N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ?

natureAugust 30, 20121min81685

N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ?

ဒီပိုစ့်ကိုရေးရတာကတော့ အောက်ပါပိုစ့် မှ ကွန်မန့်ဖြေရှင်းရန်အတွက်ဖြစ်ပါတယ်။
ဆြာအုပ် နှင့် ပေါ်ပြူလာမိုးပြာ (၁)
https://myanmargazette.net/146660/creative-writing

nature says:
…မြန်မာအစိုးရအနေနဲ့.. မြန်မာပြည်ကိုကမ္ဘာမှာဘာသာရေးခွဲခြားဖိနှိပ်မှု အရှိဆုံးတိုင်းပြည်စာရင်းက ထွက်ချင်ရင်.. အဲဒီဆရာတော်ကို.. ထောင်ကအရင်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာဖြစ်ပြီး…
အားလုံးအဆင်ပြေသွားအောင် အဲဒီစာရင်းကထွက်ထားတဲ့နိုင်ငံကိုပို့ပေးမယ် ။ ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံတွေကရောနံပါတ်ဘယ်လောက်မှာပါနေသလဲလို့မေးချင်ပါတယ်။ (တကယ်ဖြစ်သင့်တာကအဲဒီနိုင်ငံတွေကိုအရင်ဆုံးကန့်ကွက်သင့်တယ်။)
——
kai says:
ကိုရင့်လေသံက.. မြန်မာပြည်ရေမြေသနင်းအစိုးရတဲ့.. မင်းတြားတော်မြတ်ကြီးလေသံပါလားကွယ်..။
မြန်မာပြည်မှာမွေးတဲ့.. မြန်မာနိုင်ငံသားအချင်းချင်း… တဦးတယောက်ကို.. တဦးတယောက်က.. တခြားတနိုင်ငံပို့ပစ်မယ်ပြောရအောင် အခွင့်(Rights) မရှိပါဘူးကွယ်…
လူ့အခွင့်အရေးကြေငြာစာတမ်း ပြန်ဖတ်စေလိုပါတယ်..။
http://www.un.org/en/documents/udhr/index.shtml
အနိစ္စ..
———-
nature says:
လူတယောက်ဟာ မကောင်းတဲ့နေရာနဲ့ကောင်းတဲ့နေရာ ဘယ်နေရာမှာနေချင်မလဲ။
nature says:
ကောင်းတဲ့နေရာကိုရောက်သွားစေချင်တဲ့စေတနာနဲ့ပါ။
nature says: ———-
လူတယောက်ကိုထောင်ထဲမှာနေမလားထောင်အပြင်မှာနေမလားဆိုရင် ထောင်ထဲမှာမလွတ်လပ်လို့နေချင်တဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒီလိုပါပဲ ဘာသာရေးလွတ်လပ်တဲ့နေရာ ကိုမသွားနိုင်ပဲ ဒီမလွတ်လပ်တဲ့မြန်မာနိုင်ငံမှာပဲ ဘာဖြစ်လို့ပေကပ်နေသလဲဆိုတာစဉ်းစားလို့မရပါ။
———–
ဆြာအုပ်ရဲ့ ပိုစ်ကကွန်မန့်ပေးပြီးယခုရက်ပိုင်းအလုပ်ကိုစိတ်အားစိုက်လုပ်နေရတဲ့အတွက် အာရုံမရလို့ စာတွေသိပ်မရေးဖြစ်ပါ။
ဒီပိုစ်မှာရေးတဲ့သူကြီးရဲ့ရှေ့နောက်မညီတဲ့စကားလေးတွေကိုမေးမြန်းချင်လို့ပါ။

သူကြီးပြောတာကမြန်မာနိုင်ငံကဘာသာရေးခွဲခြားဖိနှိပ်မှုအရှိဆုံးနိုင်ငံလို့ပြောပါတယ်။ ဒီသဘောက တခြားနိုင်ငံတွေကဘာသာရေးဖိနှိပ်ခွဲခြားမှု နဲတယ် လို့ဆိုရင် ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံက ဘာသာရေးဖိနှိပ်ခွဲခြားမှု နဲသတဲ့လား။ အဲဒီနိုင်ငံကရော ဘာသာရေးခွဲခြားဖိနှိပ်မှုအဆင့်ဘယ်လောက်မှာ ရှိတယ်ဆိုတာကိုသူကြီးမဖြေရသေးဘူး။

မြန်မာနိုင်ငံမှာဘယ်ဘာသာဝင်မဆို ဘုရားရှိခိုးလို့အဖမ်းခံရတယ်ဆိုတာ မကြားဖူးသေးပါဘူး။
ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံထက် မြန်မာနိုင်ငံက ပိုဖိနှိပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီစာရင်းကိုယုံကြည်လို့ရပါ့မလား။

နောက်ပြီး မြန်မာနိုင်ငံဟာလူ့အခွင့်အရေးအချိုးဖောက်ဖိနှိပ်ဆုံးနိုင်ငံလို့ပြောတယ်။ဒီတော့ ဖိနှိပ်ချုပ်ချယ်မှုတွေများတယ်လို့သူကြီးကပြောတော့ ကျွန်တော်က ဖိနှိပ်ချုပ်ချယ်မှုတွေများရင် ဖိနှိပ်ချုပ်ချယ်မှုမရှိတဲ့ ကောင်းတယ်လို့ပြောတဲ့နိုင်ငံကို ပို့ပေးမယ်ပြောတော့ လူ့အခွင့်အရေးချိုးဖောက်တယ်တဲ့။

ဥပမာအားဖြင့် မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံကိုအလုပ်အကိုင်စီးပွားရေးလုပ်ဖို့ပညာသင်ဖို့ ဘယ်နိုင်ငံပိုကောင်းလဲဆိုရင် အမေရိကန်ကပိုကောင်းတယ်ဆိုတာသိသာပါတယ်။ ဒီတော့မြန်မာနိုင်ငံသားတယောက်ကို ပိုကောင်းတယ်ဆိုတဲ့အမေရိကန်ကိုပို့ပေးရင် ကျေးဇူးတင်ခံရမလား လူ့အခွင့်အရေး ချိုးဖောက်တယ်လို့အပြောခံရမှာလား?

သူကြီးပြောသလိုကျွန်တော်ဟာ လူ့အခွင့်အရေးချိုးဖောက်သူဆိုရင် သူကြီးပြောတဲ့ပိုကောင်းတယ်ဆိုတဲ့ နိုင်ငံတွေက ပိုမကောင်းပဲ ပိုဖိနှိပ်ချုပ်ခြယ်မှုများတဲ့နိုင်ငံ ဖြစ်နေလို့ မြန်မာနိုင်ငံကပိုကောင်းနေလို့များလား။ ဒါဆိုရင်တော့သူကြီးညာပြောတာဖြစ်နေပြီ။ ကျွန်တော့်အပြစ်ကတော့လူ့အခွင့်အရေးချိုးဖောက်မှုမဟုတ်ပဲ သူကြီးညာပြောတဲ့ တခြားနိုင်ငံတွေက ပိုကောင်းတယ်ဆိုတဲ့ စကားကိုယုံကြည်မိတဲ့အပြစ်လို့ပဲထင်ပါတယ်။

အကယ်၍တခြားနိုင်ငံတွေကပိုကောင်းတယ်ဆိုရင်လည်း ပိုကောင်းတဲ့နိုင်ငံတွေကို သွားဖို့ပိတ်ပင်တဲ့သူကြီးသာလျှင်လူအခွင့်အရေးချိုးဖောက်သူဖြစ်ပါတယ်။

(၁)့တခြားနိုင်ငံတွေကပိုကောင်းတယ်ဆိုရင် ပိုကောင်းတဲ့နိုင်ငံတွေကိုသွားဖို့ပိတ်ပင်တဲ့သူကြီး သည်လူ့အခွင့်အရေးချိုးဖောက်သူဖြစ်ပါတယ်။
(၂) တခြာားနိုင်ငံတွေက ပိုမကောင်းဘူးဆိုရင်လဲ ပိုကောင်းတယ်လို့ပြောတဲ့ သူကြီးညာပြောတာဖြစ်ပါတယ်။

နောက်တခုကမြန်မာနိုင်ငံက ဖိနှိပ်မှုများတယ်။ ဒါပေမဲ့ဒီနိုင်ငံကမခွာချင်ဘူးဆိုရင်လဲအနစ်နာခံပြီး နေစရာ
ဘာများကြီးမားတဲ့ ရည်ရွယ်ချက် အကြံအစည်များရှိလေသနည်း။

ကျွန်တော်တခုစဉ်းစာမိတာကတော့ အမေရိကန်ရဲ့ 9/11အရေးအခင်းကြီး၊ ထေရဝါဒ နဲ့မိုးပြာဝါဒသဘောတရားတွေကိုပါပဲ။ ဒီအရေးအခင်းမှာ World Trade Center ကိုတိုက်ဖို့ အမေရိကန်တွေပိုင်တဲ့ လေယာဉ်ပျံကိုပဲ ပဲ့ထိမ်းဒုံးသဖွယ်အသုံးပြုပြီးတိုက်ခိုက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အားနည်းချက်ကိုရှာဖွေတိုက်ခိုက်ရာမှာ အင်မတန် ဉာဏ်သွားတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံဟာလည်းကမာ္ဘ့အလယ်မှာ အားနည်းတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီလိုအားနည်းတဲ့နိုင်ငံမျိုးဟာအခြေကုတ်ယူဖို့အကောင်းဆုံးအနေအထားလို့ တွက်ဆသူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ နောက်ပြီးအားနည်းချက်တခုက မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေများပြီး သံဃာတော်တွေက ဟောပြောစည်းရုံးရင်လွယ်လွယ်ရတတ်ပါတယ်။

ဒီတော့ေထေရဝါဒဗုဒ္ဓဘာသာဆိုတဲ့ World Trade Center ကြီးကိုတိုက်ဖို့အတွက်စာတတ်ပေတတ် ထေရဝါဒသံဃာထဲကနှံ့စပ်ကျွမ်းကျင်တဲ့ ဓမ္မဝိဟာရီဆရာတော်ကြီးကိုများ US 1 million လောက်ပေးစည်းရုံပြီးပဲ့ထိမ်းဒုံးသဖွယ်အသုံးချလေသလားလို့တောင်တွေးမိပါတယ်။ စာပေတွေနှံ့စပ်ကျွမ်းကျင်တော့ခက်ခဲပေမဲ့ စံနစ်တကျဘယ်နေရာကစဖျက်ရမယ်ဆိုတာတခြားလူတွေထက် ပိုသိနိုင်ပါတယ်။ ဒါကြောင့်မြတ်စွာဘုရားကလည်း ငါရဲ့သာသနာကိုဖျက်မှာ ငါရဲ့သားတော်ရဟန်းသံဃာများထဲမှပင်ဖြစ်သည်ဟု ဆိုခဲ့သည်မှာ ဓမ္မဝိဟာရီဆရာတော် နှင့်ကွက်တိပင်ဖြစ်ပါသည်။သာသနာတော်ကို ဖျက်နိုင်ဖို့အတွက် အတွက်အဓိကအတားအဆီးဖြစ်နေတဲ့ သံဃာ့မဟာနာယက အဖွဲ့ကိုလည်း ဖျက်သိမ်းပစ်နိုင်ဖို့အရေးကြီးတယ်ဆိုတာကို သဘောပေါက်သူဖြစ်ပါတယ်။

ဒီပိုစ့်နဲ့တော့မဆိုင်ပေမဲ့တခုပြောချင်တာက ဒီနှစ်ဦးပိုင်းမှာအထက်က ကြွက်တွေ အများ ကြီးဆင်းလာတာကိုမှတ်မိကြဦးမှာပါ။ ဒါဟာဒီနှစ်ရေအရမ်းကြီးတဲ့အတိတ်နိမိတ်ဖြစ်နိုင်ပါတယ်။ ရေကြီ်းမှာကိုကြိုသိတဲ့ကြွက်တွေအသိုက်ပြောင်းခြင်းဟုထင်မြင်ပါကြောင်း ။

ဗုဒ္ဓဘာသာတရားတော်များ
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm

N+ 010812 အဘိဓမ္မာနှင့် သင်္ဂ ါယနာ အဆက်ဆက်
https://myanmargazette.net/142427/creative-writing

N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား
https://myanmargazette.net/138909/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

N+ 250911 ဗုဒ္ဓတရား ကြောင်းကျိုး နှင့် ကောသလအိမ်မက် မိုးပြာ
https://myanmargazette.net/69826/creative-writing

N+050612 ဒါနဆိုတာသံသရာရှည်တယ်ဆိုတဲ့လူမိုက်များအတွက်
https://myanmargazette.net/127673/creative-writing

ဆြာအုပ် နှင့် ပေါ်ပြူလာမိုးပြာ(၃)
https://myanmargazette.net/146663/creative-writing/comment-page-1#comment-252839

အမြင့်တက် အမှည့်ရနိုးနိုး … (မိုးပြာ/ထေရဝါဒ)
https://myanmargazette.net/146805/creative-writing/comment-page-1#comment-252852

https://myanmargazette.net/90448/creative-writing
N+ 010112 ၂၀၁၂ ခုနှစ် နှုတ်ခွန်းဆက်

85 comments

  • San Hla Gyi

    August 30, 2012 at 10:09 pm

    ကို nature ရေ
    ကျနော်နဲ့ သိပ်မခင်ပေမယ့် ဒီပို့စ်လေးကို ကြိုက်လို့ ကွန်မန့် လာပေးသွားပါတယ်။ ရေးတာ ကောင်းပါတယ်။ များများလေး ရေးပေးပါ။ အမှန်မှာ ကျနော် အစကတည်းက ဒီပုဂ္ဂိုလ်တွေကို မြင်ပါတယ်။ ဘာမှ ဝင်မပြောတာက ကျန်တဲ့ တခြားလူတွေ ရှိသေးလို့ တခြားလူတွေကို ပြောစေချင်လို့ပါ။ ကျနော်က စိန်ဗေဒါလို လက်သံပြောင်ပြောင်နဲ့ တီးပေးရတဲ့ ပွဲတွေလဲ နည်းနည်းများနေလို့ပါ။ အခုတော့ သူတို့ ဒကာတော် ရေမြေ့ရှင်လဲ ကြားနေတောင် မဟုတ်နိုင်တော့ပဲ ဟိုပို့စ်ပြေးရ ဒီပို့စ်ပြေးပြီး ကွန်မန့်လေးတွေပေးပြီး သူ့လူတွေကိုကူရနဲ့ အတော်ကို ခမျာမှာ အလုပ်များရှာပါတယ်။ ကျနော် ပြောဖူးသလို တကယ်တော့ လူတယောက်က တံဆိပ်ကပ်ခံရတယ်ဆိုတာ သူများက တံဆိပ်ကပ်တာထက် ကိုယ်ရဲ့လုပ်ရပ်တွေကပဲ ကိုယ့်ကို ပြန်ပြီး တံဆိပ်ကပ်တာ ဖြစ်ပါတယ်။ ကျနော့်အထင် ဒီပုံအတိုင်း ဆက်ပြီး များများရေးပေးရင် ဒီဝါဒ အသက်ငင်ချိန်ကို ရောက်ခါနီးပါပြီ။ အခုတောင် ခမျာတွေရဲ့ ရုန်းကန် အော်ဟစ်သံလေးတွေ ကြားနေရပါပြီ။
    ကဲ ခင်ရာမင်ရာ လူတွေက ကိုယ့်ရဲ့ ဘော်ဒါ ဘော်ကျွတ် ဘော်ဘော်ကြီးတွေကို ထိန်းသိမ်းနိုင်ရင် ထိန်းသိမ်းထားပါ။ ဟိုဘက်ပို့စ်မှာလဲ ဒီအတိုင်းရေးခဲ့ပါတယ်။

