အေဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်ဖွဲ့ တပ်ချုပ်ဟောင်းများဖြစ်တဲ့ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် တို့အပါအဝင် ပြည်ပရောက် အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်ဟောင်းများ ဒီနေ့ရန်ကုန်လေဆိပ်ရောက်မယ်လို့ သတင်းများမှာဖတ်ရတယ်။ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ကိုညိုအုန်းမြင့်တို့လည်း ရောက်နေပါပြီ။ ကိုတပ်ခေါ်တာ လူခြင်းသိလို့မဟုတ်ပါဘူး၊ အသက်သိပ်မကြီးသေးလို့ပါ၊ သမဒဂျီးက ကျန်နေသေးတဲ့ ပြည်တွင်းပြည်ပ အတိုက်အခံများအားလုံးကို ရှစ်လေးလုံးလှုပ်ရှားမှုမျိုးဆက် တခုလုံးအနေနဲ့ တွေ့မယ်နဲ့ တူပါတယ်။ တော်လှန်ရေးမှာ မှတ်ကျောက်အတင် ခံပြီးသူများ အရည်အချင်းရှိသူများဖြစ်လို့ ဝမ်းမြောက်ဂုဏ်ယူပါ၏။ တဆက်ထဲမှာပဲ သူတို့နဲ့ ပုဂ္ဂိုလ်ရေး မရင်းနှီးလိုက်တာ ဝမ်းနည်းလို့ မဆုံးပါ၊ အခုမှတော့ နောက်ကျသွားပြီ၊ အစောတုံးကလည်း သိဘူးလေဗျာ၊ အဘစိန်ဂျီး ဒီလောက်မြန်မယ်လို့..  :P

ကိုမိုးသီးနဲ့ ဒေါက်တာသောင်းထွန်းတို့ကု ဒီမိုကရေစီရေး လှုပ်ရှားမှုပွဲတွေမှာ အနီးကပ် တွေ့ဖူးပြီး ကျန်လူများကိုတော့ အခွင့်ကြုံမှ မြင်ဖူးပါတယ်။ ကိုမူးသာ ပျောက်ကျားစစ် ယူနီဖောင်းနဲ့ ဆန္ဒပြပွဲများမှာ တွေ့တယ်။ ဒေါက်တာသောင်းထွန်းက အဝေးရောက် အစိုးရအဖွဲ့ ယူအန်ကိုယ်စားလှယ်ဆိုတော့ ယူအန်ရုံးရှေ့ ဆန္ဒပြပွဲ များမှာ ခဏခဏတွေ့ရပါတယ်။ သူ့အမျိုးသမီးက သူ့ထက်ငယ်ပါတယ်။ သူနဲ့တွဲပြီး ခဏခဏတွေ့မိတော့ သူ့သမီးမှတ်တာ ကံကောင်းလို့ အသိစောတယ်။

ကိုမိုးသီးအကြောင်းကတော့ ပြောဖို့ပိုများပါတယ်။ သူ့ကိုယ် ၂၀၀၃ခုနှစ်လောက်မှာ အနီးကပ်စတွေ့ဖူးတယ်။ ထုံးစံအတိုင်း ဆန္ဒပြပွဲများမှာပါ။ အတွေးအခေါ်ရဲ၊ စကားပြောကောင်း။ မိန့်ခွန်းပေးရင် အပြတ်အတောက်မရှိ တောက်လျောက်လက်တမ်း ပြောနိုင်လို့ သဘောကျပါတယ်။ အပြင်လူအနေနဲ့ သိရသလောက် ရိုးသားတယ်၊ ပြတ်သားတယ်၊ စိတ်ရင်းကောင်းတယ်၊ နိုင်ငံရေးသမားစိတ် အပြည့်ရှိတယ်။ ကိုလံဘီယာ ယူနီဘာစီတီကနေ မဟာဘွဲ့ရထားတယ်။ သူ့အပြော သူရေးတဲ့စာတွေဖတ်ကြည့်ရင် မြန်မာ့နိုင်ငံရေး နိုင်ငံတကာဆက်ဆံရေး အတော်သိနားလည်ပုံရတယ်။ မြစ်ဝကျွန်းပေါ်က ကရင်-ဗမာ ကပြားလို့ သူရေးတဲ့ စာတွေမှာ ဖတ်ရတယ်။ သူ့အဖေက စစ်မှုထမ်းဟောင်းပါ။ တပ်ကြပ်တဦးလို့ထင်တယ်။

