ဇာဂနာ

အဇဋာSeptember 1, 20121min46932

Yesterday

မနေ့က ကျွန်တော်တင်ခဲ့တဲ့ “အကြံညဏ်တောင်းခံခြင်း”(https://myanmargazette.net/147294/economic-news-international-news-news-industry-people-in-the-news-us-news-news) ဆိုတဲ့ ပို့စ်ကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။

ABSDF ဆိုသူပုဂ္ဂိုလ်တွေ ရောက်လာမယ်ဖြစ်တဲ့ အတွက် ကျွန်တော် သတင်းသွားလိုက်မလို့ အကြံညဏ်တောင်းခံခြင်းနှင့်အတူ ဆွေးနွေးပေးရန် ဖိတ်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီပို့စ်ကို တင်ပြီး နောက်ထပ် မိနစ် ၂၀ လောက်အကြာမှာပဲ ၈၈ မျိုးဆက်ကျောင်းသားများ ရန်ပုံငွေအတွက် သတင်းထောက်ဝင်ခွင့်ကတ်ပြားကို ၈၈ ရုံးမှာ သွားယူရတဲ့အတွက် ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။ ပြီးတော့ တစ်ဆက်တည်းပဲ လေဆိပ်ကို ဆက်သွားခဲ့ပါတယ်။

ပြန်လာတော့ တွေ့ရတဲ့ တချို့ ကွန်မင့်တွေက နည်းနည်းတော့ ရင်အောင့်သွားစေပါတယ်။ ကျွန်တော် “သေဖော်ညှိခြင်း” မဟုတ်ပါ။ ထို့ပြင် “ဗျတ်ဝိ ဗျတ္တ ဝင်နေခြင်း” လည်း မဟုတ်ပါ။ ဂေဇက်ရွာသားများနှင့် အတူရင်းနှီးချင်၍ ဖြစ်ပါသည်။

ထားလိုက်ပါတော့။

မနေ့က ဖြစ်တဲ့ လူရွင်တော် ဇာဂနာရဲ့ သတင်းထောက်တွေအပေါ် ဆဲရေးခြင်းအကြောင်း အားလုံးကြားကြမှာပါ။ ဇာဂနာ ဆဲတယ်ဆိုတဲ့ အကြောင်း ကျွန်တော် သတင်းလိုက် သွားခဲ့တဲ့ပွဲမှာ ရောက်လာတဲ့ သတင်းထောက်တွဆီကနေ ဖေ့စ်ဘုတ်က တစ်ဆင့် ပြန့်သွားခဲ့ပါတယ်။

အဲဒီမှာ တစ်ချိ့ လူတွေက ဘာလို့လဲ၊ ဘာလို့ ဆဲတာလဲ၊ သက်သက်မဲ့ဆဲတာတော့ မဖြစ်နိုင်ဘူး၊ လုပ်ကြံပြီးပြောတယ်၊ သတင်းထောက်တွေက အဆဲတောင် မခံနိုင်ဘူးလား ဆိုတဲ့ အသံတွေ အမျိုးမျိုးထွက်လာပါတယ်။

ကျွန်တော်ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့အတွက် အဲ့ဒီပွဲမှာ ဇာဂနာ ဘာကြောင့် ဆဲရသလဲဆိုတာလေး ပြောပြချင်ပါတယ်။

 

Progress/Problem

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နေ့လည်၂ နာရီဝန်းကျင်လောက်မှာ ABSDF က လူပုဂ္ဂိုလ် သုံးဦး (ဒေါက်တာ နိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ညိုအုန်းမြင့်) ရောက်လာပါတယ်။ အဲ့ဒီမှာ Myanmar Egress က ဒေါက်တာ ကျော်ရင်လှိုင်ရယ်၊ ဦးလှမောင်ရွှေရယ်၊ ဇာဂနာ ရယ်၊ လေဆိပ် Privacy ခန်းထိ သွားရောက်ပြီး ကြိုဆိုခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သတင်းထောက် ၃၀ ကျော်လောက်က အထွက်ပေါက်ကနေ ပိတ်ဆို့ပြီး ဓါတ်ပုံရိုက်ဖို့ စောင့်ဆိုင်းနေကြပါတယ်။