  • San Hla Gyi

    August 30, 2012 at 10:14 pm

    အော် ပြောဖို့ ကျန်ခဲ့သေးတယ်။ ကျနော် ဟိုဘက်ပို့စ်တုန်းက ပြောဖူးသလို ဒီမိုးပြာဆရာတွေက ဘာလို့ ဗုဒ္ဓဘုရားရှင်ရဲ့ နာမည်ကို ယူတာလဲဆိုတော့ သူတို့ရဲ့ ဦးညာန နာမည်နဲ့ဆို ဘယ်သူမှ လက်ခံမှာ မဟုတ်လို့ ဘုရားရှင်နဲ့ နာမည်ကို ယူသုံးတာပါ။ ဒါပေမယ့် ဒီလူတွေ ဘုရားရှင်ကို တကယ် မကြည်ညိုပါဘူး။ သူတို့ပြောတာတွေ ရေးတာတွေ ကြည့်ရင် သိသာပါတယ်။ တကယ်တမ်း အားထားလောက်တဲ့ လူဦးရေသာ ရလာပြီဆိုရင် ဗုဒ္ဓဘုရားရှင်ကို စကားလုံးပေါင်းစုံနဲ့ တိုက်ခိုက်မှာက ဒီမိုးပြာဆရာတွေပဲ ဆိုတာတော်တော် သေချာပါတယ်။ သူတို့ ပြောတာ ရေးတာတွေကနေ အကဲခတ် နိုင်ပါတယ်။

  • မောင်ပေ

    August 30, 2012 at 11:17 pm

    ဝေါထရိတ်စင်တာ ဆ်ုက်ခံရပုံနဲ့ မိုးပြာ ဆိုးရွားပုံကို ယှဉ်ရေးပြထားတာကို ဖတ်ရတော့ အရမ်းသဘောကျမိတယ်ဗျာ
    လေးစားဂုဏ်ယူပါတယ် ကိုနေးချားရေ

    • ဂန္ဓာရီ ဆြာအုပ်

      August 30, 2012 at 11:36 pm

      ကိုပေပြောတာလက်ခံပါတယ်.. လေးစားပါတယ် ကို nature

  • kai

    August 30, 2012 at 11:33 pm

    ကိုရင်နေးချားရေ..

    ၁ အချက်။ ကျုပ်ကမိုးပြာဗုဒ္ဓဘာသာဝင်မဟုတ်ပါ..
    ၂ အချက်။ ကမ္ဘာမှာဘာသာရေးခွဲခြားဖိနှိပ်မှု အရှိဆုံးတိုင်းပြည်စာရင်း ဆိုတာက.. International Religious Freedom Reportမှာပါတာပါ..။ ကျုပ်က ကိုယ့်သဘောနဲ့ကိုယ် တံဆိပ်ကပ်ပြောလိုက်တာမဟုတ်ကြောင်း..

    ဆိုတော့.. ကျုပ်ကို.. မိုးပြာလို့စွတ်စွဲရေးသားထားတာကို ရုတ်သိမ်းပေးပါလို့ တောင်းဆိုကြောင်း..
    ခေါင်းစဉ်ကြီးမှာ ပြုးပြူးပြဲပြဲထည့်တာဟာ.. မသင့်တော်ပါကြောင်း..
    ဖျက်ပေး.. ရုတ်သိမ်းပေးမှ ဆက်ဆွေးနွေးမယ်ဖြစ်ကြောင်း… :mrgreen:

    =
    ကြားထဲ.. ကိုယ်တိုင်လေ့လာချင်သူများအတွက်အောက်ကလင့်ခ်များကို သွားရောက်ဖတ်ကြစေချင်ကြောင်း…

    http://www.whitehouse.gov/blog/2012/07/31/international-religious-freedom-human-right-national-security-issue-foreign-policy-p

    http://en.wikipedia.org/wiki/Freedom_of_religion_in_Burma

    http://cnsnews.com/news/article/government-attacking-religious-freedom-nearly-half-world-s-countries

    • ဂန္ဓာရီ ဆြာအုပ်

      August 30, 2012 at 11:58 pm

      သဂျီးခင်ဗျား..
      သဂျီး ref လုပ်ထားတဲ့ link တွေဟာလုပ်ချင်တိုင်း မလုပ်ရ တဲ့ ဧည့်သည်တွေ ပြောချင်တာပြောထားတဲ့ အတွက် ကြည့်စရာမလိုပါ.. သဂျီး က အိမ်မှာလဲမနေ ကိုယ့်အိမ်ကိုလဲ မစောင့်ရှောက်ဘဲ တစိမ်းပြောသမျှ လက်ခံ ပြီး မိသားစုအကြောင်း မကောင်းမြင်နေရင်တော့ သဂျီးသိပ်ကြိုက်တဲ့ လူ့ အခွင့်အရေးတွေ အများကြီးရတဲ့ ဒွေးဒေါ်ဆီမှာ ဘဲ နေလိုက်ပါ သဂျီးရယ် ..

  • ဦးဦးပါလေရာ

    August 30, 2012 at 11:50 pm

    အေးလေ… ကိုနေးချားကလဲ…
    သူကြီးက မိုးပြာမဟုတ်ပါဘူး
    ကိုကြောင်ကြီးပြောတာတော့…. 😀 😀

    • San Hla Gyi

      August 31, 2012 at 9:24 pm

      ဦးဦးပါလေရာနဲ့ ရွာသူရွာသား အပေါင်းတို့ရေ
      သူကြီးကို မိုးပြာလို့လည်းပြော မွတ်ဆလင်လို့လည်း ပြောနေလို့ ကျနော်ကဝင်ပြီး အဲဒီဖြစ်စဉ်ကလေးကို ရှင်းပြချင်ပါတယ်။ ရှင်းပြပါရစေ ခင်ဗျ။ ကျနော်နဲ့လည်း နဲနဲ ပက်သက်ဖူးလို့ပါ။ ဒါက ဒီလိုပါ။ အဲဒီကိစ္စမှာ သူကြီးကတော့ သူဟာ တံဆိပ်ကပ်ခံရတာသာ ဖြစ်ကြောင်း ပြောပါတယ်။ တကယ်ပဲ တံဆိပ်ကပ်တာ ခံရတာ ဖြစ်နိုင်သလို အဲဒီလို ပြောဆိုသူတွေ ဘက်ကလည်း ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတာဖြစ်နိုင်ပါတယ်။ ကျနော် မှတ်မိသလောက် ဖြစ်စဉ်လေးကို ပြောရရင် ဒီဂေဇက်ထဲမှာ တော်တော်လေး ပွဲဆူအောင်လုပ်ပြီး နောက်ပိုင်း ပျောက်သွားတဲ့ နာနာ(သံတွဲ) ဆိုသူကို မိတ်ဆွေတွေ မှတ်မိမှာပေါ့။ ဗုဒ္ဓဘာသာကို ပုတ်ခတ်တဲ့ ပုံတွေတင်သလို မေးရင်လဲ သံသယဝင်စရာ ကောင်းလောက်အောင် ပြန်မဖြေတဲ့သူပါ။
      အဲဒီလူရေးတဲ့ မြန်မာ မွတ်စလင်မ်ပြည်သူများအား မုန်းတီးသူများသို့ဆိုတဲ့ ဆောင်းပါးမှာ သူကြီးက ဝင်ပြီးတော့ ကိုရမ်ကျမ်းမြတ်လည်း လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်ကတည်းက မိတ်ဆွေဗလီဆရာဆီက ဌားပြီးဖတ်ဖူးကြောင်း တချို့စာတွေလည်း အလွတ်ကျက်ဖူးကြောင်း ပြောပါတယ်။ ကိုရမ်ကျမ်းလို့တောင် ရိုးရိုးလေး မခေါ်ပဲ “မြတ်” ဆိုတဲ့ စာလုံးလေးထည့်ပြီး လေးလေးစားစား ခေါ်သွားတာကို သတိပြုပါ။ အဲဒါကြောင့် သူ့ကို တချို့မိတ်ဆွေတွေက မွတ်ဆလင် ဘာသာဝင်လို့ ထင်ကြတာပါ။ မပြေးသော် ကန်ရာရှိ ဆိုသလိုပေါ့။ အော် မေ့လို့ အဲဒီကွန်မန့်ကတော့ အခုဂေဇက်မှာရှိတဲ့ အဲဒီဆောင်းပါးထဲမှာ မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူကြီးကိုယ်တိုင်ရေးပြီး ပို့စ်ပိုင်ရှင်ကလည်း Best comment ပေးထားတဲ့ ကွန်မန့်ကောင်းတခုကို သူကြီးကိုယ်တိုင်ပဲ ဖျက်ပစ်လိုက်ပါပြီ။ ဒါပေမယ့် ကျနော်မူရင်းပို့စ်ကို ပွားထားလို့ ကျနော့်မှာ သေသေချာချာ ရှိပါတယ်။
      အဲ နောက်တခါကျတော့ ဇောက်ထိုးဆိုသူရေးတဲ့ ဂေဇက်ရွာမှ ဒီမိုကရေစီနဲ့ ခန္တီအယူအဆ ဆိုတဲ့ဆောင်းပါးမှာ သူကြီးကဝင်ပြီး အောင်ခြင်း၈ပါးတဲ့ ဂေါတမဗုဒ္ဓများ တခါမှ သီးခံ သီးခံဆိုပြီး အရှုံးမပေးခဲ့ဘူး နိုင်အောင်ကိုလုပ်တယ် ဆိုတော့ အောင်ခြင်းပေါ့ ဆိုပြီး ဝင်ပြောပါတယ်။ အဲဒီစကားရဲ့ အနက်အဓိပ္ပါယ်ကတော့ ကိုယ့်ဘာသာကိုယ်ပဲ စဉ်းစားတော် မူကြပါ။ အဲဒါကြောင့် ကျနော်က ကျနော်ရေးတဲ့ ပုဂံခေတ်နှောင်းပိုင်း(၁၂၈၃) မြန်မာ-မွန်ဂိုစစ်ပွဲများ အပိုင်း(၃) မှာသူကြီးကို ကိုယ်ကြည်ညိုလို့ ကိုရမ်ကျမ်းလို့တောင် မခေါ်ပဲ ကိုရမ်ကျမ်းမြတ်လို့ ခေါ်နိုင်ရင် ဗုဒ္ဓဘုရားရှင်ကိုလည်း လေးလေးစားစား ပြောဖို့ ပြောပါတယ်။ ကျနော်တို့ နှစ်ယောက်ရဲ့ စကားအပြည့်အစုံကို အဲဒီပို့စ်မှာလည်း သွားဖတ်နိုင်ပါတယ်။ သွားဖတ်ရင် သူကြီးရဲ့ ဒေါသသံကင်းကင်းနဲ့ တည်ငြိမ်စွာ ပြောတာကိုလည်း လေးစားစရာ တွေ့ရမှာပါ။
      အဲဒီမှာတင် ကိုကြောင်ကြီးက သူကြီးက မွတ်ဆလင်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံ မက္ကာမြို့ကနေ အယာတိုလာ အိုစမာ အဗဒူလာ မာမူဘာဘူ အာရမားဒစ္စကိုဒန်းဆား ဘွဲ့ရကြောင်း အစ်နေ့တွေဆို ကိုဘေးနွားကြီးကို အာရပ်ဝတ်စုံကြီး ဝတ်ပြီး လည်လှီးကြောင်း ပြောပါတယ်။ အဲဒီလိုနဲ့ သူကြီးက မွတ်ဆလင်ကြီး ဖြစ်ကြောင်း တချို့ရွာသားတွေက ယုံကြည်တာပါ။
      သူ့ကို မိုးပြာလို့ တချို့ရွာသားတွေ ထင်တာက သူ့ကွန်မန့်တွေထဲမှာ တခုခု ပြောခါနီးတိုင်း မိုးပြာဗုဒ္ဓဘာသာဝင်တွေ ဘာပြောသလဲ ကြည့်ရအောင်တို့ ဒီကိစ္စကို မိုးပြာဗုဒ္ဓဘာသာဝင်တို့ ဘယ်လိုယူဆသလဲ ကြည့်ရအောင်တို့ ခဏခဏ ထည့်ပြောတတ်လို့ပါ။ လူတကိုယ်ထဲ သုံးကိုယ်မခွဲပါနဲ့လို့ ဒါကြောင့်ပြောတာ အင်း အနိစ္စဆိုတဲ့ စကားတွေကြောင့် တချို့ရွာသားတွေက မိုးပြာသူကြီးလို့ ခေါ်ကြတာပါ။ နှစ်ဘက်စလုံး မှန်နိုင်ပါတယ်။ သူကြီးမှာလည်း အပြစ်မရှိပါဘူး။ ပြောသူတွေလည်း အကြောင်းပြချက်နဲ့ ဆိုတော့ မှားတယ်လို့ ပြောလို့မရပါဘူး။
      သူပြောတဲ့ သူ့ကို မိုးပြာသူကြီးလို့ ရေးတာကို ရုပ်သိမ်းပေးပါလို့ ဆိုတာလဲ မှားတော့ မမှားပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ တကယ်ပဲ မိုးပြာသူကြီး ဆိုရင်တောင် မိုးပြာသူကြီးလို့ ခေါ်တော့ ဘယ်ကောင်းပါ့မလဲ။ ဥပမာ ကျနော့်ကို မိတ်ဆွေတွေက ကိုစံလှကြီးလို့ပဲ ကလောင်အမည်ကို ခေါ်ပြီး သာ့သနာဒါယကာ ကိုစံလှကြီးတို့ ရတနာသုံးပါးကို ယုံကြည်သူ ကိုစံလှကြီးဆိုတဲ့ နာမဝိသေသနတွေ မထည့်ပဲ ခေါ်သလိုပေါ့။ ဒါကြောင့် သူကြီးဟာ မိုးပြာသူကြီး ဖြစ်ခဲ့မယ် ဆိုရင်တောင် မိုးပြာသူကြီးလို့ မခေါ်ပဲ သူကြီးလို့ပဲ ခေါ်ကြပါ။ ကိုခိုင်လို့ခေါ် မိုးပြာသူကြီးလို့ မခေါ်နဲ့ပေါ့။ မိုးပြာဝါဒကို ပြောတာနဲ့ မိုးပြာသူကြီးလို့ ကျိန်းသေပြောလို့ မရဘူးပေါ့။ မိုးပြာသူကြီးကိုခိုင် ဆိုရင် မှားနိုင်တာပေါ့။ မိုးပြာဝါဒကို လေ့လာတာနဲ့ မိုးပြာသူကြီးလို့ မခေါ်နဲ့ပေါ့။ အဲဒါကြောင့် သူကြီးကို ကိုခိုင်လို့ခေါ်ပြီး မိုးပြာသူကြီးလို့ မခေါ်ကြပါနဲ့လို့ သူ့ကိုယ်စား ဝင်ပြောပေးတာပါ။ ဒါကြောင့် မိုးပြာသူကြီး မိုးပြာသူကြီး မိုးပြာသူကြီးကိုခိုင်လို့ မခေါ်ကြပါနဲ့ဗျာ။
      အော်မေ့လို့ အခုလဲ မိုးပေါ်က ကျလာသလို မွတ်ဆလင်ဘာသာဝင် တယောက်ပေါ်လာပြန်ပြီ။ တကယ်ပဲ မွတ်ဆလင်လား ဒါမှမဟုတ် ဒါမှမဟုတ် တယောက်ယောက်ကပဲ လမ်းလွှဲချင်လို့ မွတ်ဆလင်ယောင် ဆောင်တာလားဆိုတာ ရေးသူပဲ သိမှာပါ။ မိုးပြာသူကြီး အဲလေ ယောင်လို့ ကိုခိုင် အပြင်သွားတုန်း သတိထားကြပါလို့။

