N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ?

natureAugust 30, 20121min75885

N+ 300812 ကျွန်ုပ် သူကြီးနှင့်လူ့အခွင့်အရေးဘယ်သူဖောက်သလဲ?

ဒီပိုစ့်ကိုရေးရတာကတော့ အောက်ပါပိုစ့် မှ ကွန်မန့်ဖြေရှင်းရန်အတွက်ဖြစ်ပါတယ်။
ဆြာအုပ် နှင့် ပေါ်ပြူလာမိုးပြာ (၁)
https://myanmargazette.net/146660/creative-writing

nature says:
…မြန်မာအစိုးရအနေနဲ့.. မြန်မာပြည်ကိုကမ္ဘာမှာဘာသာရေးခွဲခြားဖိနှိပ်မှု အရှိဆုံးတိုင်းပြည်စာရင်းက ထွက်ချင်ရင်.. အဲဒီဆရာတော်ကို.. ထောင်ကအရင်ဆုံးလွတ်ငြိမ်းချမ်းသာခွင့်ပေးရမှာဖြစ်ပြီး…
အားလုံးအဆင်ပြေသွားအောင် အဲဒီစာရင်းကထွက်ထားတဲ့နိုင်ငံကိုပို့ပေးမယ် ။ ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံတွေကရောနံပါတ်ဘယ်လောက်မှာပါနေသလဲလို့မေးချင်ပါတယ်။ (တကယ်ဖြစ်သင့်တာကအဲဒီနိုင်ငံတွေကိုအရင်ဆုံးကန့်ကွက်သင့်တယ်။)
——
kai says:
ကိုရင့်လေသံက.. မြန်မာပြည်ရေမြေသနင်းအစိုးရတဲ့.. မင်းတြားတော်မြတ်ကြီးလေသံပါလားကွယ်..။
မြန်မာပြည်မှာမွေးတဲ့.. မြန်မာနိုင်ငံသားအချင်းချင်း… တဦးတယောက်ကို.. တဦးတယောက်က.. တခြားတနိုင်ငံပို့ပစ်မယ်ပြောရအောင် အခွင့်(Rights) မရှိပါဘူးကွယ်…
လူ့အခွင့်အရေးကြေငြာစာတမ်း ပြန်ဖတ်စေလိုပါတယ်..။
http://www.un.org/en/documents/udhr/index.shtml
အနိစ္စ..
———-
nature says:
လူတယောက်ဟာ မကောင်းတဲ့နေရာနဲ့ကောင်းတဲ့နေရာ ဘယ်နေရာမှာနေချင်မလဲ။
nature says:
ကောင်းတဲ့နေရာကိုရောက်သွားစေချင်တဲ့စေတနာနဲ့ပါ။
nature says: ———-
လူတယောက်ကိုထောင်ထဲမှာနေမလားထောင်အပြင်မှာနေမလားဆိုရင် ထောင်ထဲမှာမလွတ်လပ်လို့နေချင်တဲ့သူ ရှိမှာမဟုတ်ပါဘူး။ ဒီလိုပါပဲ ဘာသာရေးလွတ်လပ်တဲ့နေရာ ကိုမသွားနိုင်ပဲ ဒီမလွတ်လပ်တဲ့မြန်မာနိုင်ငံမှာပဲ ဘာဖြစ်လို့ပေကပ်နေသလဲဆိုတာစဉ်းစားလို့မရပါ။
———–
ဆြာအုပ်ရဲ့ ပိုစ်ကကွန်မန့်ပေးပြီးယခုရက်ပိုင်းအလုပ်ကိုစိတ်အားစိုက်လုပ်နေရတဲ့အတွက် အာရုံမရလို့ စာတွေသိပ်မရေးဖြစ်ပါ။
ဒီပိုစ်မှာရေးတဲ့သူကြီးရဲ့ရှေ့နောက်မညီတဲ့စကားလေးတွေကိုမေးမြန်းချင်လို့ပါ။