သူတို့လည်း ထွက်လာရော၊ ထွက်လာတဲ့ ပုံကို အလုအယက် ရိုက်ယူကြတာပေါ့။ အဲ့ဒီအချိန်မှာ ဓါတ်ပုံက အဓိကပါ။ မေးခွန်းမေးဖို့ မပြောပါနဲ့။ အနားတောင်တိုးလို့ မရပါဘူး။ အဲဒီအချိန်မှာ ပုံမှန် Recorder ကလေးတွေကိုင်ပြီး Q and A လုပ်ဖို့စောင့်နေတဲ့ သတင်းထောက်တွေကတော့ နောက်ရောက်သွားတာပေါ့။ ဘယ်လိုမှ မေးလို့မရဘူးလေ။ ဓါတ်ပုံအရင်ရိုက်၊ ပြီးရင် Brief ကလေးတစ်ခုလုပ်၊ အဲဒီမှာ သတင်းထောက်တွေက ဝိုင်းမေးပေါ့။ ဒီလိုဖြစ်တာက ထုံးစံပါပဲ။

အဲ့ဒီမှာ ABSDF ကလူသုံးဦးနဲ့အတူ လိုက်ထွက်ပါလာတာက ဇာဂနာ၊ လှမောင်ရွှေ တို့ပါ။ သတင်းထောက်တွေက အရမ်းတိုးဝှေ့ကြပါတယ်။ အဲ့ဒီမှာ ဇာဂနာက အော်ပြောပါတယ်။ ခပ်ဖြည်းဖြည်းလုပ်ကြပါတဲ့။ ဘေးကို၊ ဘေးကိုပေါ့။ ပြီးရင် ခင်ဗျားတို့ ဓါတ်ပုံရမှာပါတဲ့။ နည်းနည်းဖယ်ကြပါပေါ့။ ဒါပေမယ့် ပြဿနာက အဲဒီအချိန်မှာ သူ့ကို ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲက သူ့ပွဲမဟုတ်လို့ပါ။ ပြီးတော့ ဒီကိစ္စမှာ သူက ဘာလဲ ဆိုတာက ပြဿနာရှိပါသေးတယ်။ ဒီလူတွေပြန်လာတဲ့ခရီးစဉ်မှာ သူက ဘာတာဝန်ယူထားတာလဲ။ အဲဒါတွေကလည်း ပြဿနာဖြစ်စေတာပါ။

အကယ်၍ ဒီနေရာမှာ လူဝင်မူကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ လာမယ်ဆိုရင်တောင် သူ့စကားနားထောင်ကြမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအချိန်မှာ သူဟာ သတင်းမဖြစ်နိုင်လို့ပါပဲ။ ABSDF သုံးဦးကသာ ဒီအချိန်မှာ သတင်းဖြစ်နေပါတယ်။ အဲ့ဒီအတွက် သတင်းထောက်တွေက ဇာဂနာရဲ့ စကားကို ဂရုမစိုက်ကြတော့တာဖြစ်ပါတယ်။ အဲဒီမှာ နှစ်ခွန်း၊ သုံးခွန်းလောက် အော်လိုက်ပြီးတော့ ဘယ်လိုမှမရဘဲ သတင်းထောက်တွေက ဓါတ်ပုံဆက်ရိုက်နေတော့ သူက အသံကျယ်ကျယ်နဲ့ အော်ပြီး ဆဲလိုက်ပါတယ်။ ဆဲလိုက်တဲ့ စကားသံ၊ Video File က အောက်က Link မှာကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/photo.php?v=4572619477154

သူလဲဆဲလိုက်ရော သတင်းထောက်တွေ နည်းနည်းရှဲသွားပါတယ်။ ပြီးတော့ ပုံမှန်အတိုင်းပဲ သတင်းဓါတ်ပုံရိုက်တဲ့သူက ရိုက်၊ ABSDF တွေ ဖတ်ပြတဲ့ ကြေညာချက်ကို Record လုပ်သူက လုပ်နဲ့ ပုံမှန်ပါပဲ။ ဒါပေမယ့် သတင်းထောက်တွေ မှတ်တမ်းထဲမှာတော့ ဇာဂနာ ဆဲလိုက်တယ်ဆိုတာကတော့ Record ဖြစ်သွားတာပေါ့ဗျာ။

