“မန္တလေးကိုလာမယ်ဆိုရင် ဒီနေရာတွေကိုသွားလို့ရတယ်”

1 မန်းလေးမြို့ရဲ့ ထင်ရှားတဲ့အမှတ်အသား ဓါတ်တော်တိုက်
အဝေးကနေလှမ်းမြင်နေရပါတယ်။
2 မန်းလေးတောင်အတက်လမ်းက အချိုးအစားကျနတဲ့ခြင်္သေံကြီးနှစ်ကောင်
3 ရင်သားဖြတ်၍ လှူဒါန်းခဲ့သော စန္ဒမုခိ ဘီလူးမ နှင့်သားသမီးတစ်စု
4 မန်းလေးတောင်မြွေကြီးနှစ်ကောင်သွားကြည့်ရအောင်
5မန်းလေးတောင်ပေါ်မှဖူးမြင်ရသော ကုသိုလ်တော်နှင့်စန္ဒာမုနိ
6 အရှေ့ဘက်ကဖူးမြင်ရတဲ့စန္ဒာမုနိ
7 ကမ္ဘာ့အကြီးဆုံးစာအုပ်များသိမ်းဆည်းထားရာ ကုသိုလ်တော်ဘုရားမှကျောက်စာတိုက်များ
8မဟာလောက မာရဇိန်ကျောက်တော်ကြီး
9 ပြန်လည်တည်ဆောက်ထားသော မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်
10 ရွှေကျောင်းကြီးရှေးမူမပျက်

(1)   မဟာမုနိရုပ်ရှင်တော်

 

ရခိုင်ပြည်မှပင့်ဆောင်လာသောဘုရားဖြစ်ပြီး မန်းလေးမြို့တောင်ပြင်ရှမ်းပွဲရပ်တွင်တည်ရှိပါသည်။

၄၅လမ်း ၈၁လမ်းနှင့်၈၄လမ်းကြားတွင်တည်ရှိပါသည်။

မဟာမြတ်မုနိ(သို့မဟုတ်)ဘုရားကြီး ဟု ခေါ်တွင်ပါသည်။

ဘုရားအတွင်းတွင် ရခိုင်ပြည်မှသယ်ဆောင်လာသော ကြေးရုပ်ကြီးများမှာထင်ရှားပါသည်။

ယုံကြည်တတ်သူများက ကြေးရုပ်ကြီးများ ၏ခန္ဓာကိုယ်အစိပ်အပိုင်းများကိုလက်ဖြင့်ပွတ်သပ ်၍

မနာမကျင်စေဘို့ ဆုတောင်းတတ်ကြပါသည်။

၎င်းကြေးရုပ်ကြီးများအနီးတွင် ကြီးမားသောကြေးစည်နှင့် ကြေးမောင်းကြီးကို တွေ့နိုင်ပါသည်။

ဘုရား၏တောင်ဘက်တွင် အာနန္ဒာဘုရားကို ဝင်ရောက်ဖူးမျော်နိုင်ပါသေးသည်။

နံနက်လေးနာရီမထိုးမီတွင် နရည်းရေကင်းတီးလုံးများဖြင့် မျက်နှာသစ်တော်ရေဆက်ကပ်၍ သက်ရှိတစ်ဦးကဲ့သို့ မျက်နှသစ်တော်မူ ခြင်းသည်ထူးခြားထင်ရှားပါသည်။

မြို့ခံများနှင့် ဧည့်သည်တော်များသည် ၎င်းအချိန်မီအောင်သွားရောက်ကုသိုလ်ယူလေ့ရှိကြပါသည်။

ဘုရားကြီးမြောက်စောင်းတန်း၏ အရှေ့ဘက်ခြမ်းတွင်နံနက်မျက်နှာသစ်တော်ရေဆက်ကပ်ချိန်တွင်

အသုံးပြုရန်အတွက်သနပ်ခါးများ သွေးသော ကျောက်ပြင်ကြီးများ ထားရှိပါသည်။

ဘုရားဖူးလာသူများသည် သနပ်ခါးများကို ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်သွေး၍ ကုသို်လ်ယူနိုင်ပါသည်။

(အကယ်၍ မျက်သစ်တော်ရေဆက်သချိန်အမှီအရောက်သွားလိုပါက 78လမ်းတွင်ရှိ ဂရိတ်ဝေါလ်ဟိုတယ်တွင်တည်းမည်ဆိုပါလျှင် တောင်ဘက်သို့ (၂)ပြခန့် လမ်းလျောက်သွားရုံဖြင့် ဘုရားကြီးသို့ရောက်နိုင်ပါသည်။)

(2)   မန်းလေးမြို့၏မြောက်ဘက် ဥပုဒ်တော်ရပ်ကွက်တွင် မန္တလေးတောင်တော်တည်ရှိပါသည်.။

မန်းလေးမြို့၏သင်္ကေတတစ်ခုဖြစ်ပါသည်။

မန်းလေးတောင်ပေါ်တွင် အချိုးအစားကျနသော မြွေကြီးနှစ်ကောင်ရုပ်ထုရှိပါသည်။

“မန်းလေးတောင် မြွေကြီးနှစ်ကောင် သွားကြည့်ရအောင်” ဆိုသောစာသားလေးသည်

မန်းလေးတောင်ကို သွားအောင်ဆွဲဆောင်သောသီချင်းလေးဖြစ်ပါသည်။

ရသေ့ကြီးဦးခန္တီ၏ ကြိုးပမ်းအားထုတ်မူ့ကြောင့် ပိုမိုစည်ပင်လာခြင်းဖြစ်ပါသည်။

မန်းလေးတောင်ပေါ်သို့ တက်သောကားလမ်းပေါက်သောကြောင့်တောင်ပေါ်သို့လွယ်ကူစွာ

တက်ရောက်ဖူးမျှော်နိုင်ပါသည။်

မန်းလေးတောင်ကား အတက်လမ်းအစတွင် ကုသိန္နာရုံ အင်ကြင်းတောဘုရားကို ဝင်ရောက်ဖူးမျှော်နိုင်ပါသည်။

