မင်္ဂလာပါ ခင်ဗျား
ယူအီးအက်ဖ်အေစူပါကပ် ဖလားပွဲအကြောင်းပါ ခင်ဗျ
၂၀၁၁-၂၀၁၂ ချန်ပီလိဂ်ဖလားပိုင်ရှင် ချဲဆီး အသင်းနဲ့ ၂၀၁၁-၂၀၁၂ ယူရိုပါလိဂ်ဖလားပိုင်ရှင် အသလက်တီကိုမက်ဒရစ် အသင်းတို့ ဟာ ပြင်သစ်နိုင်ငံ မိုနာကိုကလပ်အသင်းပိုင် Stade Louis II ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်

ချဲဆီး အသင်း အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ ရှုံး
25.8.2012 ချဲဆီး ၂-၀ နယူးကာဆယ်
22.8.2012 ချဲဆီး ၄-၂ ရီဒင်း
19.8.2012 ဝီဂန် ၀-၂ ချဲဆီး
12.8.2012 ချဲဆီး ၂-၃ မန်စီးတီး ( ကွန်မြူနတီဖလား )
4.8.2012 ဘရိုက်တန် ၃-၁ ချဲဆီး (ခြေစမ်းပွဲ)
အသလက်တီကိုမက်ဒရစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ သုံးပွဲမှာ
နိုင် ၊ သရေ ၊ သရေ
27.8.2012 အသလက်တီကို ၄-၀ ဘီဘာအို
19.8.2012 လီဗန်တေး ၁-၁ အသလက်တီကို
11.8.2012 ဒီပို့ တီဗို ၂-၂ အသလက်တီကို (ခြေစမ်းပွဲ)
ချဲဆီးအသင်းရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Cech
နောက် Ivanovic, Cahill, Luiz, Cole
လယ် Lampard, Mikel
လယ် Mata, Hazard, Bertrand
ရှေ့  Torres

အသလက်တီကိုမက်ဒရစ် ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Courtois
နောက် Juanfran, Miranda, Godin, Filipe Luis
လယ် Suarez, Gabi
လယ် Koke, Turan, Rodriguez
ရှေ့  Falcao

ချဲဆီးအသင်းရဲ့ ကပ္ပတိန် တယ်ရီ ကတော့ ပြီးခဲ့တဲ့ ဘာစီလိုနာ နဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ဆီမီးမှာ အနီကဒ်ထိခဲ့လို့ ဒီပွဲမှာ မပါပါဘူး
ချဲဆီးရဲ့ တိုက်စစ်မှူးတောရက်စ် ဟာ သူ ချာတိတ်ဘဝက ကစားခဲ့တဲ့ ကလပ်နဲ့ ပြန်တွေ့ မှာ ဖြစ်ပါတယ် ။
အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗစ်တာမိုးစက် ကတော့ အရံအနေနဲ့ ပါဝင်လာနိုင်ပါတယ်
ချဲဆီးအသင်းဟာ အသလက်တီကိုအသင်းနဲ့  ၂၀၀၉-၂၀၁၀ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တွေ့ ဆုံဖူးခဲ့ပြီး ရလဒ်များကတော့
3.11.2009 အသလက်တီကို ၂-၂ ချဲဆီး
21.10.2009 ချဲဆီး ၄-၀ အသလက်တီကို
အသလက်တီကိုမက်ဒရစ်အသင်းအနေနဲ့ ကတော့ သုံးနှစ်အတွင်းမှာ ယူအီးအက်ဖ်အေစူပါဖလားကို ဒုတိယအကြိမ်မြောက် ကစားရခြင်းဖြစ်ပါတယ်
ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက ချန်ပီယံလိဂ်ဖလားပိုင်ရှင် အင်တာမီလန် အသင်းနဲ့ တွေ့ ဆုံခဲ့ပြီး ၂-၀ နဲ့ နိုင်ခဲ့ပါတယ် ။
အသလက်တီကိုမက်ဒရစ် ဟာ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အရှုံးမရှိခဲ့တာ ၁၂ပွဲရှိပါပြီ
နည်းပြဒေးဗစ်ဆီမီရိုနီ ရဲ့ အသလက်တီကို ဟာ အင်္ဂလန်အသင်းတွေနဲ့ အကြိမ်၂၀ကစားခဲ့ဖူးရာမှာ ၇ပွဲသာ နိုင်ခဲ့ပြီး ၊ ချဲဆီးအသင်းကိုတော့ တစ်ခါမှ မနိုင်ခဲ့ဖူးသေးပါဘူး ။

About မောင် ပေ

မောင် ပေ has written 396 post in this Website..

   Send article as PDF