မှတ်ချက်။  ။ ယခုပို့စ်သည် ဇာဂနာနှင့် သတင်းထောက်များအကြား ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကိုသာ အဓိက တင်ပြလိုခြင်း ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပဲ ပို့စ်ပိုင်ရှင် “ကြယ်လေး” ၏ “ကိုဇာဂနာ”(https://myanmargazette.net/39446/arts-humanities/politician-musician-celebrity-interviews-profiles) ဆိုတဲ့ ပို့စ်ကိုလည်း ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

32 comments

  • kai

    September 1, 2012 at 3:00 am

    .. ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့က.. အေဘီကလို့ပြောလို့မရဘူးထင်ပါတယ်..။ အဝေးရောက်အစိုးရအဖွဲ့ကမဟုတ်လား…
    သူတို့က.. အေဘီကိုယ်စားပြုပြီး.. စာတခုခုဖတ်ပြသွားသလား.. သိချင်မိတယ်..

    ဘာပဲဖြစ်ဖြစ်.. သတင်းလေးအတွက်..ကျေးကျေးပါနော..

    • zarlay

      September 2, 2012 at 2:48 pm

      ဒီသတင်းကို သတင်းမကြည့်လိုက်ရလို့မသိပါဘူး။ တင်ပေးတဲ့အတွက်ကျေးဇူးပါ။

  • YE YINT HLAING

    September 1, 2012 at 3:04 am

    “ပြန်လာတော့ တွေ့ရတဲ့ တချို့ ကွန်မင့်တွေက နည်းနည်းတော့ ရင်အောင့်သွားစေပါတယ်။”
    မအောင့် ပါ နဲ့ ဗျာ ! ဒီလိုပဲ နောက်ကြတာပါ ! ကြောက်တာလည်း ပါတာပေါ့ ! ဟဲဟဲ ! နောက်တာ !

  • မြတ်ကျော်သူ

    September 1, 2012 at 3:05 am

    >> Kai
    ဟုတ်ပါတယ်..အားလုံးကို AB ကလို့ပြောလို့မရပါဘူး…
    ဒီပို့စ်ထဲမှာ အလွယ်ခေါ်လို့၊ သုံးစွဲလို့ရအောင် သုံးလိုက်ရခြင်းဖြစ်ပါတယ်…
    ခုလိုထောက်ပြပေးတဲ့အတွက် ကျေးဇူးပါ။

  • Foreign Resident

    September 1, 2012 at 7:41 am

    “ ပြန်လာတော့ တွေ့ရတဲ့ တချို့ ကွန်မင့်တွေက
    နည်းနည်းတော့ ရင်အောင့်သွားစေပါတယ် ”
    “ ဗျတ်ဝိ ဗျတ္တ ဝင်နေခြင်း ”

    ကိုမြတ်ကျော်သူ ကလည်း ၊ ဒါလောက်လေးများ ။ 😛

    ဆဲတာ ၊ ဇာဂနာလဲ လူရှင်းမရတော့ ဒေါသထိန်းမရဘူး ထင်ပါတယ် ။
    အဲ ၊ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ နိုင်ငံရေးပါး မဝမှု ကိုလည်း ပြတာပေါ့ဗျာ ။
    သူများနိုင်ငံတွေမှာတော့ လူရှင်းပေးမယ့် အဖွဲ့ သပ်သပ် ရှိတယ်ဗျ ။

    • manawphyulay

      September 1, 2012 at 11:21 am

      ဒီမှာက ခုမှ ရှင်းပေးမယ့်အဖွဲ့အတွက် လူခန့်ဖို့စဉ်းစားတုန်းဖြစ်မှာပေါ့ အဘဖောရယ်…

  • maungmoenyo

    September 1, 2012 at 8:06 am

    high profile တွေ ခြေလွမ်းမမှားကြဘို့ အထူးလိုတဲ့အချိန်ပါနော်…။ သိပ်ကောင်းတဲ့ လက္ခဏာတွေတော့မဟုတ်ဘူး။

