***ကန​ ္တာရ ကိုမွေးမြူခြင်း***

maung khinminAugust 31, 20121min803

ကန ္တာ ရ  ကိုမွေးမြူခြင်း

အလင်း မှန်း   အပူ မှန်းမသိ
ဇွတ်ဝင်တိုး ကြည့်ချင် တဲ့  …
ပိုးဖလံ ဟာ ……” ငါ’ ”

(မဟုတ်သေး ဘူး….)
မမြင်ပဲ ကန်းခဲ့တဲ့ … ဒီ ရင်ဘတ်
တစ်ခြမ်း လုံးပေါ့ ……

ရင်ခုန်သံ ရဲ့
စုံလုံးကန်း  သံယောဇဉ် ကိုယ်၌က
ခေါင်းဝင်ကိုယ်ဆံ့  ထဲထဲဝင်ဝင်
နှလုံးသား ကို  ……
အလိုလိုက် ချင်မိပေါ့ …….

အဲဒီက … စ
ဆပ်ပြာပူပေါင်း  မျှော်လင့်ခြင်းတွေ ရခဲ့တာ …..
ချစ်ခြင်း အနုပညာ ဟာ
အမှည့်လွန် သစ်သီးတစ်လုံး ဖြစ်ခဲ့တယ် ….၊

ငါ့  ရင်ထဲက  …..
ဥယျာဉ်မြေ မှာ  မဝင့်ချင်တဲ့
နှင်းဆီမလေး ကဖြင့်
သူမရဲ့ … ငံ့လင့်မှု ကောင်းကင်ကို
မော့မော့ ကြည့်လို ့လေ ….

ရင်ထဲ  နင့်နေအောင်
တစ်ဆစ်ဆစ်  တစ်ဖျစ်ဖျစ် နဲ ့….. ကောင်ပါ
အဲဒီ ကောင်းကင် မှာ
အဲဒီ … ဆုံးရှုံးခြင်း  အသိ
ပြီးတော့ ……………….
ဒဏ်ရာ ကြယ် အနက်ထည်တွေ …
သိပ်သိပ် သည်းသည်း ကြွေပြကြ
နှင်းဆီမလေး  ရေ ….
အဲလို  …..
ကန ္တာရလို အပူထဲမှာ
တံလျှပ် ကို ရေထင် ပြီး …..
” အိုအေစစ် ”  … မရှိတဲ့
ချစ်ခြင်းတရား းးးးးးးးးးးး နဲ ့အတူ
ရင်ခုန်သံ …ဟာ
သွေးခုန်နှုန်း တွေ    နှေးကွေးလို ့…။။။

မောင်ခင်မင်(ကျွန်းချောင်း)

၃၁.၈.၂၀၁၂

3 comments

  • Tun Tun Naing

    August 31, 2012 at 11:23 am

    အစ်ကို ရေ ကျွန်တော်က..အဲ့ဒီ့လို ကဗျာမျိုးကို ဖတ်ရတာသဘောကျပါတယ်ခင်ဗျ…
    တစ်ခါတစ်ခါလည်းရေးမိတယ်ခင်ဗျ…
    နောက်လည်းရေးပေးပါဦးခင်ဗျ…
    နောက်လည်းဖတ်ပါဦးမယ်ခင်ဗျ…

    • Mobile

      December 13, 2012 at 7:31 pm

      ကန ္တာရလို အပူထဲမှာ
      တံလျှပ် ကို ရေထင် ပြီး …..
      ” အိုအေစစ် “ … မရှိတဲ့
      ချစ်ခြင်းတရား းးးးးးးးးးးး နဲ ့အတူ
      အဲ့ဒီစာသားလေးတွေ ကြိုတ်သဗျို့

  • မောင်ပေ

    August 31, 2012 at 9:26 pm

    ကန​ ္တာရ
    အမှန်မှာမလှ
    ကြံကွာည
    ဖန်တစ်ခါပြ
    ဆန်ပါမှ
    မန်ငါဝ (မန်= မန်မန်)

Leave a Reply