 

အကယ်၍စောင်းတန်းမှနေ၍လမ်းလျောက်တက်မည်ဆိုပါကလည်း ရနိုင်ပါသည်။

စောင်းတန်းမှလမ်းလျောက်တက်မည်ဆိုပါက “ခြေရာတော်”” ဗျာဒိတ်ပေး””အလယ်ပစ္စယံ”စိုင်တမော့ “

တို့ကို အစဉ်အတိုင်းရောက်ရှိသွားမည်ဖြစ်ပြီး အထက်ပစ္စယံမရောက်မီလမ်းတွင် ဘုရားဖြစ်စဉ်

ကိုဖော်ပြထားသောရုပ်ထုများနှင့်ကျန်စစ်သား၏လှံရာများကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

မန်းလေးတောင်အပေါ်ဆုံးပစ္စယံမှနေ၍မန်းလေးမြို့ကြီးကို လေးဘက်လေးတန်မှ စီးမိုးကြည့်နိုင်ပါသည်။

အရှေ့ဘက်ရှမ်းရိုးမအလှ ၊အနောက်ဘက် ဧရာဝတီမြစ်မင်း(နေသာ၍ကြည်လင်သောနေများတွင်

မင်းကွန်းဒေသရှိ ပုထိုးတော်ကြီးကိုပင် ခပ်ရေးရေးလေးမြင်တွေ့နိုင်ပါသည်)နိုင်ငံခြားသားအများစုကမူ ညနေခင်းနေဝင်ချိန်ကို ဘုရားရင်ပြင်တော်ပေါ်မှနေ၍တက်ရောက်ရူ့စားတတ်ကြပါသည်။

မန်းလေးတောင်အဆင်းလမ်းတွင် ညောင်မြစ်ကြီးတစ်ခု မှထုလုပ်ထားသော ဆင်းတုတော်တစ်ဆူကို

ဖူးမျှော်နိုင်ပါသည်။

မန်းလေးတောင်ခြေတွင် မန်းလေးဘိုးဘိုးကြီးနတ်နန်းရှိပါသည်။

မန်းလေးမြို့တွင်နေထိုင်သောသူများအနက်ယုံကြည်သောသူများသည်ရှင်ပြုမင်္ဂလာလုပ်သောအခါတွင်

ဖြစ်စေ၊ကား၊ဆိုင်ကယ်အစရှိသောစက်တပ်ယာဉ်များဝယ်ယူပြီးသည်ဖြစ်စေ ဘိုးဘိုးကြီးနန်းသို့

လာရောက်၍နတ်ပြလေ့ရှိပါသည်။

 

မန္တလေးတောင်ခြေတွင်ရှိသော အောက်ပါနေရာများသို့လည်း သွားရောက်လည်ပါတ်နို်င်ပါသေးသည်။

(က) စကျင်ကျောက်တစ်လုံးထဲထုဆစ်ထားသော မဟာလောကမာရဇိန် (ကျောက်တော်ကြီးဘုရား)

ကိုဝင်ရောက်ဖူးမျှော်နိုင်ပါသည်။

ကြီးမား၍အချိုးအစားကျနသော ကျောက်ဆင်းတုဘုရားကြီးဖြစ်ပါသည်။

မန်းတောင်ခြေအနီးတစ်ဝိုက်တွင်ရှိသောရှေးက ဓမ္မသဘင်ဆင်ယင်ကျင်းပခဲ့သော

သုဓမ္မာဇရပ်ကြီးများ။

(ခ) ထူးခြားသော ဂူစေတီငယ်များဝန်းရံထားသောစန္ဒာမုနိဘုရား၊

(ကနောင်မင်းသားသည် မြင်းကွန်းမြင်းခုန်တို်င်အရေးအခင်းတွင် လုပ်ကြံခံရသောနေရာဖြစ်ပါသည်။)

(ဂ) ကမ္ဘာအကြီးဆုံးစာအုပ်ဟုတင်စားထားသည့်ကျောက်စာချပ်များထားရှိရာ ကုသိုလ်တော်ဘုရား

အတွင်းတွင် နှစ်ပေါင်းရာချီသည့်တိုင်အောင်ရှင်သန်လျက်ရှိသော ခရေပင်ကြီးများကို

မြင်တွေ့နိုင်ပါသည်။

(ဃ)ကုသိုလ်တော်ဘုရားမှထွက်၍ တောင်ဘက်အတိုင်းတည့်တည့်သွားပါက

မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကိုတွေ့နိုင်ပါသည်။

ဒုတိယကမ ္ဘာအပြီးတွင် နံရံလေးဘက်သာ ကျန်ရှိခဲ့သော်လည်း ယခုအချိန်တွင်

ရှေးမူ   မပျက် ပြန်လည်တည်ဆောက်ထားပါသည်။

အများအခေါ်မှာ အတုမရှိ ကျောင်းဖြစ်ပါသည်။

(င)အတုမရှိကျောင်းအရှေ့တည့်တည့်တွင်မူ မင်းတုန်းမင်း၏နန်းတော်ကို   ကျောင်းအဖြစ်ဆောက်လုပ်လှူဒါန်းထားသော ရှေးသစ်သားပန်းပုလက်ရာများဖြင့် ဆင်ယင်အပ်သော ရွှေကျောင်းကြီးတို့ကို ဝင်ရောက်ဖူးမျှော်လေ့လာနိုင်ပါသည်။