  • သတင်းအတွက် ကျေးဇူးပါ ကိုမြတ်ကျော်သူ ..
    နို့ .. ဗွီဒီယို လင့်ခ်ကတော့ မရဘူးဗျို့ ..
    ဦးဇာဂနာ ဆဲတာကလည်း သူ့အကြောင်းနဲ့ သူမို့ ဆဲတာပဲ ..
    ဟိုလူတွေကလည်း သူတို့ အကြောင်းနဲ့ သူတို့ တိုးဝှေ့ ရိုက်ကြတာပဲ .. (ဒါ့ပုံ)
    ဒီတော့ … ကျုပ်လည်း ဘာမှ ထပ်ပြောတတ်တော့ဘူး .. 😀

  • ရဲစည်

    September 1, 2012 at 9:18 am

    ဟား ကိုယ့်ဆြာက နည်းနည်း အတိမ်းအစောင်းမခံဘူးကိုး
    အိုကေပါဗျာ …..
    နောက်နောင် မမန့်ရဲတော့ပါဘူး ….။
    ရှင်းတော့ ရှင်းပြခဲ့ပါတယ် …………။
    ချိုတူး says:
    ” ကြောက်ဖူးလား … ပိုပေါ့တို့ ဘာတို့လို ခုံရုံးတင်ရင် ဘယ်လိုလုပ်မလဲ ”
    ” ဘယ်သူ အာမခံပေးလို့ ပြန်လာတာလဲလို့ ”
    ” ဟို စာအုပ်ထွက်ထားတဲ့အပေါ် ဘယ်လိုမြင်လဲ ”
    ” ဒီမိုကရေစီ နိူင်ငံသစ်အတွက် ဘယ်လို ပြန်လည်ပေးဆပ်မလဲ “

    အဲဒါလေး ဖတ်ပီး ကျနော်က ခင်ဗျားပို့စ်မှာ သဂျီးကို လှမ်းစတာဗျ
    အဲတော့ …. ဒီမှာလည်း ကျပ်လုံးတွေဟ
    ဟမငေး သဂျီးရေ
    မန်းဂဇက်တော့ ဗျတ်ဝိ ဗျတ္တ ဝင်နေသဗျ လို့ပြောခြင်း ဖြစ်ကြောင်း။

  • မြတ်ကျော်သူ

    September 1, 2012 at 11:08 am

    ခွစ်…ခွစ်….ရပါတယ်ဗျာ.ရဲစည်..ကျွန်တော်က ခင်ဗျားတို့ရဲ့ ဟာသ Sense ကို မမိလို့ပါ…
    ဝင်မမန့်ဘဲနဲ့တော့ မနေပါနဲ့ဗျာ….အဲလိုတော့ ပစ်မထားကြပါနဲ့…
    >> အံစာတုံးရေ…Video Link ကဖွင့်လို့ရပါတယ်ဗျ..ဖွင့်ကြည့်ပါ….ကျွန်တော် ပြန် Check လုပ်တော့ ရသားပဲဗျ…တစ်နေရာများမှားနေလို့လား မသိဘူး…

    • သိဘူးဂျ ..
      ခုလည်း ဖွင့်ကြည့်တာ ရဘူးရယ် ..
      ဖေ့ဘုတ်ခ်ကို လော့အင် ဝင်ပြီးရော၊ မဝင်သေးဘဲနဲ့ရော ဖွင့်တာ
      ရဘူး ..
      ဖျက်ပစ်လိုက်လို့လား သိဘူး .. 🙄

  • ဦးဦးပါလေရာ

    September 1, 2012 at 11:14 am

    လူဆိုတာကတော့ အရမ်းပြင်ဆင်မထားနှင့်ဘူးဆိုရင်
    မရယ်အောင်မထိန်းနိုင်တဲ့အခါ ရယ်လိမ့်မယ်
    မငိုအောင်မထိန်းနိုင်တဲ့အခါ ငိုလိမ့်မယ်
    မဆဲအောင်မထိန်းနိုင်တဲ့အခါ ဆဲလိမ့်မယ်…။

    ဟိုဒင်း… သတင်းထောက်ဆိုတာ မဆဲကောင်းဘူးထင်တယ်…။
    အနန္တဂိုဏ်းများ ဝင်သွားပလားမသိ…. 🙁

  • ရွှေ ကြည်

    September 1, 2012 at 11:17 am

    ကိုမြတ်ကျော်သူသတင်းအတွက်ကျေးဇူးပါဗျိုု့။ နောက်လဲထူးခြားတာလေးများရှိရင်ရွာထဲမှမျှဝေပါဦးလို့။
    ရွှေကြည်က ဒီရွာမှာပဲကျင်လည်တာများလို့ပါ။ 😀

  • မြတ်ကျော်သူ

    September 1, 2012 at 11:23 am

    >>ဦးဦးပါလေရာ ပြောလိုက်တာ မိုက်၏…

    >>ဟုတ်ကဲ့ပါ….မရွှေကြည်ရေ….

