UEFA Super Cup

မောင် ပေAugust 31, 20121min27116

မင်္ဂလာပါ ခင်ဗျား
ယူအီးအက်ဖ်အေစူပါကပ် ဖလားပွဲအကြောင်းပါ ခင်ဗျ
၂၀၁၁-၂၀၁၂ ချန်ပီလိဂ်ဖလားပိုင်ရှင် ချဲဆီး အသင်းနဲ ့၂၀၁၁-၂၀၁၂ ယူရိုပါလိဂ်ဖလားပိုင်ရှင် အသလက်တီကိုမက်ဒရစ် အသင်းတို ့ဟာ ပြင်သစ်နိုင်ငံ မိုနာကိုကလပ်အသင်းပိုင် Stade Louis II ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်

ချဲဆီး အသင်း အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ နိုင် ၊ နိုင် ၊ ရှုံး ၊ ရှုံး
25.8.2012 ချဲဆီး ၂-ဝ နယူးကာဆယ်
22.8.2012 ချဲဆီး ၄-၂ ရီဒင်း
19.8.2012 ဝီဂန် ဝ-၂ ချဲဆီး
12.8.2012 ချဲဆီး ၂-၃ မန်စီးတီး ( ကွန်မြူနတီဖလား )
4.8.2012 ဘရိုက်တန် ၃-၁ ချဲဆီး (ခြေစမ်းပွဲ)
အသလက်တီကိုမက်ဒရစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ သုံးပွဲမှာ
နိုင် ၊ သရေ ၊ သရေ
27.8.2012 အသလက်တီကို ၄-ဝ ဘီဘာအို
19.8.2012 လီဗန်တေး ၁-၁ အသလက်တီကို
11.8.2012 ဒီပို ့တီဗို ၂-၂ အသလက်တီကို (ခြေစမ်းပွဲ)
ချဲဆီးအသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Cech
နောက် Ivanovic, Cahill, Luiz, Cole
လယ် Lampard, Mikel
လယ် Mata, Hazard, Bertrand
ရှေ ့ Torres

အသလက်တီကိုမက်ဒရစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Courtois
နောက် Juanfran, Miranda, Godin, Filipe Luis
လယ် Suarez, Gabi
လယ် Koke, Turan, Rodriguez
ရှေ ့ Falcao

ချဲဆီးအသင်းရဲ ့ကပ္ပတိန် တယ်ရီ ကတော့ ပြီးခဲ့တဲ့ ဘာစီလိုနာ နဲ ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ဆီမီးမှာ အနီကဒ်ထိခဲ့လို ့ဒီပွဲမှာ မပါပါဘူး
ချဲဆီးရဲ ့တိုက်စစ်မှူးတောရက်စ် ဟာ သူ ချာတိတ်ဘဝက ကစားခဲ့တဲ့ ကလပ်နဲ ့ပြန်တွေ ့မှာ ဖြစ်ပါတယ် ။
အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗစ်တာမိုးစက် ကတော့ အရံအနေနဲ ့ပါဝင်လာနိုင်ပါတယ်
ချဲဆီးအသင်းဟာ အသလက်တီကိုအသင်းနဲ ့ ၂၀၀၉-၂၀၁ဝ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ တွေ ့ဆုံဖူးခဲ့ပြီး ရလဒ်များကတော့
3.11.2009 အသလက်တီကို ၂-၂ ချဲဆီး
21.10.2009 ချဲဆီး ၄-ဝ အသလက်တီကို
အသလက်တီကိုမက်ဒရစ်အသင်းအနေနဲ ့ကတော့ သုံးနှစ်အတွင်းမှာ ယူအီးအက်ဖ်အေစူပါဖလားကို ဒုတိယအကြိမ်မြောက် ကစားရခြင်းဖြစ်ပါတယ်
ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက ချန်ပီယံလိဂ်ဖလားပိုင်ရှင် အင်တာမီလန် အသင်းနဲ ့တွေ ့ဆုံခဲ့ပြီး ၂-ဝ နဲ ့နိုင်ခဲ့ပါတယ် ။
အသလက်တီကိုမက်ဒရစ် ဟာ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေမှာ အရှုံးမရှိခဲ့တာ ၁၂ပွဲရှိပါပြီ
နည်းပြဒေးဗစ်ဆီမီရိုနီ ရဲ ့အသလက်တီကို ဟာ အင်္ဂလန်အသင်းတွေနဲ ့အကြိမ်၂ဝကစားခဲ့ဖူးရာမှာ ရပွဲသာ နိုင်ခဲ့ပြီး ၊ ချဲဆီးအသင်းကိုတော့ တစ်ခါမှ မနိုင်ခဲ့ဖူးသေးပါဘူး ။