(အထက်ပါနေရာများကို သွားရောက်ပါက ကျောက်တော်ကြီးဘုရားမှလွဲ့၍ကျန်နေရာများတွင် ကင်မရာအခွန် ဗွီဒီရိုကင်မရာအခွန်များပေးဆောင်ရပါသည်။

ရွှေကျောင်းကြီးနှင့် အတုမရှိကျောင်းတို့ကို ဝင်ရောက်ပါကလည်း ဝင်ကြေးပေး၍ဝင်ရောက်ရပါသည်)

11 မန်းလေးတောင်နှင့်ကျုံးမြင်ကွင်း
12 စိန်ဘုရားမြဘုရားကိန်းဝပ်ရာ ရွှေကျီးမြင်ဘုရား

 

13 စိန်ဘုရားမြဘုရား ကိန်းဝပ်စံပယ်တော်မူရာအတွင်းကျောင်းဆောင်
14မဟာလောကရံသီ အိမ်တော်ရာစေတီ
15မဟာမုနိရှပ်ရှင်တော်…………….(ဘုရားကြီး)
16ဘုရားကြီးမှ ကြေးရုပ်များ
17 မန်းလေး ကန်တော်ကြီး (တက်သိမ်းအင်း)အလှ

`(3)      မန်းလေးမြို့အရှေ့ဘက် ပုသိမ်ကြီးမြို့နယ်တွင်တည်ရှိသော ရန်ကင်းတောင်တော်

သည်လည်းသွားရောက်သင့်သော်နေရာဖြစ်ပါသည်။

တောင်ပေါ်အရောက်ကားဖြင့်တက်နိုင်ပြီး ငရံ့မင်းနှစ်ကောင်ကိန်းဝပ်စံပယ်သော

ဂူအတွင်းသို့ သက်ဆင်းဖူးမျှော်ရမည်ဖြစ်ပါသည်။

(မန္တလေးမြို့တွင်မိုးခေါင်ပါက ၎င်းဂူအတွင်းမှငရံ့မင်းတို့ကိုပင်ဆောင်၍အပူဇော်ခံပါကမိုးရွာသည်

ဟုမန်းလေးသူမန်းလေးသားများကယုံကြည်ပါသည်)

ကျောက်ပန်းဆွဲများဖြင့်လှပသော သဘာဝလိူဏ်ဂူဖြစ်ပါသည်။

(၄)        မန်လေးမြို့မြောက်ပြင် ပုလဲငွေရောင်ရပ်ရှိ ၈၁လမ်း ၂၀-၂၁လမ်းကြားရှိ ဘုရားနီနှင့်ဘောင်းတော်ကျဘုရား။

(၅)        ၂၄လမ်း -၈၂-၈၃ကြား ပြည်ကြီးကျက်သရေအရပ်ရှိ ရွှေကျီးမြင်ဘုရား

(၆)        ၈၇-၈၉ကြား ၂ရလမ်းရှိ မြန်မာလွတ်လပ်ရေးသမိုင်းတွင် နေသူရိန်အစည်းအဝေးကြီးကျင်းပခဲ့သော

၁၄ခန်းဇရပ်ရှိရာ အိမ်တော်ရာဘုရား။

(၇)        ၃၀-၃၁လမ်းကြား ၈၅လမ်း တွင်တည်ရှိသော မဟာသကျသီဟ (စင်္ကြာသီဟ)တို့မှာသွားရောက်ဖူးမျော်သင့်သောနေရာဖြစ်ပါသည်။

(၈)        ယခုအချိန်အထိမပျက်မစီးဘဲကျန်ရှိနေသော

မန်းလေးနုန်းမြို့ရိုး နှင့် ပြဿဒ်များ ၊မန်းလေးကျုံးတော်ကို တွေု့မြင်နိုင်သည့်အပြင်

နန်းတော်တွင်းသို့ဝင်ရောက်၍ပြန်လည်တည်ဆောက်ထားသောနန်းမြင့်မျှော်စင် နန်းတော် နှင့်

နန်းဆောင်များ

ရှေးမူမပျက်ရှိနေသော ပဟိုရ်စင်နှင်စွယ်တော်စင် များအပြင်မင်းညီမင်းသားများဆော့ကစားခဲ့ကြသော

ဘုတ်တလုပ်ကန်ကိုလည်း လည်ပတ်ကြည့်ရူ့နိုင်ပါသည်။

(နန်းတော်အတွင်းသို့ဝင်ရောက်လိုပါက ၁၉လမ်းနှင့် ၆၆အရှေ့ကျုံးလမ်းတွင်ရှိသော

နန်းရှေ့တံခါးမှသာဝင်ခွင့်ရနိုင်မည်ဖြစ်ပါသည်။

အတွင်းသို့ခေတ္တဝင်ရောက်သူများ၏မှတ်ပုံတင်ကို ဂိတ်အဝင်ဝတွင်ပေးထားခဲ့ရပါသည်။)