သူကြီးပြောတာကမြန်မာနိုင်ငံကဘာသာရေးခွဲခြားဖိနှိပ်မှုအရှိဆုံးနိုင်ငံလို့ပြောပါတယ်။ ဒီသဘောက တခြားနိုင်ငံတွေကဘာသာရေးဖိနှိပ်ခွဲခြားမှု နဲတယ် လို့ဆိုရင် ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံက ဘာသာရေးဖိနှိပ်ခွဲခြားမှု နဲသတဲ့လား။ အဲဒီနိုင်ငံကရော ဘာသာရေးခွဲခြားဖိနှိပ်မှုအဆင့်ဘယ်လောက်မှာ ရှိတယ်ဆိုတာကိုသူကြီးမဖြေရသေးဘူး။

မြန်မာနိုင်ငံမှာဘယ်ဘာသာဝင်မဆို ဘုရားရှိခိုးလို့အဖမ်းခံရတယ်ဆိုတာ မကြားဖူးသေးပါဘူး။
ဘုရားရှိခိုးလို့အဖမ်းခံရတဲ့နိုင်ငံထက် မြန်မာနိုင်ငံက ပိုဖိနှိပ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီစာရင်းကိုယုံကြည်လို့ရပါ့မလား။

နောက်ပြီး မြန်မာနိုင်ငံဟာလူ့အခွင့်အရေးအချိုးဖောက်ဖိနှိပ်ဆုံးနိုင်ငံလို့ပြောတယ်။ဒီတော့ ဖိနှိပ်ချုပ်ချယ်မှုတွေများတယ်လို့သူကြီးကပြောတော့ ကျွန်တော်က ဖိနှိပ်ချုပ်ချယ်မှုတွေများရင် ဖိနှိပ်ချုပ်ချယ်မှုမရှိတဲ့ ကောင်းတယ်လို့ပြောတဲ့နိုင်ငံကို ပို့ပေးမယ်ပြောတော့ လူ့အခွင့်အရေးချိုးဖောက်တယ်တဲ့။

ဥပမာအားဖြင့် မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံကိုအလုပ်အကိုင်စီးပွားရေးလုပ်ဖို့ပညာသင်ဖို့ ဘယ်နိုင်ငံပိုကောင်းလဲဆိုရင် အမေရိကန်ကပိုကောင်းတယ်ဆိုတာသိသာပါတယ်။ ဒီတော့မြန်မာနိုင်ငံသားတယောက်ကို ပိုကောင်းတယ်ဆိုတဲ့အမေရိကန်ကိုပို့ပေးရင် ကျေးဇူးတင်ခံရမလား လူ့အခွင့်အရေး ချိုးဖောက်တယ်လို့အပြောခံရမှာလား?

သူကြီးပြောသလိုကျွန်တော်ဟာ လူ့အခွင့်အရေးချိုးဖောက်သူဆိုရင် သူကြီးပြောတဲ့ပိုကောင်းတယ်ဆိုတဲ့ နိုင်ငံတွေက ပိုမကောင်းပဲ ပိုဖိနှိပ်ချုပ်ခြယ်မှုများတဲ့နိုင်ငံ ဖြစ်နေလို့ မြန်မာနိုင်ငံကပိုကောင်းနေလို့များလား။ ဒါဆိုရင်တော့သူကြီးညာပြောတာဖြစ်နေပြီ။ ကျွန်တော့်အပြစ်ကတော့လူ့အခွင့်အရေးချိုးဖောက်မှုမဟုတ်ပဲ သူကြီးညာပြောတဲ့ တခြားနိုင်ငံတွေက ပိုကောင်းတယ်ဆိုတဲ့ စကားကိုယုံကြည်မိတဲ့အပြစ်လို့ပဲထင်ပါတယ်။

အကယ်၍တခြားနိုင်ငံတွေကပိုကောင်းတယ်ဆိုရင်လည်း ပိုကောင်းတဲ့နိုင်ငံတွေကို သွားဖို့ပိတ်ပင်တဲ့သူကြီးသာလျှင်လူအခွင့်အရေးချိုးဖောက်သူဖြစ်ပါတယ်။

