မုန်တိုင်း

same kyawAugust 30, 20121min1225

မုန်တိုင်း ဆို လို့ မျက်လုံးနဲနဲပြူးသွားကြမလား။

မနေ့ က ဒီရွာ ကဆောင်းပါးရှင်မောင်ဘလှိုင် ဘယ်လောက်အရေးကောင်းလဲ မသိဘူစာရေးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။

စာဖတ်တဲ့သူ စိတ်ဝင်စားမှု့ဟာ စာရေးသူရဲ့ အစွမ်းနဲ့ရေးသားမှု့ပေါ် ပိုဆိုင်မယ်ထင်ပါတယ်။

မှုရင်း ခေါင်းစဉ် ကို ဆက်ပါမည် ။အခုလောလောဆယ်မုန်တိုင်း ၃ခုဖြစ်သွားပါတယ်။ North-western က ဖြစ်လာတဲ့မုန်တိုင်း ကို်  typhoon လို့ခေါ်တယ်။

hurricane, cyclone,typhoon တို့ဟာ အားလုံးမုန်တိုင်းတွေ ပါဘဲ။သူတို့ဖြစ်လာတဲ့မူရင်းဒေသ ကိုလိုက်ပြီး နာမည်တွေ မှည့်ပြီးပြောင်းသွားတာပါ။(သိပြီးရင်လည်း ဆေားရီးပါ)

ထူးဆန်းတာ သူတို့အားလုံးဟာ နို်င်ငံများစွာကို ဖြတ်သန်းတိုက်ခိုက်သွားတာ တိုက်ဆိုင်လွန်းလို့ပါ။ တောင်တရုတ်ပင်လယ်ပင်မှာ tembin storm နဲ့ bolaven storm တို့ဖြစ်တယ်။  tembin  က ဂျပန်ကပေးတဲ့နာမည်ပါ။ တူရာသီကို် ကိုယ်စားပြုတယ်လို့ပြောတာဘဲ။bolaven ကတော့ လာအို ကပေးတဲ့နာမည်ဖြစ်ပြီး လာအိုနို်င်ငံရဲ့ ကုန်းမြင့်ဒေသ တခုအမည်ဖြစ်တယ်တဲ့။ အစမှာ tembin storm ဟာ တိုင်ဝမ်ကိုဖြတ်တယ်။ နောက် ဖိလစ်ပိုင်ကို ဖြတ်မယ့်လမ်းကြောင်းဟာပညာရှင်တွေ မျက်စိလည်စွာ  AIDS တံဆိပ်ပုံပြောင်း ပြီး  ထိုင်ဝမ်ကို နောက်တကျော့ ပြန် ပတ်ပါတယ်။တိုင်ဝမ်မှာ ၅ဦးဒဏ်ရာ ရတယ်လို့သိရတယ်။

ဒီအတောအတွင်းမှာဘဲ သူထက်သေးတဲ့ bolaven  storm က အားအလွန်ကြီးလာပြီး ဖိလစ်ပိုင်ကို  ကျောခိုင်းပြီး ဂျပန် ကျွန်း okinawa ကို ဦးတည်တိုက်ပါတယ်။မုန်တိုင်းအလျှား က ကျွန်းထက်ရှည်တယ်။ ဒါပေမဲ့ သေတဲ့သူမရှိဘူး။ဒဏ်ရာ ရတာနဲနဲဘဲ ရတယ်။နောက်

ပြီးတော့bolaven  storm  ဟာ ကိုးရီးယားကျွန်းjeju ကို  ဖြတ်ပါတယ်။သေသူမရှိ နဲနဲဘဲ ထိခိုက်ပါတယ်။နောက်တော့ ဒင်းကဆက်ပြီးပင်လယ်ဝါ ထဲ ဝင်ပြီး  ကိုးရီးယားကျွန်း အစွယ်ကို ဖြတ်ပြီး မြောက်ကိုရီယား မြို့တော်အနီးဖြတ်သန်းပြီး အားပျော့ပျောက်ကွယ်သွားတယ်။

