ရွှေစိတ်တော်ညှိုးဘွဲ့

marblecommetSeptember 1, 20121min18016

ဘဝတဏှာ စိတ်နှလုံး နွမ်းတစ်ခါပြုံးတစ်လှည့်ရယ်နဲ့
ရခဲလှ သက်ခန္ဓာတွဲလျက်ကယ် မြဲဖို့ပေပ
ပူကြငှါန်း လူ့ကျဘန်း မဖြစ်စေဖို့
ကိုယ်အစွမ်း ကိုယ်ကျမ်းနဲ့ ထောက်ချင့် သက်ဆက်လှယ်
တက်ရွက်စုံ ကျိုးစေငဲ့ အားမငယ်…။
မတစ်ထောင်သားတို့ ပြေ(တည်)တစ်ခွင်တွင်ဖြင့်
ဆန်းတဘောင် များမြောင်လှ ဖြစ်ရပ်ထွေထွေကိုလ
ကြုံဆုံရ ကံဘဝ နိစ္စထိုထိုတို့
ထွေခင်း ဖြေရှင်းလို့ မကုန်နိုင်လေခြင်း
ဝီစိကိစ္ဆာ သိပ္ပဝိဇ္ဇ အဖုံဖုံရယ်ကြောင့်
တစ်ကိုယ်သာ ပူဗျာ သည်မောင်ကမ်းမှာဖြင့်
အကြင်သူ ရင်အကူ နံရိုးလေးကိုတဲ့
လွမ်းမိပါတယ်…။
ဟိုက်တက် ဂလိုဘယ် စပိခေတ် မလေ
ဆိုက်အဖက် အသရေကံ(တွေ)ကလည်း များတာကြောင့်
စိတ်အလို ရုပ်ကချည်းမလိုက်နိုင်ပေမဲ့
ဖြစ်လိုရာ ဖြစ်စေတော့လို့လည်း မယုတ်လွန်
နှိုင်းချိန်ကာ စေ့ငုတဖြန်….။
သိုင်းခြုံကာ ပေါင်းဆုံမိကြတဲ့
အွန်လိုင်းပေါ်က ကွန်ယက်ဖြာတစ်ဝန်းမှာ
(ကိုရင်ဂီရယ်…) မောင်းတင်ကာ ဇောင်းထင်လိုက်စမ်း…။
ရွှေစိတ်တော် ညှိုးငယ်
မန်းဂေဇက် ပြေ(ပြည်)တစ်ရွာမှာ
မိတ္တဗလဘဝ ဆွေငယ် သက်လှယ်ကြပါလို့
စာဂ၊ ဉာဏ၊ ပညာ၊ သီလံ၊ ပရဟိတ္တအတန်တန်ရယ်က
တွေးဘဝင် ဂွမ်းဆီငြိမ့် ပီတိရေအလျဉ်ဖြင့်
ပျံ့သင်းတုန့်လှယ်…။
(အမယ်မင်း…ဆွေတော်ရဲစီရယ်)
သို့ပေမဲ့ ငါးခုံးမတစ်ကောင်ရယ်ကြောင့်
တစ်လှေလုံးပုပ်ရတဲ့ ဇာတာစန်းကိုပ
ဖြုန်းစစ အန္တရာယ်အသွယ်သွယ်ကြောင့်လည်း
နှုန်းချိရပြန်…။
မန်းသပြေ ဇက်ဂဟေ ရွာလမ်းမှာဖြင့်
ဥသဘနွားအလား ဖြောင့်ဖြောင့်သွားတဲ့ ပို့(စ်)တွေက
ဗလငါးတန်ကို ဗဟိုပြုပါလို့
ကျိုးပြုမျက်ဖြေ…။
(အို…နောင်ရင်း မိုက်ရယ်…)
ရှေ့ကနွား အဖြောင့်သွားပေမဲ့
ပို့(စ်)တင် ရွာခွင်မှာ မြိုင်ဖို့အရေး
ကလိန်စေ့ငြမ်းဆင် ကဝိထိုထိုစာများကိုလ
ပြာကရော် ဖြတ်၊ ညှပ်၊ ကပ်ပါလို့
မာန်အထင် လူရာဝင်လိုကြလျင်ဖြင့်
မူပိုင်ခွင့်(ကလေး)လည်း မျက်နှာငယ်…။
(ကွယ်) ဖြစ်လိုရာဖြစ်စေတော့
ဘဝင် နှလုံးကိုဖြင့် ရွှင်ပြုံးအောင်ထားရတော့မယ်
လိပ်ပြာကလေးကို လုံအောင်စောင့်ကြပေါ့
သိက္ခာကလေး ထုံသင်းလိုရင်းပါကွဲ့
(ဪ…နှမရယ်..မောင်ကြီးနှမရယ်…)
ကိုကမ်း ငိုဘွဲ့…။