၁၉၈၈ခုနှစ် ရန်ကုန်တက္ကသိုလ် http://komoethee.blogspot.com/

နယူးယောက် ဆန္ဒပြပွဲများမှာ သူဦးဆောင်ရင် လူများလေ့ရှိတယ်။ ပြည်ပမှာ ဆန္ဒပြပွဲလုပ်လို့ လူလေးငါးဆယ် လာရင် အောင်မြင်တယ်လို့ အကြမ်းအားဖြင့် သတ်မှတ်ပါတယ်။ တရာလောက် ရှိလို့ကတော့ ပွဲစီစဉ်သူများ တပြုံးပြုံးနဲ့ပါ။ အစားအသောက် အပျော်အပါး မပါတဲ့ နိုင်ငံရေးပွဲမျိုးကို ပြောပါတယ်။ ၂၀၀ဝခုနှစ် အစောပိုင်း နှစ်တခုမှာ ကျင်းပတဲ့ ယူအန်ဌာနချုပ်ရှေ့ ရှစ်လေးလုံးနှစ်ပတ်လည် ဆန္ဒပြပွဲတခုမှာ ကိုမိုးသီးရဲ့ဦးဆောင်မှုနဲ့ လူပေါင်း လေးငါးရာနီးပါ စုံမိကြပါတယ်။ သူ့အရင် နှစ်စဉ်မပျက်မကွက် အခမ်းအနား လုပ်ခဲ့သူများကိုယ်တိုင် အသိအမှတ်ပြုရတယ်လို့ ကြားမိပါတယ်။ ဆန္ဒပြပွဲလာသူများလည်း အချင်းချင်း လက်တို့ပြီး မိုးသီးဇွန်ဆိုတာ ဘယ်သူလည်း မေးစမ်းကြည့်ကြရတာပေါ့နော်။ ရှစ်ဆဲ့ရှစ်လူထုအုံကြွမှုမှာ တက်တက်ကြွကြွ မပါဝင်ဖူးသူများ၊ အသက်အရွယ်ကြောင့် မမှီလိုက်သူများအတွက် မင်းကိုနိုင် မိုးသီးဇွန်ဆိုတာ နာမည်သာ ကြားဖူးကြတာပါ။

အဲတုန်းက သူပြောတဲ့အထဲတွေမှာ ဘုန်းကြီးများကို လူထုရှေ့ထွက် ရပ်ပေးဖို့၊ မြန်မာတို့ရဲ့ မကောင်းတဲ့ သောက်ကျင့်များ ဖျောက်ဖို့၊ ပြည်ပရောက်များ စည်းလုံးဖို့၊ နောက်တခုက လယ်သမား၊ အလုပ်သမာအရေး လယ်လုပ်သူ လယ်ပိုင်ခွင့် စတာတွေ အသားပေးပြောတာ မှတ်မိတယ်။ ဟော့တ်ဖြစ်နေတဲ့ လယ်ယာမြေ မတရားသိမ်းခံရမှုများနဲ့ သတိရလို့ ပြောတာပါ။ တရုတ်နိုင်ငံသမိုင်း မြေယာပြုပြင်ပြောင်းလဲမှုကို အတော် လေ့လာထားပုံရ၊ မြန်မာပြည်နဲ့ ဆက်စပ်မြင်ခဲ့ပုံရတယ်။ စိတ်ရင်းကောင်းလို့ သူ့နာမည်အသုံးချ၊ သူ့လူများ တလွဲလုပ်တာ အချောင်ခံရတာများလည်း ကြားဖူပါတယ်။ တဖက်မှာလည်း စစ်တပ်စပိုင်များ၊ မလိုသူများရဲ့ ပုဂ္ဂိုလ်ရေးထိုးနှက်ချက်၊ သွားပုတ်လေလွင့် ရေးသားချက်များ နားမဆံ့အောင် ဖတ်ရှုကြားသိရ ပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စင်ပေါ်ရောက်လို့ စကားပြောရင် မင်းသားက မင်းသားပါပဲ။ ပရိတ်သတ်ကို အဆွဲဆောင် နိုင်ဆုံးက ကိုမိုးသီးလို့ နားလည်ထားပါတယ်။

