ကင်ချီထမင်းသုပ်လေး သုပ်စားကြရအောင်

may flowersAugust 31, 20121min21717

ကဲ ..ဒီနေ့တော့ ရွာသူားတွေ အတွက် ကင်ချီထမင်းသုပ်နည်းလေး တင်ပြပေးချင်ပါတယ်နော်။ ကင်ချီထမင်းသုပ်အတွက်

လိုအပ်တဲ့ ပစ္စည်းတွေကတော့

-ကြက်သွန်ဖြူ ( ၅ မွှာခန့် )        = ထောင်းတားပါ

-ကြက်သွန်နီ ဥကြီး( ၁ ဥ )        =ပါးပါးလှီးတားပါ

-ဆီ                                    = စတီးဇွန်းသေး ၁ ဇွန်း

-နှမ်းဆီမွှေး         ( အနည်းငယ်)

-ဝက်သား (၁ဝ သားခန့်)           =ပါးပါးလှီးကာ ဆီမကပ်သော အိုးထဲတွင် ဆား၊ ရသားမှုန့်နယ်ပြီး                                                        ဝက်သားထဲမှ အရည်များခမ်းလာသည်ထိ လှော်ထားပါ။

-မုန်ညှင်းစိမ်း( တစ်စည်း)           =ရေနွေးဖြောကာ ရေအေးနှင့်ပြန်စိမ်ထားပါ။

-ပဲပင်ပေါက် (တစ်ဆယ်သား)      =ရေနွေးဖြောပြီး ရေအေးနှင့်ပြန်စိမ်ကာ ဇကာနှင့်ရေစစ်ထားပါ။

-ကြက်သွန်မြိတ် (တစ်စည်း)        =အနေတော် လှီးထားပါ။

-မှို   (တစ်ဆယ်သားခန့်)            = အိုးထဲကိုထဲ့ကာ  ရေမထဲ့ပဲလုံးလိုက်ပါ။ မှိုမှထွက်လာသော

အရည်များ ခမ်းလာမှ  ကြက်သားမှုန့်အနည်းငယ်ထဲ့ကာ မွှေပြီးပန်းတစ်ခုထဲသို့ထဲ့ထားပါ။

-နှမ်း (တစ်ဇွန်းခန့်)                   =လှော်ထားပါ။

-ငရုတ်နှစ် ( လိုသလောက်)

-ကင်ချီ (လိုသလောက်)

-သခွားသီး ( တစ်လုံး)              = တစ်စောင်း ရှည်ရှည်အချောင်းလေးတွေ လှီးထားပါ။

-မုန်လာဥနီ ( တစ်လုံး)             = ရှည်ရှည်လေးတွေရအောင်လှီးထားပါ။

-ဆလပ်ရွက် (တစ်စည်း)           = လိုသလောက် ကြိုက်သလိုပုံစံနှင့်ဖြတ်ထားပါ။

-ရေညှိရွက် (တစ်ထုပ်ခန့်)         = ပါးပါးညှပ်ထားပါ။

-ကြက်ဥ  ( တစ်ယောက်တစ်လုံးနှုန်း ကြော်ထားပါ)။

ကဲ….အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ကင်ချီထမင်းသုတ်စသုပ်ပါ့မယ်။  ပထမဆုံး ရေထဲမှာစိမ်ထားတဲ့

မုန်ညှင်းစိမ်းတွေကို ဆယ်ပြီးရေစင်စင်ညှစ်ကာ လှော်ထားတဲ့ နှမ်းတစ်ဝက်၊  ထောင်းထားတ ဲ့ ကြက်

သွန်ဖြူတစ် ဝက်နဲ့ ကြက်သားမှုန့်အနည်းငယ်ရောကာ နယ်ထားပေးရပါမယ်။ ပြီးတော့ ရေစစ်ထားတဲ့

ပဲပင်ပေါက်ကိုလည်း ကျန်နှမ်းလှော် ၊  ကြက်သွန်ဖြူထောင်း ၊ ကြက်သာမှုန့်အနည်းငယ်နဲ့  နယ်ထား

ပေးပါ။ ပြီးနောက် မကပ်တဲ့ အိုးတစ်လုံးမှာ ဆီဇွန်းဝက်ခန့်ထဲ့ကာ ကြက်သွန်နီဥလှီးထားတာကို လှော်

ပေးပါ ( ဆီထဲ့ရခြင်းမှာ ကြက်သွန်နီများတူးမသွားစေရန်နှင့် မကပ်စေရန်ဖြစ်သောကြောင့် အနည်း

ငယ် သာထဲ့ရပါမယ်) ။ နဲနဲလေးနွမ်းလာရင် ကြက်သားမှုန့် အနည်းငယ်ထဲ့ကာ ဆယ်ယူထားလိုက်

ပါ။ ထို အိုးနှင့်ပင် ကျန်ဆီအနည်းငယ်ကို ထဲ့ကာ မုန်လာဥနီများကို ဆက်လှော်ပါ အချိုဓါတ်မပျောက်

