2012 at 8:54 pm

      ကိုပေ,..။
      အားနာမိပါတယ်။
      ကျေးဇူးပါဘဲနော်။။

  • ကို ခင်ခ

    August 30, 2012 at 8:49 pm

    မအေးရေ အသက်ရှည်ရှည်နေချင်သေး သမို့၊
    အသက်ရှည်ကြောင်း အချက်တွေကို ဖတ်ပြီး၊
    မှတ်ထားလိုက်တယ်ဗျို့။

  • pooch

    August 30, 2012 at 9:08 pm

    အန်တီအေးရေ ကိုယ်တိုင်ကတော့အပူအစပ်အလွန်မက်စက်သူမို့ စားပြီးတာနဲ့အမျှ အခန့်မသင့်ရင် အဲ့ဒဏ်တွေ ခံရလေ့ရှိပါတယ်။ ခုနောက်ပိုင်းတော့ ဖြစ်ပါများလို့ ဆင်ခြင်ရင်းနဲ့ ဘာစားစား တန်ဆေး လွန်ဘေးဆိုပြီး ဘရိတ်လေးအုပ်ပြီး စားနေရပါတယ်။

  • မြတ် စွာ ဘု ရား ဟော ကြား တော် မူ ခဲ့ သည့် အ သက် ရှည် ကြောင်း တ ရား ၅ ပါး ။

    ၁။ သ ပ္ပါ ကာ ရီ ဟော တိ = မိ မိ ခန္ဓာ ကိုယ် နှင့် မသင့် လျော် သော အ စား အ စာ ၊ အ နေ အ ထိုင် ၊ အ အေး အ ပူ ၊ ရာ သီ ဥ တု များ ကို ရှောင် ကြဉ် ၍ ၊ သင့် လျော် သော အ စား အ စာ ၊ အ နေ အ ထိုင် ၊ အ အေး အ ပူ ဥ တု ရာ သီ များ ကို မှီ ဝဲ သုံး ဆောင် ပြု လုပ် နေ ထိုင် ရ မည်။

    ၂။ သ ပ္ပါ ယ မ တ္တံ ဇာ နာ ဘီ = သင့် လျော် သော အ စား အ စာ ၊ အ နေ အ ထိုင် ၊ အ ပူ အ အေး ဥ တု ရာ သီ များ ကို မှီ ဝဲ သုံး ဆောင် ပြု လုပ် ရာ မှာ လည်း ၊ မိ မိ ခန္ဓာ ကိုယ် နှင့် မျှ တ ရုံ ၊ အ တိုင်း အ ရှည် ပ ဏာ မ ကို သိ ၍ မှီ ဝဲ သုံး ဆောင် ပြု လုပ် နေ ထိုင် ရ မည်။

    ၃။ ပ ရိ ဏ တ ဘော ဇီ ဝ ဟော တိ = အ စား အ စာ များ ကို မှီ ဝဲ သုံး ဆောင် သော အ ခါ ကြေ ခဲ ကျက် ခဲ သော အ စာ ကြမ်း များ ကို ရှောင် နိုင် သ မျှ ရှောင် ၍ ၊ ကြေ လွယ် ကျက် လွယ် သော အ စား စာ တို ့ကို မှီ ဝဲ သုံး ဆောင် ရ မည် ။

    ၄။ သီ လ ဝါ စ = သူ ့အ သက် မ သတ် ခြင်း ၊ သူ ့ဥစ္စာ မ ခိုး ခြင်း ၊ သူ တစ် ပါး သား သ မီး များ ကို မ လွန် ကျူး ၊ မ ဖျက် ဆီး ခြင်း ၊ လိ်မ် ညာ ၍ မ ပြော ခြင်း ၊ အ ရက် သေ စာ မ သောက် စား ခြင်း စ သော အ ကျင့် သီ လ နှင့် ပြည့် စုံ ရ မည်။

    ၅။ က လျာ ဏ မိ တ္တော စ = စိတ် နှ လုံး ကို ချမ်း မြေ့ စေ တတ် သော မိတ် ကောင်း ဆွေ ကောင်း ၊ သား ကောင်း သ မီး ကောင်း ၊ လင် ယော ကျ်ား ကောင်း ၊ ဇ နီး ကောင်း များ နှင့် ပြည့် စုံ ရ မည် ။ အ တူ တ ကွ နေ ထိုင် ရ မည် ။

  • ကြောင်ကြီး

    September 1, 2012 at 11:29 am

    ဟုတ်ဖူး
    အသက်ရှေလိုလျင်
    နတ်ပြေကို
    ဓာတ်လှေဖြင့်သွားပါ
    တပ်မြေမထိသ၍
    ရတက်မပွေနိုင်
    ခက်နေတာ
    ကြက်တွေကဈေးကောင်း..။

  • Mobile

    December 13, 2012 at 11:08 pm

    အသက်ကိုတဲ့ ရှည်စေလို ရွှေမန်းတောင်ရိပ်ခိုပေါ့ဗျာ။

  • aye.kk

    December 14, 2012 at 5:31 am

    မိုဘိုင်းရေ
    ကြားဘူးတာက…
    လူ ့ပျိုအမေဆန်တစ်အိတ်နဲ ့ရွှေမန်းတောင်ရိပ်ခိုလားလို ့။။

Leave a Reply