အခြားခေါင်းဆောင်များလည်း နာမည်တလုံး သမိုင်းတခု ကိုယ်စီနဲ့ပါ၊ သို့သော် သူ့လောက် အပြောအဟော မကောင်းဘူး။ အဖွဲ့အစည်းအတွင်း စည်းရုံးနိုင်မှု၊ ခေါင်းဆောင်ပေးနိုင်မှု ဘယ်လောက်ရှိသလဲတော့ မသိပါဘူး၊ အပြင်ပရိတ်သတ် အနေနဲ့ ပြောတာပါ။
၈၈၈၈အရေးတော်ပုံ ကာလအတွင်း သူ့ကို ဗကသအဖွဲချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး၊ ဥက္ကဌမင်းကိုနိုင်၊ ဒုဥက္ကဌကိုကိုကြီးလို့ အများသိပါတယ်။ ဟောပြောပွဲတွေမှာ ကချင်ပုဆိုးနဲ့ အထိမ်းအမှတ် အခမ်းအနားများမှာ ပုဆိုးအမဲနဲ့ ကျောင်းသားခေါင်းဆောင် တဦးအဖြစ် တွေ့ဖူးပါတယ်။ နောက်ပိုင်းတော့ မင်းကိုနိုင်တို့က ဗကသ ကျောင်းသားသမဂ္ဂမှာဆက်နေ သူက မြေပေါ်နိုင်ငံရေးပါတီ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌအဖြစ် တာဝန်ယူပါတယ်။ ဆယ်ကျော်သက်ချာတိတ် ကြောင်ကြီးလည်း လူ့ဘောင်သစ်နောက် ယောင်ဝါးဝါးလိုက်ခဲ့ ဖူးပါတယ်။ ယောင်ဝါးဝါးဆိုတာက အခြားမဟုတ်ပါဘူး၊ သူတို့က တကဲ့ဖိုက်တာများ ဖြစ်လို့ပါ။ အန်အယ်လ်ဒီ လူငယ်များနဲ့မတူဘဲ စစ်အုပ်ချုပ်ရေးကို တိုက်ရိုက်ဆန့်ကျင်ဖို့ မြေပေါ်မြေအောက် ဖွဲ့စည်းထား၊ တောတွင်း လက်နက်ကိုင် အဖွဲ့များနဲ့ အဆက်အသွယ်ရှိထားတာပါ။ ၈၉ခုနှစ် အာရ်အိုင်တီကျောင်း ပရဝုဏ်မှာပြုလုပ်တဲ့ ကိုဘုန်းမော် နှစ်ပတ်လည် အခမ်းအနားကို သူတို့လုပ်တာထင်တယ်။ ကျောင်းခြံစည်းရိုး သံတိုင်အလယ်ခြားပြီး ကျနော်တို့တွေက ကမာ္ဘမကြေသီချင်း၊ ကျောင်းသားသမဂ္ဂ သီချင်းဆို၊ ထရပ်ကားပေါ်ကနေ လုံထိန်းတပ်က လော်စပီကာနဲ့ လူစုခွဲ့ဖို့အမိန့်ပေး သူပြိုင်ငါပြိုင် ကြဲကြတာ အမှတ်ရနေမိတယ်။

