နေမထိပန်းလေးများမနွမ်းစေလိုပါ

DEPARKO DEPARKOAugust 30, 20121min1044

လေအေးပေးစက်၊နံရံကပ်တီဗွီနှစ်လုံးလိုင်းမျိုးစုံ ၊ ဒန်းလော့မွှေ့ယာပေါ်အနားယူနေတဲ့ ဦးဦးဘဘအရွယ်စုံတွေရဲ့ ခြေထောက်၊ခါး၊ကိုယ်လုံးပေါ် နေရာအနှံ့ လက်နုနုလေးတွေ မဲညိုနေအောင်နှိပ်ပေးနေရတဲ့ ဆယ်ကျော်သက်အရွယ်စုံ မိန်းကလေးအယောက်၅ဝလောက်အလုပ်လုပ်နေတဲ့ နေရာလေးတစ်ခုကို ကျွန်တော် အလည်ရောက်ခဲ့ပြီးသူတို့တွေရဲ့ခါးသီးတဲ့အတွေ့အကြုံတွေကိုသိခဲ့ရတယ်။
နှစ်ယောက်ခန်း၊သုံးယောက်ခန်းတွေမှာဧည့်သည်အလိုကျ ဖျော်ဖြေနေရတဲ့ မိန်းကလေးငယ်တွေရဲ့ ဘဝဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေအရ တရားမဝင်လုပ်ငန်းဖြစ်နေလေတော့ ခေါင်းငုံ့ခံခေါင်းပုံဖြတ်ခံနေရပေမဲ့ တစ်ခြားဘယ်အလုပ်ကမှ အဲဒီအလုပ်လောက်ဝင်ငွေမကောင်းလေတော့
တစ်နာရီနှစ်ထောင့်ငါးရာကျပ်၊နှစ်နာရီယူရင်တစ်နာရီအပိုဆောင်းပေးတော့ ဧည့်သည်အများစု နှစ်နာရီယူကြတယ်၊ နှိပ်တဲ့ကလေးမကတစ်နာရီငါးရာကျပ်ဘဲရတယ်၊ သုံးနာရီလုံးလုံးမရပ်မနားနှိပ်မှ တစ်ထောင့်ငါးရာကျပ်၊အနှိပ်ခန်းပိုင်ရှင်ကသုံးထောင့်ငါးရာကျပ်၊ဧည့်သည်က တစ်ယောက် တစ်နာရီဘဲယူရင်တော့ အနှိပ်ခန်းပိုင်ရှင်က ခြောက်ထောင်ကျပ် ဒါပေမဲ့ သူတို့လေးတွေကသူတို့ဘောစိ (သူဌေး) ကိုတကယ့်ကယ်တင်ရှင်ကြီးလို သဘောထားတာတွေ့ရတယ်။
တစ်လကိုတစ်ခါအိမ်ကို ၃ရက်ပြန်ခွင့်ရတယ်၊ ထမင်းကိုအသားဟင်းနဲ့ကျွေးပြီး အိပ်ဘို့မွေ့ယာနဲ့ဆိုတော့၊ဆင်းရဲတဲ့ကလေးမလေးတွေအဖို့ တကယ့်ကိုနတ်ဘုံလို့ထင်မှတ်မှားစရာပေါ့၊နှစ်ကုန်ရင်ဆုကြေး၊မဲဖေါက်၊သူတို့ကို တစ်လနာရီသုံးရာကျော်အောင်အလုပ်လုပ်နိုင်ရင် ပရမိုးရှင်းအနေနဲ့ တစ်နာရီခွန်နှစ်ရာနှုန်းနဲ့ရှင်းပေးတော့(တစ်နေ့အနဲဆုံးဆယ်နာရီ)တစ်လ နှစ်သိန်းကျော်ကျော်ရလေတော့ ဧည့်သည်ကိုဖေါက်သည်ဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ကြရာက ရုပ်ရည်လှတပတ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတွေအတွက်တော့ တစ်လကို နှစ်သိန်းကျော်ရနိုင်တဲ့ နေမထိလေအေးစက်တပ်ဆင်ထားပြီးဧည့်သည်ကကျွေးသမျှ ဗိုက်ကားအောင်စား (အခန်းထဲတွင် အရက် အချိုရေစားသောက်စရာအကုန်မှာ) မူးမူးရူးရူးနဲ့ နေမထိပန်းလေးများအကြောင်း
ပါရမီလမ်းထဲမှာတစ်စေ့တစ်စောင်းပါ၊

