Shopping ထွက်ခြင်း

si toneAugust 31, 20121min34311

အင်း….. ဒီတစ်ခါ Si Tone shopping ထွက်တဲ့အကြောင်းအရင်းကိုပြောပြပါ့မယ်……
ရွာထဲက သူငယ်ချင်းတွေလဲ shopping ထွက်ရတာ ဝါသနာပါမယ်လို့ Si Tone ထင်ပါတယ်….
အဲလိုပဲ.. Si Tone လဲ shopping ထွက်ရတာ ဝါသနာပါ ပါတယ်…. ရွာထဲက သူငယ်ချင်းတွေ
shopping ထွက်ပြီးဆိုရင် shopping Mall ထဲမှာ ဘာတွေကို အရင်ကြည့်လဲ……?
Si Tone ကတော့ ဘယ် shopping mall တွေပဲ ဝင်ဝင်… music city , music and book စသဖြင့်
အဲဒီအပိုင်းထဲကို ဝင်ကြည့်တယ်….. ဘာဖြစ်လဲဆိုတော့ Si Tone က သီချင်းတွေပက်သပ်ရင် အကုန်
စိတ်ဝင်စားတယ်…. အင်္ဂလိပ်သီချင်းပဲဖြစ်ဖြစ် မြန်မာသီချင်းပဲဖြစ်ဖြစ် အကုန်စိတ်ဝင်စားပါတယ်….
ပြီးရင်တော့ Si Tone က ရေမွှေးအပိုင်းကိုလဲ စိတ်ဝင်စားတော့ ဝင်ကြည့်ဖြစ်ပါတယ်…. ပြီးမှ…
အဝတ်အစားအပိုင်းတွေကို ဝင်ကြည့်ပါတယ်……. ကဲ….ရွာထဲက သူငယ်ချင်းတွေကော….?
Si Tone တစ်ခုပြောပြမယ်… shopping mall တွေတော်တော်များများက ဆွဲဆောင်မှု ရှိတယ်လို့
ပြောရမယ်… တစ်ခုနဲ့တစ်ခုလဲ ဒီဇိုင်းတွေ မတူကြဘူး….. Si Tone တို့ဆီမှာ shopping mall တွေက
ယုဇန ပလာဇာ ၊ ဂမုန်းပွင့် center ၊ United living mall ၊ Ruby mart ၊ Junction mawtin ၊ Juntion
center ၊ Junction squre၊ Dagon center 1 & 2 ၊ Capaital……. စသဖြင့်ပေါ့ အများကြီးရှိပါ်တယ်…
Si Tone ကတော့ ဘယ်သွားသွား ဘယ်လာလာ shopping mall တွေ ့ပြီးဆိုရင် မဝင်ပဲ မနေနိုင်ပါဘူး
ရွာထဲက သူငယ်ချင်းတွေပဲ စဉ်စားကြည့်ပါ…. Si Tone ဘာကြောင့် mall ထဲဝင်ချင်းလဲ သိလား
ဝင်ဝင်ချင်း အေးမြမှုနဲ့ shopping mall ရဲ့ မွှေးပျံ ့တဲ့ အနံ့တစ်ခုကိုကိုရပါတယ်….ပြီးမှ အဝတ်အစားအနံ့
လယ်သာအနံ့ နဲ့ ရေမွှေးအနံ့ အသက်များရစေပါတယ်…. Shopping mall ထဲ ရောက်ရင် Si Tone ရဲ့
မျက်လုံးတွေ ဘယ်တောမှ ကဏ္ဍမငြိမ်ပါဘူး အမြဲအလုပ်လုပ် ပါတယ်… အင်း လိုချင်းတဲ့ ပစ္စည်းတွေ ့ရင်
လုံးဝ အဲဒီပစ္စည်းကို မျက်လုံး လုံးဝမကွာတော့ဘူး… ဒါဒီအတိုင်းနေတဲ့ ပစ္စည်းပါ…… ဒါပေမဲ့ အဲဒီပစ္စည်းက
Si Tone ကို မဝယ် ဝယ်ချင်အောင် အမျိုးမျိူးညိုယူနေတယ်…. “ စိတ်ထဲမှာလဲ အဲဒီပစ္စည်းက Si Tone ကို
သူပစ္စည်းဝယ်ရင် အကျိုးရှိတယ် ဆိုပြီး ပြောနေတယ်..” အဲဒါနဲ Si Tone လဲ ဝယ်မယ်ဆိုပီး ဆုံးဖြတ်ချက်ချလိုက်တော့ Si Tone ဆီမှာ ပိုက်ဆံလုံလုံလောက်လောက် မရှိတော့ အဲဒီပစ္စည်းရောင်တဲ့ staff ကို အဲဒီးပစ္စည်း မရောင်းအောင် ပြောပြီး Si Tone အနီးက သူငယ်ချင်းဆီမှာချေးရတော့တယ်…. ပြီးမှ Si Tone
လဲ စိတ်ကျေနပ်တော့တယ်… အင်း… ဒီကိစ္စက Si Tone အမြဲတမ်းလိုလို ဖြစ်နေကျ ကိစ္စလေးပါ…
တခါတလေး Si Tone shopping center တွေကိုစိတ်နာတယ်… ဘာဖြစ်လို့လဲဆိုတော့ Si Tone ကို
ဂရောက်ဂယက် ဖြစ်စေလို့……. အသိစိတ်က shopping mall ထဲမဝင်ရင်တောင် မသိစိတ်ကထဲက shopping
mall ထဲ ဆယ်ပိုင်းလောက်ဝင်ချင်နေတယ်……..

