အိပ်မက်ရင်းနဲ့ဘောလုံးပွဲကြည့်…….

naywoon niAugust 30, 20121min955

တစ်နေ့တစ်နေ့
အချိန်တွေကုန်နိုင်ခဲ
ဘာလုပ်ရမလဲ
ဘာလုပ်ရရင်ကောင်းမလဲတွေး
အတွေးတွေပဲ ကျိကျိတက်ချမ်းသာနေသူငဲ့……..။
အလုပ်လက်မဲ့ ကောင်ရယ်လိုမကဲ့ရဲ့ကြပါနဲ့
သူ့ဟာသူမဲ့ချင်လို့မဲ့နေရတာ
ငါ့ရင်မှာ သိမ်းထားတဲ့စိတ်ကူးတွေက
ဒေါ်လာ ဘီလ်လျှှံ နဲ့တောင်မလဲနိုင်သေးဘူး…..။
ဘယ်လောက်များတဲ့စိတ်ကူးတွေလဲ
မေးမနေနဲ့
သိမ်းထားတဲ့ ငါရင်ဘတ်ကြီးတောင်
တစ်ချက်ချက် ဂျမ်းဖြစ် သွားပြီး
ဆက်မလည်ပတ်နိုင်တာ
ငါသာလျှင်အသိဆုံးငဲ့….။
စားပွဲထိပ်ကကောင်
အောက်သိုးသိုးနဲ့လှမ်းကြည့်နေတုံး
“ ဂိုး ”

ဆိုပါ့လား
အင်း…….. ငါအိပ်မက်မက်ရင်း
ဘောလုံးပွဲလာကြည့်မိနေပြန်ပါပြီကော………..။

နေဝန်းနီ

5 comments

  • မောင်ပေ

    August 30, 2012 at 8:28 pm

    ဂိုးဆိုလို ့
    မိုး တွေ ရွာချိန်မှာ ငါသတိရမိပါရဲ ့
    ပြီးမှသိတာလဲ ငါပါပဲ
    မရှိမှ ညှိတာလဲ ငါပါပဲ
    ပြောနေရင်းနဲ ့
    ဟိုမှာ ကိုယ့်ဂိုးကိုယ်ရှူးသွားပြီကွာ
    တောက်…..

  • ရာဇဝင်လူဆိုး

    August 30, 2012 at 8:34 pm

    တိန်!

  • Moe Z

    August 31, 2012 at 2:36 pm

    ဘဘနီ ကိုပေကိုယုံပြီး ပုံအပ်လိုက်တာ ပါသွားပြီလား :mrgreen:

    • နေဝန်းနီ

      August 31, 2012 at 7:08 pm

      ဟုတ်ပါ့ မိုးဇက်ရေ….။ တစ်လုံးသရေ ပေးထားရတာ ကိုယ့်ဂိုးကို်ယ် ရှူးပစ်လိုက်တော့ ….။ ဟီးဟီး မနက်ဖြန်တော့ မီးခိုးတိတ်ပဲ….။ ဆေးလိပ်ဖိုးတောင်မကျန်တော့ဘူး…။

Leave a Reply