4 comments

  • မောင်ပေ

    August 30, 2012 at 9:07 pm

    သဂျီးကတော့
    သည်ကိစ္စတွေကို တရားဝင် ဖွင့်ပေးဖို ့ ပြောခဲ့ဖူးတယ်
    စဉ်းစားမိသလောက် ပြည်တန်ဆာ ၊ အနှိပ်ခန်း အဲဒီ လုပ်ငန်းအားလုံးဟာ တရားဝင် ဖြစ်သင့်နေပါပြီ
    ဘယ်လောက်ပဲ တရားဥပဒေနဲ ့တင်းကြပ်မှုရှိပါစေဦး ၊ မရှိတဲ့လူ မိသားစုစီးပွားရေးအဆင်မပြေတဲ့ မိန်းကလေးတွေကတော့ အကြောက်တရားကို ချွတ်ထားပြီး လုပ်နေကြဦးမယ့်အတူတူ ၊ တရားဝင်လုပ်ခွင့်ပေးလိုက်ရင် ၊ သူရို ့လေးတွေအတွက်လဲ ကျန်းမာရေးကိစ္စထောက်ပံ့ဆွေးနွေးပေးလို ့ရ ၊ သူရို ့လေးတွေရဲ ့ဝင်ငွေလဲ သိသိသာသာတိုးလာမှာလား လို ့
    မဆီမဆိုင်တွေးမိသူ
    မောင်ပေ

  • DEPARKO DEPARKO

    August 30, 2012 at 10:13 pm

    တရားဝင်ဆိုတာဖြစ်လာရင် လူလူခြင်းခေါင်းပုံဖြတ်ခွင့်နည်းလာပြီး သူတို့လေးတွေရဲ့ ရပိုင်ခွင့် လုပ်အားခ မျှမျှတတဖြစ်လာနိုင်တယ်လေ

  • ပစ်ပစ်ချန်

    August 30, 2012 at 10:40 pm

    လစာလေး၂သိန်းကျော်လောက်နဲ့ အဲ့လောက်အလုပ်ချိန်များနေတာ
    ၅သိန်းလောက်ဆိုရင်တော်သေးးး (အရေးထဲ တန်ဖိုးဖြတ်ဈေးဆစ်တယ်မထင်ပါနဲ့)
    တရက်၁ဝနာရီ၊ တလ နာရီ၃၀၀၊ ရက်၃ဝအပြည့်မှ
    ဒါဆိုနားရက်လည်းမရှိ
    အလုပ်ချိန်၈နာရီကိုလည်းကျော်
    အလုပ်သမားတစ်ယောက်ကို ဥပဒေအရသတ်မှတ်ထားတဲ့ အလုပ်ချိန်ထက်ပိုလုပ်နေရပီး ရတော့အဲ့လောက်ပဲ (ကောင်မလေးတွေလုပ်တဲ့အလုပ်ကလည်း ဥပဒေကခွင့်မပြုထားတော့ ဥပဒေမလွတ်တာလုပ်နေတော့လည်း မတတ်သာ)အဲ့ဒီတော့ ဘာမှအခွင့်အရေးတောင်းဆိုလို့မရ 🙄
    သူတို့ အဲ့လောက်အလုပ်ချိန်တွေများများလုပ်နိုင်ရင် တခြားမှာလည်း အဲ့လိုအလုပ်ချိန်များများနဲ့ လစာအသင့်အတင့်ရမယ့် အခွင့်အလမ်းတွေရှိရင်ကောင်းမယ်

    ထားပါတော့လေ…….
    ဒါနဲ့ အပေါ်မှာ မဆီမဆိုင်ပြောတဲ့ကပေ
    ကပေတို့များ အဲ့လိုများဆို မဆီမဆိုင် စေတနာပိုပီး တွေးပေးပြောပေးနေလိုက်တာ
    သာဓုပါတော် သာဓုပါ 😛 :mrgreen:

Leave a Reply