ရွာထဲက သူငယ်ချင်းတွေကော Si Tone လိုမျိုး ကဏ္ဍမငြိမ်းဖြစ်ကျလား…?
ကယ်…. Si Tone လဲ shopping ထွက်ခြင်း အကြောင်းကို Si Tone ရဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ တင်ပြ
လိုက်ပါတယ်……. ရွာထဲက သူငယ်ချင်းတွေလဲ shopping ထွက်တဲ့ အချိန် ဘယ်လိုအဖြစ်မျိုး ဖြစ်ခဲ့လဲဆို
တာ….. Si Tone ကို နည်းနည်း share ပေးပါနော်…. ပြီးတော့ အကဲလဲခပ်ပေးပါနော်……………………

11 comments

  • မောင်ပေ

    August 31, 2012 at 8:24 pm

    အိမ်း
    မောင်ပေ လဲ ငါးဟင်းအရမ်းကြိုက်တော့
    ငါးဈေးကို ခဏခဏ သွားဖြစ်တယ်
    မောင်ပေ စားချင်တဲ့ ငါးတွေ ့ပြီဆိုရင် ၊ အလေးမှန်မှန်ပေးဖို ့၊ ဈေးလျှော့ပေးဖို ့
    ငါးစိမ်းသည်တွေနဲ ့အကြာကြီး စကားပြောရတယ်
    တစ်ခါတစ်လေ မလတ်တဲ့ငါးတွေ ကို ညာရောင်းတာမျိုးနဲ ့လဲ ကြုံရတာပဲ
    အော် ငါးဝယ်ထွက်ရတာ မလွယ်ပါလားနော်

    • TNA

      August 31, 2012 at 10:25 pm

      အေးဟ။ ငါလဲအိမ်အတွက်ဟင်းကိုတပတ်စာဈေးဝယ်ထွက်ရင် ဟိုဟာလဲစားချင် ဒီဟာလဲဝယ် ချင်နဲ့ ပိုက်ဆံချီးမဲ့သူလဲမရှိတော့ ဈေးသည်ဆီမှာပဲအကြွေးချန်ခဲ့ရတာ ခဏခဏမို့ ဟင်းစားဈေး ဝယ်ထွက် ရတာလဲမလွယ်ပါဘူးကပေရယ်။

