ယနေ့လူငယ်…………နောင်ဝယ်လူကြီး

အခုတလော မရေရာတဲ့ ကိုယ့်အနာဂတ်အတွက် မျက်စိမှိတ်စဉ်းစားတိုင်း အိပ်မပျော်တဲ့ရက်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ အတွေး တွေနဲ့ဘဲ ကျော်ဖြတ်နေရတယ်။ ဒါပေမယ့် ကိုယ်လိုသူလို လူတန်းစားတွမှာတောင် ခံစားနေရတယ်ဆိုရင် ကျန်တဲ့ကိုယ့်ထက်ဆိုးတဲ့ လူငယ်တွေရဲ့အနာဂတ်ဟာ လှပနိုင်ပါ့မလား။

ကိုယ်လုပ်မှ ကိုယ်ရ ဆိုတဲ့ လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ဘဝမှာ လူငယ်တစ်ယောက် အနေနဲ့ ဘာလုပ်သင့်သလဲဆိုတဲ့ အဆင်မပြေမှုတစ်ချို့နှင့်အတူ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း နာကြည်းချက်(သို့) စိတ်၏ဖြေရာ အဖြစ်စိတ်နာစရာတွေကို စာလုံးတွေအဖြစ်ပြောင်းလို့ ကွန်ပျူတာ စာမျက်နှာထက်က စာလုံးတွေ အဖြစ် ပြောင်းလဲ ခဲ့ရတဲ့ နေ့တွေလည်း တဖြည်းဖြည်းနဲ့အသားကျလာခဲ့တယ်။

ဒါပေမယ့် ဒီလိုခံစားနေရာတာဟာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး၊ တစ်ခြား ကျွန်တော့် လိုလူငယ်တွေမှာရော ဒီလိုဘဲ ခံစား ရမှာပါလေ၊ ဒါဆို သူတို့ဟာ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေ ကို ဘယ်လိုကျော်ဖြတ်ကြသလဲ၊ သူတို့ဘယ်လိုရင်ဆိုင်ကြသလဲ၊ သူတို့လည်း ကိုယ့်လိုဘဲ ကြိုးစားပြီး ဖြေရှင်းလို့အဆင်ပြေမှာ ပါလို့တွးမိတဲ့အခါ မှသာ ရင်ထဲမှာ မောနေတဲ့ အမေတစ်ချို့ဟာ သက်သာ သွားခဲ့ရတယ်။

မယုံကြည်လျှင် မခံစားရလျှင် စာတစ်ကြောင်းြ ဖစ်လာဖို့ဆိုတာခဲယဉ်းတော့ ကျွန်တော့် ရဲ့ယုံကြည်ချက် ခံယူချက်တွေဟာ ရောင်ပြန်ဟပ်မှုအဖြစ် တုန့်ပြန်လိမ့်မယ်လို့ ယုံကြည်မိတယ်။ ကျွန်တော်တို့လူငယ်ဆိုတာ ဘယ်နေရာမဆို သွက်သွက်လက်လက် ထက်ထက်မြက်မြက်နဲ့လုပ်နေရပေမယ့်လည်း အထက် လူကြီးရဲ့ ညွှန်ကြား ချက်ကို မနာခံလို့မရတဲ့ အနေအထားတစ်ချို့မှာ လူငယ်နဲ့လူကြီးကြား ကွာဟတဲ့အမြင် တွေကြောင့် တစ်ချို့ကိစ္စတွေဟာ ထင်ထားသလို ပန်းခင်းတဲ့ လမ်းတော့ ဖြစ်မလာခဲ့ဘူး။ လူငယ်ပီသစွာ အပြောကိုထိုင် ပြောနေရတာထက် အလုပ်ပြေးလုပ်ချင်တဲ့စိတ်နဲ့ လူကြီးတွေရဲ့အရာ ရာကို ရှေ့နောက်ဆ င်ခြင်ပြီး တွေးတောလို့အချိန်ကြာ နေတာတွေကိုက စပြီး ကွဲပြားခဲ့တယ်ထင်ပါရဲ့။ လူငယ်ဆိုတာ အမှန်တရားကိုကြိုက်နှစ်သက်တယ်။

အမှန်တရားကိုလည်း ချစ်မြတ်နိုးကြသလို လက်ခံဖို့လည်း အဆင့်သင့်ဖြစ်နေကြပြီး တရားခြင်း မတရားခြင်းကိုလည်း သိတာနဲ့ပြတ်ပြတ်သားသား ဆုံးဖြတ်ရဲတဲ့သတိ္တရှိကြပေမယ့် လူကြီးဖြစ်သွားတဲ့အခါ စဉ်းစားသုံးသပ် ပြီး တွေးရတာကများသွားလို့လားမသိပါဘူး အဲ့အပိုင်းတွေမှာ လျော့ပါးသွားကြတယ်။

လူကြီးတွေအနေနဲ့ ကိုယ့်တပည့်ဖြစ်တဲ့လူငယ်တွေကိုနေရာပေးပြီး ရဲရဲဝံ့ဝံ့ပွဲထုတ်ချင်တဲ့စိတ်ဆန္ဒသိပ်မရှိကြသလို တိုးတက် သွားမှာကိုဘဲ မလိုလားတာလား ဒါမှမဟုတ် ထမ်းပိုးကောင်းတဲ့နွားလိုဘဲ ခိုင်းကောင်းတဲ့နွားမို့ လက်မလွှတ်ချင်တဲ့သဘော လားဆိုတာတော့ သူတို့ကိုယ်တိုင်မှသိမယ်ထင်တယ်။ ဒီလိုနေရာမှာ စာရေးဆရာကြီး လူထုဦးစိန်ဝင်းရေးတဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတဲ့