      • အရီးခင်လတ်

        August 31, 2012 at 9:55 pm

        ကိုစံလှကြီးရေ

        မနေနိုင်လို့ ကျွန်မ ပါပြန်ပြီ။ 😀
        သူကြီးက အနောက်တိုင်း လေ့လာမှု ပုံစံ နဲ့ ပညာသင်ခဲ့ရပုံပါဘဲ။
        အဲဒီမှာ ဆရာ ဆိုတာက ကျောင်းသားတွေ အပြန်အလှန် ပြောဆိုဆွေးနွေး ဖို့ အမြဲ အစ ဆွဲထုတ်ပေးရပါတယ်။

        ရွာ ထဲ မှာ လဲ ကျွန်မ တို့အားလုံးက သူ့ဆီ ကိုယ့်ဆီ အပြန်အလှန် သင်ယူ နေသူတွေပါ။
        အယူအဆ တစ်ခု ကို ဒါဘဲပြော ဒါဘဲ နားထောင် ဆိုတာ ပျင်းစရာကြီးပါ။
        ကိုယ်ထင်တာပြော ရင်း ကိုယ်မှန်တာ လဲ ရှိ၊ မှားတာလဲ ရှိ ဆိုတာ ကြည့်တတ်ရင် တွေ့မှာပါ။
        ဒါကိုက ဒီ Site ရဲ့ အလှတရားပါဘဲ။
        ကိုယ်စိတ်မဝင်စားရင် ဖယ်နေ၊ စိတ်ဝင်စားရင် ဝင်ဆွေးနွေးပေါ့။
        ရှူဒေါင့် မျိုးစုံက မြင်တတ်ဖို့ အလေ့အကျင့်ပေါ့။
        ဒါမျိုး ကို တမင်တောင် ပိုက်ဆံပေးပြီး သင်တန်း ယူရတာ ကလား။
        အစွဲ ကြီးပြီး အတင်း ရိုင်းရိုင်းစိုင်းစိုင်း မပြော သ၍ကတော့ အားလုံး အဆင်ပြေပါတယ်။

        ဒီတော့ ကျွန်မ အနေနဲ့တော့ သူကြီး ကို ဤသို့ ထင်မိပါကြောင်း။ 🙂

        • San Hla Gyi

          August 31, 2012 at 11:00 pm

          ကဲ အမကြီးရေ
          အမကြီးနဲ့ သူကြီးနဲ့ကတော့ အတော်ခင်ပုံ ရပါတယ်။ တကယ်တော့ ဒီကွန်မန့်ကလဲ ရယ်စရာလေးပါ ထည့်ပြီး ရေးတာပါ။ ဟုတ်ပါပြီ။ ကျနော်ရဲ့ အပေါ်ကွန်မန့်ကို သေသေချာချာ ကြည့်ပါအုံး။ အစဆွဲထုတ်တာ ရပေမယ့် ဘယ်လို အသုံးအနှုန်းတွေလဲ ဆိုတာ အရမ်းအရေးကြီးပါတယ်။ ကျနော် ဒီဆိုက်ဒ်ကို ရောက်တာ မကြာသေးပါဘူး။ ဒါတောင် ဂေါတမဘုရားလည်း လမ်းပဲလျှောက်ရတာတို့(သူပဲ ဗီဒီယိုရိုက်ထားသလိုလို) တယောက်ယောက်က နောက်ဘဝတို့ ဘာတို့ပြောရင် ဟီး ဟီး ဟိုး ဟိုး ဟား ဟား ကျုပ်မက်တဲ့ အကောင်းဆုံးအိပ်မက် ကလေးလိုပဲနော်တို့ ပြောနေတာကို ခဏခဏ တွေ့ပါတယ်။ သူ့ကိုလဲ ကျန်လူတွေက သိပ်မပြောရဲပါဘူးနော်။ သူက ခေါင်း မဟုတ်လား။ အဲဒါနဲ့ပဲ သူ့ကို ကြီးကြီးလေးနော် ဟီးဟီးလေးနော် ဒီလိုတွေ မပြောရဘူးလေဆိုရင် သူကလည်း အဟုတ်ထင်နေပါတယ်။ ဒါတောင် ဒါမျိုးတွေ ကျနော်ရောက်မလာခင်က ဘယ်လောက် ပြောနေတယ်ဆိုတာ ရောက်နေတာ ကြာသူတွေက အသိဆုံး ဖြစ်မှာပါ။
          အဲဒါကြောင့် အသိုင်းအဝိုင်းတောင့်တဲ့လူကို အမုန်းခံပြီးကို ပြောရတာပါ။ အသိုင်းအဝိုင်း တောင့် မတောင့်ကတော့ သူဘာပြောပြော စိမ်းနေပါတယ်။ အမှန်တော့ တခါတလေ သူစကား လှည့်ပြောနေတာ ကျနော် သတိထားမိပါတယ်။ အခု မိုးပြာဆရာတွေနဲ့ ဆွေးနွေးပွဲတွေမှာ ကျုပ်ဘာလို့ မဝင်သေးတာလဲ ဆိုတော့ အခုတင်ပြနေတာတွေက ကောင်းပါတယ်။ ဒါပေမယ့် သူတို့ကို မှားတယ်ပြောရင် ဘယ်နေရာမှာ မှားနေသလဲဆိုတာ သိပ်မပြောနိုင်သေးဘူး ထင်လို့ပါ။ အခုဖြစ်တာက ဦးညာန ပါရာဇိကကျတယ်တို့ ဘာတို့လောက်ပဲ ဖြစ်နေပါတယ်။ နောက်ပြီး ကျနော်က ဆွေးနွေးရင်လည်း ကျနော့်စိတ်ကြိုက် ဆွေးနွေးချင်လို့ပါ။
          နောက်ပြီး သူပြောတဲ့ သုံးကိုယ်ခွဲတယ်တို့ ဘာတို့က ဘယ်ပို့စ်မှာ ရှင်းတာလဲ။ ဖတ်ကြည့်ချင်လို့ပါ။ ဗဟုသုတ ရတာပေါ့။

  • pazflor

    August 31, 2012 at 12:50 am

    မိုးပြာအမှူ့တော့ သူကြီးကိုပတ်ပြီပေါ့ 😛

  • ရဲစည်

    August 31, 2012 at 1:14 am

    ဟေ့ … ဟေ့
    ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
    ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
    ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
    😀
    ပူး .. နောင်း … ဂျိန် … ဂျိန်… ပူး … ဂျိန်..ဂျိန်
    ဟမ်မလေး ……………………………………
    ကိုရင်အူးလေး အန်ကယ်ဘရားသား ဆာမိရေ
    လာကြှည့်လှဲ့ပါအုံး
    တော်ရေးခဲ့သလို … တဂယ် ကန်ကုန်ဂျပီတော့ :mrgreen:

    ဒါပေမဲ့ ကိုဆာမိ စာထဲကလို သရေပွဲတော့ မရဘူးနော်
    သူသေကိုယ်သေသာ ချဂျ ……………………………။
    ပြီးရင်တော့ အားလုံး တစ်လမ်းထဲ သွားရမှာ .. ခွိ ခွိ ..။

    သားတို့ကတော့ ဘေးထိုးဘဲ သာတဲ့အိမ်ဘက်က လိုက်မယ်
    ခက်တာက အခု လိုက်ရမဲ့ အိမ်က ၃ အိမ်ဖြစ်နေပီ … 🙂

  • YE YINT HLAING

    August 31, 2012 at 2:05 am

    ကျွန်တော် ရန်ကုန် ရောက်မှ မိုးပြာ ဆိုတာ မြင်ဘူးတာ ။ ဝါယာလက် နားမှာလေ ! ခုရှိ မရှိ တော့ သိတော့ဘူး ! အဲဒါ — စားသောက်ဆိုင် နာမည်လေ !

  • Foreign Resident

    August 31, 2012 at 3:49 am

    သူကြီးဖက်ကရော ၊ ကို Nature ဖက်ကရော ၊
    တဖက်ဖက်က ဝင်ပြောတာ မဟုတ်ပါဘူး ။

    ” International Religious Freedom Report for 2011 ”
    ကို ဖတ်ကြည့်လိုက်တော့ ၊

    ၁ ။
    မြန်မာပြည် ဟာ
    ကမာ္ဘမှာ ဘာသာရေး ခွဲခြားဖိနှိပ်မှု အရှိဆုံး တိုင်းပြည်စာရင်းထဲမှာ ပါ ပါတယ် ။

    ၂ ။
    ဒါပေမယ့် မြန်မာပြည် ဟာ
    ကမာ္ဘမှာ ဘာသာရေး ခွဲခြားဖိနှိပ်မှု အရှိဆုံး ( အရှိဆုံး / The Most ) တိုင်းပြည်
    လို့တော့ မပြောထားပါဘူး ။
    အဲဒီ စာရင်းကြီး ထဲမှာ နိုင်ငံတွေကို ၊ အဆင့် သတ်မှတ် မထားပါဘူး ။

    ၃ ။
    ကို Nature မေးတဲ့ ၊
    ” ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံတွေကရော ၊
    နံပါတ်ဘယ်လောက်မှာပါနေသလဲလို့မေးချင်ပါတယ် ”
    အဲဒီ နိုင်ငံတွေလည်း အဲဒီ စာရင်းကြီး ထဲမှာ ပါပါတယ် ။
    ဥပမာ – Saudi Arabia, Iran, Iraq, Indonesia နှင့်
    နောက်ဆုံး Russia ပါ ပါပါတယ် ။

    ၄ ။
    လူ့အခွင့်အရေးကြေငြာစာတမ်း အရ ၊
    မြန်မာနိုင်ငံသား ဓမ္မ ဝိဟာရီ ဆရာတော် ( မိုးပြာ ) ကို ၊
    မြန်မာနိုင်ငံ က အတင်းထွက်သွားစေဖို့ ၊
    ဘယ်သူ့မှာမှ တောင်းဆိုပိုင်ခွင့် မရှိပါဘူး ။

    အဘ ရဲ့ သဘောထား ကတော့ ၊
    အရင် Post မှာ ရေးထားသလိုပါပဲ ။

    ” အဘ ထေရ ဝါဒ ဗုဒ္ဓ ဘာသာပါ ။
    ပိဋကတ် သုံးပုံထဲက ၊ အဘိဓမ္မာ နည်းအတိုင်း အတိအကျသွားတဲ့ ၊
    ဖားအောက် နည်းကို အဓိက ယုံကြည်တယ် ။
    သို့ပေမယ့် ၊ မိုးကုတ် ၊ မဟာစည် ၊ သတိပဋ္ဌာန် နည်းများကိုလည်း ၊
    လက်ခံတယ် ၊ အဆင်ပြေသလို ကျင့်သုံးတယ် ။

    အဘိဓမ္မာ ကို ဓမ္မဗျူဟာ ဒေါ်ခင်လှတင့် ၊ ဆုထူးပန် ဆရာဟန် ၊
    ဆရာကြီး ဒေါက်တာ မင်းတင်မွန် တို့ဆီမှာ တက်ခဲ့ဘူးပေမယ့် ၊
    ပါရမီ နည်း သူမို့ ၊ အကာ လောက်တောင် မရခဲ့ပါဘူး ။

    မိုးပြာ ကိစ္စကို ဝင်မပြောရတာက ၊
    ကိုယ် နိုင်နိုင် နင်းနင်း မရှိတဲ့အပိုင်းမှာ ၊
    မတောက်တစ်ခေါက် အသိ နှင့် ဝင်ပြောရင် ၊
    အကျိုးထက် ၊ အဆိုး ပိုဖြစ်မှာစိုးလို့ပါ ။ ”

    OK ၊ ဆက်ငြင်းကြပါ ။
    ဟေ့ … ဟေ့
    ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
    ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
    ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
    😛

    • ချိုတူး

      August 31, 2012 at 12:08 pm

      အဘိဓမ္မာ ကို ဓမ္မဗျူဟာ ဒေါ်ခင်လှတင့် ၊ ဆုထူးပန် ဆရာဟန် ၊
      ဆရာကြီး ဒေါက်တာ မင်းတင်မွန် တို့ဆီမှာ တက်ခဲ့ဘူးပေမယ့် ၊
      ပါရမီ နည်း သူမို့ ……. 🙄
      အဲလောက်ဆို မဆိုးပါဘူး
      ဒါပေမဲ့ သင်တန်းချိန်မှာ
      ဟေ့ … ဟေ့
      ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
      ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
      ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
      အဲဒါလုပ်နေလို့ အကာလောက်ရတာ ဖြစ်မယ် :mrgreen:

    • nature

      August 31, 2012 at 5:40 pm

      ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံတွေနဲ့တန်းတူထည့်ထားတာ တရားမျှတမှုမရှိဘူး။

  • Foreign Resident

    August 31, 2012 at 4:07 am

    ” ကျုပ်ကို.. မိုးပြာလို့စွတ်စွဲရေးသားထားတာကို ရုတ်သိမ်းပေးပါလို့ တောင်းဆိုကြောင်း..
    ခေါင်းစဉ်ကြီးမှာ ပြုးပြူးပြဲပြဲထည့်တာဟာ.. မသင့်တော်ပါကြောင်း..
    ဖျက်ပေး.. ရုတ်သိမ်းပေးမှ ဆက်ဆွေးနွေးမယ်ဖြစ်ကြောင်း… ”

    သူကြီး တောင်းဆိုသလို လုပ်ပေးသင့်ပါတယ် ။
    အဲဒီတော့မှ သူကြီးလည်း ဝင်ဆွေးနွေးမှာပေါ့ ။
    နို့မို့ တဖက်သတ်ကြီး ဖတ်နေရတာ ဘာအရသာမှ မရှိဘူး ။

  • nature

    August 31, 2012 at 6:06 am

    ခေါင်းစဉ်မှာဖျက်ပေးပေမဲ့ကွန်မန့်မှာတော့ရေးလို့ရတယ်မဟုတ်လား။ သူကြီးရဲ့အရေးအသားတွေဟာ မိုးပြာမှ အဆင့်မြင့်မိုးပြာတယောက်လို့တောင်ထင်မိပါတယ်။ သူကြီးလည်း us1million လောက်တော့သေချာတယ်။ 🙂

    • weiwei

      August 31, 2012 at 8:21 am

      သူကြီးက ဝါတာကာလာ လေ …. : 😛

    • kai

      August 31, 2012 at 10:24 am

      အင်း..
      ကိုရင်နေးချားကတော့.. အတွေးမိုးတိမ်ထဲ..ထင်ချင်တာတွေ.. ထင်နေတုံးပဲ..
      ပထမပို့စ်မှာကတည်းက.. ကျုပ်ကဘာဆိုလိုရေးမှန်းတောင်.. ဖမ်းမိလိုက်ပုံမရပါဘူး… 😕

      စကားအတင်းစပ်..
      ကိုရင့်ရဲ့.. နိုင်းအီလဲဗင်းနှိုင်းယှဉ်ပြီးပြော.. ၁မီလီယန်ငွေကြေးတပ်ထားတာကြီး..သိမ်းထား.. သိမ်းထား..
      .. နောက်.. ၅နှစ်မှ..ကိုရင်ကိုယ်တိုင်ပြန်ဖတ်ကြည့်ပါ..
      ကိုယ်တိုင်.. ကလိမထိုးပဲ.. မရီဖြစ်ရင်..
      .. အဲဒီတော့.. လာဆဲလှည့်..