  • မိုချို

    September 1, 2012 at 9:38 am

    ဒီ မှ လည်စရာဆိုလို့ shopping mall တွေပဲ ပေါတော့ ပျင်းတိုင်း ပတ်နေလို့ ထူးထူးခြားခြား မခံစားရဘူး ။ အမြဲတန်း တွေ့ နေကျ ဖြစ်သွား ရင် ဘာ ကို မှ လိုချင်စိတ် မဖြစ်တော့ဘူး။ …အဲ…. ကိုယ်တွေ့ အကြံတော့ ပေးမယ်၊ဗိုက်ဆာနေတဲ့ အချိန် မှာ အစား အသောက်အစို အခြောက် မျိုး စုံ ရတဲ့ စူပါမားကတ် တွေ ( ဥပမာ စီးတီး မတ် ၊ အိုး ရှင်း ၊ ကက်ပီ တယ်) ထဲ မပတ်လိုက် ပါနဲ့ ။ မြင်မြင် သမျှ အကုန် စား ချင်နေ လိမ့် မယ်။ ပြီး ရင် မလိုအပ် တာတွေ ပို ဝယ် မိ လိမ့် မယ်။ ပြီးတော့ မှ နှ မြော နေရ မယ်။

  • ဦးဦးပါလေရာ

    September 1, 2012 at 10:56 am

    ရှော့ပင်ထွက်တာ စိတ်အပြောင်းအလဲဖြစ်ပြီး စိတ်ဖိစီးမှု့အဟောင်းတွေကို မေ့ပျောက်သက်သာစေပါတယ်။
    အိမ်ပြန်ရောက်ပြီး ဝယ်ထားတာလေးတွေကို တရက်နှစ်ရက်လောက်ထိုင်ကြည့်ပြီးတော့မှ
    ပိုက်ဆံကုန်သွားတာကြောင့်ရယ်၊ မလိုပဲ ဝယ်လိုက်မိတာကြောင့်ရယ်၊ ဈေးများသွားတာကြောင့်ရယ်
    စိတ်ဖိစီးမှု့အသစ် ထပ်ဖြစ်ပါတယ်။
    အဲဒါဆို ရှော့ပင် ထပ်ထွက်လိုက်ရင် သက်သာပါတယ်။ 🙂

  • ကြောင်ကြီး

    September 1, 2012 at 11:03 am

    စီတုံးဂလေး ဗီယာဂရာဆေး တဒါဇင်ဝယ်ပြီး ဦးကြောင်အိမ် အမြန်လာပို့စမ်း..ဒီမှာ မထနိုင်ဖြစ်နေလို့…..။ 😎

  • လေပြေ ရိုင်း

    September 1, 2012 at 11:43 am

    တို့များလည်းဘာကြောင့် စူပါမာ့ကက်တွေ သွားမိပါလိမ့် ?…(စဉ်းစားစမ်း..)၂
    – မနစ်ကနွေမှာ ဂျမ်းရှင်းစကွဲမှာ သွားထိုင်သေးတယ် အေးလို့
    – သူ့မျက်နှာ ဘီးလူးရုပ်ပေါက်တဲ့အခါ သွားမိတယ် ကောင်မလေးတွေ ချောလို့
    – အကြွေးတောင်းသူတွေ ဖုန်းဆက်တော့မယ် ဟဲ.. ဝင်သွားလိုက်တယ် အထဲမှာ လိုင်းမမိလို့…
    ဟိ.. ကိုယ်တွေ့နော်.. တိုက်ဆိုင်သူများ ရှိပါကလား…

  • Foreign Resident

    September 1, 2012 at 12:07 pm

    အဘကတော့ ဘာမှလည်းဝယ်ချင်စိတ် သိပ်မရှိလို့ ၊
    ကိုယ့်ဖာသာကိုယ်ဆို Shopping Centre တွေ ၊
    မသွားဖြစ်တာ ကြာပါပြီ ။

