အသူရာဘုံသားများ

DEPARKO DEPARKOAugust 30, 20121min1567

တချိန်က အရက်ကို စွဲလမ်းနှစ်ချိုက်စွာ သောက်သုံးတဲ့ အထဲ ကျွန်တော်ပါခဲ့ဘူးပါတယ်၊
အဲဒီအချိန်ကဆို အရက်နဲ့ပါတ်သက်လို့ အပြောမခံနိုင်ပါ၊ အရက်ကို စိတ်ကြိုက် အမြည်းကောင်းကောင်းနဲ့ အရက်သောက်တဲ့အချိန်ဆို ဘယ်သူနဲ့မှတွဲမသောက်ဘဲ တစ်ယောက်ထဲ ဇိမ်ခံသောက်တဲ့တစ်ယောက် ဖြစ်ခဲ့ဘူးပါတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်ခန့်က ကျွန်တော့်သူငယ်ချင်းတော်တော်များများ အရက်သောက်လို့သေဆုံး ကုန်ကြတာရယ် အရက်ကြောင့်ဘဝပျက်ကုန်ကြတဲ့သူတွေနဲ့ အရက်နဲ့ပါတ်သက်ပြီး ကျွန်တော့်ဘဝမှာ အပြောင်းအလဲကြီးကြီးမားမားကြုံခဲ့ရပြီးနောက် အရက်သမားဘဝကရာသက်ပန်လမ်းခွဲလိုက်ပါတယ်။
အခုဆိုရင်အရက်တင်မက မူးရစ်စေတဲ့အရာမှန်သမျှ ကျွန်တော်အားလုံးကိုရှောင်ကျဉ်ခဲ့တာ ဆယ်စုနှစ်တစ်ခုမကတော့ပါဘူး၊ ဆေးလိပ်၊ကွမ်း၊အရက်၊ဘီယာ၊ယုတ်စွအဆုံး ထန်းရည်အချိုတောင် ကျွန်တော်လုံးဝမသောက်တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ၊ အဲဒီမှာတင် အရက်အတူသောက်ခဲ့ဘူးတဲ့သူငယ်ချင်း တွေနဲ့ တဖြေးဖြေးဝေးကွာခဲ့သလို အရက်နဲ့ပါတ်သက်တဲ့ အကြောင်းတွေလဲတဖြေးဖြေးလေ့လာခဲ့ပါတယ်။
၂၀၀၉ခုနှစ်မှာ ကျွန်တော်ညီ အသက် ၂ နှစ်ငယ်တဲ့တစ်ယောက် အရက်အလွန်အကျွံသောက်ရာက အသည်းကျွမ်းသေဆုံးခဲ့ပါတယ် သူသေတဲ့အချိန် အသက် ၄ဝ မပြည့်သေးပါဘူး။ အမေမသေခင်ကတော့ ဒီကောင့်ကို ဂရုစိုက် အစာမှန်မှန်ကျွေး ရောဂါဖြစ်ရင် ကိုယ်ဖိရင်ဖိပြုစုတော့ သေတွင်းက ၃ ကြိမ်လောက် ဆွဲထုတ်နိုင်ခဲ့တယ် အမေက ၂၀၀၈ မှာဆုံးတယ်၊ သားမက်အရက်သမား၊မြေးအရက်သမား၊သားသုံးယောက် အရက်သမားတွေရဲ့နှိပ်စက်မှုကြောင့် ဘဝကိုအရှုံးပေးသွားရှာတယ် အမေလဲသေရော ဒီကောင်နောက်နှစ်မှာ အမေ့နောက် ကောက်ကောက်ပါအောင်လိုက်သွားလေရဲ့ အမေကိုသိပ်ချစ်တဲ့အမေ့သားတစ်ယောက် အမေ့ကိုမခွဲနိုင်လို့ ၊ ကျွန်တော်ဟာ သားလိမ္မာတစ်ယောက်မဟုတ်ပေမဲ့ အမေ့စကားကိုတော့ အခုထိနားထောင်ခဲ့ပါတယ် အမေသေခဲ့ပေမဲ့ ကျွန်တော့်အတွက် အမေဟာအနားမှာအမြဲရှိနေပါတယ်။