“ကိုယ်ကျင့်တရား” နဲ့

“ရဲရင့်ခြင်း”ဆိုတဲ့ ကမ်းပါးနှစ်ဖက်ကြားက

အမှန်တရား ဆိုတဲ့

ပင်လယ်ဆီကို စီးဆင်းနေတဲ့

မြစ်တွေက ကောက်ကွေ့တယ်လို့

ကျွန်တော်မယုံပါဘူး။

မြားတစ်စင်းလို ဖြောင့်စင်းရမယ်လို့

ကျွန်တော်က တွေးတယ်လေ။

အဲ့ဒီ မြားတွေဟာ လူငယ်တွေပါဘဲ

ဆိုတဲ့ စာလေးကို သတိရတဲ့အချိန်မှာ နောက်ထပ် ဆရာကြီးရဲ့ လူငယ်တွေအပေါ်မှာထားတဲ့ မျှော်လင့်ချက်ဟာလည်း ဘယ်လောက်ကြီးလဲဆိုတော့

သမိုင်း လူငယ်သွေးသစ်

ရေကြည်ဖြစ်လျှင်

ဧရာဝတီ မြန်မာပြည်တည့်

ရေကြည်လှိုင်းသစ် တိုက်စားရစ်

ခေတ်ကမ်းပါးကို ထုဆစ်စေ ဆိုတဲ့

ကဗျာကိုဖတ်မိတိုင်း လူငယ်တွေရဲ့တန်ဖိုးဟာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမယ့်အနာဂတ်အတွက် အဖိုးတန်ရတနာလေးတွေပါဘဲ။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသလို လူငယ် တွေရဲ့လုပ်အား၊ လူငယ်တွေရဲ့ စိတ်ဓာတ် ဒါတွေဟာ တိုင်းပြည်တစ်ပြည်ရဲ့သွေးသစ်ဆိုတာ သူတို့ သတိထားမိကြပါစေဟုသာ….ဆုတောင်းလျက်

 

ဦးဗိုလ်သိန်း

6 comments

  • pazflor

    August 31, 2012 at 12:53 am

    လူကြီးနဲ့လူငယ် နှစ်ဘက်လုံး ပြိုင်တူရုန်းကြမှဘဲ ဖြစ်မှာပါခင်ဗျာ။

  • ကို ခင်ခ

    August 31, 2012 at 11:55 am

    ဇွန်ပန်းရုံအနီး၌ လှည်းဘီးကျွံနေသည်၊
    ကူ၍တွန်းပေးကြပါ။
    လေးလွန်း၍ မတွန်းနိုင်ဘူးလား၊
    ပြိုင်တူတွန်းလျှင် ရွှေ့နိုင်ပါသည်။
    ( ငယ်ငယ်က ဆိုခဲ့ဖူးတဲ့ကဗျာလေးပါ။)
    ဦးဗိုလ်သိန်းရေ အဲဒီကဗျာလေးလိုပါဘဲ လူကြီး၊ လူငယ် ဘက်မျှညီစွာ လုပ်သွားကြမယ်ဆိုရင်ဖြင့် —-။

  • ဦး ဗိုလ်သိန်း

    August 31, 2012 at 4:31 pm

    ဟုတ်ကဲ့ဗျ လူကြီးနှင့်လူငယ် အတွဲညီညီနဲ့ နားလည်မှုရှိမယ်ဆိုရင် အောင်မြင်မှုတွေရမှာမလွဲပါဘဲဗျာ

  • လေပြေ ရိုင်း

    September 1, 2012 at 1:24 pm

    လူငယ် အမြဲတမ်း လမ်းတွေပျောက်.. လမ်းတွေပျောက်…
    လူကြီး အမြဲတမ်း အမှားတွေလုပ်.. အမှားတွေလုပ်..
    ထို့ကြောင့် ..
    လူငယ် … လမ်းကို ဖြောင့် လမ်းကိုဖြောင့်..
    လူကြီး … ခေါင်းအေးအေးထား အေးအေးထား

    (လူကြီးတွေရဲ့ ဉာဏ်ကြီးစွာ ခေါင်းအေးစွာ စဉ်းစားမှု နောက်မှ လူငယ်တွေ
    ဖြောင့်တန်းအောင် ဇွဲနပန်းကြီးစွာ ဖောက်လုပ် ဖော်ဆောင် လောကကို ဖြတ်သန်း
    သယ်ဆောင် အကျိုးပြုပုံဖောင်နိုင်ကြပါစေ..)

  • moonpoem

    September 1, 2012 at 1:44 pm

    ဟုတ်တယ် ဦးဗိုလ်သိန်းဆိုသလိုပဲ တခါတလေကျရင် သူတို့တွေ ဆုံးဖြတ်ချက်က တော်တော်နဲ ့မကျ။ ကျွန်မတို ့လူငယ်တွေက
    တုံးတိုက်တိုက် ကျားကိုက်ကိုက် ပြေးလုပ်ချင်တာ။ ညှိနှိုင်းရခက်တာတွေ အတွေးအခေါ်မတူတာတွေ မကြာခဏ ဖြစ်ပါတယ်။

  • Mobile

    December 13, 2012 at 11:31 pm

    လူငယ်နဲ့လူကြီးမှာ လူကြီးဟာ ကျလူဖြစ်ပြီး လူငယ်ဟာ တက်လူဖြစ်တဲ့အတွက်
    လူငယ်ကို ဦးစားပေးပြီး လူငယ်ကလဲ လူကြီးကို လေးစားရမှာဖြစ်ပါကြောင်းးးးးးးးးး

Leave a Reply