(၉)       မန်းလေးမြို့အနောက်ဘက်တွင်ရှိသော ဧရာဝတီမြစ်နေဝင်ချိ်န်သည်လည ်း   သွားရောက်ကြည့်ရု့သင့်သောနေရာတစ်ခုဖြစ်ပါသည်။

(၁၀)      မန်းလေးမြို့ အနောက်တောင်ဘက်တွင် ယခင်တက်သိမ်းအင်းကို ယခုအခါတွင်

မန်းလေးကန်တော်ကြီးအဖြစ်ပြောင်းလဲထားပြီး ပြည်ကြီးမွန်ဖောင်တော်ကို ထားရှိပါသည်။

သစ်ပင်ပန်းမာလ်များဖြင့်စိမ်းစို၍သာယာသောနေရာတစ်ခုဖြစ်၍ အပန်းဖြေရန်သွားရောက်သင့်သောနေရာတွင်ပါဝင်ပါသည်။

18 စွယ်တော်စေတီ(မန္တလေး)
19 နာမယ်ကျော်တောင်သမန်နဲ့ဦးပိန်တံတား
20ဧရာဝတီမြစ်နံဘေးက ရွှေကြက်ကျ စေတီ
21 စစ်ကိုင်းတောင်
23 ရွှေအဆင်းနဲ့ကောင်းမူ့တော်
24 မင်းကွနးပုထိုးတော်ကြီး
25 မြသိန်းတန်စေတီတော်
26 ပြည်တော်ချစ်ဘုရား (ပြင်ဦးလွင်)

မန္တလေးမြို့ ပါတ်ဝန်းကျင်အနီးတစ်ဝိုက်ထင်ရှားသောနေရာများ

 

မန္တလေးကိုဗဟိုပြု၍သွားလာနိုင်သောနေရာများမှာ

(1)   မန်းလေးမြို့တောင်ဘက်တွင်ရှိ  စွယ်တော်ပွားစေတီ၊

(2)   တောင်မြို့(ခ)အမရပူရမြို့တွင်တည်ရှိသော

တောင်သမန်အင်း ဦးပိန်တံတားနှင့်ပုထိုးတော်ကြီးဘုရား

ရွှေကြက်ယက်ရွှေကြက်ကျ ဘုရား

(3)   စစ်ကိုင်းတောင်မှစေတီပုထိုးများ

(4)   ကောင်းမူ့တော်ဘုရား

(5)   မင်းကွန်း ဒေသမှ ခေါင်းလောင်းကြီး ၊ပုထိုးတော်ကြီးနှင့်မြသိန်းတန်ဘုရား

(6)   အင်းဝ မှ မယ်နုအုတ်ကျောင်း ဗားကရာကျောင်းတိုက်

(7)   ပြင်ဦးလွင် မှ ပြည်တော်ချစ်ဘုရား၊ပွဲကောက်ရေတံခွန်၊ပိတ်ချင်းမြောင်သဘာဝလှိုဏ်ဂူ၊

ရုက္ခဗေဒဥယျာဉ်တို့ကိုသွားရောက်လည်ပတ်နိုင်ပါသည်။

 

သွားရောက်လည်ပါတ်မည်ဆိုပါက နံနက်စောစောတွင်ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားကို အရင်ဝင်ပြီးပါက မနက်ပိုင်းတွင်ကောင်းမူ့တော်စေတီကိုသွားရောက်ဖူးမျှော်သင့်ပါသည်။

ကောင်းမူတော်မှအပြန် ဆင်များရှင်ဘုရားဝင်ဖူးပြီးပါက စစ်ကိုင်းတောင်ပေါ်ရှိ သီတဂူစေတီ ၊ဥမင်သုံးဆယ်၊ဥမင်ကိုးဆယ်နှင့်ဆွမ်းဦးပုညရှင်ဘုရားသို့သွားရောက်ဖူးမျျော်ပြီး အပြန်တွင်

တောင်သမန်အင်းကိုဝင်ရောက် အပန်းဖြေနိုင်ပါသည်။

(တစ်နေ့ခရီးဖြစ်ပါသည်)

အချိန်ရ၍သွားလိုပါက အင်းဝရှိမယ်နုအုတ်ကျောင်းသို့သွားရောက်ပြီးအပြန်တွင်တံတားဦးလမ်းခွဲမှတစ်ဆင့်

ကျောက်ဆယ်မြို့အနောက်ဘက်ခြောက်မိုင်အကွာတွင်ရှိသော

တမုတ်ရွှေအင်ပင်နှင့် ရှင်ပင်ဆပ်သွား (သုံးဆင့်ဘုရား)တို့ဝင်ရောက်ဖူးမျှော်ပြီးအပြန်တွင်

စဉ့်ကိုင်အနီးတွင်ရှိသော ပေါ်တော်မူဘုရားနှင့် ပုလိပ်အနီးတွင်ရှိ မြွေဘုရားတို့ကိုဝင်ရောက်

ဖူးမျှော်ပြီး အပြန်တွင် စွယ်တော်ပွားစေတီသို့ဝင်ရောက်ဖူးမျှော်ပါက လမ်းသင့်ပါ၏။

(တစ်နေ့ခရီး)

မင်းကွန်းဒေသသို့သွားရောက်လိုပါက မော်တော်ဖြင့်သွားမည်ဆိုပါက မရမ်းခြံဆိပ်ကမ်းသို့သွားရောက်၍