      ကွိကွိ… 🙂

      • nature

        August 31, 2012 at 3:39 pm

        မအားပါဘူးဆိုနေကာမှမိုးပြာပိုစ့်၂ခုလောက်ထပ်တင်ချင်နေတယ်။
        မိုးပြာတွေကိုနှိမ်နှင်းဖို့ မိရိုးဖလာဗုဒ္ဓဘာသာတွေကို်ယ်ခံအားကောင်းဖို့ မစိုးရိမ်စာသင်သားရဲ့ ချေပချက်တွေကို သတင်းစာ ဂျာနယ် မဂဇင်းနဲ့ မြန်မာ့အသံ FM တွေကပါ အခါအားလျှောစွာလွှင့်ပေးတာပိုထိရောက်လေမလားလို့။

      • nature

        August 31, 2012 at 5:19 pm

        အဟီး…..သူကြီးက ပိုစ့်တခုကို us100 , ကွန်မန့်တခုကို us 15 , တိုးပေးအောင်ရွာသားတွေကိုဝိုင်းအရေးဆိုကြဖို့ မြှောက်ပေးနေတာ။ :mrgreen:

  • kai says:
    ကိုရင့်လေသံက.. မြန်မာပြည်ရေမြေသနင်းအစိုးရတဲ့.. မင်းတြားတော်မြတ်ကြီးလေသံပါလားကွယ်..။
    မြန်မာပြည်မှာမွေးတဲ့.. မြန်မာနိုင်ငံသားအချင်းချင်း… တဦးတယောက်ကို.. တဦးတယောက်က.. တခြားတနိုင်ငံပို့ပစ်မယ်ပြောရအောင် အခွင့်(Rights) မရှိပါဘူးကွယ်…
    လူ့အခွင့်အရေးကြေငြာစာတမ်း ပြန်ဖတ်စေလိုပါတယ်..။

    http://www.un.org/en/documents/udhr/index.shtml

    အနိစ္စ..
    သူကြီးကို ထောက်ခံပါတယ်ဗျားးးးးးးးးးးး

  • Passing By

    August 31, 2012 at 9:20 am

    Noone can judge u. NEITHER RELIGIONS NOR RACE.U had decided for your past and will do for your future.

  • သုရှင်

    August 31, 2012 at 9:57 am

    ဝင်ပြီး ရှာရှည်ကြည့်လိုက်ပါဦးမယ်။
    ဘာသာရေးတင်းကြပ်ပြီးလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေ ဆိုတဲ့စာရင်းမှာ
    တရုတ်၊ရုရှ၊စတဲ့ ကွန်မြူနစ်နိုင်ငံတွေရယ်။
    အီရန်၊ဆော်ဒီ၊အီရတ်၊အင်ဒိုနီးရှား။စတဲ့….အစ္စလမ္မစ် နိုင်ငံတွေရယ်
    ပြီးတော့ မြန်မာနိုင်ငံက ( ကွန်မြူနစ်လည်းမဟုတ်၊ဒီမိုကရေစီလည်းမဟုတ်၊အာဏာရှင်ဆန်ဆန်)
    အုပ်ချုပ်တဲ့နိုင်ငံဖြစ်လေတော့ ) ပါသွားတယ်ပေါ့ဗျာ။
    အဲပါတော့…………………………………….
    သိက္ခာကျရတယ်လို့ ထင်တဲ့သူက ထင်ပေါ့ဗျာ။
    သို့သော် ကျွန်ုပ်အထင် မြန်မာနိုင်ငံအတွင်း MAJORITY တွေဖြစ်တဲ့ ဗမာတွေကတော့ သိက္ခာကျတယ် လို့ မထင်လောက်ဘူးလို့ ထင်ပါကြောင်း။။။။။။။။။။။။။။။။။
    ဆိုတော့…..ဒီနိုင်ငံမှာ နေရင် သိက္ခာကျတယ်ထင်ရင်…………………………………………………..
    ကို..နေးချားရေ……………ဆက်စေဗျား။။။။။။။။။။။။။

  • kai

    August 31, 2012 at 11:01 am

    သူကြီးပြောတာကမြန်မာနိုင်ငံကဘာသာရေးခွဲခြားဖိနှိပ်မှုအရှိဆုံးနိုင်ငံလို့ပြောပါတယ်။ ဒီသဘောက တခြားနိုင်ငံတွေကဘာသာရေးဖိနှိပ်ခွဲခြားမှု နဲတယ် လို့ဆိုရင် ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံက ဘာသာရေးဖိနှိပ်ခွဲခြားမှု နဲသတဲ့လား။ အဲဒီနိုင်ငံကရော ဘာသာရေးခွဲခြားဖိနှိပ်မှုအဆင့်ဘယ်လောက်မှာ ရှိတယ်ဆိုတာကိုသူကြီးမဖြေရသေးဘူး။

    ဘုရားရှိခိုးလို့.. ဖမ်းခံရတယ်နာမယ်ထွက်တာ.. ဆော်ဒီလို့ထင်တယ်(မသေချာ)
    အဲဒီနိုင်ငံနဲ့.. မြန်မာပြည်ကို.. တတန်းထဲထားပါကြောင်း…
    မြန်မာတွေမှာ.. ဘာသာရေးအရဘယ်လောက်ဖိနှိပ်ခံရသလည်းဆိုရင်.. ဗုဒ္ဓဘာသာဝင်ခြင်းတူတူကို.. ၂၀၀ရက.. အစိုးရက..ဘုန်းကြီးတွေကိုရိုက်တယ်..။ထောင်ချတယ်..။
    အတွေးအခေါ်မတူသူကို.. အာဏာစက်နဲ့ပေါင်းပြီး ထောင်ချတယ်..။ လူဝတ်အတင်းလဲခိုင်းတယ်..။
    တခြားဘာသာသာသနာဝင်တွေကိုမပြောသေး…
    ဗုဒ္ဓဘာသာချင်းအတူတူတောင်.. 🙄
    အောက်မှာ.. စစ်အစိုးရအဆက်ဆက်.. ဘာတွေလုပ်ထားခဲ့သလည်း.. ဖတ်ကြည့်ပါ..။
    http://en.wikipedia.org/wiki/Freedom_of_religion_in_Burma
    =

    နောက်ပြီး မြန်မာနိုင်ငံဟာလူ့အခွင့်အရေးအချိုးဖောက်ဖိနှိပ်ဆုံးနိုင်ငံလို့ပြောတယ်။ဒီတော့ ဖိနှိပ်ချုပ်ချယ်မှုတွေများတယ်လို့သူကြီးကပြောတော့ ကျွန်တော်က ဖိနှိပ်ချုပ်ချယ်မှုတွေများရင် ဖိနှိပ်ချုပ်ချယ်မှုမရှိတဲ့ ကောင်းတယ်လို့ပြောတဲ့နိုင်ငံကို ပို့ပေးမယ်ပြောတော့ လူ့အခွင့်အရေးချိုးဖောက်တယ်တဲ့။

    မြန်မာနိုင်ငံဟာလူ့အခွင့်အရေးအချိုးဖောက်ဖိနှိပ်ဆုံးနိုင်ငံလို့ ကျုပ်မပြောပါ.. သေသေချာချာဖတ်စေလိုပါတယ်..
    ထားပါတော့..
    မြန်မာပြည်စစ်အစိုးရဟာ လူ့အခွင့်အရေးချိုးဖောက်ဖိနှိပ်တဲ့အစိုးရဖြစ်တယ်..။ အဲဒါနဲ့.. ကိုရင်က.. ဖိနှိပ်ချုပ်ချယ်မှုမရှိတဲ့ ကောင်းတယ်လို့ပြောတဲ့နိုင်ငံကိုပို့ပေးမယ် ဆိုတာမှာ.. ကာယကံရှင်ဆန္ဒသဘောထားကို မမေးပဲဆုံးဖြတ်တဲ့သဘောဖြစ်နေပါတယ်..
    ဒါဟာ.. အာဏာရှင်စနစ်ရဲ့..အမွေပဲ..
    ထပ်ပြောပါမယ်..

    မြန်မာပြည်မှာမွေးတဲ့.. မြန်မာနိုင်ငံသားအချင်းချင်း… တဦးတယောက်ကို.. တဦးတယောက်က.. တခြားတနိုင်ငံပို့ပစ်မယ်ပြောရအောင် အခွင့်(Rights) မရှိပါဘူးကွယ်…

    အဲဒီလိုပြောရင်..လုပ်ရင်ကို.. ကိုရင်ဟာ.. လူ့အခွင့်အရေးဆိုတာကို.. နားမလည်သူဖြစ်နေပါပြီ..
    ကြေငြာစာတန်းကို.. သေသေချာချာပြန်ဖတ်စေလိုပါတယ်..။ မြန်မာလိုလည်း.. ရှိပါကြောင်း..
    =

    အကယ်၍တခြားနိုင်ငံတွေကပိုကောင်းတယ်ဆိုရင်လည်း ပိုကောင်းတဲ့နိုင်ငံတွေကို သွားဖို့ပိတ်ပင်တဲ့သူကြီးသာလျှင်လူအခွင့်အရေးချိုးဖောက်သူဖြစ်ပါတယ်။

    ကျုပ်က.. ပိတ်ပင်ခြင်းမရှိပါ..။ တားဆီးတာလည်းရှိပါ..။ ပို့မယ်မပို့ဘူး.. မြန်မာနိုင်ငံသားခြင်းအတူူတူဖြစ်တဲ့.. ကိုရင့်မှာပြောခွင့်(Rights)မရှိ.. ဆိုတာကို ပြောနေခြင်းဖြစ်ပါကြောင်း…
    =
    ကျန်တဲ့.. ၉/၁၁ ကိစ္စကတော့.. ကိုရင်ပဲ..နောက်၅နှစ်လောက်နေ ပြန်ဖတ်ပြီး.. ကိုယ့်ဖာကိုယ်ရီတော့ဗျာ..
    တခုတော့ပြောလိုက်ဦးမယ်..
    မြန်မာပြည်ရဲ့ ထေရဝါဒဗုဒ္ဓဘာသာဝင်ဦးရေဆိုတာ…
    ကမ္ဘာ့ဗုဒ္ဓဘာသာဝင်လူဦးရေနဲ့စာရင်.. အင်မတန်နည်းပါးတဲ့အချိုးဖြစ်ကြောင်းပါ..
    ဒီကမ္ဘာမှာ.. ဗုဒ္ဓဘာသာဂိုဏ်းကွဲကြီး..ထင်ရှားတာ ၂ခုရှိတယ်..။ ထေရဝါဒနဲ့..မဟာယာန..
    ထေရဝါဒကိုးကွယ်တယ်ဆိုပြီး. အမည်ထွက်နိုင်ငံတွေက..
    သီရိလင်္ကာ။ မြန်မာ၊ လာအို၊ ကမ်ဘောဒီးယား၊ ထိုင်း တို့ဖြစ်ပါတယ်..။

    http://en.wikipedia.org/wiki/Theravada
    Sri Lanka, Cambodia • Laos, Burma • Thailand • Bangladesh

    သီရိလင်္ကာဟာ.. တမီ(တိုက်ဂါး)နဲ့.. ကမ္ဘာ့အကြမ်းဆုံးပြည်တွင်းစစ်ကို.. အကြာာာာာာကြိးဖြစ်ခဲ့တယ်..လူသန်းချီသေတယ်..။
    မြန်မာပြည်ဟာ.. ကမ္ဘာ့အကြာဆုံးပြည်တွင်းစစ်နဲ့.. အရက်စက်ဆုံးစာရင်းပေါက်တဲ့.. အာဏာရှင်စဉ်ဆက်အုပ်ချုပ်ခဲ့တယ်..။ ကမ္ဘာမှာ.. Refugee (ပြောင်းခိုသူ)( မူရင်းဒေသမှထွက်ပြေးရသူ)အထုတ်နိုင်ဆုံးတိုင်းပြည်တခုလည်းဖြစ်လာခဲ့တယ်…။
    ကမ်ဘောဒီယားပြည်ဟာ.. ကမ္ဘာမှာအရက်စက်ဆုံး..လူအသတ်ဆုံး.. ပိုပေါ့ရဲ့တိုင်းပြည်ဖြစ်ခဲ့ရတယ်..။ဟစ်တလာထက်ရက်စက်ပြီး.. ပိုလည်းသတ်ခဲ့တယ်..။
    ထိုင်းဟာ.. ကမ္ဘာမှာ.. စစ်တပ်ကအာဏာအသိမ်းဆုံး(အကြိမ်အများဆုံး)တိုင်းပြည်ဖြစ်ခဲ့တယ်..။
    (ဘုရင်ငုတ်တုတ်ရှိနေလို့.. ပြည်တွင်းစစ်မဖြစ်ပဲ.. ထေရဝါဒတွေထဲမှာ.. အချမ်းသာဆုံးတိုင်းပြည်ဖြစ်ရတယ်..။)
    လာအိုဟာ.. ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်တခုဖြစ်တယ်..။
    မပြောတော့ဘူး.. ။ အဲဒီတနိုင်ငံချင်းစီရဲ့.. ဂျီဒီပီကြည့်တော့.. 😀

    မဟာယာန ကိုးကွယ်သူအများစုနေတဲ့.. ချိုင်းနားဟာ.. ကမ္ဘာ့ဒုတိယစူပါပါဝါဖြစ်လာနေပြီ..။
    ဇမ်ဗုဒ္ဓဘာသာအတွေးအခေါ်လွှမ်းမိုးတဲ့.. ဂျပန်ဟာ.. ကမ္ဘာ့တတိယစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်တယ်.
    ထိုင်ဝမ်၊ ဟောင်ကောင်၊ ကမ္ဘာ့စီးပွားရေးအတည်ငြိမ်ဆုံး.. အရံငွေအများဆုံးစုထားနိုင်တဲ့တိုင်းပြည်တွေဖြစ်တယ်..။
    ထပ်မပြောတော့ဘူး.. အောက်ကနိုင်ငံတွေရဲ့..ဂျီဒီပီပဲကြည့်တော့.. :mrgreen:

    http://en.wikipedia.org/wiki/Mahayana
    Mahāyāna Buddhism spread from India to various other Asian countries such as China, Japan, Vietnam, Korea, Singapore, Taiwan, Nepal, Tibet, Bhutan, and Mongolia.