16 comments

  • ahnyartamar

    August 31, 2012 at 2:28 pm

    လက်ရှိ premier league ၃ပွဲ ကန်ပြီးချိန်မှာတော့ Chelsea ရဲ့ လက်ရှိခြေစွမ်းကို ကြိုက်ပေမယ့်၊ Atl. Madrid ကိုလည်း လျှော့တွက်လို့မရဘူး ကိုပေရေ….ဒါကြောင့် ညရောက်မှ ထွက်တဲ့ကြေးကြည့်ပြီး ရိုက်ရတော့မှာပဲဗျို့။ ကံကောင်းပါစေဗျား…………

    • Mobile

      December 13, 2012 at 9:06 pm

      အက်သလက်တီကို ဂိုးပြတ်အနိုင်ရမယ့်ပွဲလို့ မြင်မိပါတယ်။

      • မောင်ပေ

        December 13, 2012 at 9:32 pm

        မိုဘိုင်းရေ
        ကိုယ့်ကိုကိုယ် ပြား၁၀ဝ မပြည့်ကြောင်း
        ကွန်မင့်နဲ ့လိုက်ကြွားနေတာလားဟင်
        မသိလို ့နော်
        အဟက်

  • ကျုပ်ကတော့ ချယ်လ်ဆီး ပိတ်သက် ..
    သို့ဂလိုကြောင့် ဘူဒွေဘာပြောပြော ချယ်လ်ဆီး ဘက်ကပဲ .. 😀
    ခု ကပေ ခင်းပြတဲ့ အနေအထား အရ ဆိုရင်လည်း
    ချယ်လ်ဆီးပဲ သိမ်းပိုက်ဖို့ များပါတယ် ..

  • နေဠု ဝင်း

    August 31, 2012 at 5:02 pm

    ချယ်လ်ဆီး ရှုံးမှာပါ။

  • aanyar thar

    August 31, 2012 at 6:26 pm

    ချဲလ်ဆီး..ပဲပေါ့ဗျ….

  • surmi

    August 31, 2012 at 6:26 pm

    လကုန်ရက်မို ့ ပြေးနေရပြန်တယ်
    မကြာခင်ပြန်လာခဲ ့မယ်
    ချဲလ်ဆီးပဲ

  • မောင်ပေ

    August 31, 2012 at 8:19 pm

    *******
    ချဲဆီး – အသလက်တီကို ….. ( ၃၁.၈.၂၀၁၂ သောကြာည သို ့မဟုတ် စနေမနက် ၁.၁၅ )
    ပွဲဟာ ဈေးအနေအထားအရ အာရှဘက်မှာ ဒဲ့ ကို ချဲဆီးဘက်ကနေ သရေဆိုရင် ၂၅ရှုံးဖွင့်လာပါတယ် ။ ဒါဟာ အသလက်တီကို ကို ခေါ်ထားတဲ့အနေအထားပါ ။
    သည်ပုံစံအတိုင်းဆိုရင် ချဲဆီး နိုင်ဖို ့၆၀% ၊ သရေ ကျဖို ့၃၀% အနေအထားရှိပါတယ်
    ဂိုးဈေးကတော့ ၂ဂိုးထဲဆိုရင် အပြည့်ရှုံးမှာဖြစ်ပေမယ့် ၂ဂိုးထဲဆိုရင် ၉ဝအရှုံးဖွင့်လာပါတယ်
    ဂိုးအနည်းအောင်ဖို ့ရာနှုန်းများပါတယ်။
    *** ကျွန်တော် မောင်ပေ့ စိတ်ကြိုက်ကတော့
    “““ ချဲဆီး ””” နဲ ့“ဂိုးအနည်း” ပါဘဲ ။
    …………………
    ဖတ်ရှုအားပေးသွားတဲ့ စာဖတ်သူများနဲ ့ကွန်မင့်ပေးတော်မူကြသော မိတ်ဆွေများအားလုံး ကို ကျေးဇူးတင်ပါတယ် ခင်ဗျား
    ……. အားလုံး အောင်မြင် ရွှင်လန်းပါစေ …….