မော်တော်စီးရပါမည်။(တစ်နေကုန်မည်ဖြစ်ပါသည်)

အကယ်၍ မော်တော်ကားဖြင့်သွားမည်ဆိုပါက စစ်ကိုင်းအသွားလမ်းနှင့်အတူတူဖြစ်၍ တောင်သမန်အင်း၊ရွှေကြက်ယက်တို့ကို မဝင်ဘဲမင်းကွန်းသို့အရင်သွား၍အပြန်မှသာ စစ်ကိုင်းတောင်

ပေါ်သို့သွားပြီးလျှင် ညနေပိုင်းမှ ကောင်းမူ့တော်သို့သွားရောက်သင့်ပါသည်။

မော်တော်ဖြင့်သွားရောက်ပါက စတင်သွားကတည်းပင် လူအိုရုံဆိပ်တွင်ဆင်းမည်ဟုပြောထားရပါမည်။

အကယ်၍ မင်းကွန်းဆရာတော်၏ တိနိကျောင်းလှေဆိပ်တွင်ဆင်းမည်ဆိုပါက ပုထိုးတော်ကြီး  မြသိန်းတန်ဘုရားများ ရှိရာနေရာနှင့်အလှမ်းဝေးပါသည်။

လူအိုရုံဆိပ်တွင်ဆင်း မြသိန်းတန်း ပုထိုးတော်ကြိး ခေါင်းလောင်းကြီးတို့ကို လှည့်လည်ကြည့်ရူပြီးမှာသာ

ဆရာတော်ဘုရား ၏ ကျောင်း မိုးမိတ်ကုန်းမြေသို့နွားလှည်းငှား၍စီးပြီးလျင် ၎င်းလှေဆိပ်မှနေ၍ မန်းလေးသို့ပြန်လာလျှင် ကုန်ကျစရိတ်သက်သာမည်ဖြစ်ပါသည်။

 

(တစ်နေ့ခရီးဖြစ်ပါသည်)

 

မနက်ပိုင်းတွင် ရွှေကျီးမြင့် ဘုရားနီ အိမ်တော်ရာ သကျသီဟဘုရားနှင့်

မဟာမုနိဘုရား ကိုသွားရောက်ဖူးမျော် ညနေပိုင်းတွင် တက်သိမ်းအင်းတွင်

ထမင်းစားရင်းအပန်းဖြေနိုင်ပါသည်။

ညနေ နေချိုချိန်တွင် ၄၁ လမ်း ကန်ပါတ်လမ်းရှိ ပေါ်တော်မူဘုရားသို့သွားရောက်၍ ဧရာဝတီမြစ်အလှကို ခံစားနိုင်ပါသည်။.

 

မန်းလေးတောင်သို့သွားရောက်သောနေ့တွင်မှာသာ တောင်ခြေရှိဘုရားများဖြစ်သော

ကျောက်တော်ကြီး စန္ဒာမုနိ ကုသိုလ်တော် အတုမရှိ ရွှေကျောင်းကြီးတို့ကို အစဉ်အတိုင်းဖူး၍

အပြန်တွင်နန်းတွင်းသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။

နန်းတွင်းမှအပြန်မှသာ ရန်ကင်းတောင်သို့ သွားသင့်ပါသည်။

ရန်ကင်းတောင်မှအပြန်တွင် ရေတံခွန်တောင်သို့အသွားလမ်းမှ ပတ်၍ပြန်မည်ဆိုပါက

အောင်ပင်လယ် ဒေသ၏ စိမ်းလန်းစိုပြေသောမြင်ကွင်းများကို မြင်တွေ့ရမည်ဖြစ်ပါသည်။

(တစ်ရက်ခရီး)

ပြင်ဦးလွင်သို့ သွားလိုပါက မန်းလေးမှာကားစင်းလုံးငှားပါက ကုန်ကျစရိတ်အနည်းငယ်ပိုမည်ဖြစ်သော်လည်း ဗျုးပွိုင့်ကို ခံစားနိုင်မည်ဖြစ်ပါသည်၊

အတက်တွင် ပြည်တော်ချစ်ဘုရားသို့သွား ၄င်းမှ ပိတ်ချင်းမြောင်သို့အရင်သွား

အပြန်တွင်ပွဲကောက်ရေတံခွန်သို့သွား။

၎င်းမှအပြန်တွင် တရုပ်ဘုံကျောင်းနှင့် ရုက္ခဗေဒဥယျာဉ်နှင်တိုင်းရင်းသားကျေးရွာသို့သွားနိုင်ပါသည်။

နေ့ချင်းပြန်ဆိုပါက ပင်ပန်းပြီး တစ်နေရာကိုခဏသာနေုနိုင်မည်ဖြစ်ပါသည်။

တစ်ညအိပ်ပါက ပိုမို့သင့်တော်ပါသည်။

တစ်ညအိပ်မည်ဆိုပါက မန်းလေးမှမေမြို့သို့အငှားကားဖြင့်တက်၍ မေမြို့ရောက်မှ

ပြည်ချစ်ဘုရား၊ပွေးကောက်ရေတံခွန် နှင့်ပိတ်ချင်းမြောင် တစ်ရက်

တရုပ်ဘုံကျောင်း တိုင်းရင်းသားကျေးရွာ နှင့် ရုက္ခဗေဒဥယျာဉ်တစ်ရက် သွားရောက်လည်ပါတ်ပါက

နေရာအနှံ့ရောက်နိုင်ပါသည်။

 

ကိုပေါက်လမ်းသလားနေသည်

(1-9-2012)

30 comments

  • မဟာရာဇာ အံစာတုံး

    September 10, 2012 at 4:38 pm

    စာကြွင်း ။ ။ မန်းလေးကို လာမယ်ဆိုရင် ..
    ဖေဂျီးပေါက်၊ ဖရဲမ တို့မှ နေရာအနှံ့
    ချိုင်ကယ်နှင့် ဖရီး လိုက်ပို့ပေးပါမည် .. ဒဲ့ .. 😀

  • ဦးဦးပါလေရာ

    September 10, 2012 at 4:50 pm

    အင်…
    ကျုပ်မန့်ထားတာ ဘယ်ရောက်သွားပါလိမ့်….