  • မောင်ပေ

    September 1, 2012 at 11:31 am

    မနေ့က ပိုစ့်ထဲမှာ ကိုကြီးကျော်ကို ရင်အောင့်စေတဲ့ ကွန်မင့်ထဲမှာ သားဟာမပါလောက်ပါဝူးနော်
    သားကလေ ဘာမှသိတာဟုတ်ဖူးရယ်
    စာဖတ်ရရင် ကွန်မင့်ပေးရရင် ပျော်နေတာပါပဲ

  • ကြောင်ကြီး

    September 1, 2012 at 12:03 pm

    ဆဲတဲ့အသံဖိုင် နားမထောင်ရသေးဘူး ဒါပေမဲ့ နိုင်ငံရေးလုပ်နေရင် အများနဲ့ဆက်ဆံနေရင် အဲသလို လက်လွတ်စပယ် မပြောမလုပ်သင့်ဘူး..။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တော့ သွားမတုနဲ့နော် ဟိုက ဗိုလ်ချုပ်… ပြောရရင် ကိုဇာဂနာ ဖောင်းလ်တာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီနဲ့တူတယ်။ ပထမတခါ ဦးခင်ညွန့်လွတ်လွတ်ခြင်းသွားတွေ့တာ နိုင်ငံရေးအရ သူ့အတွက် နစ်နာတယ်လို့ မြင်တယ်.. နောက်တခါဆို သုံးကြိမ်ဖြစ်သွားပြီ.. သူကိုယ်တိုင်လည်း နိုင်ငံရေးလုပ်မယ်လို့ ပြန်လွတ်လာတော့ ပြောထားတယ်…။ ဆင်ခြင်ပါဗျာ… ဟော့ဟော့ရမ်းရမ်း မလုပ်ရဘူးမဟုတ် လုပ်လို့ရတယ် သို့သော် အလုပ်အပိုင်းမှာလည်း ဒုန်းဒုန်းဒိုင်းဒိုင်း လုပ်ပြတာနဲ့တွဲရမယ် သို့မှသာ နားလည်ခွင့်လွှတ် နိုင်ကြမပေါ့…။ လုပ်တော့ သိုသိုသိပ်သိပ် လုပ်နေပြီး ပြောတော့ ရမ်းတယ်ဆိုရင် ဆော့ဖ်ဝဲနဲ့ ဟက်ဒ်ဝဲ မကိုက်ဖြစ်ပြီး စက်ဂန့်သွားနိုင်တယ်..။

  • ရာဇဝင်လူဆိုး

    September 1, 2012 at 5:05 pm

    ဂန့်သွားရင်တော့ မားသားဘုတ်လဲပြီး ဝင်းဒိုးနဲ့ ဒရိုင်ဘာတွေ တင်လိုက်ရရင်ရတာပဲ အန်အယ်ကြောင်။ ခုဆို ဝင်းဒ်ိုး 8 ပါ ထွက်နေတော့ ပိုအိုကေတာပေါ့…ဟီး..:P

  • chityimhtoo

    September 1, 2012 at 6:00 pm

    သူ့အဖေတွေကိုထိမှာစိုးလို့ ဇာဂနာကဆဲလိုက်တာနေမှာ…ဟိဟိ..ခင်းဗျားတို့ကပြောနေတာလီးလိုပါဘဲတဲ့
    ဗမာစကားနားမလည်ဘူးလားတဲ့….နိုင်ငံတစ်ကာမှာလည်း သတင်းသမားဆိုတာဒီလိုဘဲမရရအောင်လိုက်ရိုက်မှာဘဲ။