(၁)့တခြားနိုင်ငံတွေကပိုကောင်းတယ်ဆိုရင် ပိုကောင်းတဲ့နိုင်ငံတွေကိုသွားဖို့ပိတ်ပင်တဲ့သူကြီး သည်လူ့အခွင့်အရေးချိုးဖောက်သူဖြစ်ပါတယ်။
(၂) တခြာားနိုင်ငံတွေက ပိုမကောင်းဘူးဆိုရင်လဲ ပိုကောင်းတယ်လို့ပြောတဲ့ သူကြီးညာပြောတာဖြစ်ပါတယ်။

နောက်တခုကမြန်မာနိုင်ငံက ဖိနှိပ်မှုများတယ်။ ဒါပေမဲ့ဒီနိုင်ငံကမခွာချင်ဘူးဆိုရင်လဲအနစ်နာခံပြီး နေစရာ
ဘာများကြီးမားတဲ့ ရည်ရွယ်ချက် အကြံအစည်များရှိလေသနည်း။

ကျွန်တော်တခုစဉ်းစာမိတာကတော့ အမေရိကန်ရဲ့ 9/11အရေးအခင်းကြီး၊ ထေရဝါဒ နဲ့မိုးပြာဝါဒသဘောတရားတွေကိုပါပဲ။ ဒီအရေးအခင်းမှာ World Trade Center ကိုတိုက်ဖို့ အမေရိကန်တွေပိုင်တဲ့ လေယာဉ်ပျံကိုပဲ ပဲ့ထိမ်းဒုံးသဖွယ်အသုံးပြုပြီးတိုက်ခိုက်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ အားနည်းချက်ကိုရှာဖွေတိုက်ခိုက်ရာမှာ အင်မတန် ဉာဏ်သွားတာကိုတွေ့ရပါတယ်။

မြန်မာနိုင်ငံဟာလည်းကမာ္ဘ့အလယ်မှာ အားနည်းတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ဒီလိုအားနည်းတဲ့နိုင်ငံမျိုးဟာအခြေကုတ်ယူဖို့အကောင်းဆုံးအနေအထားလို့ တွက်ဆသူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ နောက်ပြီးအားနည်းချက်တခုက မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေများပြီး သံဃာတော်တွေက ဟောပြောစည်းရုံးရင်လွယ်လွယ်ရတတ်ပါတယ်။

ဒီတော့ေထေရဝါဒဗုဒ္ဓဘာသာဆိုတဲ့ World Trade Center ကြီးကိုတိုက်ဖို့အတွက်စာတတ်ပေတတ် ထေရဝါဒသံဃာထဲကနှံ့စပ်ကျွမ်းကျင်တဲ့ ဓမ္မဝိဟာရီဆရာတော်ကြီးကိုများ US 1 million လောက်ပေးစည်းရုံပြီးပဲ့ထိမ်းဒုံးသဖွယ်အသုံးချလေသလားလို့တောင်တွေးမိပါတယ်။ စာပေတွေနှံ့စပ်ကျွမ်းကျင်တော့ခက်ခဲပေမဲ့ စံနစ်တကျဘယ်နေရာကစဖျက်ရမယ်ဆိုတာတခြားလူတွေထက် ပိုသိနိုင်ပါတယ်။ ဒါကြောင့်မြတ်စွာဘုရားကလည်း ငါရဲ့သာသနာကိုဖျက်မှာ ငါရဲ့သားတော်ရဟန်းသံဃာများထဲမှပင်ဖြစ်သည်ဟု ဆိုခဲ့သည်မှာ ဓမ္မဝိဟာရီဆရာတော် နှင့်ကွက်တိပင်ဖြစ်ပါသည်။သာသနာတော်ကို ဖျက်နိုင်ဖို့အတွက် အတွက်အဓိကအတားအဆီးဖြစ်နေတဲ့ သံဃာ့မဟာနာယက အဖွဲ့ကိုလည်း ဖျက်သိမ်းပစ်နိုင်ဖို့အရေးကြီးတယ်ဆိုတာကို သဘောပေါက်သူဖြစ်ပါတယ်။