ကျွန်တော်ို့မြန်မာနိုင်ငံမှာ အရက်ကို ၁၉၈၈ မတိုင်ခင် ဆိုရှယ်လစ်ခေတ်က ထိန်းချုပ်မှုတွေအရမ်းများတော့ အရက်သမားဆိုတာ တော်တော်ရှားပါတယ်၊ အရက်ဆိုင်တွေကလည်း အခုလိုပေါ်ပေါ်တင်တင်မရှိဘူးလေ၊ အရက်ပုန်းဆိုင်တွေအနည်းငယ်နဲ့ အရက်သောက်သုံးသူတွေကလည်း အလွန်အကျွံမသောက်ရဲကြဘူး။ အရက်ချက်တဲ့သူတွေကလည်း အရက်ရောင်းအားပေါ်မူတည်ပြီး ချက်ရတော့ အများကြီးမချက်နိုင် တစ်နိုင်တစ်ပိုင်ဆိုတော့ ကွာလတီကိုအဓိကထားတော့ ဘေးသိပ်မဖြစ်ဘူး။
၁၉၈၈နောက်ပိုင်း ခေတ်လဲပြောင်းရော အရက်ဆိုင်တွေ အလျှို အလျှိုပေါ်လာလိုက်တာ လက်ဘက်ရည်ဆိုင်ထက်တောင်များသေး ကိုရီးယားယဉ်ကျေးမှု ကူးလူးလာတာကနေ လူငယ်အများစုဟာ ညနေစောင်းရင် မူးရစ်ဝေသီလို့ မိန်းကလေးငယ်တွေတောင် လမ်းမတွေပေါ်ယိုင်ထိုးလို့ အရက်မျိုးစုံဟာလဲ တံဆိပ်မျိုးစုံနဲ့ ဝိသမလောဘသားတွေဟာ ကွာလတီကိုမထိမ်းတော့ဘဲ မူးရင်ပြီးရော မူးစေတတ်တဲ့အရာမှန်သမျှ အရက်ထဲထည့်ချက်တာကနေ အဆိပ်တွေကိုအရက်ထဲ ထည့်ချက်လာတဲ့အဆင့်ရောက်လာရော အဆိပ်ရဲ့အာနိသင်က မူးရုံတင်မက ရူးပါရူးစေလေတော့ ရူးကြောင်မူးကြောင်တွေ လမ်းမတွေပေါ် ညနေစောင်းပြည့်နေလေရဲ့ မူးတဲ့သူက ထိန်းချုပ်လို့ရသေးတယ် ရူးတဲ့သူတွေကတော့ ၊
နေအရှိန်ပြင်းပြင်းမှာ တရှိုက်မက်မက်မျို ရင်ကပူ သွေးပွက်ပွက်ဆူလို့ အပူဒါဏ်မခံနိုင်တော့ ရေကူရာကနေ ခေါက်ကနဲ ခေါက်ကနဲ ရေချိုးရင်း ဘဝတစ်ပါးပြောင်းရတဲ့ အရက်သမားးတွေလဲ နှစ်စဉ်မနည်းလှပါဘူး။
အရက်ထဲမက်သနောထည့်တာတွေ ဖါးကြောကုန်းက အဆီထည့်ချက်တာတွေ ဓါတူအဆိပ်တွေထည့်ချက်တာတွေ မကြာခဏဆိုသလိုကြားနေရပေမဲ့ ထိထိရောက်ရောက်ဘယ်သူမှ အရေးမယူနိုင်သေးပါဘူး Black . Red. Blue တို့လို အရက်အကောင်းစားတွေမသောက်နိုင်တဲ့ အောက်ခြေ အခြေခံလူတန်းစားတွေ အတွက်ကတော့ သိကြားမင်းနဲ့စစ်ခင်းနိုင်ဘို့ အသူရာနတ်မင်းရဲ့ ကျေးကျွန်တွေလုပ်ဘို့ အမြန်ဆုံးနည်းနဲ့ အမြန်ယာဉ်စီးခရီးနှင်နေကြလေရဲ့
ဒီပါကို