  • win

    September 1, 2012 at 10:14 pm

    ဦးဇာဂနာရေး ..ခင်ဗျာတော့ များနေပြီဗျို့။
    သူနေရာနဲ့သူပဲကောင်းတယ်။
    အခုချိန်ခါမှာ မတရားဘူးဆိုရင်တော့
    မတရားသူမှန်သမျှကို ဆက်တိုက်သွားရမှာပဲ
    သတင်းသမားများကလဲ ဘယ်သူမျက်နှာမှ
    မထောက်ပဲ ဖော်ထုတ်သွားရမှာပဲ…

  • Foreign Resident

    September 2, 2012 at 7:05 am

    သေချာ နားထောင်ကြည့်ပြီးပါပြီ ။
    ” ဘယ်ကောင်လာတွန်းနေလဲ ၊ လီးလိုမှပဲ ”
    လို့ ပြောထားတာပါ ။
    ဇာဂနာကလည်း ၊ သူ့ကိုလာတွန်းတဲ့သူကိုပြောတာလို့ ၊
    ဖြေရှင်းပြီးပါပြီ ။

    မှန်တာပြောရရင် ၊ သတင်းသမား အများစု ရဲ့ ၊
    ကိုယ့် သတင်းသမားတွေဖက်က ဘက်လိုက်ပြီး ၊
    ကျီးလို ဝိုင်းအာတတ်တဲ့ ဖွတတ်တဲ့ စိတ်ဓါတ်ကို ၊
    တော်တော် စိတ်အချဉ်ပေါက်နေပါပြီ ။

    • YE YINT HLAING

      September 2, 2012 at 4:21 pm

      ဟုတ်ပါတယ် ! သတင်း သမားတွေကလည်း သူတို့ အင်အားနဲ့ သူတို့လုပ်ငန်းကို အသုံးချပြီး လိုရင် လိုသလို မလိုရင် မလိုသလို ပုတ်ခတ်ရေးသား ဖော်ပြ ညွန်းဆို မှုတွေ မလုပ်သင့်ပါ ! တကယ်တော့ ဒီ ဖြစ်စဉ်မှာလည်း သာမန် အဆင့်သာ ရှိပါသည် ။ ရေးကြီး ဂွင်ကျယ် မဟုတ်ပါ ! သတင်း ဆိုက်စုံ ဖတ်ပြီးသွား၍ ပြောခြင်းဖြစ်ပါသည် ။ မိမွေးတိုင်း ဖမွေးတိုင်း ပါလာတဲ့ အခွင့်အရေး လုပ်ပိုင်ခွင့်ဆိုပြီး အတင်းကာရော တွန်းထိုး တွန်းတိုက် ဓာတ်ပုံ ရိုက် မေးခွန်းတွေ ဇွတ်အတင်းမေး ပြီး ရတဲ့ အချိန်လေး အလုပ်လုပ်ရတာ မှန်ပေမဲ့ တဖက်ကိုလည်း မျှမျှတတ နားလည်ကြည့်လေး ပြန်ကြည့်ပေး ဖို့ လိုပါတယ် သတင်း သမားတို့ !

    • Inz@ghi

      September 2, 2012 at 5:25 pm

      ဖေ့စဘုတ် လင့်ခ် က ကွန်းတန့် အန်အဗေးလဗဲလ် ဖြစ်သွားပြီ ဗျို့ …
      ယူတု လင့် ကလေးများ ရရင် လိုချင်မိသား အဘရယ်…

      😀

  • ကိုခင်ခ

    September 2, 2012 at 5:03 pm

    ဟော့ တာလွန်ရင် ဟစ် ဖြစ်တတ်သလို၊
    ဟစ် တာလွန်ရင်လည်း ဟော့ ဖြစ်သွားပါတယ်။
    နှစ်ခုပေါင်းပြန်တော့ ဟစ်ဟော့ တဲ့၊ လူငယ်တွေတော့ သိပ်ကြိုက်ပေါ့ဗျာ။
    ဒါပေမယ့် လူကြီးတန်မဲ့ ဟစ်ဟော့ လုပ်မိရင်တော့—-။