ပါတီဝင်အင်အား သိန်းချီရှိလို့ အန်အယ်လ်ဒီပြီးရင် ဒုတိယအင်အားအကြီးမားဆုံး အတိုက်အခံပါတီအဖွဲ့လို့ ကြွေးကျော်ဖူးတာ မှတ်မိပါတယ်။ ပါတီမဖျက်သိမ်းခံရခင် အထိ ရန်ကင်းကျောက်ကုန်းမှာ ဌာနချုပ်ရုံးရှိပါတယ်။ ကိုမိုးသီးကတော့ အစောပိုင်းကထဲက တောခိုသွားပါပြီ။ သူတောမခိုခင် တက္ကသိုလ်မှာ ဒေါင်းအလံဆိုက်ဖို့ ပြန်လာခဲ့မယ်ဆိုလား ဘာလား ရေးသွားခဲ့တဲ့ ကဗျာလေး ထင်ရှားပါတယ်။ အဲဒီအချိန်တဝိုက်မှာပဲ သူ့ကို ဝေဖန်ပြီး ကျောင်းသားလှုပ်ရှားမှုကို သပ်လျှိုဖြိုခွဲတဲ့ တန်ပြန်ထောက်လှမ်ရေးများလက်ချက်လို့ ယူဆရတဲ့ မိုးသီးဇွန် (ခ) ကြိုးမဲ့လေတံခွန် စာတမ်းလည်း ထွက်နေပါတယ်။ အဲဒီတုန်းက ကျောက်ကုန်းက ဌာနချုပ်မှာ ကျောင်းသားအဖွဲ့ပေါင်းစုံ အစည်းအဝေးများ ကျင်းပရာ နေရာဖြစ်လို့ ရောက်ဖူးပါတယ်။ ရှေ့နေရာမှာ စားပွဲကုလာထိုင်နဲ့ အလံခင်းပြီး ရုံးခန်းလုပ်၊ နောက်ဖက်အခန်း အမှောင်ထဲမှာ ကျောင်းသား အစည်းအဝေးပွဲ ပေါင်းစုံလုပ်ကြ၊ အယူဝါဒအရေး အတွေးအမြင်များ ဖလှယ်ကြလုပ်ကြပါတယ်။ သို့နောက် ကျနော်နောက်ဆုံး တချိန်ရောက်ချိန်မှာတော့ လူဟောင်းများလည်း မရှိတော့၊ ပါတီဆိုတာလည်း ခေါင်း ခြေလက်များအားလုံး အဖျက်ခံလိုက်ရပြီး အမည်ခံ သဘောလောက်သာ မသေမရှင် ကျန်ပါတော့တယ်။ သူ့ကိုယ်မယုံ ကိုယ့်သူမယုံ ဆက်သွယ်ရေး လမ်းကြောင်းများအားလုံး ဖြတ်တောက် ခံလိုက်ပါပြီ။

ပီနန်ဆရာတော်နှင့်အတူ http://komoethee.blogspot.com/

ကိုမိုးသီးတောထဲ ထွက်သွားပြီး အစောပိုင်းကာလ ကျန်လူများ ဆက်လက်တိုက်ပွဲ ဆင်နွှဲနေစဉ် တချိန်မှာ ကျနော်ဌာနချုပ် ကျောင်းသားအစည်းအဝေးတခု တက်ပါတယ်။ အဲဒီမှာ စပိုင်လို့ ယူဆရသူတဦးက ကိုမိုးသီး မြို့ပေါ်ပြန်ဝင်လာတာ မင်းသိလားလို့ ကျနော့်ကိုမေးတယ်။ ကိုမိုးသီး တကယ်ပဲ မြို့ပေါ်ဝင်လာခဲ့သလား၊ ဘယ်နှစ်ကြိမ်ဝင်ခဲ့သလဲ၊ ဘယ်အထိရောက်ခဲ့သလဲ၊ တကယ်ပဲလား သူပဲသိပါမယ်။ အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌကိုသံခဲ မြို့ပေါ်တက်လာပြီး ဧည့်စာရင်းတောင် ခပ်တည်တည်နဲ့ အစစ်ခံသွားတယ်ဆိုတာတော့ ကြားဖူး နားဝရှိထားတယ်။ တချိန်မှာ ဖတ်ကောင်းအုံးမည့် ရင်ထိတ်သဲဖို ဖြစ်ရပ်မှန် ဇာတ်လမ်းများ ဖြစ်လာပါလိမ့်မယ်။ အဲတုန်းက ပြောကြတာ မိုးသီးဇွန်ဆိုတာ သူ့အမည်အရင်း ပေးချင်တဲ့ နာမည်မဟုတ်ကြောင်း၊ ၁၉၈၈ခုနှစ် ဇွန်လ လှုပ်ရှားမှုတခုမှာ သူမိန့်ခွန်းတက်ဟောတော့ ပြောလိုက်တဲ့နာမည် တမျိုး (မမှတ်မိတော့ပါ) ဖြစ်ပေမဲ့ စင်အောက်မှ ကြားသူများက မသဲမကွဲနဲ့ မိုးတွင်း ဇွန်လလည်းဖြစ်တာမို့ မိုးသီးဇွန်လို့ အမည်တွင်ကြောင်း မှတ်ဖူးပါတယ်။ သူကိုယ်တိုင် သို့ နီးစပ်သူများပဲ သိပါမယ်။ တခု ထူးဆန်းတာ အခြားခေါင်းဆောင်များ အကြိမ်ကြိမ် ထောင်တန်းအချုပ်ကြဖူးပေမဲ့ ကိုမိုးသီးတယောက် တခါမှ အဖမ်းမခံရဘူး ထင်တယ်။ သူရေးတဲ့ ပို့စ်တပုဒ်မှာ ဖတ်ဖူးတာ နောက်ကလိုက်လို့ ဘတ်စ်ကားပေါ်တက်ပြေးတော့ လိုက်ဖမ်းသူများ ကားပေါ်တက် ရှာပေမဲ့ သူ့ကိုသတိမမူမိဘဲ ကျော်သွားတယ်လို့ ရေးထားပါတယ်။
ကိုမိုးသီးဝက်ဆိုက်မှာ ကိုယ်တိုင်ရေး ပို့စ်တပုဒ်တွေ့လို့ စာဖတ်သူများ လေ့လာကောင်းစရာများ ပါနိုင်တယ် ထင်လို့ ပူးတွဲတင်လိုက်ပါတယ်။ အမှတ်တမ်း အတင်ခံ ကိုယ်တိုင်ရေးတာမို့ အချက်အလက် တမင်တကာ လွဲနိုင်စရာမရှိ ယူဆလို့ပါ။