    The end justifies the means..
    အဆုံးသတ်ဟာ..အဆုံးအဖြတ်ပဲ..။
    မှန်သလားမှားသလား.. ၅နှစ်ကြည့်ရမလား..။
    ၁ဝနှစ်ကြည့်ရမှာလား..။
    အနှစ်၂ဝကြည့်ရမှာလား..
    အနှစ်၅ဝစောင့်ကြည့်ရမှာလား..
    ရာစုနှစ်တခုစောင့်သင့်သလား..
    နှစ်၅၀ဝ စောင့်ရမှာလား..
    နှစ်၁၀၀ဝ လား..
    မျက်လုံးတွေကို ဖွင့်ကြပါ..မြန်မာတို့..။ ကမ္ဘာကိုကြည့်ကြပါ..။
    အခုလိုပြောလို.. ကျုပ်ကိုရွှေစိတ်တော်မညိုကြပါနဲ့..
    အချက်အလက်ကိုကြည့်ပါ..။ ကိန်းဂဏန်းတွေကို…ဖတ်ပါ..။

    နှစ်၁၀၀ဝ ကျိန်စာ… 🙂

    • nature

      August 31, 2012 at 5:34 pm

      သူကြီး နှစ်၁၀၀ဝကျိန်စာ= nature အချက် ၁၀၀ဝ ကြိမ်စာ 🙂

  • ချိုတူး

    August 31, 2012 at 12:04 pm

    ဘယ်လိုတွေလဲဟင် …
    ရန်ဖြစ်နေကြတာလား
    ပြန်ချစ်နေကြတာလား …. အား ..အား

    ဟို …. kai ဆိုတဲ့ အကိုက သူကြီးဆိုတာလား ?
    ခရီးသွားနေတယ်ဆို ?
    အကောင့် ဝင်ဝင်ချင်း စာရေးထားတာ တွေ့တယ် .. ဆုတောင်းနေသလိုဘဲ
    ဘာမှန်းတော့ မသိဘူး 🙁

    Human Rights တွေ ၉/၁၁ တွေ ဘာတွေလဲ ပါရဲ့
    နားလည်တော့ဘူး။
    ဂေဇက်က အဲဒါကြောင့် နာမည်ကြီးတာကိုး

    ပို့စ်ရေးတဲ့သူက မြန်မာပြည်က ဟုတ်လောက်ဘူး
    ကျနော်တို့ဆီ သူကြီးမပြောနဲ့ လမ်းမှုးတောင် ပြန်မပြောရဲဘူး
    ကြောက်လို့ ။

    ဖတ်ကြည့်တော့လဲ လည်တယ် ပူတယ်နဲ့
    ဘာမှ မဟုတ်သလိုဘဲ တခုခုတော့ လွဲနေပီ
    အဒိက ဆိုလိုရင်း ပျောက်ပီး ဟိုဝါဒဖြန့်ချီရေးသမားတွေနဲ့
    အစဆွဲပီး ဖွတဲ့သူတွေ ခုလောက်ဆို ရယ်နေလောက်ပီ

    ငယ်ငယ်က အဘွားပြောတဲ့ ပုံပြင်ရှိတယ်
    လူကွဲရင် ကျားဆွဲတတ်တယ်တဲ့ ……..။
    အပေါ်က တယောက်ကလည်း လိုရင်း တော့ပစ်ကို မသွားဘူး
    မသိရင် မသိဘူးပေါ့ ။
    မဆီမဆိုင်တွေ ကြွားထားတယ်။

    kai ဆိုတာကြီးကို ထောက်ခံပါတယ်။
    nature လဲ နည်းနည်းမှန်သလိုဘဲ . ။
    ပါစင်နယ်တွေ မပါဘဲ လိုတဲ့ တော့ပစ်ကို
    ဘယ်သူထုတ်မလဲ လေ့လာချင်ပါတယ်

    မှန်တာပြောလို့ ရွာပြင်တော့ မထုတ်ကြပါနဲ့
    အခုမှ စဝင်လာတာပါ ………………….။
    အပေါ်က ရေးထားတာတွေ အားလုံးက
    မှန်တယ်ထင်လို့ တာဝန်ယူပါတယ် ။

    • Inz@ghi

      August 31, 2012 at 12:19 pm

      တနေ့သေကြရမည် .. မသေခင် လုပ်ချင်တာလုပ်ကြ …

      ဘာမှမဟုတ်ပါဝူး …ခေတ်စားနေတဲ့ မိုးပြာ နဲ့ ဆိုင်တဲ့ ပိုစ့်တွေမှာ
      မန့်ဖူးတယ် ရှိအောင်ပါ…

      အာ..ဟိ

      ဒက်ဂလောက်.. ဒက်ဂလောက်..

      :mrgreen:

    • ဂန္ဓာရီ ဆြာအုပ်

      August 31, 2012 at 12:47 pm

      အဲဒါမှ ဒွတ်ခ ဟုတ်သားပဲ
      မူရင်းပျောက်ပြီး လည်နေပြီဗျို့
      ဟိုလူတွေက ဘေးထိုင်ပြီး ရီနေလောက်ပြီ
      အဟွတ် အဟွတ်

      ဂီဂီ မြင်းကိုခဏငှားစီးလိုက်မယ်
      ဒက်ဂလောက်.. ဒက်ဂလောက်..

  • amatmin

    August 31, 2012 at 12:16 pm

    သဂျီးကို မိုးပြာလို့တော့ မထင်ပါဘူး..
    မိုးပြာအတွက် လွတ်လပ်စွာတွေးခွင့်ကိုလက်ခံပေးပီး
    သဂျီးမင်းပြောနေကြ ..ဟိုဆြာကြီးတယောက်စကားကို လက်ကိုင်ထားပီး..
    ငြင်းခုန်ခြင်း အနုပညာကို ကိုင်တွယ်နေသူကြီးလို့ ပဲထင်တယ်.. 🙂

    I disapprove of what you say, but I will defend to the death your right to say it..
    ” Voltaire ”

    မီးဒုတ်ကလေး.ကိုင်ရင်းလျှောက်သွားချင်နေတဲ့
    အမတ်မင်း 😛

    • Inz@ghi

      August 31, 2012 at 12:18 pm

      ဟုတ် ..ကို့ ..
      လုပ်ပါ အကို့ …

      သများကတော့ .. ဟောဒါလေး လက်ကိုင်ပြုချင်တယ် ကို့…
      The people get the government they deserve /Alexis de Tocqueville

      စနစ်ကြောင့် မဟုတ် ..စနစ်ကြောင့်မဟုတ်…

      :mrgreen:

  • Wow

    August 31, 2012 at 12:52 pm

    ဒဂျီးက အလယ်ကကြည့်တယ်….
    – တချို့က ‘ငါ’နဲ့ကြည့်တယ် … မိုးပြာကအစွန်းရောက်တယ်…
    သများတို့ကတော့ ဖြတ်လျောက်…. 😀

  • ကြောင်ဝတုတ်

    August 31, 2012 at 1:02 pm

    ကျွန်တော့ စိတ်ရမ်းလက်ရမ်းအမြင်လေးတစ်ခုကိုပြောရမယ်ဆိုရင်ဖြင့်…
    လူတစ်ယောက်ကို Officially ထက်ပိုပြီးခိုင်းခွင့်မရှိတဲ့ကိစ္စကို လူ့အခွင့်အရေးလို့အရင်ဆုံးခေါ်ပြောပါရစေ…
    ဥပမာ… သဂျီးက ကျွန်တော့်ရဲ့အထက်အရာရှိဖြစ်မယ်ဆိုပါတော့ သူပေးတဲ့ Command ကို Officially အရလိုက်နာရမှာပါ…
    ဒါပေမယ့် ချွင်းချက်အနေနဲ့ သဂျီးက Officially ထက်ပိုတဲ့ Command မျိုးကို ပေးခဲ့မယ်ဆိုရင်ဖြင့် လိုက်နာစရာအကြောင်းမရှိတာ လူ့အခွင့်အရေးပါ…
    နောက်တစ်ခုက ဘာသာရေးကိစ္စ… ကျွန်တော်က မိရိုးဖလာဗုဒ္ဓဘာသာပါ… သို့ပေသည့် မျက်စိမှတ်ပြီးမိဘဘိုးဘွားဘီဘင်ယုံလို့ ယုံကြည့်နေသောဗုဒ္ဓဘာသာတစ်ယောက်မဟုတ်ပါ… အဲဒီလိုပဲ… လူတိုင်းမှာဘာသာရေးနှင့်ပတ်သက်ပြီး လွတ်လပ်စွာကိုးကွယ်ခွင့်နဲ့ မိမိကိုးကွယ်သောဘာသာရပ်အတိမ်အနက်ကို မိမိကိုယ်ပိုင်ညဏ်ဖြင့် မှတ်ကျောက်တင်ပိုင်ခွင့်ရှိပါတယ်… အဲဒီဟာကလဲ ဘာသာရေး လွတ်လပ်ခွင့်ပါ… မိုးပြာဝါဒကို တီးခေါက်မိသလောက်လက်တွေ့ဆန်သောဝါဒီတစ်ခုလို့ ယူဆသလို… ဗုဒ္ဓဘုရားရှင်ကိုလဲ ကျွန်ုပ်တုနှိုင်းမမီသော အတွေးအခေါ်များပိုင်ဆိုင်ထားသူဟုရိုးရှင်းစွာလက်ခံထားသောကြောင့် မိုးပြာပဲဖြစ်ဖြစ်… ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်
    မိမိဘာသာမဟုတ်သောအခြားဘာသာတစ်ခုကို အပြစ်တင်ပြောဆိုခြင်းသည်သာ အပြစ်ရှိသည်ဟုခံယူသောကြောင့် အပြစ်တင်သောသူများ၏ ပြသနာသာဖြစ်ပါသည်…

    နောက်ဆုံးပြောချင်သည်က ကျွန်တော့်သူငယ်ချင်းမောင်ဂီပြောသလို…

    တနေ့သေကြရမည် .. မသေခင် လုပ်ချင်တာလုပ်ကြ

    သဂျီးပြောနေသော…

    စနစ်ကြောင့်မဟုတ်ဘူး

    ကြောင်ဝတုတ်ပြောလေ့ပြောထရှိသော…
    စိတ်ရမ်းလက်ရမ်းဝင်မန့်မှုတစ်ခုပါ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ချိုတူး

      August 31, 2012 at 1:29 pm

      အင် …
      သူလဲ အစပိုင်း ဟုတ်မလိုလိုနဲ့
      Officially တွေ Command တွေနဲ့
      ချီလာပီးမှ အဖျားကျ အရင်းလောက် မတုတ်တော့ဘူး
      နောက်ကျ ………………….
      အလံရှူးပဲ ………………….

      • ကြောင်ဝတုတ်

        August 31, 2012 at 2:07 pm

        အစပိုင်းဟုတ်မလိုလိုမဟုတ်ပါဘူးဗျာ…
        စိတ်လောလောနဲ့စာရေးမိလို့ နားမလည်ဖြစ်သွားရင်လဲခွင့်လွှတ်ပါ…

        ပြောချင်တာကတော့ ရှင်းရှင်းလေးပါ…
        လူတစ်ဦးတစ်ယောက်ခြင်းစီရဲ့ မည်သည့်အပိုင်းကို ဝင်ရောက်စွက်ဖက်ခွင့်ရှိတယ်… မည်သည့်အပိုင်းကိုတော့ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတဲ့ အတိုင်းအတာတစ်ခုကို သိခြင်းကသာလျှင် လူ့အခွင့်အရေးကိုသိခြင်း…

        အဲဒီနေရာမှာ ဘာသာရေးဆိုသည်မှာ လူတိုင်းလူတိုင်းကိုယ်ပိုင်စိတ်ဆန္ဒနှင့်ရွေးချယ်ခွင့်ရှိသောအရာမို့ မိမိစိတ်တိုင်းကျ ဘာသာတစ်ခုကိုလေ့လာစမ်းစစ်ကိုးကွယ်ပြီး မိမိကိုယ်တိုင်ရွေးချယ်ရမှာဖြစ်တဲ့အကြောင်း…

        နောက်တစ်ခုက ဘာသာတစ်ခုနဲ့တစ်ခုလေးစားမှုရှိပြီး၊ ဘာသာတစ်ခုနဲ့တစ်ခုအပြစ်ပြောခြင်းရှောင်ကျဉ်ပြီး၊ ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်စေချင်ကြောင်းပါ…

        စိတ်ရမ်းလက်ရမ်းနှင့် ပရမ်းပဒါရေးခြင်းအတွက်…ခွင့်လွှတ်စေချင်ပါတယ်…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

  • ချာလီဂဇက်ဒလဝမ်

    August 31, 2012 at 2:09 pm

    အော်ဗျာ =
    ဲငြင်းကြ ခုန်ကြ နဲ့ အနိုင်အရှုံးလဲ ပေါ်ဟန်မတူ ၊ ဒီလိုဒီပုံမျိုးနဲ့ မိုးချုပ်မှာက အမှန် ၊
    သူ့ဖက်ကြည့် သူအမှန် ၊ ကိုယ့်ဖက်ကိုယ်ကြည့်ပြန်တော့လဲ မှန်နေပြန် ။
    အော် အနိစ္စ ။