16 comments

  • YE YINT HLAING

    September 1, 2012 at 2:57 am

    ရှ့ကနွား အဖြောင့်သွားပေမဲ့
    ပို့(စ်)တင် ရွာခွင်မှာ မြိုင်ဖို့အရေး
    ကလိန်စေ့ငြမ်းဆင် ကဝိထိုထိုစာများကိုလ
    ပြာကရော် ဖြတ်၊ ညှပ်၊ ကပ်ပါလို့
    မာန်အထင် လူရာဝင်လိုကြလျင်ဖြင့်
    မူပိုင်ခွင့်(ကလေး)လည်း မျက်နှာငယ်…။
    (ကွယ်) ဖြစ်လိုရာဖြစ်စေတော့
    ဘဝင် နှလုံးကိုဖြင့် ရွှင်ပြုံးအောင်ထားရတော့မယ်
    လိပ်ပြာကလေးကို လုံအောင်စောင့်ကြပေါ့
    သိက္ခာကလေး ထုံသင်းလိုရင်းပါကွဲ့
    (ဪ…နှမရယ်..မောင်ကြီးနှမရယ်…)
    ကိုကမ်း ငိုဘွဲ့…။

  • ရောင်းရင်း ကိုကမ်းရေ ..
    ရေးထားတာ ရေလည် လန်းသဗျာ ..
    ဒီအရေးအသားမြင်တော့
    ဆရာကြီး သခင်ကိုယ်တော်မှိုင်းတောင် သွားပြီး သတိရမိပါရဲ့ ..
    အားပေးသွားပါဒယ်ဗျို့ ..

    ချစ်တဲ့ ..
    အံစာတုံး

  • surmi

    September 1, 2012 at 8:52 am

    ပျက်အစဉ် ပြင်ခဏရယ်လို ့ ဆိုကြရလူ ့ဘောင်
    တွေ ့မရှောင် အတုအယောင်များပါလို ့
    အပြုမဆောင် အပျက်ထောင်သောင်းရယ်နဲ ့
    လမင်းကို ခွေးဟောင်
    တွေးမိတိုင်း ရင်ထဲမှာနာလေပေါ ့
    ပုဆိုးစွန်တောင်ဆွဲပါလို ့
    ကိုကမ်းရေ ……..ဆဲ လိုက်ချင်ရဲ ့ ။

  • ရဲစည်

    September 1, 2012 at 9:34 am

    (အမယ်မင်း…ဆွေတော်ရဲစီရယ်)
    သို့ပေမဲ့ ငါးခုံးမတစ်ကောင်ရယ်ကြောင့်
    တစ်လှေလုံးပုပ်ရတဲ့ ဇာတာစန်းကိုပ
    ဖြုန်းစစ အန္တရာယ်အသွယ်သွယ်ကြောင့်လည်း
    နှုန်းချိရပြန်…။

    ဟမငီး … ဒါ ..ဒါ ခင်ညားကြီး ကျုပ်ကို သက်သက် ဟိုထဲမှာ တုတ်လို့မရလို့
    ကာတွန်းလေး တခါတောင်းမိပါတယ် ဘွဲ့နဲ့ချီပီး လုပ်ကြံတာ 😀
    မဖြစ်ဘူး … မဖြစ်ဘူး

    ဘယ်အငြိုးရယ်က
    ဆယ်မိုးနဲ့ မပြေနိူင်
    တွေးဆိုင်ကာ အမြင်စစ်ကိုပ
    ရေးချိုင်ကာ လူမြင်ဟစ်တယ်
    ဘေးထိုင်သူ ဖတ်ကာ
    ဟိုအတွေးကယ်နဲ့
    အိုကွယ် ငခုံးမရယ်လို့
    အမည်တပ်ကာ ပူဆွေးရတယ်
    ဂူရွှေးဟဲ့ ၆ကမ်း :mrgreen:

    ဖဒမကြီး နင့်ကို မကျေနပ်လို့ ကျုပ်လည်း မွေးနဲ့အပြန် အော့ကြောလန်ပျို့ကြီး ရေးနေပီ
    ခွစ် ခွစ်

  • ရွှေ ကြည်

    September 1, 2012 at 10:17 am

    ကောင်းလိုက်တဲ့အရေး
    တော်လိုက်တဲ့အတွေး
    ကိုကမ်းတဲ့လေး
    အားကျတယ်ဝေး။ 😀

  • ဘဘဖရဲ

    September 1, 2012 at 11:38 am

    အော်
    ဘယ်လိုအကြောင်းကြောင်းကြောင့် ရွှေစိတ်တော်ညှိုးရတာလဲ
    နှမတော် ကမ်းရယ်
    မောင်တော်ဘဘလည်း ဘာမှမလုပ်ပါဘူးကွယ်
    ညကျရင် မောင်တော်ဆောင်တော်ကူးခဲ့မယ်နော်

    • zarlay

      September 2, 2012 at 2:54 pm

      သူကလဲ ဒီအခွင့်အရေးကိုစောင့်နေတာပါလားနော်။

  • ကို ခင်ခ

    September 1, 2012 at 3:12 pm

    တန် တန် တဲ့ နယ် တူ တဲ့ တဲ့ တီ——-။

  • Shwe Ei

    September 1, 2012 at 8:32 pm

    ချိတ်ညစ်နေလား ကိုကမ်း၊ လိပ်ဖစ်တာအခွံထူလို့ပါတဲ့။ ယွဲစည်မကောင်းလဲ တခြားလူတွေကောင်းပါသေးတယ်တဲ့။ ဂယ်တော့လေ ယွဲစည်က ငါးခုန်းမဟုတ်ပါဝူး အိမ်မြှောင်ပါ။ သူ့အတွက်စိတ်မပူနေပါနဲ့။ 😀

  • surmi

    September 2, 2012 at 8:43 am

    ကိုကမ်း ရေ
    ဖိတ်စာပို ့ပြီနော်
    ၄ ရက်နေ ့ည ၉ နာရီကျော်
    ရွာထဲမှာ က ပွဲရှိတယ်

  • ခုလို ဝေဖန်ပေးလို ့ကျေးဇူးပါဗျ။
    ရှေ့ကနွား အဖြောင့်သွားပေမဲ့
    ပို့(စ်)တင် ရွာခွင်မှာ မြိုင်ဖို့အရေး
    ကလိန်စေ့ငြမ်းဆင် ကဝိထိုထိုစာများကိုလ
    ပြာကရော် ဖြတ်၊ ညှပ်၊ ကပ်ပါလို့
    မာန်အထင် လူရာဝင်လိုကြလျင်ဖြင့်
    မူပိုင်ခွင့်(ကလေး)လည်း မျက်နှာငယ်…။
    (ကွယ်) ဖြစ်လိုရာဖြစ်စေတော့
    ဘဝင် နှလုံးကိုဖြင့် ရွှင်ပြုံးအောင်ထားရတော့မယ်
    လိပ်ပြာကလေးကို လုံအောင်စောင့်ကြပေါ့
    သိက္ခာကလေး ထုံသင်းလိုရင်းပါကွဲ့

  • ကြောင်ကြီး

    September 7, 2012 at 10:57 am

    မောင်ဂျီးနှမ
    ကြောင်ကြီးတ
    မှောင်မီးအချ
    ဆောင်ငြီးထ
    ဗျောင်တီးသဗျ
    အောင်မငှီးရ
    လောင်ရွှီးဘဝ
    ငေါင်ထီးကြွ..။

  • Moe Z

    September 7, 2012 at 12:06 pm

    ကိုကမ်းရေ ခေတ်သစ်ဘွဲ့တော်ကြီးကို လက်မထောင်ပြီးအားပေးသွားပါတယ်
    ဆက်ပြီး ပီအိတ်ချ်ဒီလေးလုပ်ပါဦး :mrgreen:

  • kotun winlatt

    September 7, 2012 at 12:17 pm

    ဟားးးးးးးးးးးးးးးး
    ကိုကမ်းတို့တော့..ငိုချင်းးးတွေကို ချနေရပါရော့လားးး..အဟိ….

Leave a Reply