မှတ်ချက်။ ဤအထိ ရေးသားချက်များသည် ကျနော့်၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များ သာဖြစ်ပါကြောင်း။

 

Monday, 20 August 2012
ကိုုမိုုးသီး နဲ ့ နေ ့သစ် အင်တာဗျူး

နေ ့သစ်- ကိုုမိုုးသီးခင်ဗျား ကိုု တိုုက်ခိုုက်ထားတယ်။ ငွေကိစ္စ၊လူသတ်မှုကိစ္စနဲ ့ ခင်ဗျားအကြောင်းကိုု သိနေတဲ့ကျနော်တိုု ့က စိုုးရိမ်တယ်။ ကိုုမိုုးသီးရဲ ့ သမိုုင်းကြောင်းကိုုလေးစားတဲ့ သူတွေက စိုုးရိမ်မကင်းနဲ ့ကျနော်တုို ့ကိုုမေးလာကြတယ်။ နောက်ပြီးတော့အခုုကာလက ခင်ဗျားက တိုုင်းပြည်ငြိမ်းချမ်းရေးရအောင်ကြိုးပန်းဆောင်ရွက်နေတဲ့ကာလဆိုုတော့ ဒါကိုု မနာလိုုတဲ့သူတွေရှိနေတဲ့အဖျက်အမှောက်တွေရှိနေတယ်။ ဒီကိစ္စတွေကိုု ခင်ဗျားဘာပြန်ပြောချင်သလဲ။

မိုုးသီး- ကြေးစည်သံကြားတော့ခွေးတွေအူတာပေါ့လေ။ ကောင်းမှုကိုုသာဓုုမခေါ်နိင်ဘူးပေါ့။
ခွေးဟောင်တိုုင်းထကြည့်ရင် အိပ်ရေးပျက်ယုုံရှိမပေါ့။ ကဲပါလေ လိုုရင်းပဲပြောကြတာပေါ့။
ပီနန်ဆရာတော်ဘုုရားကြီးက ကျနော်ကိုုသိပ်ချစ်ခင်ပါတယ်။ ကျနော်ကလဲ သူကိုုလေးစားကြည်ညိုတယ်။ ဆရာတော်ကြီးကိုုလေးစားကြည်ညိုရတဲ့အကြောင်းကတော့
ဆရာတော်ဘုုရားကြီးရဲ ့ အမြင်ကျယ်တဲ့ တိုုးတက်တဲ့ အမြင်တွေကိုု တခါဖူးတိုုင်းတခါကြားရတယ်။ ဟိုုတလောက ကျနော် တိုု ့နယူးယောက်ကမိတ်ဆွေတယောက်နဲ ့ဆွမ်းကပ်ဖြစ်သေးတယ်။
၂၀၀ရ ခုုနစ်သံဃာ့လှုပ်ရှားမှုကြီးဖြစ်တော့ ကျနော်ကိုုပီနန်လာဦးဆိုုလိုု ့ကျနော်သွားရပါတယ်။
ဘာတွေဖြစ်နေလဲ။ ဘာတွေလုုပ်နေလဲမေးမယ်။ ကျနော်ပြန်လည်တင်ပြခဲ့တယ်။
သူက ရံပုုံငွေလှူ ဒါန်းပါတယ်။ ငွေဘယ်လောက်လှူ သလဲ ။ ဒီငွေတွေကိုု ကျနော်က အဖွဲ ကိုု ပြန်အပ်ရပါတယ်။ အဖွဲ ့ကတော့ People Action Committee –PAC လိုု ့ခေါ်ပါတယ်။
တခြားလူတွေလည်းအများကြီးပဲ ကျနော်တုို ့ကိုုပေးကြတယ်။ လျူကြတယ်။