  • YE YINT HLAING

    August 31, 2012 at 2:48 pm

    မိရိုးဖလာ ဗုဒ္ဓဘာသာ နဲ့ ဗုဒ္ဓဘာသာ ဝင်စစ်စစ် ကွာခြားပုံ ကို သစ်စာ ( ရေးတတ်သလို ) အနုလောမညဏ် သိခြင်း မသိခြင်း နဲ့ တိုင်းတာဆုံးဖြတ်တယ် ။ အဲဒီ ညဏ်ကို သိမြင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်နေတဲ့ သူတွေကို လူပျင်း တွေလို့ ပြောလာကတည်းက မိုးပြာ ဘာလဲ ဘယ်လဲ ဘယ်လို ဟာလဲ ဆိုတာ သိတယ် ။ ဂဘာ ဟာ ရွာကြီး တရွာ လိုပဲ ။ ပိုက်ဆံ ရှိတဲ့ သူတွေ ပညာတတ်သလို အပေါင်းအသင်းများတယ် ။ အင်အားကြီးတဲ့ သူတွေ ပေါင်းလိုက်တော့ ဂဘာရွာကြီးမှာ ဆရာကြီးတွေ ဖြစ်လာ ။ သူတို့ပဲ အကုန်တတ်နိုင်တော့ ဘာဖြစ်တယ် ညာဖြစ်တယ် အကုန်သတ်မှတ် လို့ ရတယ် ။ ဘယ်နိုင်ငံ ဝင်သိမ်း မလဲ သိမ်းလို့ရတယ် ။ ဘက်လိုက် ချင်ရင်လည်း ပေတံ တွေ ထောင်ပြပြီး လိုက်လို့ရတယ် ။ မရှိ တဲ့ မသိတဲ့ မြန်မာ ကတော့ ခံရတဲ့ နိုင်ငံတွေ ထဲမှာ ပါဝင်နေတာခံပေါ့ ။ တရုတ် ရဲ့ ခေါင်းပုံဖြတ်မှုတွေ ဂဘာ့ နိုင်ငံတွေရဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေ ပြည်တွင်းမှာ အာဏာနဲ့ အနိုင်ကျင့်ခံရမှုတွေ မြန်မာပြည်သူတွေ ခံကြပေါ့ ။ အိမ်ပေါ် တက်လာပြီး အစော်ကား ခံရတာတောင် အနိုင်ကျင့်နေကြတယ်လို့ ပြောင်းပြန်အပြောခံရသေးတာကိုး ! အဲဒီတော့ သူတို့ ဘယ်စာရင်း သွင်းသွင်း ကိုယ့်ဟာကို သိတယ် ။ ဗုဒ္ဓဘာသာ ဟာ ရန်လိုတဲ့ ဘာသာ သူတပါးကို ပုတ်ခတ်လိုတဲ့ ဘာသာမဟုတ်ဘူး ! ဒါပေမဲ့ မရွှေကြည် စကားငှါးပြောရရင် ဒီမိုးပြာ ဆိုတာက ဗုဒ္ဓဘာသာ အမည်ခံပြီး ပူးသတ် ပုတ်ခတ်တာတွေ များနေတယ် ။ လူ တယောက် ထမင်းစားနေတာကို မင်းစားနေတာ မစင်တွေ ချီးတွေ လို့ ပြောရင် ကြိုက်တဲ့သူ နည်းပါလိမ့်မယ် ။ သူ က သူ့အတွေး သူ့ယုံကြည်မှု အရ ပြောတယ်ဆိုပေမဲ့ အပြောခံရသူက တော့လုံးဝ မကြိုက်ပါဘူး ။ ဗုဒ္ဓဘာသာ တရားတော် တွေ ကို ကန့်လန့်တိုက် အခြေခံတွေးခေါ်ရပ်တည်ပူးကပ် နေတဲ့ မိုးပြာ ကို လုံးဝ ( လုံးဝ ) လက်မခံပါ ။ ဒီ အတွက် ကြိုက်သလို သတ်မှတ်လို့ရတယ် ။ ဒါဗြဲ —

  • may flowers

    August 31, 2012 at 7:28 pm

    ထောက်ခံပါ တယ် ကိုရဲရင့်သိန်းရေ ဗရာကြော်ပါ

  • nature

    August 31, 2012 at 8:17 pm

    ဝမ်းသာစရာအနီတွေရဲတောက်နေတာတွေ့ရတယ်။ဒါကြောင့်ဒီပိုစ့်ဟာဟန်မဆောင်နိုင်အောင် မိုးပြာတွေရဲ့အရှိုက်ကိုထိသွားပါပြီဆိုတဲ့ ကြီးမားတဲ့အောင်မြင်မှုကိုရတဲ့ပိုစ့်တခုပဲ။

  • ဂန္ဓာရီ ဆြာအုပ်

    August 31, 2012 at 9:57 pm

    မိုးပြာ ရဲဘော်တို့
    တို့ကို ဆော်ပလော်တီးတဲ့ အကောင်တွေအကုန်လုံး
    မိုင်းနက်တွေ တန်းစီပြီးပေးကြ ဒါဗျဲ

  • ဦးဦးပါလေရာ

    September 1, 2012 at 12:00 am

    ရွာထဲမှာ မိုးပြာလို့ ပြောနိုင်သူ ၁၃ အကောင့်နဲ့ မိုးပြာလေသံဖမ်းသူ ၁၁အကောင့် စုစုပေါင်း ၂၄ အကောင့်ပဲ သတိထားမိသေးတယ်..။
    ဆိုတော့
    ဒီအနီလောက်နဲ့တော့ လူမစုံသေးပါကြောင်း….။ 😀

    • ရဲစည်

      September 1, 2012 at 12:46 am

      အပေါ်က ချို—ဆိုတဲ့ ဆြာ
      သူလည်း မိုးပြာလား မသိဘူး
      ဒါပေမဲ့ ကြားချပီး ရေးနေတော့
      ဘာခေါင်းစဉ်တပ်ရမှန်း မသိဘူး
      လွတ်လပ်စွာ ကွဲလွဲမှုကို လက်ခံပါတယ် …
      အင်း ….
      ရသစာပေများ ဖိတ်ခေါ်ခြင်းအစား
      ဘာသာစာပေများ ဖိတ်ခေါ်ခြင်းဆိုပီး တရားဝင် လုပ်မှရတော့မယ် …
      ဟေ့ … ဟေ့
      ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
      ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
      ဗေ..ပုံ .. ဒီး ..ပုံ .. ဂျိ
      ချဂျလေ သတည်း ….
      :mrgreen:

    • Foreign Resident

      September 1, 2012 at 2:33 am

      ကို ရဲစည် ရေ ။
      ခင်ဗျား ဒီတစ်ခါတော့ ညံ့သွားပြီဗျာ ။
      သေချာလည်းကြည့်ပါအုံး ။

      သူ့ရဲ့ “ချိုတူး” ဆိုတဲ့နာမည်အောက်မှာ ၊
      “ariyathitsa.org” ဆိုတဲ့ သူ့ရဲ့ Web Page ကြီး ၊
      ပြူးနေအောင် ကြော်ငြာထားပါတယ် ။
      အဲဒီ Web ရဲ့ ဝင်ဝင်ချင်း Page မှာလည်း ၊
      ဓမ္မ ဝိဟာရီ ဆရာတော်ရဲ့ပုံကြီး ရှင်းနေအောင် တင်ပေးထားပါတယ် ။

      မိုးပြာလား မပြာလား ကတော့ ၊
      သူလည်း ဒိထက်ရှင်းအောင် ထပ်ပြရရင် ၊
      သူ့ နာမည်နောက်မှာ မိုးပြာ ဆိုပြီး ၊
      ဂွင်းစ ဂွင်းပိတ် နှင့်တပ်ပေးမှရမယ် ။

    • Foreign Resident

      September 1, 2012 at 2:39 am

      ဦးဦးပါလေရာ ရေ ။
      အဲဒီ စာရင်းလေး ကျနော့် PM ကို ပို့ပေးပါလားဗျ ။
      နို့မို့ စကားပြော / စာရေး ရတာ ယောင်လည်လည် နှင့် ။
      ဘယ်သူ့ကိုမှ အပြစ်တင်ခြင်း မဟုတ်ပါ ။
      အခြေအနေကို ရှင်းရှင်း လင်းလင်း နားလည်အောင်ပါ ။

      • Foreign Resident

        September 1, 2012 at 2:56 am

        ဟီ ဟိ ၊
        သူကြီး နာမည် ကြီးရော ဦးပါ စာရင်းထဲ ပါသေးလား ။
        ဟီ ဟိ ၊ နောက်ထှာ ။ 😛

  • Foreign Resident

    September 1, 2012 at 2:54 am

    အင်း သူတို့ရဲ့ “ariyathitsa.org” ဆိုတဲ့
    Web Page ကို ဖတ်ကြည့်မှပဲ သိတော့တယ် ။
    သူတို့တရားတွေ အားလုံးလောက် နီးနီးကို ၊
    Mandalay Gazette မှာတင်ထားသကိုး ။

    အဲဒီ Web Page ရဲ့ ညာဘက် Side Colum မှာ ၊
    ရှိရှိသမျှ တရား စာရင်း အားလုံးလောက် နီးနီး က
    MG Page တွေကိုပဲ Linked ညွှန်းဆိုထားတာကိုး ။

    ခက်တာက MG မှာက ၊
    ထေရဝါဒ ဘက်က သေချာ လေ့လာထားတဲ့ ၊
    ရဟန်း ရှင် လူ မရှိဘူးဖြစ်နေတယ် ။ 🙁

    • kai

      September 1, 2012 at 4:14 am

      ဂေါတမဗုဒ္ဓ၊ အလာဟ်အရှင်၊ ယေယောဝါဘုရားသခင်၊ မဟာဗြဟ္မာကယ်တော်မူပါ…
      လင့်ခ်တွေချိပ်ထားတာကိုး..
      ခုတလော.. ဘလိုင်းဆဲစာတွေရောက်ပါတယ်.. အောက်မေ့တာ…

      အဲဒီဆောင်းပါးများဟာ.. မန္တလေးဂဇက်၏ အာဘော်မဟုတ်ပါကြောင်း.. စာရေးသူအာဘော်သာဖြစ်ကြောင်း.. လင်ခ့်အောက်မှာ ရေးပေးစေလိုပါတယ်..ဗျာ…။

      အနိစ္စ… 😕

      • ကထူးဆန်း

        September 1, 2012 at 6:31 am

        ရှိသမျှ ဘုရားအကုန်တကုန်ပြီ ။
        ဟိဟိ… သူကြီးလည်း မိုးပြာချွတ်မှ ကျွတ်တော့မှာကိုး ..
        တော်သေးတယ် .. တိုင်းတပါးနေလို့ ဘောင်းဘီဘဲဝတ်လို့ .. ခွိခွိ .. 😀

      • Foreign Resident

        September 1, 2012 at 6:41 am

        သူကြီး သူကြီး ။
        သားသား ပြောပေလို့သာပေါ့ ၊ ဟင်း ဟင်း ဟင်း ။
        ဘာာာာ အခုမှ ကြောက်ပါပြီလဲ ။ 😀

      • Foreign Resident

        September 1, 2012 at 6:42 am

        သူကြီး = မိုးပြာဂိုဏ်းက ဒုဂိုဏ်းချုပ် 😀

        • pooch

          September 1, 2012 at 12:53 pm

          အော် လတ်စသတ်တော့ သူကြီးက ဒီလိုလည်း နာမည်ကြီးသေးတာကိုး
          ခုမှ သိတယ် ကြည့်စမ်း 😀

      • Foreign Resident

        September 1, 2012 at 1:16 pm

        သူကြီးရဲ့ ။

        သူတို့က သူကြီးရဲ့ MG Logo လေးကိုပါ
        သူတို့ရဲ့ Web Page မှာ ထည့်သုံးထားတယ် ။
        အဲဒါကိုရော မပြောတော့ဘူးလား ။

        နို့မို့ သူကြီး သူတို့ကို ကြော်ငြာခ ပေးနေရအုံးမယ် ။ 😀

        ဒါမှမဟုတ်လဲ အပြန်အလှန်ဖြစ်သွားအောင် ၊
        သူတို့ အရိယ သစ္စာ Logo လေးကို ၊
        သူကြီးရဲ့ MG မှာ ပြန်ထည့်ပြစ်လိုက်ပေါ့ ။
        ဒါမှ ဘဲစား ဘဲချေ ဖြစ်သွားမှာ ။
        ဟီ ဟိ ။ 😛

        • Foreign Resident

          September 1, 2012 at 1:24 pm

          သူကြီးရဲ့ MG Logo ဒေါင်း တံဆိပ်လေးရဲ့ အောက်မှာ ၊
          သေချာရေးပေးထားသေးတယ် ၊
          အရိယ သစ္စာ တရား အညွှန်းဆိုပဲ ။
          ဟင်း ဟင်း ၊ ဒုဂိုဏ်းချုပ် အထင်ခံရတာ နဲတောင်နဲသေး ။ 😛

        • Foreign Resident

          September 1, 2012 at 1:38 pm

          ဟီ ဟိ ။
          အခုမှ ထပ်တွေ့တယ် ။
          လေ့လာရန် Website လိပ်စာ Links များ ဆိုပြီးရေးထားတာ ၊
          သူကြီးရဲ့ MG Web Page ပုံလေး နှင့် တွဲပြီး ရေးထားသေး ၊
          ” ၃။ အရိယသစ္စာ (ဂေးဇက်) ” ဆိုပဲ ။

          သူကြီးတို့များ ဆိုးပါ့ ။
          MG ကို နာမည်ပြောင်းလိုက်တာတောင် ၊
          ရွာသူားတွေကို အသိ မပေးဘူး ။ 😛

          မရဘူး ၊ မရဘူး ၊ ဒါပဲနော် သူကြီး ၊
          အကျွေးအမွေးလုပ်ပြီးပြောင်းမှ အသိအမှတ်ပြုမယ် ။
          မဟုတ်ဘူး ၊ မပြောင်းဘူးတော့ မလိမ်နှင့် ၊
          အဘ အကုန်လုံး Screen Shot ဖမ်းထားတယ် ။ ဒါဗျဲ ။ 😛

        • ဦးဦးပါလေရာ

          September 1, 2012 at 4:48 pm

          အဲလောက်ထိတောင်ဆိုမှတော့ မသိချင်ယောင်ဆောင်နေလို့မတော်ပေဘူး..
          ဒီလိုလုပ်ကြရအောင်..
          လာမယ့် မန်ဘာတွေတွေ့ဆုံပွဲကို ဂဇက်နာမည်ပြောင်းပွဲနဲ့တွဲလုပ်ပေးကြမယ်
          သူကြီးက စရိတ်တဝက်လောက်ခံရင် ရပါပြီ.. 😛 😛

      • Moe Z

        September 1, 2012 at 4:13 pm

        ဪ …… ဂလိုလား အဟက် ဟက်
        ဘဘ FR ရေအခုလို ဖော်ကောင်လုပ် အဲ သတင်းပေးတာကျေးဇူးပါဗျို့ :mrgreen:

  • nature

    September 1, 2012 at 6:07 am

    လူ့အခွင့်အရေးကိုဆွေးနွေးဖို့မြန်မာလိုဘာသာပြန်တင်ပေးစေလိုပါတယ်။သူကြီးကိုချစ်လို့ မန်းဂေဇက်ကလွဲပြီးတခြားပိုစ့်တွေသိပ်ဖတ်လေ့မရှိလို့ပါ။ :mrgreen:

  • San Hla Gyi

    September 1, 2012 at 6:09 am

    ဟုတ်ပါတယ်။ အခုတလောလေးတင် ကျနော်နဲ့ ခင်တဲ့ သူငယ်ချင်းတယောက်က မန်းဂေဇက်ကို ဦးစီးနေတာ မိုးပြာဂိုဏ်းက ဒုဂိုဏ်းချုပ်လို့တောင် ဟိုတနေ့က ပြောဖူးပါတယ်။ အမှန်တော့ သူက ကျနော်စာ နည်းနည်းပါးပါး ရေးထားတာ မသိပါဘူး။ ကျနော်က မဟုတ်နိုင်ပါဘူးလို့ ပြောတော့ သူက ဟုတ်ပါတယ် ဆိုပြီး ထပ်ပြောပါတယ်။ သူ့ကြည့်ရတာ တော်တော်ကို ယုံကြည်နေပုံပါ။ အဲဒီတော့ အဲဒီလို အပြင်မှာ သတင်းဖြစ်နေတာကို ပြောပြပါကြောင်း။ တံဆိပ် မကပ်ပါကြောင်း။
    ရွာသားတွေက မောင်းထုတ်တာတော့ မှတ်ချက်မပေးလိုကြောင်း။ ဒါပေမယ့် ကျနော့်အမြင် သူတို့ကို အယူဝါဒချင်း ယှဉ်ပြီး အနိုင်ယူနိုင်ရင် ပိုကောင်းမှာ ဖြစ်ပါကြောင်း။ မောင်းထုတ်ရင်လည်း သူတို့က သွားချင်မှ သွားမှာ ဖြစ်ပါကြောင်း။
    အနိစ္စ ဒုက္ခ အနတ္တ

  • မိုချို

    September 1, 2012 at 9:09 am

    သဂျီး က ခုမှ သိတာ လား ။ အဲဒီ ဆိုဒ် ထဲက လင့်တွေ ဖွင့် လိုက် တိုင်း ဂဇတ် ထဲရောက် သွား တော့ သဂျီး ခွင့် ပြု ထား တာ မှတ်လို့ ဘာ မှ မပြောဖြစ်တာ။ သဂျီး အလိုတူ အလို ပါ မဟုတ်ဘူး ဆိုရင်ေတော့ ဝမ်း သာ ပါတယ် ။ထောက်ပြတဲ့ အဘဖော ရေ ကြားထဲ ကနေ ကျေး ဇူးတင်ပါတယ်လို့။

  • ဆူး

    September 1, 2012 at 9:39 am

    ပြည်ပ တိမ်းရှောင် လွတ်မြောက်သွားတဲ့ ဒုဂိုဏ်းချုပ် က သဂျီး ဖြစ်နေမှန်း အခု ariyathitsa.org ကို ဝင်ကြည့်မှပဲ သိတော့တယ်။ သဂျီး ပိရိ လွန်းလို့ လုံးဝ သတိမထားမိပဲ လူ့အခွင့်အရေး သမား အစစ်လို့ ထင်ထားတာ တကယ်တော့.. အထင်နဲ့ အတွေး လွဲသွားပြီ။ စိတ်မကောင်းပါဘူး။ မိုးပြာ ဂိုဏ်းချုပ်ကြီး ဆိုတော့ ဂိုဏ်း အတွက် ကာကွယ်စောင့်ရှောက်ရမှာ သမိုင်းပေးတာဝန် ဆိုတော့ ပြီးခဲ့တာတွေ ကို အပြစ် မမြင်ပဲ မုဒိတာပဲ ပွားလိုက်ပါတော့မယ်။
    အနိစ္စ အနိစ္စ

  • ဦးဦးပါလေရာ

    September 1, 2012 at 10:28 am

    ဟဲ… ဟဲ…. 😀 😀

    ကိုင်း… ကိုင်း….
    သူကြီးကိုကျီစားတာ တော်ကြပါတော့…
    သူများတွေ အဟုတ်မှတ်ကုန်ဦးမယ်…။ 😀 😀 😀

    တကယ်တော့ သူကြီးဆိုက်က မိုးပြာဝါဒဖြန့်ဆိုက်အဖြစ်ကျော်ကြားနေတာ ၂နှစ်နီးပါးရှိပါပြီ။
    သူ့ဟာသူ မသိတာသိတာတော့ ကျုပ်မပြောတတ်ပါကြောင်း…။
    ကိုယ်ကြိုက်တာ ကိုယ်စားခွင့်ရှိပေမယ့် ဓညင်းသီးစားရင်တော့ အနံ့ထွက်တတ်ပါကြောင်း..။ 😛

    ကိုဖေါရင်းရေ
    ကျုပ်လဲ မျက်စေ့တော်တော်လည်နေလို့ နာမည်တပ်ပြီး မှတ်ထားရတော့တယ်..
    ပို့မယ်… ပို့မယ်…။
    တကယ်တော့ အဲဒါ သူတို့တော်တာကို ပြတာပါ။
    သိပ်အတိုင်အဖေါက်ညီတယ်။ နေရာယူပုံအမျိုးမျိုး ပြောဟန်အမျိုးမျိုးနဲ့ ဇတ်က ကောင်းတယ်။
    အဲဒီအတွက် ချီးလဲကျူးတယ်။ ထေရဝါဒဘက်ကလူတွေ အတုယူသင့်တဲ့ ပညာခန်းတွေလို့လဲ အောက်မေ့မိပါတယ်။

    ကျုပ်ကတော့ ဒေါင်ဒေါင်မည်ထေရဝါဒဗုဒ္ဓဘာသာဝင်အဖြစ် ကိုယ့်ကိုယ်ကို ခံယူပါတယ်။
    ဒါပေမယ့် ဘယ်ဘာသာကိုမှလဲ မဆန့်ကျင်ပါဘူး…။ မကောင်းလဲ မပြောပါဘူး…။
    လောလောဆယ်မှာလဲ ကျုပ်အင်မတန်ရင်းနှီးသူတွေ ရင်ထဲကနှစ်နှစ်ကာကာ ချစ်ခင်လေးစားသူတွေထဲမှာ ဘာသာပေါင်းစုံပါပါတယ်။ အစ္စလာမ်ဘာသာဝင်တွေက အများဆုံးပေါ့။
    အဲဒါ ကျုပ်ဘက်ကချည်းပဲ တဖက်သတ်မဟုတ်ဘူး…။
    သူတို့ကလဲ ကျုပ်ကို ခေါင်းအမာစားထေရဝါဒဗုဒ္ဓဘာသာဝင်အဖြစ်သိလျှက်နဲ့
    ကျုပ်လိုပဲ အပြန်အလှန် လေးစားချစ်ခင်ကြပါတယ်။
    အဲဒီမှာ အပြန်အလှန် ဆိုတဲ့ စကားဟာ အင်မတန်အရေးကြီးပါတယ်။

    နမူနာလေး တစ်ခုပြောချင်တယ်။
    တစ်ခါက ကျုပ်ဟာ စားသောက်ဆိုင်ကလေးလိုဟာမျိုးကို အုပ်ချုပ်ဖူးပါတယ်။
    အဲဒီမှာ ကျုပ်က ဝန်ထမ်းတွေကို ညွှန်ကြားချက်ထုတ်တယ်..။
    သုံးစွဲတဲ့ဆီကို ဆီသန့်ပဲသုံးရမယ်။ မွတ်ဆလင်တွေ မတော်တဆလာရင် သူတို့အတွက် ကြော်လှော်ပြင်ဆင်ပေးဖို့ ဒယ်အိုးသီးသန့် ယောက်မသီးသန့် ဇွန်းပန်းကန်သီးသန့်ထားရမယ်။
    အဲဒါ မွတ်ဆလင်တွေ လာစေချင်လို့မဟုတ်ဘူး၊ လာလဲမလာစေချင်ဘူး။ ကျုပ်ဆိုင်မှာ ဝက်သားရောင်းတယ်။ သူတို့နဲ့ မသင့်တော်ဘူး။ ဒါပေမယ့်သူတို့မတော်တဆလာရင် စိတ်သန့်သန့်ဖြစ်အောင်လို့..။
    သူတို့အယူကို (ကိုယ်မယူပေမယ့်) လေးစားလို့…။
    အဲဒီသတင်းကို ဘယ်ကောင်က အပြင်ထုတ်ပြောလိုက်လဲမသိဘူး..
    ပထမ မွတ်ဆလင်တယောက်သိသွားတယ်..
    နောက်မကြာခင် မွတ်ဆလင် တစ်ရာလောက်သိသွားတယ်….။
    အဲဒီရပ်ကွက်က ဆိုးပါပေ့ဆိုတဲ့ မွတ်ဆလင်တွေ ကျုပ်ဆိုင်ရောက်ရင်
    ဘုရားဒကာတွေလို့ မှတ်ရတယ်…
    ဒီလောက်ပါပဲ..။

  • surmi

    September 1, 2012 at 10:31 am

    အင်းးးးးးးးးး
    နောက်တစ်ခါဆိုရင် မန်းဂဇက်မှ သိုင်းပြိုင်ပွဲဆိုပြီး ရေးရတော ့မယ်ထင်ပ

  • ကြောင်ကြီး

    September 1, 2012 at 10:40 am

    သူများဆီမှာကြတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်မရှိလို့ ဘာသာရေး အဖိနှိပ်ဆုံးနိုင်ငံလို့ပြောတယ်၊ သူ့ကြတော့ မိုးပြာလို့ မခေါ်စေရတဲ့… ဒါလား လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့်….။ ဒင်းကမှ အဖိနှိပ်ဆုံးဂျီးပါဗျာ…။ 🙄

    • မိုးတိမ်

      September 1, 2012 at 3:51 pm

      ဟုတ်ပါပေ့ ဦးကြောင်ကြီးရေ
      ကိုနေချားတို့ဘက်ကပဲ ထောက်ခံပါတယ်ဗျာ။
      နီစေသတည်းးးးးးးး

  • nature

    September 1, 2012 at 4:36 pm

    nature says: (Edit) နီ၇(Max)
    မအားပါဘူးဆိုနေကာမှမိုးပြာပိုစ့်၂ခုလောက်ထပ်တင်ချင်နေတယ်။
    မိုးပြာတွေကိုနှိမ်နှင်းဖို့ မိရိုးဖလာဗုဒ္ဓဘာသာတွေကို်ယ်ခံအားကောင်းဖို့ မစိုးရိမ်စာသင်သားရဲ့ ချေပချက်တွေကို သတင်းစာ ဂျာနယ် မဂဇင်းနဲ့ မြန်မာ့အသံ FM တွေကပါ အခါအားလျှော်စွာလွှင့်ပေးတာပိုထိရောက်လေမလားလို့။

    မိုးပြာတွေရဲ့ပြောကြားချက်အရ စံချိန်တင်အနီရခုရတဲ့အထက်ပါကွန်မန့်ဟာ သူတို့အတွက် အကောင်းဆုံးပါပဲတဲ့။

  • ဂန္ဓာရီ ဆြာအုပ်

    September 1, 2012 at 10:11 pm

    ခုချိန်မှာ ကို nature က အနီ ၂ရ နဲ့ ပထမ၊ အဘဖောက အနီ ၁ရ နဲ့ ဒုတိယလိုက်နေပါဂျောင်း
    ှု

    • ဂန္ဓာရီ ဆြာအုပ်

      September 1, 2012 at 10:15 pm

      အားလုံးစုစုပေါင်း အနီ ၇၅ ရှိဂျောင်း

  • Foreign Resident

    September 2, 2012 at 3:05 am

    အဘ ဘဝ မလှမပ ဖြစ်ခဲ့ရပုံကို ၊
    ဇတ်စုံ ခင်းပြ ရရင်တော့ဖြင့် ။

    ၁ ။
    အဘ ရဲ့ ပထမ Comment ဟာ ဘယ်ဖက်မှ မလိုက်ပဲ ၊
    Web Page တက်ဖို့ နှေးလှတဲ့ Connection နှင့် ၊
    English စာ ရှည်ရှည်ဖတ်ဖို့ ပျင်းလှတဲ့ ရွာသူားများ အတွက် ၊
    ဘာသာပြန်ပေးထားတဲ့ အချက်အလက်မျှသာဖြစ်ပါတယ် ။

    မှန်တာပြောရရင် ၊
    လူ့အခွင့်အရေးကြေငြာစာတန်း နှင့် မိုးပြာဆရာတော် အကြောင်း ၊
    ရေးထားတဲ့အပိုဒ် ဆိုရင် ထေရဝါဒ များကတောင် ၊
    အဘ မိုးပြာဖက်လိုက်တယ် ထင်လောက်လို့ ၊
    အဘ ရဲ့ ခံယူချက်လေးတောင် ထည့်ရေးခဲ့ရပါသေး ။

    ၂ ။
    ဒုတိယ Comment မှာလည်း ၊
    သူကြီးရဲ့ နာမည်ရှေ့မှာ မိုးပြာလို့ သွားထည့်တာဟာ ၊
    ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့ သဘောဆောင်သွားတဲ့အတွက် ၊
    ပြန်ဖျက်ပေးဖို့ ကို Nature ကို Request လုပ်ပေးခဲ့ပါတယ် ။

    သူ့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ထားတဲ့ ဆောင်းပါးကို ၊
    ပြန်လှန် ပြောဆိုမှု မပြုဘူးလို့ ဆုံးဖြတ်ချက်ဟာ ၊
    သူကြီးရဲ့ ပညာရှိ ဆန်မှု ၊ အဆင့်မြင့်မားမှုကို ပြတာပါ ၊ သူကြီး မှန်ပါတယ် ။

    ကို Nature ကိုလည်း အပြင်မှာကို ခင်မင်ပြီးသား ၊
    သူ့သဘောထား သိပြီးသား ဖြစ်လို့ ၊
    သူ သူကြီးကို စ နောက်တာ လက်လွန်သွားမှန်းသိလို့ ၊
    ပြန်ဖျက်ပေးဖို့ ကို Nature ကို Request လုပ်ရဲတာပါ ။
    ကို Nature ကလည်း ပြန်ဖျက်ပေးခဲ့ပါတယ် ။
    အဲဒီ အထိက OK ပါ ။

    ဒီ Comment ကလည်း မိုးပြာဖက် ယိမ်းတယ်လို့ ၊ ထင်စရာပါ ။
    အဟင့် ၊ အဲဒီ Comment လေး နှစ်ခု စလုံးကလေ ၊
    အစက မနီပါဘူးကွယ် ၊ အဟင့် ။ :'(

    ၃ ။
    အဲဒီနောက်တော့ ၊ ကံ ဆိုးမိုးမှောင်ကျချင်တော့ ၊
    ကိုရဲစည် ရဲ့ မေးခွန်းလေးတစ်ခုကို အဖြေရှာရင်း ၊
    ကို ချိုတူး ရဲ့ Profile မှာ ဖေါ်ပြထားတဲ့ ၊
    “ariyathitsa.org” ဆိုတဲ့ Web Page ကို ရောက်သွားပြီး ၊
    အဲဒီ Web Page မှာ Link မှန်သမျှ အားလုံးလောက် နီးပါးဟာ ၊
    အဘ တို့ရဲ့ MG ကို ချိတ်ထားရုံတင်မကပဲ ၊
    MG Logo နှင့် MG Front Page ကိုပါ ဖေါ်ပြ ၊
    ညွှန်းဆို ထားတာကိုတွေ့ခဲ့ရတော့ ၊
    သူတို့ Web Page ကို အပြစ်တင်ခြင်း စကား မသုံးပါဘဲ ၊
    သူကြီး သိအောင်သာ နောက်ပြောလေးသာ ပြောပြမိတာပါကွယ် ။