စေရန် အနည်းငယ်မျှအပူပေးပြီး ကြက်သားမှုန့်ထဲ့မွှေကာ ချထားလိုက်ပါ။

ထို့နောက် ရေခမ်းအောင်ပြုတ်ထားသောမှို ၊ ပါးပါးလှီးထားသော သခွားသီး၊ ကြက်သွန်နီ၊ မုန်လာဥနီ

ဝက်သားလှော်၊ မုန်ညှင်းရွက် ၊ရေညှိ ၊ ပဲပင်ပေါက် ၊ ပါးပါးလှီးထားသောကင်ချီ ၊ ကြက်သွန်မြိတ်၊ စ

သည့် ပြင်ဆင်ထားသောအရာများကို တစ်ပွဲစာ ပန်းကန်တွင်ထဲ့ကာ ငရုတ်နှစ်ဖြင့်နယ်ပြီး နှမ်းဆီ

မွှေး အနည်းငယ်ဆမ်းကာ ကြက်ဥကြော်ဖြင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။ အချဉ်ကြိုက်ပါက ကင်ချီ

ကို ပိုထဲ့နိုင်ပြီး အစပ်ကြိုက်ပါက ငရုတ်နှစ်ကို ပိုထဲ့ကာ ကိုယ့်အကြိုက်အရသာကို ပြုပြင်ပြီး စားနိုင်

ပါတယ်နော်။

 

 

                                                          ဒါက ကင်ချီထမင်းသုပ်ပါ (  ပုံ ဟောင်းကိုပြန်တင်လိုက်တာပါ)

 

ကဲ…..ဆိုင်အရသာထက် ဆယ်ဆမက ကွာတာသိသာစေမဲ့ လုပ်ရတာလည်း  ခက်ခက်ခဲခဲ သိပ်မရှိလှ

တဲ့    ကင်ချီထမင်းသုတ် လေးကို လုပ်စားကြည့်လိုက်ကြပါနော်။

 

17 comments

  • tom jerry

    August 31, 2012 at 2:14 pm

    စာဖတ်ပြီးစားချင်လာပြီဒါပေမယ့်သိပ်မလုပ်တတ်ဘူး

  • may flowers

    August 31, 2012 at 2:17 pm

    ဘာမှ သိပ်မခက်ပါဘူး tom jerry ရေ အဆင်သင့်ပြင်ထားတဲ့ အသီးအရွက်အားလုံးကို ရောသုပ်လိုက်

    တာပါ..စမ်းသုတ်ကြည့်လိုက်ပါနော်…မြန်မာထမင်းသုပ်ထက်တောင် ပိုလွယ်ပါသေးတယ်။

  • etone

    August 31, 2012 at 2:19 pm

    ပုံထဲက အစိမ်းအရွက်လေးတွေက … ဟင်းနုနယ်ရွက်လေးတွေလား ……. ။
    ကကြီးတွေသုပ်တဲ့ ထမင်းထဲ …. ဟင်နုနယ်ရွက်တွေ ရေနွေးဖျောထည့်တာ မြင်ခဲ့ဖူးလို့ပါ ။

  • Ma Ei

    August 31, 2012 at 2:22 pm

    အချဉ်အစပ်ကြောက်ပေမဲ့
    စားချင်စဖွယ် ပြင်ဆင်ကျွေးတာမို့
    တစ်ပန်းကန်လောက်တော့
    စားခဲ့ပါတယ်…

  • may flowers

    August 31, 2012 at 2:23 pm

    ဟင်းနုနယ်ရွက် မဟုတ်ပါဘူး etone ရေ မုန်ညှင်းရွက်တွေ ရေနွေးဖြောထားတာပါ။

  • may flowers

    August 31, 2012 at 2:23 pm

    စားပါ စားပါ မအိရေ စားစေချင်လို့ ကျွေးတာပဲကို…။

  • ကို ခင်ခ

    August 31, 2012 at 3:10 pm

    မမေရေ ရန်ကုန်လာဖြစ်ရင် ကင်ချီထမင်းသုတ် ဖိတ်ကြွေးမယ်လို့လည်းပြောခဲ့သေးတယ်၊
    အခုကြတော့ သုပ်တဲ့နည်းနဲ့ ထဲ့ရမယ်ပစ္စည်းတွေ ရေးပြလာတော့ မဒမ်ခင်ခကို ဖတ်ခိုင်းပြီး
    ကိုယ့်ဖာသာဘဲသုတ်စားရတော့မှာပေါ့နော်။

  • may flowers

    August 31, 2012 at 3:17 pm

    အဲ…သုပ်နည်းတင်ပေးတာက အားလုံးကိုသိစေချင်လို့ပါ ကိုခင်ခရေ…မဒမ်ခင်ခကို လည်းသုပ်ကျွေး