ဘဏ်ရေးမှုတွေဖြစ်တဲ့ ဆရာတော်ဦးဇဝန၊ ဒေါက်တာလွမ်းဆွေ၊ မကြည်ကြည်ခင် တိုု ့ကိုုမေးနိင်ပါတယ်။ အဖွဲ ့ခေါင်းဆောင်တွေဖြစ်တဲ့ ကိုုသံဒုုတ်၊ကိုုမင်းဇော်၊ စောလုုံလုုံ တိုု ့ကိုုမေးရင် သိနိင်ပါတယ်။ ဒေါက်တာလွမ်းဆွေ ဘလောက်တိုု ့အီးမေးလ်တိုု ့လဲလူတိုုင်းသိနေတာပဲ လှမ်းမေးလိုုက်နိင်ပါတယ်။ ဒီရဲဘော်တွေကအလွန် စိတ်ချရတဲ့ရဲဘော်တွေပါ။ ငွေတွေကျန်သေးတယ်လုို ့တောင်သိရတယ်။

ကိုုဌေးနိ်င် ကိစ္စကိုု
သူကိုုတာဝန်ယူထိမ်းသိမ်းကြရတဲ့ ကိုုဝင်းနိင်ဦး၊ကိုုဆလိုုင်း၊ကိုုကျော်ကိုုကိုုဝင်း တိုု ့ကိုု မေးမြန်းနိင်ကြပါတယ်။ တခြားရဲဘော်တွေလဲအများကြီးရှိသေးတယ်။ ကျနော်လည်းသတ်ဖိုု ့အမိန် မပေးဘူး။ ဒီရဲဘော်တွေကလဲ ဒီလိုုမျိုးမလုုပ်ဘူး။ သူတိုု ့ရဲ ့ လေးစားစရာကောင်းတဲ့အရည်အသွေးတွေကိုုသူတိုု ့နဲ့ရင်းနှီးတဲ့သူတိုုင်းသိကြပါတယ်။
တော်ထဲမှာကိုုယ်ကိုုသတ်သေတဲ့ရဲဘော်တွေ ၄ ၊ ၅ ယောက်လောက်ရှိပါတယ်။ လူဟာအကျဉ်းအကြပ်ထဲကြသွားတဲ့အခါမှာ ဖြစ်တတ်လေ့ရှိတာတွေပါ။

ကျနော်တုို ့တော်လှန်ရေးလုုပ်ခဲ့ကြရတာပဲဗျာ။
ဘယ်သူကိုုမှာလာကြလုို ့ ကျနော်တိုု ့မခေါ်ခဲ့ကြဘူး။ ကိုုယ်အသိစိတ်နဲ့ကိုုယ်လာတယ်။
တော်လှန်ရေးတရပ်မှာဘာတွေကြုံနိင်တယ်။ ဘာတွေဖြစ်နိင်တယ်ဆိုုတာ အားလုုံးသိကြတာပဲ။ နိင်ငံတကာတော်လှန်ရေးသမိုုင်းတွေကိုုကြည့်ရင် တော်တော်ကိုုစိုုးစိုုးဝါးဝါးတွေဖြစ်ကြလေ့ရှိတယ်။ တော်လှန်ရေးတိုု ့ရဲ ့ မိခင်ကြီးဖြစ်တဲ့
ပြင်သစ်တော်လှန်ရေးကြီး ကနေ အမေရိကန်တော်လှန်ရေး၊ ရုုရှားအလယ်၊ တရုုပ်၊ဗီယက်နမ်၊
အားလုုံးဟာသွေးချောင်းစီးခဲ့ကြရတယ်။

ညီအကိုုချင်းတောင်သတ်ခဲ့ကြ၊သားအဖချင်းသတ်ခဲ့ကြတာတွေဖြစ်ခဲ့ကြတယ်။ The revolution devours its own children လိုု ့တောင် ဆိုုစကားအဖြစ်ကျန်ရစ်ခဲ့တယ်။ ကျနော်ဦးဆောင်ခဲ့တဲ့ ကျောင်းသားတပ်မတော်မှာ အဖိတ်အစင်တယောက်ဖြစ်ခဲ့တယ်။
ကျနော်မှာတာဝန်ရှိတာပေါ့။ ဒါပေမဲ့ကျနော်တိုု ့သတ်ဖိုု ့အမိန်မပေးခဲ့ဘူးဆိုုတာ ရဲဘော်တိုုင်းသိတယ်။ ကိုုယ်လိပ်ပြာကိုုယ်လုုံဖိုု ့အရေးကြီးတယ်။