  • မြတ်ကျော်သူ

    September 2, 2012 at 5:29 pm

    နောက်ဆုံးရ သတင်း
    လူရွှင်တော် ဦးဇာဂနာမှ မြန်မာဂျာနယ်လစ်ကွန်ယက်သို့ တောင်းပန်စာပေးပို့ခဲ့ပါသည်။

    သတင်းထုတ်ပြန်ရေးကော်မတီ
    မြန်မာဂျာနယ်လစ်ကွန်ရက်

    ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း

    ၂၀၁၂ ဩဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင်သတင်းရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။ ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ဆဲမိခဲ့ပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအားလည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။ ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေးအတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပါတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။

    ဇာဂနာ

    • Foreign Resident

      September 4, 2012 at 4:56 am

      ” သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက်
      လဲကျသွားရာမှ အမှတ်မဲ့ဆဲမိခဲ့ပါသည် ‘

      ဇာဂနာ ကတော့ နိုင်ငံရေး ထပ်လုပ်အုန်းမှာမို့ ၊
      အရှည်ကိုကြည့်ပြီး တောင်းပန်တာ ။

      အဘသာဆို နောက်တစ်ခါလောက်တောင် ၊
      ထပ် ဆဲ လိုက်ဦးမှာ ။

      တွန်းလို့လဲ လဲ ရသေးတယ် ၊
      ထပ်လဲ တောင်းပန် ရအုန်းမယ် ။ 🙁

  • ဝူးဝါး ဝူးဝါး

    September 3, 2012 at 9:05 pm

    ဘာမှန်းညာမှန်း အတိအကျမသိ ၊ ကိုယ့်ရှေ ့မှာ ကိုယ့်မျက်မြင်ဖြစ်ခဲ့သော ကိစ္စမဟုတ်လျှင် ၊ အဆိုးအကောင်း မဝေဖန်တာ အကောင်းဆုံး ဖြစ်သည် ။

  • Htoo thin

    September 4, 2012 at 7:13 am

    ငါဇာကနာကွာ ဆဲဆာ လီးဖြစ်လား အမေကိုဆဲရင် မင်း ခံမလား ..

  • Htoo thin

    September 4, 2012 at 7:15 am

    မနေ့တနေ့ကမှ မီဒီယာ လွပ်လပ်ခွင်ရတာ တာ ရီုးပေါ်ဆေးရီုးလှမ်းသလိုဘဲ

  • Htoo thin

    September 4, 2012 at 7:17 am

    တုန်ပြညနမှူတိုင်းမှာ တန်ပြန်တုန့်ပြန်မှူရှိတယ် ဇာကနာမှန်တယ်…။ငါလိုးမသားတွေ လူပါးဝတယ် မြန်မာတွေက နည်းနည်းလေး မုန်းလာရင် ထောက်ဖြုတ်ပြီး အသက်ကို ရန်ရှာတတ်တဲ့ေ စာက်ကျင့်တွေ တော်ပါပြီကွာ..။

  • မြတ်ကျော်သူ

    September 4, 2012 at 1:36 pm

    ညစ်ညမ်းခြင်း သီးခံပါ ခင်ဗျာ။
    >>Foreign Resident
    “သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက်
    လဲကျသွားရာမှ အမှတ်မဲ့ဆဲမိခဲ့ပါသည်” ဟု ကိုးကားထားပါသည်။ ဟုတ်ပါတယ်…ဒီစကားက ဇာ၈နာပြောတာပါ။
    ဒါပေမယ့် VIDEO ဖိုင်တွေကို ပြန်ကြည့်လို့ရပါတယ်။ The Messenger News Journal Facebook မှာ တင်ထားပါတယ်။ ဇာဂနာ လဲကျမသွားပါဘူး။ နောက်ပြီးတော့ သူဆဲတဲ့အထဲမှာ..”အားလုံး” ဆိုတာပါပါတယ်။ ပြန်နားထောင်ကြည့်ပေးပါ။
    ဒီပို့စ်မှာ ကျွန်တော်ရေးထားတဲ့အတိုင်းပါပဲ။ မည်သည့် ကိစ္စများကိုမျှ မရည်ရွယ်ပါ။ အဖြစ်အပျက်အမှန်ကို ပြန်ရေးပြခြင်းမျှသာဖြစ်ပါသည်။
    ကျေးဇူးတင်ပါသည်။

Leave a Reply