ဒီပိုစ့်နဲ့တော့မဆိုင်ပေမဲ့တခုပြောချင်တာက ဒီနှစ်ဦးပိုင်းမှာအထက်က ကြွက်တွေ အများ ကြီးဆင်းလာတာကိုမှတ်မိကြဦးမှာပါ။ ဒါဟာဒီနှစ်ရေအရမ်းကြီးတဲ့အတိတ်နိမိတ်ဖြစ်နိုင်ပါတယ်။ ရေကြီ်းမှာကိုကြိုသိတဲ့ကြွက်တွေအသိုက်ပြောင်းခြင်းဟုထင်မြင်ပါကြောင်း ။

ဗုဒ္ဓဘာသာတရားတော်များ
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm

N+ 010812 အဘိဓမ္မာနှင့် သင်္ဂ ါယနာ အဆက်ဆက်
https://myanmargazette.net/142427/creative-writing

N+ 200712 မြတ်စွာဘုရား၏ကျေးဇူးတရား
https://myanmargazette.net/138909/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

N+ 250911 ဗုဒ္ဓတရား ကြောင်းကျိုး နှင့် ကောသလအိမ်မက် မိုးပြာ
https://myanmargazette.net/69826/creative-writing

N+050612 ဒါနဆိုတာသံသရာရှည်တယ်ဆိုတဲ့လူမိုက်များအတွက်
https://myanmargazette.net/127673/creative-writing

ဆြာအုပ် နှင့် ပေါ်ပြူလာမိုးပြာ(၃)
https://myanmargazette.net/146663/creative-writing/comment-page-1#comment-252839

အမြင့်တက် အမှည့်ရနိုးနိုး … (မိုးပြာ/ထေရဝါဒ)
https://myanmargazette.net/146805/creative-writing/comment-page-1#comment-252852

https://myanmargazette.net/90448/creative-writing
N+ 010112 ၂၀၁၂ ခုနှစ် နှုတ်ခွန်းဆက်

85 comments

  • nature

    September 2, 2012 at 4:29 pm

    …..ဘုရားရှိခိုးလို့.. ဖမ်းခံရတယ်နာမယ်ထွက်တာ.. ဆော်ဒီလို့ထင်တယ်(မသေချာ)
    အဲဒီနိုင်ငံနဲ့.. မြန်မာပြည်ကို.. တတန်းထဲထားပါကြောင်း…
    မြန်မာတွေမှာ.. ဘာသာရေးအရဘယ်လောက်ဖိနှိပ်ခံရသလည်းဆိုရင်.. ဗုဒ္ဓဘာသာဝင်ခြင်းတူတူကို.. ၂၀၀ရက.. အစိုးရက..ဘုန်းကြီးတွေကိုရိုက်တယ်..။ထောင်ချတယ်..။
    အတွေးအခေါ်မတူသူကို.. အာဏာစက်နဲ့ပေါင်းပြီး ထောင်ချတယ်..။ လူဝတ်အတင်းလဲခိုင်းတယ်..။
    တခြားဘာသာသာသနာဝင်တွေကိုမပြောသေး…
    ဗုဒ္ဓဘာသာချင်းအတူတူတောင်.. 🙄 ….