    ရှိပါစေတော့…
    ဒီအတိုင်းပဲ ကူးထားလိုက်ပါတယ် ကိုပေါက်ရေ..။

    • ဒီမှာပါခင်ဗျာ ဦးပါမန်းထားတာလေး

      မန္တလေးလာသူတွေအတွက် တည်းခိုရေး ပို့ဆောင်ရေး လေးတွေလဲ တပုဒ်လောက်လုပ်ပါဦး ကိုပေါက်ရေ..။
      မန္တလေးမှာ စားစရာတွေတော့ အရင်က ရေးပြီးသွားတာ မှတ်မိပါသေးတယ်။
      လာလည်မယ့်သူတွေအတွက်က တကယ်အသုံးတည့်မယ့်လမ်းညွှန်ပါဗျာ..

  • Moe Z

    September 10, 2012 at 4:51 pm

    လေးပေါက် ဒုတယအကြိမ်ထပ်မန့်တာ အရင်ကွန်မန့်က ပါသွားရှာပြီ
    ခရီးသွားလမ်းညွှန်အတွက်ကျေးဇူး ပုံလေးတွေလည်းကူးသွားတယ်(မနေ့ကတည်းက)
    ဘာပဲလိုလို ရန်ကုန်လမ်းညွှန်နဲ့ လေးပေါက်ရှိတယ် :mrgreen:

    • Moe Z

      September 10, 2012 at 4:54 pm

      တတိယအကြိမ် သတ်ပုံပြင်ပါတယ်
      ဒုတယ မဟုတ်ပဲ ဒုတိယပါ 😉

      • ကိုရင်စည်သူ

        September 10, 2012 at 5:09 pm

        ကိုမိုးဇက်.. မန်းလေးနဲ့ပတ်သက်ရင်အမြဲတမ်း
        အမှားမှားဖြစ်နေဒယ်.. ဦးစည်သတိထားရမိဒယ်…
        ဘာကြောင့်ရဲဟင်.. 😕 😕
        ဦးစည် မန်းလေးမှာ ဒုတိယအိမ်ဝယ်လိုက်ရတော့မရား… 😳 😳
        ဂရား… ဂရား.. 👿

  • MaMa

    September 10, 2012 at 5:43 pm

    မန်းလေးလမ်းညွှန်ကြည့်ပြီးသွားရင်တောင် ဒီပိုစ့်ကို ဖတ်ပြီးသွားသလောက် အဆင်မပြေနိုင်ဘူး။

    ရန်ကုန်သားတွေ အားမကျကြဘူးလား…..

    ကိုယ့်မြို့ကိုယ့်ရွာကို အဲလိုလေး ရေးတင်ကြရင် မြန်မာပြည်အနှံ့ခရီးသွားကြမလားဆိုပြီး ဂေဇက်ကနေ စာအုပ်ထုတ်လို့ရသွားမယ်။ 🙂

    စကားအတင်းစပ်ပြောရရင်ဖြင့်…
    စကားပြောတတ်ပါလျှက်နဲ့ အ အ လို မပြောပဲ နေခဲ့ရလို့ ….
    ခုမှပဲ စိတ်ချမ်းသာသွားတော့တယ်။ :))

  • Hnin Hnin

    September 10, 2012 at 6:10 pm

    ပုံတွေကြည့်မှပဲ ရောက်ဖူးခဲ့တဲ့နေရာတွေပါနေတယ်။ လည်ခဲ့ရတဲ့နေရာတွေမေ့နေတာ။ မှတ်မိသလောက်
    မန္တလေးတောင်နဲ့တောင်နားတစ်ဝိုက်ဘုရား၊အတုမရှိ ကျောင်းတော်၊ရွှေကျောင်းကြီး၊ရွှေကျီးမြင်၊မြသိန်း
    တန်၊ဦးပိန်၊မဟာမြတ်မုနိ၊စစ်ကိုင်းတောင်၊ကောင်းမှုတော်(အခု ရွှေလုံးကြီးဖြစ်သွားပြီ၊ ရောက်ခဲ့တုန်းက ထုံးဖြူဖြူ)တို့ကို ရောက်ဖူးတယ်။မန္တလေးကို၂၀၀၉ မတ်လတုန်းကပဲ နောက်ဆုံးရောက်ဖူးပြီး မလည်ခဲ့ရ
    တာ။လည်စရာနေရာတွေက အတော်များပါ့။နောက်ထပ်သွားလည်ချင်စိတ်တောင် ဖြစ်မိတယ်။ထိုးမုန့်ဆိုင်
    လေးတွေပါ ထည့်ရိုက်လို့ရရင်တော့(အမြည်းစားနေတဲ့ပုံပါ မြင်ယောင်ရင်း) အတော်ပြည့်စုံသွားပြီ ထင်
    တယ်နော်။နောက်ရောက်ရင်လည်ဖို့ guideကောင်းကောင်းကို (ကူး)ယူသွားပါတယ်ရှင့်။