    ၄ ။
    အဲဒီနောက်မှာတော့လေ ၊
    ပရိပ်သတ်ကြီး ရှုစားတော်မူခဲ့ရတဲ့အတိုင်းပါပဲ ၊
    အဘ ရဲ့ Comment မှန်သမျှ ဟာလေ ၊
    မိုးပြာဖက် ယိမ်းတာကော ၊ မယိမ်းတာကော အကုန်လုံး ၊
    ရဲ ပဒေါင်းကိုခတ်သွားတော့တာပါပဲကွယ် ။

    အစ က တော့ ၊ မနီပါသလေလေ ၊
    အခုတော့ နီသွားပြီ ၊ အားလုံး နီသွားပြီ ။
    ကျနော် မှားပါပြီ လေ ။
    အောင်မလေးလေလေး ၊ ဝမ်းနည်းလိုက်တာ အရပ်ကတို့ရဲ့ ။

    ဟီ ဟိ ၊ နောက်ထှာ ၊ စိတ်ဆိုးကြနှင့်နော် ၊ လာထား အာဘွား ။ 😛

    • ဦးဦးပါလေရာ

      September 2, 2012 at 12:56 pm

      အဘရယ်
      တူညားတို့က
      ဒေါသကိလေသာတွေပယ်ထားတာ…
      စိတ်ဆတ်တာလေး တခုပဲ….. 😛 😛

    • nature

      September 2, 2012 at 1:02 pm

      nature says:
      ပိုင်ဆိုင်တယ်ဆိုတာကိုယ်ပိုင်တဲ့ပစ္စည်းကို ကိုယ်ကြိုက်သလိုလုပ်လို့စီမံခန့်ခွဲလို့ ရမှပိုင်ဆိုင်တယ်မည်ပါတယ်။ တခါတလေအမည်ခံပိုင်ဆိုင်မှုမျိုးလည်းရှိတတ်ပါတယ်။
      ဥပမာ -အုပ်ချုပ်သူအစိုးရသည် (တရားတာမတရားတာခဏထားပါ) တိုင်းပြည်ရဲ့သယံဇာတပစ္စည်းတွေကို ကိုယ်ရဲ့အာဏာစက်ကိုအသုံးပြုပြီးကိုယ်ကြိုက်သလို စီမံခန့်ခွဲနိုင်တယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အာဏာ ရှိတဲ့အချိန်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေပိုင်တယ်။ ဒါတွေကို်စီမံခန့်ခွဲတာဟာ

      ပြည်သူပိုင်ဆိုတဲ့နေရာမှာသော့ခတ်သိမ်းထားတဲ့ ပြည်သူပိုင်သိမ်းထားတဲ့အိမ်တလုံးကို ပြည်သူတယောက်က တက်နေရင် အဖမ်းခံရမှာပဲ။ ဒါပြည်သူအမည်ခံပြီးပိုင်ဆိုင်မှုဖြစ်လို့ဖြစ်ပါတယ်။

      ပိုင်ရှင်ရှိတဲ့ပစ္စည်းကိုပိုင်ရှင်မသိအောင်ယူရင်ခိုးမှုမြောက်ပါတယ်။ ခိုးမှုမြောက်တာကိုအပြစ်မရှိဘူးဆိုပြီးမြှောက်ပေးရင်ကြံရာပါ အားပေးအားမြှောက်မှုမြောက်ပါတယ်။
      ——–
      nature says:
      လေဆိုတာကတော့မင်းအစိုးရပင်ဖြစ်သော်လည်း စီမံခန့်ခွဲနိုင်ခြင်းမရှိလို့အစိုးရက လေ ကိုပိုင်ဆိုင်တယ်လို့မဆိုနိုင်ပါဘူး။
      ———
      mggwa says:
      ပြည်သူပိုင်နဲ့ အစ်ိုးရပိုင်း မကွဲပြားတဲ့ nature ပဲ။
      ပြည်သူပိုင်ပစ္စည်းယူတိုင်သာ ခိုးမှုမြောက်ရင် မောင်ဂွတို့ တရပ်ကွက်လုံး၊ တနိုင်ငံလုံးလိုလို
      သူခိုးတွေဖြစ်နေတော့မှာပ။
      ဘဇာကြောင့်လဲ . .
      ရပ်ကွက်ရေကန်ထဲက ရေတွေ ဘယ်သူပိုင်လဲ၊
      ပြည်သူတွေပိုင်သာ ဘယ်သူခွင့်တာင်းနေရမှာလဲ ခလေးမရဲ့။

      နင့်အတိုင်းဆို ရပ်ကွက်ရေကန်ထဲက ရေခပ်နေတဲ့သူတွေ သူခိုးတွေဖြစ်ကုန်ကြမှာပ။
      တောကြာ တောထဲ ထင်ခုတ်၊ မှိုရှာ၊ မျှစ်ချိုးဖို့တောင် လူတွေ မသွားရဲလောက်အောင်ဖြစ်နေပါဦးမယ်ကွယ်။ ထင်တွေ၊ မှိုတွေ၊ မျှစ်တွေက ပြည်သူပိုင် ပစ္စည်းတွေပဲ။
      ဦးဉာဏဟောတာက ရှင်းရှင်လေးကို နင်တို့အတွေးတွေက ရှုပ်နေကြတာ ခလေးမရဲ့။
      ငါတောင်သိတယ်။ နင်မသိတာ အံ့ရော။
      အေး … အစိုးရက သူ့တို့သီးသန့်သတ်မှတ်ထားတဲ့ ပစ္စည်းဆိုလို့ကတော့ ရေတောင် သွားမခပ်နဲ့
      ၆၁-နဲ့ ညာသွားမယ်ကွဲ့။
      အဲလို . . . ပြည်သူပိုင်နဲ့ အစ်ိုးရပိုင်း ကွဲပြားစမ်းပါ ခလေးမရယ်။
      ——-
      nature says:
      ရေတွေကပိုင်ပေမဲ့ အစိုးရကမသုံးရလို့ အမိန့်ထုတ်တားတဲ့ ကန်ကို သွားသုံးရင်တော့ အဖမ်းခံရမှာပေါ့။ အသုံးပြုခွင့်ပေးထားတဲ့ ရေကိုသုံးရင်တော့ ခိုးမှုဘယ်မြောက်မလဲ။ သစ်တောကြိုးဝိုင်းဆိုပြီးအစိုးရကသတ်မှတ်ပေးတဲ့နေရာမှာသစ်ကိုခိုးယူသူသာလျှင်ခိုးမှုမြောက်ပြီး မျှစ်ကိုမယူရလို့ ကန့်သတ်မထားတဲ့အတွက်ခိုးမှုမမြောက်ပါ။ ဉာဏ်ရည်မမှီလို့
      နားမလည်တာရှိရင်မေးနိုင်ပါတယ်။
      —————
      mggwa says:

      အများပိုင်ပစ္စည်းကို ယူတာနဲ့ ခိုးမှုလို့ အသိကျဉ်းကျဉ်းလေးနဲ့ မပြောရဘူးကွဲ့။

      မောင်ဂွ ပြောပြီးပြီလေ။ နင်တယ်နားဝေတာပဲ။
      ရပ်ကွက်အများပိုင်ရေကန်ထဲက ရေခပ်နေကြတဲ့ သူတွေဟာ သူခိုးတွေလား။
      တောထဲ ထင်ခုတ်၊ မှိုရှာ၊ မျှစ်ချိုးတဲ့ သူတွေ သူခိုးတွေလား နဖူးပေါ်လက်တင်ပြီး စဉ်းစာကြည့်စမ်းဘာ။

      အမှုမဟုတ်တာကို အမှုလုပ်ချင်နေကြတာကိုးကွဲ့။
      အေး … အစိုးရက သူ့တို့သီးသန့်သတ်မှတ်ထားတဲ့ ပစ္စည်းဆိုလို့ကတော့ ရေတောင် သွားမခပ်နဲ့
      ၆၁-နဲ့ ညာသွားမယ်ကွဲ့။

      ဒါကတော့ အစိုးရသတ်မှတ်ချက်နဲ့ ဆိုင်တယ်ကွဲ့။
      မွတ်စလင်နိုင်ငံမှာ ဝက်သားသွားရောင်းလို့ကတော့ အမှုကို အကြီးအကျယ်ဖြစ်မှာ အတိအကျပဲ၊
      ဒါက နိုင်ငံအစိုးရသတ်မှတ်ချက်ပဲလို့ နားလည်စမ်းဘာ။

      တရုတ်ပြည်မှာ ခလေးတစ်ဦးထက်ပိုယူမိရင်လဲ အကြီးအကျယ် ကွိုင်တတ်မှာပဲ၊
      ဒါကလဲ အကုသို်လ် ဟုတ်ဘူး။ အစိုးရသတ်မှတ်ချက်ပဲကွဲ့။

      အများပိုင်ပစ္စည်းအပေါ်သုံးစွဲနေကြတာနဲ့ အစိုးရသတ်မှတ်ချက်နဲ့ မရောရဘူးလေ။

      အစိုးရက သူတို့ အဆင်ပြေသလို သတ်မှတ်မှာပဲနော့။
      သူတို့သတ်မှတ်တာနဲ့ လွတ်ကင်းတဲ့ အများပိုင်ပစ္စည်းတွေကတော့ စိတ်ချလက်ချသာ ယူငင်သုံးစမ်းဘာ။

      ဘာမှ မဖြစ်စေရဘူး။ မောင်ဂွအာမခံပါတယ်ကွယ်။

      တော်ကြာ နင် ရပ်ကွက်ထဲက ရေကန်မှာတောင် ရေမခပ်ရဲတော့ရင် ဒုက္ခရောက်နေမှာဆိုးလို့ပါ ခလေးမရဲ့။
      ————
      nature says:
      ရေတွေကပိုင်ပေမဲ့ အစိုးရကမသုံးရလို့ အမိန့်ထုတ်တားတဲ့ ကန်ကို သွားသုံးရင်တော့ အဖမ်းခံရမှာပေါ့။ အသုံးပြုခွင့်ပေးထားတဲ့ ရေကိုသုံးရင်တော့ ခိုးမှုဘယ်မြောက်မလဲ။ သစ်တောကြိုးဝိုင်းဆိုပြီးအစိုးရကသတ်မှတ်ပေးတဲ့နေရာမှာသစ်ကိုခိုးယူသူသာလျှင်ခိုးမှုမြောက်ပြီး မျှစ်ကိုမယူရလို့ ကန့်သတ်မထားတဲ့အတွက်ခိုးမှုမမြောက်ပါ။ ဉာဏ်ရည်မမှီလို့
      နားမလည်တာရှိရင်မေးနိုင်ပါတယ်။

      …အစိုးရက သူတို့ အဆင်ပြေသလို သတ်မှတ်မှာပဲနော့။
      သူတို့သတ်မှတ်တာနဲ့ လွတ်ကင်းတဲ့ အများပိုင်ပစ္စည်းတွေကတော့ စိတ်ချလက်ချသာ ယူငင်သုံးစမ်းဘာ။….
      သူတို့သတ်မှတ်တာနဲ့လွတ်ကင်းတဲ့ပစ္စည်းဆိုတာထက် သူတို့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ သူတို့ပိုင်ပစ္စည်းကို သူတို့ခွင့်ပြုရင်တော့ယူသုံးနိုင်ပါတယ်။

      …ဒါကတော့ အစိုးရသတ်မှတ်ချက်နဲ့ ဆိုင်တယ်ကွဲ့။
      မွတ်စလင်နိုင်ငံမှာ ဝက်သားသွားရောင်းလို့ကတော့ အမှုကို အကြီးအကျယ်ဖြစ်မှာ အတိအကျပဲ၊
      ဒါက နိုင်ငံအစိုးရသတ်မှတ်ချက်ပဲလို့ နားလည်စမ်းဘာ။…..
      သူတို့ပိုင်ဆိုင်တဲ သူတို့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့နိုင်ငံတော်နယ်နိမိတ်အတွင်းမှာ သူတို့ရဲ့ခွင့်ပြုချက်မရှိတာကို်လုပ်ရင်အာဏာဖီဆန်မှုမြောက်ပါတယ်။ အရေးယူခံရပါမယ်။(မှန်တာမမှန်တာကိုခဏထား)

      ————
      မိုးပြာတွေဟာ brain wash အလုပ်ခံထားရတာကိုလည်းအပြစ်မတင်ပါဘူး။ အင်မတန်ဉာဏ်များတဲ့ ဓမ္မဝိရဟာရီဆရာတော်ကြီးရဲ့ ကူလီကူမာ ကပ်သီးကပ်သပ်မေးခွန်းတွေမှာ မရှင်းနိုင်ပဲလမ်းဆုံးနေပြီးအမြင်မကျယ်လို့ပဲဆိုတာသိသာပါတယ်။

      လေကိုရှုရင်ခိုးမှုမမြောက်ဘူးဆိုတာကိုသိပြီလား။မိုးပြာဝါဒမှားယွင်းတယ်ဆိုတာကို လက်ခံပြီး ဒီအယူကိုမိုးပြာဝါဒထဲကထုတ်ပြစ်ပြီး အမှန်ကိုလက်ခံမလား။ brain wash လုပ်ခံထားရသူများပီပီ အသေခံဗုံးခွဲသမား လိုစိတ်ဓါက်မျိုးနဲ့ ရာဇဝတ်မှုမကင်းတဲ့ အမှားကိုပဲဆက်လက်ဆုတ်ကိုင်ထားမလား?

  • surmi

    September 2, 2012 at 9:35 am

    ဦးနေးချား နှင် ့တကွ အားလုံးကိုဖိတ်ကြားပါတယ်
    စိတ်အပန်းပြေဖို ့
    ၄ ရက်နေ ့ ည ၉ နာရီနောက်ပိုင်းမ ှာ ရွာသူားများအားလုံး
    ကြွရောက်နိုင်ပါဂျောင်းးးးးးးးး

    • ဂန္ဓာရီ ဆြာအုပ်

      September 2, 2012 at 10:19 am

      ဆြာဆာမိ ရေဘယ်ကိုကြွရမှာလဲဟင်..
      သများက ညည့်နက်ရင် အပြင်မထွက်ရဲ့လို့ပါနော်

  • surmi

    September 2, 2012 at 10:29 am

    ကျနော်တို ့ချစ်တဲ ့ မန်း ဂဇက်ကိုပေါ ့

  • nature

    September 2, 2012 at 1:07 pm

    ဆက်ဆက်ကြွခဲ့ပါ့မယ်။စိတ်ချပါ။

  • nature

    September 2, 2012 at 3:58 pm

    နိုင်ငံတော်ဟာနာဂစ်ဖြစ်တုန်းက ကိုင်တွယ်ဖြေရှင်းမှုတွေ ချို့ယွင်းချက်တွေရှိတဲ့အတွက် နိုင်ငံတော်ရဲ့ဘုန်းတန်ခိုးအာဏာ ကျဆင်းစေနိုင်တယ်လို့တွက်မိပေမဲ့တခုကယ်နေတာက တယ်လီဗေးရှင်းကနေ တရားအလှုဆိုတဲ့ ကြီးမားမြင့်မြတ်တဲ့ ဉာဏ်ပညာအလှုကြီးကိုနေ့စဉ်ပေးနေတဲ့အတွက် ခံသာနေတယ်လို့ မြင်ပါတယ်။

Leave a Reply