    ခိုင်းပါ ရန်ကုန်ရောက်ရင်လည်း ဖိတ်ကျွေးဖို့အဆင်သင့်ပါပဲ လို့…။ ( နောက် သုံးလ လောက်ဆိုရင်တော့

    ရန်ကုန်ကို ပြန်ဖို့ အစီအစဉ် ရှိပါတယ် ) ။

  • ကို ခင်ခ

    August 31, 2012 at 4:04 pm

    ဟုတ်ကဲ့မမေရေ အခုလိုပြောတာနဲ့တင် ကျေးဇူးအလွန်တင်မိပါတယ်၊ အခုမိုးရာသီကလွဲပြီး ကျွန်တော်က တစ်လတစ်ခေါက်နီးပါးရန်ကုန်ရောက်တတ်ပါတယ်၊ ဒါပေမယ့် ၁ရက် ၂ရက် လောက်ဘဲအချိန်ရပြီး လုပ်စရာ သွားစရာတွေက မလောက်မဌနဲ့ အပြေးအလွှားမို့ပါ။ အိမ်မှာတော့ တရက်သုတ်စားကြည့်လိုက်ပါ့မယ်။

  • ညလေး

    August 31, 2012 at 6:06 pm

    အမ်းးးးးဗိုက်ဆာနေတဲ. အချိန်မှ လာကြည့်မိတယ်လို….
    မမပန်းလေးရယ်….ညလေးအတွက်မှ ကျန်သေးရဲ.လားဟင်…
    ချားဂျင်ဒယ်…….

  • si tone

    August 31, 2012 at 6:52 pm

    စားချင်တယ်……………..

  • မောင်ပေ

    August 31, 2012 at 8:03 pm

    သူနဲ ့တွဲစရာ ဟင်းချိုရည်လေးတစ်ခွက်လောက် လုပ်ပေးပါဦးဗျို ့
    ရှလွတ် ရှလွတ် ( ပုံများကိုမြင်ပြီးချိန်တွင် သွားရည်ကျသွားသည် )

  • Rose Minn

    September 1, 2012 at 10:44 am

    မမေရေ ကျေးဇူးပါ ဒီ weeken မှာအားရင် လုပ်စားပါတော့မယ်။ တစ်ပါတ်တစ်ပါတ် စားကောင်းအောင် ဘာလုပ်ကျွေး ရမလဲစဉ်းစားရင်းနဲ့ အကြံရသွားပြီ။ လုပ်နည်းပြောပေးတဲ့ မေ့ ကို လည်း ကျေးဇူး ကမာ္ဘ နော်။

  • မွန်မွန်

    September 1, 2012 at 12:11 pm

    ကော်ပီဆွဲတာ ဘာတွေလည်းမသိဘူး ဖြစ်နေတယ်…. 🙁
    နောက်နေ့မှ ပရင့်ထုတ်တော့မယ်… 😛

    ခွင့်ပြုတယ်နော်… မမေ… 🙂

  • pooch

    September 1, 2012 at 1:08 pm

    ဆိုင်မှာစားတုန်းကလည်း ဟင်းနုနွယ်ရွက်ကလေးတွေရောပါတာ တွေ့မိတယ်။
    အိမ်မှာလုပ်စားတော့ ပိုစုံအောင် ထည့်စားလို့ရတာပေါ့။ သန့်သန့်ရှင်းရှင်းနဲ့ စားရတာလည်း ပိုတန်တာပေါ့။ 😀

  • may flowers

    September 1, 2012 at 11:35 pm

    ကျန်ပါ့ ညလေးရေ အများကြီး….ကိုယ့်ညီမလေးပဲ ချန်ထားရတာပေါ့။
    si tone ရေ ကြုံရင် သုပ်ကျွေးချင်ပါရဲ့။
    Rose Minn ရေ လုပ်စားကြည့်ပါ တကယ့်ကိုကောင်းပါတယ်လို့။
    ကိုပေရေ ပုံထဲမှာမပါပေမဲ့ တကယ့်အပြင်မှာ သုပ်စားတုံးကတော့ ကြက်ရိုးဟင်းချိုလေးပါသား။
    ပြောနေစရာတောင် မလိုပါဘူး မွန်မွန်ရေ သိစေချင်လို့တင်ပေးတာပဲဟာ။
    ဟုတ်ပါတယ် pooch ရေ လုပ်စားကြည့်လိုက်ပါ ဆိုင်အရသာထက်ပိုကောင်းတာ သိပါလိမ့်မယ်။

  • Mobile

    December 13, 2012 at 9:04 pm

    ကြက်သားနဲ့ လုပ်စားရင်လဲ ရပါသလားခင့်ဗျ
    ဝက်သားမကြိုတ်လို့ပါ။

Leave a Reply