    • Hnin Hnin

      September 11, 2012 at 6:20 am

      အမှားပြင်ဆင်ချက်-ဓာတ်ပုံမှတ်တမ်းအရ ၂၀၀၉ ဧပြီလသင်္ကြန်ဘုရားဖူးမှာ နောက်ဆုံး
      ရောက်ခဲ့တာ။ မတ်လတုန်းက wedding ။ memoryတွေ ကလူ..ကလူ…

  • မူလကော်မင်းတွေပြန်ရှာတင်ပေးလိုက်ပါတယ်ခင်ဗျာ.
    အစ်ကိုရေ
    ၂၄ နာရီ အဲယားကွန်း အပြည် ့ပေးတဲ ့ ပေါချောင်ကောင်း ဟိုတယ်တွေအကြောင်းလည်း
    တောင်းဆိုပါတယ် ။ ကားစင်းလုံးငှားရင် ဘယ်လောက်ကျနိုင်တယ်ဆိုတာရယ်
    ဘယ်မှာ ဘယ်လိုငှားရမယ်ဆိုတာရယ် အဲဒါလေး
    လောလောဆယ်တော့ bookmark လုပ်လိုကြ်ပီ
    (ကိုဆာမိ)
    နေရာအနှံအစုံကို အစီစဉ်ကျသွားလို့ရအောင် ရေးထားပါလားကိုပေါက်။
    အခုလေးတင်ဘဲ ပိုစ့်ဖတ်ပြီးဖုန်းတွေဆက်လာတယ် Tour Guide အနေနဲ့ ကိုပေါက်ကို အကူအညီတောင်းလို့ရလားတဲ့။ ကျွန်တော်ဘာပြန်ပြောလိုက်ရမလဲဟင်။
    (ကိုခင်ခ)
    ရှင်းရှင်းလေးပါ
    မန်းလေးရောက်ရင် ဥပေါက်ကို ဆက်သွယ်လိုက်ယုံပဲ…
    စာထဲမပါတဲ့ ကျန်တဲ့နေရာတွေတောင် လိုက်ပို ့ပေးဦးမယ်..
    ဟုတ်တယ်မလား..
    (စိန်ဗိုက်ဗိုက်)
    ဘယ်နေရာတွေကို ပို ့ပေးရမှာတုန်း
    ရှင်းရှင်းပြောပါလား ရှင်းရှင်းပြောပါလား
    ကျုပ်တို ့က တိုတိုတုတ်တုတ် ပွင့်ပွင့်လင်းလင်းပဲနော
    ဟီဟိ
    (မောင်ပေ)
    အုပေရဲ့ ကျောက်စိမ်းဆိုင် အရင် သွားမယ်
    ကျောက်စိမ်းတစ်တုံး ဘတ်မယ်
    စားမယ်..သောက်မယ်.လည်မယ်.ကုန်ရင် ပြန်မယ်
    မဝသေးရင် ထပ်ဘတ်မယ်.
    စားမယ်..သောက်မယ်.လည်မယ်..ကုန်ရင်ပြန်မယ်..
    မဝသေးရင် ထပ်ဘတ်မယ်..
    စားမယ်..သောက်မယ်.လည်မယ်..ကုန်ရင်ပြန်မယ်..
    မဝသေးရင် ထပ်ဘတ်မယ်….
    .မယ်..
    ……မယ်…
    ……………….မယ်..
    (စိန်ဗိုက်ဗိုက်)
    လးပေါက်ရေ လိုချင်တဲ့ပုံလေးတွေကူးသွားပါတယ်
    အားလုံးနီးပါးပါပဲ 😀 ကျေးဇူးပါလေးပေါက်
    ဘာပဲလိုလို ရန်ကုန်လမ်းညွှန်နဲ့ လေးပေါက်ရှိတယ် :mrgreen:
    (မိုးဇက်)

    အားလုံးကိုကျေးဇူးတင်ပါ၏။

  • Mလုလင်

    September 10, 2012 at 7:30 pm

    အားကျတယ်ဗျာ .. ဒီထဲက တော်တော် များရောက်ခဲ့ဖူးပါတယ် .. လိုက်ပို့ ပေးခဲ့လို့ ကျေးဇူးပါဗျို ့ …..။
    ရန်ကုန် ဘုရားဖူးလမ်းညွှန် လုပ်မလို့ စိတ်ကူးထားတာ ကြာနေပြီ … အင်း .. အချိန်အားလေး မရရ အောင် ယူပြီး .. ပုံ ရိုက် ဦးမှ ….