ကျနော်ဘဝမှာ ဗိုုလ်ချုပ်ခင်ညွန် ့ထောက်လှမ်းရေး အုုပ်စုုတွေနဲ ့ ခင်းခဲ့ရတဲ့စစ်ပွဲကအရှည်ကြာဆုုံး အခက်ခဲဆုုံး။ သူတိုု ့ကျနော်ကိုုတိုုက်ခိုုက်တာမှာရစရာမရှိဘူး
တော်လှန်ရေးကြီးကိုု အစအဆုုံးမမှီတဲ့ကလေးတွေ၊ တချို ့လူတွေတော့ ဒါတွေကိုုမသိကြဘူးပေါ့။ အခုုခေတ်လိုု ဖေစ်ဘုုတ်မပေါ်သေးဘူး။ အင်တာနက်မီဒီယာမပေါ်သေးဘူး။ မြက်ခင်းသစ်ဆိုုတဲ့ မဂဇင်းကိုု ဗိုုလ်ချုပ်ခင်ညွန် ့ကိုုတိုုင်း
ဦးဆောင်ပြီး ကြီးကြပ်ထုုတ်ဝေတယ်။ ဒီထဲမှာ ကျနော်ကိုု တိုုက်ခိုုက်ထားတာတွေက
လူသတ်ကောင်၊မုုဒိန်းကောင်၊ မိန်းမလိုုက်စားသူ၊ ငွေအလွဲသုုံးစား စတာတွေပေါ့ ။ ဓါတ်ပုုံတွေကာတွန်းတွေဝေဝေဆာဆာပေါ့။ ဒီစာအုုပ်ကိုုလစဉ်ထုုတ်တယ်။ ဝေတယ်။
အမေရိကန်နဲ့အင်္ဂလန် က တချိုု့ ဖုုန်းကြီးကျောင်းတော်တော်များများ မှာတောင်ဒီစာအုုပ်တွေကိုု ဖြန် ့ဝေပေးကြတယ်။ အသံလွင့်ဇတ်တွေလုုပ်တယ်။
ကျနော့်ကိုုလူဆိုုးနေရာထားပြီး ရုုပ်ရှင် နှစ်ကားရိုုက်တယ်။ တကားက ပါပီမဆိုုတဲ့ကား
ကျနော်လေးစားတဲ့ ချစ်ခင်တဲ့ စိုုင်းထီးဆိုုင် ကျနော်ကိုုတိုုက်ခိုုက်တဲ့အထဲမှာ ဝင်ပြီးဝါဒဖြန် ့ပေးခဲ့ရသေးတယ်။ ကျနော်သူကိုုမေတ္တမပျက်ပါဘူး။

ငယ်ငယ်က ရုုပ်ရှင်မင်းသားကြီး ညွန် ့ဝင်းကိုု ကျနော်သဘောကျတယ်။ သူရိုုက်တဲ့
ဗန်တိုုလူလေးနဲ့သူဇာ ဆိုုတဲ့ဇတ်ကားကိုုခုုထိမှတ်မိသေးတယ်။ ၈၈ ဖြစ်တော့ သူက လူထုုဖက်မရပ်တည်ဘူး။ ကျောင်းသားလေးတွေသူ ခြံထဲဝင်ပုုန်းတာကိုု မောင်းထုုတ်တယ်။
ကလေးတွေအဖမ်းခံရ အနိပ်စက်ခံရတွေဖြစ်ကုုန်တယ်။ နောက်တော ့ဗိုုလ်ချုပ်ခင်ညွန် ့က စည်းရုုံးပြီး သူကိုုရုုပ်ရှင်ရိုုက်ခိုုင်းတယ်။ လူဆိုုးကြီး မိုုးသီး ကိုု သူကဦးဆောင်ပြီးနိမ်နင်းတယ်။
ရုုပ်ရှင် ထဲမှာ ညွန် ့ဝင်း ပြစ်လိုုက်တဲ့ကျည်ဆံနဲ ့ကျနော်ကသေ၊အလောင်းရေထဲမျော်ပေါ့။
ကျနော်ညွန် ့ဝင်းကိုုမေတ္တာမပျက်ပါဘူး။ ပြည်သူကတော့သူကိုုမုုန်းသွားတယ်။