7 comments

  • kai

    August 31, 2012 at 2:55 am

    မြန်မာပြည်ထဲ.. အရက်တွေတရားဝင်သွင်းလို့ရပြီဆိုတဲ့အကြောင်း.. တလောက.. သတင်းတခုထဲတွေ့လိုက်ရတယ်..
    အဲဒါလေး.. ပြန်တွေ့သူရှိရင်. လင့်ခ်တဆိတ်လောက်… Please! 🙂

  • YE YINT HLAING

    August 31, 2012 at 3:40 am

    အရက် အကြောင်း ရေးထားတာ လေး ဖတ်ရင်း အရက်နံ့ လေးရလာတယ် အာရုံထဲမှာ ဆန် အရက်နံ့ လေး ! စိတ်ချရတဲ့ အိမ်ချက် အရက်ထဲ မှာ မူဆယ် ဘက်က အရက်အကြိုက်ဆုံးပဲ ! ဒုတိယ က ကလေးမြို့ နယ် တဝိုက်က ရွာတွေမှာ ချက်တဲ့ အရက် ! တတိယ က ပအိုလ် တွေချက်တဲ့ အရက် ! အနံ့ ပြင်းပေမဲ့ လူကို ဒုက်ခ မပေးဘူး ! မြို့ကြီး တွေ ချက် အရက် တော့ ကြောက်တယ် ။ ဂျပန် ဖော့ဖိနပ် တွေ လှီးထည့်တယ် ။ ပုလဲ ဓာတ်မြေဩဇာ တွေထည့်တယ် ။ စာရေး သူ အထက်မှာ ပြောသလို ပေါက်ကရ တွေ လျှောက်ထည့်တယ် ။ ကျောင်းသားဘဝ မှာ အရက် သောက်ပြီး မူးရတာလောက် ပျော်စရာ ကောင်းတာမရှိဘူး ! တရက်မှာ တဆောင်လုံး အရက်သောက်ပြီး မူးနေတဲ့ အချိန် မိုးရွာလာပါလေကော ! အဲဒီ အချိန်မှာ တစ်ယောက် က စိန်ခေါ် လိုက်တာနဲ့ တဆောင်လုံး ကိုယ်တုံးလုံး ချွတ်ပြီး မိုးရေထဲ ဘောလုံးထွက်ကန်ကြတယ် ။ ည ( ၉ ) နာရီ လောက်ကြီး ။ ဆရာ တယောက် ရောက်လာပြီး အထဲ ပြန်ဝင်ခိုင်းမှ အားလုံး အထဲ ပြန်ဝင်ကြတယ် ။ အပီ အပြင် မူးကြ ရူးကြ တာပေါ့ဗျာ ! အချစ်ဆုံး သူငယ်ချင်း တစ်ယောက် ကတော့ လွန်ခဲ့တဲ့ ( ၂ ) နှစ် နီးပါး ကပဲ ရန်ကုန် အရက်စုံ နဲ့ သေသွားပြီ ။ ဘယ်နေ့ ကိုယ့် အလှည့် လာမယ် မသိသေးဘူး ! စောင့်ရင်း သောက်နေတာ ! အဲ — ကျွန်တော် က အရက်သမား ! ဒါပေမဲ့ ကျွန်တော့ညီ အရက် သောက်တာကိုတော့ လုံးဝ မကြိုက်တဲ့ အရက် သမား အကို ပေါ့ဗျာ ! ကွန်ဖြူးရှပ် ရဲ့ စကား တခွန်းရှိတယ် ” ကိုယ်ကိုယ်တိုင် မကျင့်ကြံ နိုင်တဲ့ ကိတ်စ ( ရေးတတ်သလို ) သူများ အပေါ် မကျင့်ကြံနဲ့တဲ့ ” ကျွန်တော် က ကိုယ်က သောက်ပြီး ညီကိုတားတယ် ။ စာရေးသူ ကို လေးစားချီးကျူးပါတယ် ။ ပါနုပေတံ ( ရေးတာ မှန်/မှား ရှိနိုင် -ကြားဖူးနားဝ ) ရှောင်နိုင်သွားလို့ ! ဖတ်ရှု အားပေးသွားပါတယ် ။

  • မြတ်ကျော်သူ

    August 31, 2012 at 10:19 am

    Kai ရေ…အဲ့သတင်းက The Voice ရဲ့ Voice Of the Week ထဲပါတာဗျ…
    Link တော့မရ နိုင်ဘူးဗျို့…

  • DEPARKO DEPARKO

    September 1, 2012 at 9:46 am

    Kyi ရေ အခုအရက်ကိစ္စ က ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၈နှစ်အောက် အရက်မရောင်းရ ဆိုတဲ့ ဥပဒေကို ထိထိရောက်ရောက် အသုံးမချနိုင်သေးတော့ ကလေးတွေအရွယ်မရောက်သေးတဲ့အရွယ်တွေမူးရူးနေတာ အန္တရာယ်များလွန်းလို့ပါ

  • မောင်ပေ

    September 1, 2012 at 10:06 am

    တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီနေ့ဝါခေါင်လပြည့်နေ့ တောင်ပြုံးပွဲနောက်ဆုံးနေ့ မူးကြကဲကြပျော်ကြမယ့်နေ့ဗျို့
    အရက်ဆိုင်ရှင်တွေ အရက်ရောင်းသူတွေ ပျော်ကြမယ့်နေ့
    ဆေးရုံကြီးအရေးပေါ်ဌာနကလူတွေ မျက်ခုံးလှုပ်နေလောက်ပေါ့

  • Mobile

    December 13, 2012 at 11:30 pm

    သေရည်သေရက် စီးပွားဖျက်ကို တစ်စက်ကယ်မျှ မသောက်ကြနှင့်
    ရှောင်ကြပါလေ ရှင်တော်ဟော သည့်အဆိပ်ရေ ူူူူူ ူူူူူ ူူူူူ

Leave a Reply