  • may flowers

    September 11, 2012 at 12:07 am

    ဒီဇင်ဘာလောက်မှာ မန်းလေးသွားလည်မယ်လို့ စိတ်ကူးနေတာ လေးပေါက်ရဲ့ပိုစ့်လေးက တကယ့်ကို

    သွားသင့်တဲ့နေရာလေးတွေနဲ့ ကိုယ်တိုင်သွားချင်နေတဲ့နေရာလေးတွေမို့ ကူးထားလိုက်ပြီလေးပေါက်

    ရေ။။ကျေးဇူးတကယ်တင်ပါတယ်..။

  • ကြည်ဆောင်း

    September 11, 2012 at 12:45 pm

    မန်းလေးရောက်ရင် ဘုရားကြီးဖူး ၊ မန်းလေးတောင်တက် ၊ ဦးပိန်တံတားသွား ၊ မေမြို့တက်ဖြစ်ရင် မဟာအံထူးကံသာ ဖူး ၊ ကန်တော်ကြီး၊ ဈေးဝယ် ပိတ်ချင်းမြောင်သွား ဒီလောက်ဘဲရှိခဲ့တာ..
    အခုမှဘဲသွားရမဲ့နေရာတွေအများကြီးမှန်းသိရတော့တယ် …
    အံစာတုံး မန့်ထားသလို တကယ်များလိုက်ပို့ပေးမယ်ဆိုရင်ဖြင့် 🙄

  • char too lan

    September 11, 2012 at 2:13 pm

    ကျေးဇူးတင်တယ်လေးပေါက်ရေ………..
    အမေပြောသလိုပဲ တီဗွီမှာကြည့်ရတာ သွားကြည့်ရတာထက် ပိုပီးစုံစုံလင်လင်မြင်ရတယ်ဒဲ့
    သွားရင်တောင် အဲ့လောက်စုံခဲ့ပါ့မလားမတိဝူးလေ……………

  • cobra

    September 11, 2012 at 2:54 pm

    မန်းလေးကိုခဏခဏရောပါတယ်
    ဒါပေမယ့်ကျွန်တော်မရောက်ဘူးတဲ့နေရာတွေမျာနေတာခုမှသိတော့တယ်။
    ကျေးဇူးနောက်တခေါက်ရောက်ရင်လိုက်ပို့ပေးနော်။

  • kyeemite

    September 11, 2012 at 3:10 pm

    ကိုပေါက်ရဲ့စေတနာတွေပေါ့လေ…မမပြောသလိုပါပဲ…
    “မန်းလေးလမ်းညွှန်ကြည့်ပြီးသွားရင်တောင် ဒီပိုစ့်ကို ဖတ်ပြီးသွားသလောက် အဆင်မပြေနိုင်ဘူး။”
    ဟဲဟဲ..ကျုပ်လည်းလာလည်အုံးမှာ…

  • အခုမှ ပြန်ကြည့်မိတယ် အစကတင်ထားတာ ပုံသုံးဆယ်ကျော်မယ် ပြုတ်ကျကျန်ခဲ့တာ
    ညပြန်ထပ်တင်ပေးမယ်နော်

  • mayjuly

    September 11, 2012 at 4:09 pm

    လေးပေါက်ပုံလေးတွေရဲ့ နေရာတော်တော်များများကို ရောက်ဖူးပါတယ်….
    ကိုယ်တိုင်သွားတုန်းက အမှတ်တရပုံလေးတွေတောင် သေချာမရိုက်ဖြစ်ခဲ့ပါဘူး…
    ခုလို တစ်စုတစ်ဝေးတည်းတွေ့ရတော့ ပိုပြီးတောင်ကျက်သရေရှိလိုက်တာ…
    နောက်ဆုံး ပြည်ချစ်ဘုရားလို့ခေါ်တဲ့ မဟာအံ့ထူးကံသာဘုရားမှာတော့ အရမ်းကို ပျော်ခဲ့ရတယ် …
    ရှု့ခင်းလေးတွေကလဲ ဓါတ်ပုံရိုက်လို့အရမ်းကောင်းတယ်ဗျ … 😀

  • ခိုင်ဇာ

    January 7, 2013 at 3:19 pm

    ကျနော့ အတွက် အင်မတန် အကျိုးရှိသော ပို့(စ) ပါလား။
    နောက်တစ်ခေါက်ပြန်ရင်ကို ပရင့်ထုတ်ပြီး ယူသွားရမဲ့ လမ်းညွှန်။ :harr:

  • အော် မပူနဲ့ မခိုင်ဇာ ညည်းကို ဧည့်လမ်းညွှန်လုပ်ပေးမယ့်သူ ရှိတယ်အေ့
    ဒဂယ.်ပြောတာပါ

    • ခိုင်ဇာ

      January 7, 2013 at 3:36 pm

      အလို။
      ဘယ်သူကြီး တုန်း။
      ကြိုပြောပါ ကိုကြီးပေါက်။ လာသင့်လာရအောင်။ ရှောင်သင့်ရှောင်ရအောင်… :harr:

  • mamanoyar

    January 7, 2013 at 4:31 pm

    အို စုံနေတာပဲ
    စစ်ကိုင်းကိုမရောက်ဖူးဘူး
    မန်းလေးက စွယ်တော်စေတီလည်းမရောက်ဖူးသေးဘူး

  • Silver Twig

    January 7, 2013 at 10:11 pm

    Mandalay is famous for its art and culture. Can you please add the places of art galleries and other interesting handiwork.

  • water fish

    January 9, 2013 at 3:42 pm

    လေးပေါက်လာချင်ပါတယ်ချိုနေမှ…ပုံတွေနဲ့မြူစွယ်နေတာလား…
    ဘုရားစုံဖူးမယ် နေရာစုံလည်မယ်ကွယ်….

  • မောင်ထက်ကြီး(မုံရွာ)

    January 9, 2013 at 4:36 pm

    နန်တွင်းထဲး ကိုမရောက်ဖူးဘူး လေးပေါက်ရေ ..
    နန်းတွင်းထဲကပုံတွေရိုက်လို.ရရင်တင်ပေးပါ…

Leave a Reply