    အဲဒီအတွက်လည်းပိုစ့်တခုတင်ဖို့စိတ်ကူးထားပါတယ်။ လောလောဆယ်တော့မအားသေးလို့ပါ။

    • Foreign Resident

      September 4, 2012 at 1:21 pm

      ” ဘုရားရှိခိုးလို့.. ဖမ်းခံရတယ်နာမယ်ထွက်တာ.. ဆော်ဒီလို့ထင်တယ် ”

      ကို Nature ရေ ၊
      အဲဒီ သတင်းက အမှားကြီးလို့ ၊ အသိပေး ပါရစေကွယ် ၊
      စစချင်း ထွက်လာတာက ၊
      သီရိလင်္ကာသား တစ်ယောက် ဘုရားရုပ်ထု ကိုးကွယ်လို့ ၊
      မိသွားပြီး အဖမ်းခံရတယ် ကြားတာပေါ့လေ ။

      ဒါပေမယ့် ဆော်ဒီ အစိုးရ နှင့် သီရိလင်္ကာ အစိုးရ က ငြင်းပါတယ် ။
      ဒီလို အဖြစ်အပျက်မျိုး ဖြစ်ပျက်ခဲ့ခြင်း မရှိပါတဲ့ ။
      သေချာ သိချင်ရင်တော့ အောက်က Link မှာ ဆက်ဖတ်ပါကွယ် ။
      “http://www.nation.lk/edition/breaking-news/item/8099-lankan%E2%80%99s-arrest-nothing-to-do-with-idol-worship-embassy.html”

      အခုလို ထောက်ပြတဲ့အတွက် စိတ်မဆိုးပါနှင့် ကို Nature ရေ ။
      အရင် စပြောကတည်းက မှားနေမှန်း သိပေမယ့် မပြောမိခဲ့ဘူး ။
      နောက် Post တစ်ပုဒ် တင်မယ်ဆိုမှသာ ၊
      သတင်း အမှားကြီးကို အခြေခံပြီး ရေးမိမှာ စိုးလို့ပါ ။

      မြန်မာပြည်ထဲမလဲ သတင်းမှားတွေနှင့်ပဲ တဝဲလည်လည် ဖြစ်နေရတယ်ကွယ် ။
      အဓိက ကတော့ ၊
      ၁ ။ လူ များစု ခမျာ မအားလို့ စာဖတ်အားနည်းကြတယ် ။
      ၂ ။ Connection က စုတ်ပြတ်နေလို့ ၊ အင်တာနက်ကို မမွှေနိုင်ဘူး ။
      ၃ ။ အင်တာနက်မှာ မွှေရအောင်ကလည်း ၊ အင်္ဂလိပ်စာ အားနည်းပြန်တယ် ။

      အဘ ကိုယ်တိုင်လည်း ထူးခြားတာလေးတွေ တင်ပေးချင်သော်ငြားလည်း ၊
      စာ များများရိုက်ဖို့အတွက် ၊ မျက်စိက မကောင်းလို့ပါကွယ် ။

      အမှန်က ဆော်ဒီ ဥပဒေ အရ ၊
      ဘာသာခြား အထိမ်းအမှတ်တွေ ယူသွင်းခွင့် မပြုပါဘူး ။
      နောက်ပြီးတော့ မွတ်ဆလင်နိုင်ငံ တော်တော်များများမှာလည်း ၊
      မွတ်ဆလင် ဘာသာကနေ ဘာသာပြောင်းရင် သေဒါဏ် ၊
      မွတ်ဆလင် ဘာသာ အထိမ်းအမှတ်တွေကို စေါ်ကားရင် သေဒါဏ် ၊
      စသဖြင့် အစွန်းရောက်တဲ့ ဥပဒေတွေ ရှိတာ အမှန်ပါ ။

      ဒါပေမယ့် ၊ သူတို့ အစိုးရမင်းများ ခမျာလည်း ၊
      အခုလို ၂၁ ရာစု လူ့အခွင့်အရေးခေတ်ကြီးမှာ ၊
      သူတို့ ရဲ့ ၁၈ ရာစု ဘာသာရေး ဥပဒေများကို မသုံးရဲတာ တွေ့ရပါတယ် ။
      နောက်ဆုံးမတော့ တနည်းနည်းနှင့် ပြန်လွှတ်လိုက်တာ များပါတယ် ။

