ရန်ကုန်-ဒလကြိုးတံတား၊လှိုင်မြစ်ကူးတံတား၊ဝါးတစ်ရာတံတားတို့ကိုတည်ဆောက်သွားမည်ဟုဆို

ကို သာAugust 31, 20121min736

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်- ဒလ ကြိုးတံတားကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တွင် ကျင်းပခဲ့သော လမ်းပန်း ဆက်သွယ်ရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိ ရသည်။
ရန်ကုန်-ဒလကြိုးတံတားမှာ ခန့်မှန်းပေ(၂၇၀၀)ရှည်လျားမည် ဖြစ်ပြီး၊ကြိုးတံတားတည်ဆောက် ပြီးစီးသွားပါက ရန်ကုန်မြို့နှင့် ဒလ မြို့တို့ကို အချိန်တိုတောင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။
နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည် ဆောက်သွားမည့် တံတားများမှာ ရန်ကုန်-ဒလကြိုးတံတားအပါ အဝင်၊ခန့်မှန်းပေအရှည်(၁၉၇၀) ရှိ လှိုင်မြစ်ကူးတံတား၊ပေအရှည် (၉၀၀)ရှိ ဝါးတစ်ရာတံတားတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
ငမိုးရိပ်ချောင်းကိုဖြတ်ကျော် ၍ ပုဇွန်တော်မြို့နယ်နှင့်ဒေါပုံ မြို့ နယ်တို့ကိုဆက်သွယ်ဖောက်လုပ် ထားသည့် သာကေတသံပေါင် တံတားအစား တံတားတစ်စင်းကို သာကေတမြို့နယ် သုမနလမ်းမ ကြီးနှင့်ဇင်္ဂမလမ်းမကြီးတို့အကြား ၌ အူလမ်းကြောင်းအဖြစ်လျာ ထားဆောက်လုပ်သွားမည်ဖြစ် ကြောင်းလည်း သိရှိရသည်။
လေးလအတွင်းအပြီးဆောက်မည်၊တစ်နှစ်အတွင်းတော့ပြီးပါမည် စသည်ဖြင့်မကြာခဏပြောကြားပြီး ယနေ.တိုင် မြေပြင်အထက်သို.တက်လာသေးခြင်းမရှိသေး
သည့်ဆောက်လက်စ မြို.တွင်းတံတာမျး၏အခြေအနေကြောင့် ယခုစီမံကိန်းတံတားများမှာ အချိန်ပြောရန် စောသေးသည်ဟုယူဆရပါသည်။
ပြည်သူများအကြားတွင် ခန်.မှန်းကာလကို နတ်သက်နှင့်ပြောသည်ဟုဟာသနှောသံများကြားနေရပါသည်။

6 comments

  • ဂန္ဓာရီ ဆြာအုပ်

    August 31, 2012 at 12:54 pm

    နတ်သက်နှင့်ပြောတယ်တဲ့ ဟီဟိ
    မှတ်ထားလိုက်ပြီဗျို့

  • မွန်မွန်

    August 31, 2012 at 1:13 pm

    ဆောက်ပေမှပဲ… အဲဒီဇက်ကို ကူးဖို့က တော်တော်အချိန်ပေးရတယ်… ကားစီးရမှာက ၂ နာရီလောက်ပဲ… အိ်မ်ကနေ ကြိုထွက်၊ ဇက်ကိုစောင့်၊ ဟိုဘက်ကမ်းကိုကူး၊ ကားမထွက်သေးလို့ ပြန်စောင့် နဲ့က အနည်းဆုံး နောက် ၂ နာရီလောက် ထပ်စောပြီး ထွက်ရတယ်။

    ဒါပေမယ့် အဲဒီ ပန်းဆိုးတန်း – ဒလ ဇက်သင်္ဘောက ဝင်ငွေကို သန်းနဲ့ချီပြီး ရှာပေးနေတာ… 🙂

  • ဟိန်း ဝင်း (ထားဝယ်သား)

    August 31, 2012 at 1:15 pm

    ဒါရိုက်တာ မောင်မျိုးမင်းက ပြောပါတယ် …. ဆောက်တုံး တဲ့ …. အဟီး … 😛

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    August 31, 2012 at 1:50 pm

    လာမည် ကြာမည် မျှော် ရ လ တ္တံ
    မျှော်တော်ဇောနဲ့ မောရှာကြသည့်သူများ များ လ တ္တံ ။

  • Guest

    September 1, 2012 at 8:08 pm

    ပြောကြပြန်ပြီ.. ဆောက်ဖြစ်မှ ကျောင်းဒကာပါ။ ဒီသတင်းသာ ပြန့်သွားရင် ဟိုဖက်ကမ်းက အိမ်ဈေးမြေဈေးတွေ ဘုမသိဘမသိ တက်လာတာကိုတော့ ကြားရအုံးတော့မှာပ။

  • Mobile

    December 13, 2012 at 7:28 pm

    ဆောက်ပြီးမှပဲ သွားကြည့်လိုက်ဦးမယ်

Leave a Reply