    တစ်ခါတစ်လေ မိန်းမ ဈေးဝယ်တာလိုက်သွားတယ် ၊
    စားချင်တာတွေ မိန်းမကို မှာလိုက်တယ် ၊ ဒါပဲ ။

    ပုံစံကြည့်ရတာတော့ ၊ ငါ အိုနေပြီပဲ ။

  • ဆူး

    September 1, 2012 at 12:34 pm

    shopping ထွက်တာနဲ့ ပတ်သတ်ပြီးတော့ ထူးထူးခြားခြား ခံစားချက် မရှိလှဘူး။ ဘယ်နိုင်ငံ ရောက်ရောက် နိုင်ငံတိုင်းက ဈေးဝယ် နေရာတွေ အားလုံးက ခင်းကျင်းထားပုံတွေက တူတူတွေ ချည်းပါပဲ.. အရင်ကတော့ မြန်မာနဲ့ စတိုင်ကွာတယ် ထင်ရပေမဲ့ အခု ဒီတိုင်းပြည်မှာတော့ တော်တော် ပြောင်းလဲ လာတော့ အားလုံးက ပုံစံ ဆင်တူတွေ ဖြစ်လာတယ်။ သေချာ လိုက်ကြည့်ရင် ပစ္စည်း ဆင်တူ တံဆိပ် တူတူတွေ ကုန်တိုက်တွေ တိုင်းမှာ ရှိပါတယ်။ ကုန်တိုက် တွေရဲ့ အတွင်းအပြင် ဖွဲ့စည်းမှု မတူညီတာပဲ ရှိပါတယ် ကုန်တိုက်တိုင်းမှာ ရှိတဲ့ နာမည်ကြီး တံဆိပ်တွေ နေရာယူတတ်ပါတယ်။ ကြာတော့ ငြီးငွေ့ပြီး ပျင်းစရာ ကောင်းလာတယ်။ တခုတော့ ရှိတယ် ကုန်တိုက်တိုင်းကို နေ့တိုင်းပတ်.. တနေရာနဲ့ တနေရာ ဈေးလျော့တဲ့ ပစ္စည်း အမယ် မတူကြဘူး။ ဘယ်ဈေးမှာ ဘယ်ဟာ လျော့တယ် ဆိုတာ မှတ်ပြီးတော့ လိုက်ဝယ်နိုင်ရင်တော့ မဆိုးဘူးပဲ.. ဟိဟိ.. ဈေးပတ်တာ လျော့ဈေးပဲ ကြည့်နေကျမို့ လျော့ဈေး အကြောင်းပဲ ဆွေးနွေးလိုက်တယ်နော်။

  • Mလုလင်

    September 1, 2012 at 12:57 pm

    ကျုပ် အတွက်တော့ … Shopping ထွက်ရတာ နဲ့ လိုက် ပို့ရတာနဲ့ တူတူ ပါပဲ .. ဆိုတော့ …
    ဒင်း ကြိုက်သွားမှာ .. ကြိတ် ကြောက်နေရတဲ့ ရသ တော့ ရသဗျို ့ ……။

  • moonpoem

    September 1, 2012 at 2:10 pm

    လကုန်ရက်ဆိုရင် လျှောပင် ထွက်ချင်ပါတယ်။ တစ်လစာ မုန် ့တို ့ဘာတို ့ဝယ်ဖို ့။ လတစ်လရဲ ့၁၅ရက်ကျော်ရင် သူ ့အလိုလို မရောက်ဖြစ်တော့တာပဲ ။

  • ဦးဦးပါလေရာ

    September 1, 2012 at 5:23 pm

    Mလုလင် ပြောတာမှန်တယ်…
    အဲလိုလိုက်ပို့ရတဲ့အခါ ဈေးကြီးတာတွေကိုမကြိုက်ပါစေနဲ့လို့ ဆုတောင်းရတာအမော…။
    ဒါပေသိ အဲဒီဆုတောင်းက မပြည့်တာများတယ်… 😀

Leave a Reply