  • nature

    September 4, 2012 at 3:12 pm

    …..ဘာသာရေးကိစ္စရေးလို့ လာရောက်တရားစီရင်သလိုပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့ နဲနဲလေးများ အာဏာရှင်ဆန်နေသလားလို့ဗျာ…
    ဥပမာ-ဗုဒ္ဓဘာသာက ၅ပါးသီလမှာသူတပါးပစ္စည်းကိုမခိုးရဘူးလို့ဆုံးမထားပါတယ်။ သူများပစ္စည်းကိုမခိုးရင် ဥပဒေကြောင်းအရလည်း ဘာပုဒ်မနဲ့မှအရေးယူလို့မရပါဘူး။

    ဒါပေမဲ့ဆုံးမတဲ့ဘာသာက နိုင်ငံပိုင်ပစ္စည်းကို ခိုးလို့ရတယ်အပြစ်မဖြစ်ဘူးလို့်ဆုံးမရင် သူခိုးတွေရဲရဲတင်းတင်းခိုးတာတွေဖြစ်လာရင် ခိုးဖို့မြှောက်ပေးတဲ့ဘာသာကတော့ ကြံရာပါအားပေးအားမြှောက်မှုမြောက်ပါတယ်။

    ကျွန်တော့်ကြောင့်ရွာဆူရတယ်ဆိုရင်တော့တောင်းပန်ပါတယ်။ သူတို့ဖက်ကမဆူရင်ကျွန်တော့်ဘက်ကစဆူဖို့မရှိပါဘူး။ ကျွန်တော်ရေးတာက သူတို့ရေးတာကို Reply & answer လုပ်ရုံပါပဲ။ ထေရဝါဒဗုဒ္ဓဘာသာကိုစော်ကားလာမယ်ဆိုရင်တော့ လက်ပိုက်ကြည့်နေမှာမဟုတ်ပါဘူး။

    …အဲဒီတော့ စာရေးတဲ့လူကလဲ မိမိကိုးကွယ်ရာဘာသာမဟုတ်သော အခြားဘာသာများကို ဝေဖန်ခြင်း၊ အပြစ်ပြောခြင်းကို ရှောင်သင့်တယ်လို့မြင်ပါတယ်…
    ဒီစာကလေးက မိုးပြာကေ ထေရဝါဒကိုစတင်ဝေဖန်အပြစ်ပြောကတည်းက ရေးသင့်တယ်။ အခုမှရေးတယ်ဆိုတော့
    …..။

    အမှားကိုသိရင်အမှန်ကိုပြင်မှလူတော်လူကောင်းဖြစ်မှာပါ။ အမှားကိုသိလျှက်နဲ့မပြင်ပဲ ဆက်လက်ဆုတ်ကိုင်ထားရင်တော့ မိုက်မဲမှုတခုပါပဲ။ ဒါကြောင့်မြတ်စွာဘုရားက မင်္ဂလာသုတ်မှာ လူမိုက်ကိုပင်ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေဆိုတဲ့လူမိုက်တွေကိုအခုမှတွေ့ရသလိုဖြစ်နေတယ်။

    တခြားဘာသာမကောင်းကြောင်း မိုးမွှန်အောင်ပြောပြီး ကိုယ့်ဘာသာအတွက်လဲအကျိုးအောင် မစွမ်းဆောင်ဘူးဆိုရင်တော့ မိုးပြာဝါဒမကလို့ မိုးပြာဝါဒဘိုးအေးဖြစ်ဖြစ် မကယ်နိုင်တော့ပါဘူး ဗျာ…

    …အဲဒီတော့ စာရေးတဲ့လူကလဲ မိမိကိုးကွယ်ရာဘာသာမဟုတ်သော အခြားဘာသာများကို ဝေဖန်ခြင်း၊ အပြစ်ပြောခြင်းကို ရှောင်သင့်တယ်လို့မြင်ပါတယ်…

