စီးပွားရေး နဲ့ ကိုယ်ရည် ကိုယ်သွေး တိုးတက်ရေး

manawphyulayAugust 31, 20121min1024

စီးပွါးရေး နဲ့ ကိုယ်ရည် ကိုယ်သွေး တိုးတက်ရေး ဟောပြောပွဲ
လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ….
2.9.2012 (Sunday) မှာ ကုန်သည်ကြီးများအသင်း UMFCCI
(မင်းရဲ ကျော်စွာ လမ်း ) မှာ ဟောပြောသူ ၃ ဦး ဆီ က ဆွေးနွေးချက်တွေကို
စိတ်ဝင်စားဖွယ် လေ့လာရနိုင်မှာပါ …
Mr.Ryan (Opportunities Now, American Entrepreneur and Business consultant ) က စွန့်ဦးတီထွင် လုပ်ငန်း တစ်ခု ဘယ်လို စတင်မလဲ …

မ တင်မိုးလွင် ( Model Agency ) က ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေးနဲ့ Presentation Skills အကြောင်း…

ကို အောင်မျိုးပိုင် က လူမှူ ကွန်ရက် နဲ့ စီးပွါးလုပ်ငန်း အကြောင်း…
စတာတွေကို နေ့လည် ၁၂ က နေ ၆း၃ဝ အထိ ဟောပြောဆွေးနွေးသွားမှာပါ …
တတ်ရောက်လိုသူများ ဝ၉ ၄၃၁၁ ၅၂၀၂ (ကိုမျိုးဇင်) သို့ ကြိုတင် စာရင်း ပေးသွင်းပေးပါ …
( Ticket (for coffee brake) က ကုန်တောင် ကုန်သွားပြီ ကြားပါတယ်…
တကယ် လာရောက် နားထောင်ရန် စိတ်ဝင်စားရင်
စာရင်း ပေးသွင်းပေးပါ …
ကျွန်တော်တို့ လူမှန်းလို့ ရအောင်လို့ပါ… )
၀၉ ၄၃၁၁ ၅၂၀၂ (ကိုမျိုးဇင်)

4 comments

  • Kim Kumuddra

    August 31, 2012 at 1:04 pm

    မျှဝေပေးလို့ အရမ်းကျေးဇူးတင်ပါတယ် မမ

    မမလည်း ရွှင်လန်းချမ်းမြေ့ပါစေနော်.

  • etone

    August 31, 2012 at 1:14 pm

    ကိုယ်ရည်ကိုယ်သွေးဆိုတာမျိုးကလေ …. သူများက သင်ပေးလို့ တက်လာတာထက် … ကိုယ့်ပင်ကိုယ်အရည်ချင်း ကိုယ်တိုင်သိမှ .. ကောင်းကောင်း အသုံးချနိုင်တာမျိုးလို့ မြင်မိပါတယ် ။

    မော်ဒယ်လ်လောကက နာမည်ကြီး မိခင်ကြီးတို့ …. ဖခင်ကြီးတို့ရဲ့ …. အာဘော်ဆိုတာ ..အာဘော်ပဲဖြစ်ပါတယ် ။ လူရှေ့မှာတော့ Talent ဘယ်လို ဖြစ်အောင် နေရမယ်ဆိုတာမျိုး … ကြားကောင်းအောင်ပြောပေမယ့် ၊ အချင်းချင်းကြားမှာတော့ .. မိုးမွှန်နေအောင် မြိန်ရည်ယှက်ရည်ဆဲပြနေတဲ့လူမျိုးဆီက … ဘယ်လို အထင်ကြီးစိတ်၊ နာယူလိုစိတ်တွေနဲ့ သင်ယူရနိုင်ပါလိမ့် … ။ စကားပြောကောင်းလျှင် နားထောင်လို့ကောင်းတယ် … နားထောင်နေရင်းနဲ့တော့ နေ့ချင်း ညချင်း အရည်ချင်းတွေ တက်လာတော့မလိုလို …. စိတ်အားထက်သန်မှုတွေ ဖြစ်စေတယ် … ဒါပေသိ ၊ ကိုယ်တိုင်က ကိုယ့်ကိုယ့်ကိုထက်အောင် မသွေးတတ်ဘူးဆိုလျှင် … ဟောပြောပွဲ ဘယ်နှစ်ခု တက်တက် … ဒုံရင်းက ဒုံရင်းပါပဲ ။

    အန်းနီဝေး .. သတင်းပေးတဲ့ အစ်မမနောရေ ကျေးဇူးပါနော် ။ 🙂

  • ခပ်မိုက်မိုက် ကောင်မလေး

    August 31, 2012 at 1:27 pm

    စီးပွားရေးနဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး ဆိုလို့…
    စိတ်ဝင်စားသွားတယ် အခုလိုဖိတ်ခေါ်တာ ကျေးဇူးတင်ပါတယ်…
    မိုက်လေး တို့အတွက်တော့ အလှမ်းဝေးပါတယ်…။

  • sue khat nyo

    August 31, 2012 at 2:06 pm

    ကြိုက်တယ်နောက်လည်းခုလိုမျှဝေပေးပါအုံးနော်……

Leave a Reply