ဒါကတော့ bolaven storm မုန်တိုင်းမိနေတဲ့ ကို်ရီးယားရေပိုင်နက်ထဲက  တရုတ်ငါးဖမ်းလှေ ၂စီးပါ။ ဘယ်လိုကြောင့်သတိပေးချက်တွေ ထုတ်ထားရဲ့သားနဲ့ တရုတ်ငါးဖမ်းလှေ မုန်တိုင်းမိတာ အံဩတယ်။မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ပင်မှာဖြစ်နေတာတပတ်ကျော်ပြီး။မုန်တိုင်းက ၂ခုတပြိုင်နက်ဖြစ်လာတာ။     မုန်တို်င်းထဲမှာ သက်စွန့်ဆံဖျား န်ို်င်ငံခြားသားတရုတ် ငါးဖမ်း သဘောင်္သား တွေ ကိုကယ်တဲ့ ကိုရီးယားကမ်းစောင့်တပ်ဖွဲ့ တွေ  ကိုချှီးကျူးမိပါတယ်။

့hurricane ဆိုတာ North-east Pacific ocean နဲ့  North Atlantic ocean  ကဖြစ်လာတဲ့ မုန်တိုင်းတွေပါ။

hurricane isaac  ကတော့  ပထမ သူက haiti ကျွန်းငယ်လေး ကို ဖြတ်တယ်။ဆင်းရဲတဲ့နို်င်ငံဆို တော့ သူတို့တွေ သေကြတယ်။ဒုက္ခရောက်ကြတယ်။ နောက်တော့ မုန်တို်င်းဟာ cuba နိ်ုင်ငံကို ဖြတြ်ပီ  အမေရိကန်နို်င်ငံ new orleans းကိုတိုက်ပါတယ်တဲ့ ။အပျက်အစီးတွေများပါတယ်။လူသေတယ်တော့ မကြာမိသေးပါး။

ခုတော ့ tembin storm ဟာ ကိုရီးယားကို ဒုတိယမုန်တိုင်းအဖြစ်ဝင်ရောက်လျှက်ရှိနေပါတယ်။

ပထမအကြိမ် တိုက်တဲ့ tembin stormကိုးရီးယား ကိုတိုက်တဲ့ မုန်တိုင်းမှာ တရုတ်ငါး ဖမ်းသဘောင်္သား ၆ယောက်နဲ့ ကိုရီးယားနို်င်ငံသား ၅ယောက်သေတယ်။သေတာ အသက်ကြီးတဲ့သူတွေ များတယ်တဲ့။

ရေးတာတော့ ရေးပြီးပြီး ။ဖတ်ကြည့်တာ ကိုယ်ရေးတဲ့စာ ကိုယ်တောင်စိတ်မဝင်စားဘူး။မင်းလိုသေးတယ်(ကိုယ်တိုင်မှတ်ချက်အရင်ပေးထားတာ)

5 comments

  • မောင်ပေ

    August 30, 2012 at 7:47 pm

    ကျွန်တော့်အထင်ပေါ့နော်
    တရုတ်ငါးဖမ်းလှေတွေက မုန်တိုင်းမပြောနဲ ့၊ ကမ္ဘာပျက်မယ့်အန္တရာယ်ရှိတယ်လို ့ကြေငြာထားရင်တောင် ငါးဖမ်းထွက်ကြမယ့် သဘောရှိတယ် ။ သူများတွေ မလုပ်တဲ့အချိန်မှာ လုပ်ရင် ပိုရကြတာကိုး
    အခုလည်း အာရှထဲက တခြားနိုင်ငံတွေရဲ ့ပင်လယ်ပိုင်နက်တွေထဲမှာ ငါးခိုးဖမ်းနေတဲ့ကောင်တွေ ဘယ်သူတွေအများဆုံးလဲ ဆိုတာ သိတယ်မို ့လား

  • same kyaw

    August 30, 2012 at 8:39 pm

    ပိုစ့်တိုင်းမှာ အကောင်းအဆိုး မျက်နှာမလိုက်ဘဲကော်မန့်ရေးပေးတဲ့ အတွက် ကျေးဇူးပါဘဲ ကိုပေ။

    • YE YINT HLAING

      August 31, 2012 at 2:23 am

      ဟုတ်တယ်ဗျို့ ! ကိုပေ ကတော့ လူ သစ်သစ် ဟောင်းဟောင်း ကောင်းကောင်း ဆိုးဆိုး မျက်နှာမလိုက်ဘဲကော်မန့်ရေးပေးတဲ့ သူပါ ။

  • Kyaw Myo Thet

    September 21, 2012 at 3:24 am

    မြေငလျှင် သီတင်လေးဘာလေးရှိရင်လဲ
    ဖော်ပြပေးပါဦး အခုလိုဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ်။

Leave a Reply