    ပိုင်ဆိုင်တယ်ဆိုတာကိုယ်ပိုင်တဲ့ပစ္စည်းကို ကိုယ်ကြိုက်သလိုလုပ်လို့စီမံခန့်ခွဲလို့ ရမှပိုင်ဆိုင်တယ်မည်ပါတယ်။ တခါတလေအမည်ခံပိုင်ဆိုင်မှုမျိုးလည်းရှိတတ်ပါတယ်။
    ဥပမာ -အုပ်ချုပ်သူအစိုးရသည် (တရားတာမတရားတာခဏထားပါ) တိုင်းပြည်ရဲ့တွကို တိုင်းပြည်အတွင်းမှာရှိတဲ့ ရေမြေတောတောင်သယံဇာတပစ္စည်းတွေအားလုံးဟာ အုပ်ချုပ်သူတွေရဲ့ အာဏာစက် ကိုအသုံးပြုပြီး စိတ်ကြိုက်စီမံခန့်ခွဲနိုင်တဲ့အတွက် ပိုင်ဆိုင်တယ်မည်ပါတယ်။

    ပြည်သူပိုင်ဆိုတဲ့နေရာမှာသော့ခတ်သိမ်းထားတဲ့ ပြည်သူပိုင်သိမ်းထားတဲ့အိမ်တလုံးကို ပြည်သူတယောက်က တက်နေရင် အဖမ်းခံရမှာပဲ။ ဒါပြည်သူအမည်ခံပြီးပိုင်ဆိုင်မှုဖြစ်လို့ဖြစ်ပါတယ်။ ဒါကလည်းပြည်သူပိုင်အမည်ပေးထားတဲ့နိုင်ငံတော်ပိုင်ပဲဖြစ်ပါတယ်။

    ပိုင်ရှင်ရှိတဲ့ပစ္စည်းကိုပိုင်ရှင်မသိအောင်ယူရင်ခိုးမှုမြောက်ပါတယ်။ ခိုးမှုမြောက်တာကိုအပြစ်မရှိဘူးဆိုပြီးမြှောက်ပေးရင်ကြံရာပါ အားပေးအားမြှောက်မှုမြောက်ပါတယ်။

    ရေတွေကပိုင်ပေမဲ့ အစိုးရကမသုံးရလို့ အမိန့်ထုတ်တားတဲ့ ကန်ကို သွားသုံးရင်တော့ အဖမ်းခံရမှာပေါ့။ အသုံးပြုခွင့်ပေးထားတဲ့ ရေကိုသုံးရင်တော့ ခိုးမှုဘယ်မြောက်မလဲ။ သစ်တောကြိုးဝိုင်းဆိုပြီးအစိုးရကသတ်မှတ်ပေးတဲ့နေရာမှာသစ်ကိုခိုးယူသူသာလျှင်ခိုးမှုမြောက်ပြီး မျှစ်ကိုမယူရလို့ ကန့်သတ်မထားတဲ့အတွက်ခိုးမှုမမြောက်ပါ။ ဉာဏ်ရည်မမှီလို့
    နားမလည်တာရှိရင်မေးနိုင်ပါတယ်။

    စကားကိုကပ်ပြောရရင်တော့ အစိုးရကအကယ်၍သာ မှိုမျှစ်မခူးရလို့ အမိန့်ထုတ်ခဲ့ရင်လည်း ခူးတဲ့သူတွေ ကိုဖမ်းလို့ရတယ်။ ဒါမျိုးအမိန့်ကလည်းထုတ်မှာမဟုတ်ပါ။ ဒီလိုအမိန့်မရှိတဲ့အတွက် ခွင့်ပြုတဲ့သဘောဖြစ်ပါတယ်။

  • Mobile

    December 13, 2012 at 11:25 pm

    အပေါ်မှာ ကွန်မန်းက ၈ဝ လို့ပြထားပြီး ဒီမှာသုံးခုပဲတွေ့တယ်
    ဆင်ဆာဖြတ်ထားတယ်နဲ့တူတယ်။

  • Mike

    July 4, 2015 at 3:47 pm

    .ဖတ်လို့ကောင်းသဗျာ..ကွန်မန့်တွေပြောပါတယ်..ဖတ်ပီးသားပေမဲ့ပြန်ဖတ်ရတော့လည်းအရသာရှိသား

Leave a Reply