  • ရာဇဝင်လူဆိုး

    August 31, 2012 at 9:05 pm

    ကိုပေရေ… ကျနော်အမြင် အယူတော်မင်္ဂလာအရ အတိတ်နိမိတ်ကောက်ပြီး ပြောရမယ်ဆိုရင်ဖြင့်…အဟမ်း အဟမ်း။။။။။
    အခု ရွာထဲမှာ အပြာတွေခောတ်းစာနေပါသောကြောင့် အပြာရောင်ဝတ် ချဲဆီးသာ တီးသင့်ပါကြောင်း ထပ်လောင်းပြောပါရစေဗျာ။ နိုင်ရင်ဖြင့် အတိတ်နိမိတ်ပေးသော ကိုမိုးပြာတို့အား ကျေးဇူးတင်ပါလေ။

    • မောင်ပေ

      August 31, 2012 at 9:17 pm

      ဂွတ်အိုက်ဒီယာနဲ ့… ဂွတ်အယူတော်မင်္ဂလာပဲဗျာ
      ဗဲရီးဂွတ်နေတာမို ့
      ဘက်စ်အန်ဆာပေးလိုက်ပါတယ် ကိုလူဆိုးရေ

  • အလင်းဆက်

    August 31, 2012 at 10:13 pm

    အဟီး..ဝါသနာတော့ပါဘူး။
    ဖတ်တော့ဖတ်သွားတယ်..နော် ။
    😀

  • marblecommet

    September 1, 2012 at 2:19 am

    ကပေရေ့
    ချဲလ်ဆီးကတော့
    ပထမပိုင်းမှာတင်
    နားကားနေပြီကော…

  • ရှုံးချက်က ပက်ပက်စက်စက်ဗျာ ..
    အဟီး .. ဟင့် .. ရွှတ် .. 🙁
    ချယ်လ်ဆီး ၁-၄ အက်သလက်တီကို …. ဒဲ့ ..
    အပြာရောင် ခြင်္သေ့တွေဒေါ့ နားကားပီပေါ့ ..

  • ကြောင်ကြီး

    September 1, 2012 at 10:43 am

    super cup တော့မသိဘူး super cat ကတော့ ကျုပ်ပဲ…။ အားလုံးကို ကိုက်စားပစ်မယ်… ခွီးဂရား….

  • မောင်ပေ

    September 1, 2012 at 11:23 am

    ဒီတစ်ခါတော့ ကြာသပတေးနေ့ပေါက်ဈေး နဲ့ ကန်မယ့်နေ့ ပေါက်ဈေးကြား ကွာဟမှု ပြင်းတာကို ထည့်မစဉ်းစားမိတဲ့အတွက်
    ကျွန်တော်ကိုယ်တိုင် ၂သီးလစ်
    ဝမ်းနဲပါအိ
    ခွီးဂရား (credit to big cat)

  • ရာဇဝင်လူဆိုး

    September 1, 2012 at 1:33 pm

    ကျနော်တို့ ထည့်မစဉ်းစားမိတဲ့ နောက်တစ်ချက် အယူတော်မင်္ဂလာအရ၊ အတိတ်နိမိတ်အရ ရွာထဲက အပြာရောင်အဖွဲ့ဟာ ချဲဆီးပွဲမတိုင်မှီ လူစာရင်းမထုတ်မီအချိန်လောက်မှာ ကွန်မန့်တွေနဲ့ ဝက်ဝက်ကွဲအောင် ရှုံ့းနိမ့်သွားလို့ ပညတ်သွားရာ ဓာတ်သက်ပါပြီး ချဲဆီးလဲ ရှုးံရခြင်း ့ဖြစ်ပါကြောင်း။ ကိုပေ့ အပြစ် မဟုတ်ပါ။

Leave a Reply