ကျနော်တိုု ဘဝမှာ ဗိုုလ်ချုပ်ခင်ညွန် ့နဲ ့ အပြန်အလှန် စစ်ခင်းတဲ့ပွဲကအခက်ခဲဆုုံးပဲ။ သူလက်ချက်နဲ ့ အေဘီကွဲ၊ ကရင်နှစ်ဖွဲ ့ကွဲ ။မနပုုလောကျဆိုုတော့
ကျနော်သူကို ကိုုင်တွယ်ဖိုု ့ ပြင်ဆင်ခဲ့ကြတယ်။ ၄ နှစ်လောက်ချိန်ယူလုုပ်ခဲ့ကြတာ။
သူအဖမ်းခံရထောင်ကျ၊ သူတဖွဲ့လုုံးခွေးပြေးဝက်ပြေးပြေးခဲ့ရတယ်
ဆိုုတာ နည်းနည်းနှောနှောအောင်ပွဲလား။

အမေရိကန် က အသင်းတော်ကြီးတခုုကလဲ ငွေကူရှာပါတယ်။ တန်ပြန်စစ်ဆင်ရေးလုုပ်ခဲ့ရသပေ့ါ။ တချိန်ကြရင်တော့အသေးစိတ်ကိုု ကျနော်စာအုုပ်ရေးပါမယ်။

တခါ မနပုုလောကျသွားတော့။ ကျနော်တိုု ့တပ်တွေဟိုုး မြန်မာပြည်တောင်ပိုုင်းကိုုဆုုတ်ရတယ်။ ၉ ၅ ခုုနစ်လောက်ပေ့ါ။ ရဲဘော် ၃ ထောင်လောက်။
စားစရာရိက္ခာကုုန်သွားတယ်။ တောကြီးကတောတောနက်တယ်။ သေမင်းတောင်မတွေ ့နိင်တော့ဘူးလိုု ့ရဲဘော်တွေပြောကြတယ်။ မိုုးကကောင်းလုိုက်တာ တနစ်လုုံးရွာနေတယ်။ ဆင်ရိုုင်းတွေအကောင်တထောင်ကျော်ရှိတယ်။
ကျားတွေလဲရှိတယ်။ ကျနော်တိုု ့ဒီနေရာကိုုရောက်သွားတယ်။ တောထဲမှာ ပြန်လည်အသက်ရှင်နိင်ဖုို ့ ပင်လယ်ထဲမှာစစ်ဆင်ရေး စလုုပ်ရတယ်။ ရှင်းရှင်းပြောရရင်တော့ ငါးခိုုးဖမ်းနေတဲ့ ထိုုင်းငါးဖမ်းလှေတွေကိုု ဓမြတိုုက်ကြရတာပေါ့ဗျာ။ ဒီလုုပ်ငန်းမှာဆိုုမားလီးယားတွေက ကျနော်တိုု ့ထက်နောက်ကြတာပေါ့။
့ ထိုုင်းအာဏာပိုုင်တွေ ထဲမှာလဲ ငါးဖမ်းလုုပ်ငန်းမှာ တော်တော်ပါထားကြတယ်။
ဒီတော့ အာဏာပိုုင်တွေရော၊ လူဆိုုးဂိုုဏ်းတွေနဲ့ရော စစ်ခင်းကြရတော့တာပေါ့။
ကျနော်ဓါတ်ပုုံတွေကိုု ဒွန်မောင်းလေဆိပ်ကနေ နယ်ခြား ရဲစခန်းမှန်သမျှချိတ်ထားတယ်။
အလိုုရှိတယ်ပေါ့။ ဒီတုုန်းကလောက်အန္တရယ်များခဲ့တာ ကျနော်ဘဝမှ မရှိခဲ့ဘူး။
ရှေ ့ကရန်သူနဲ့တိုုက်နောက်က ထိုုင်း လူဆိုုးအဖွဲ ့ပေါင်းစုုံနဲ့ဆော်ပေါ့။ သူတိုု ့ငါးဖမ်းသဘောင်္အစီး တဒါဇင်လောက်နှစ်မြှုုပ်လိုုက်ပြီးတဲ့အခါမှာ ဒီစစ်ပွဲမှာ
ကျနော်တိုု ့အနိင်ရခဲ့တယ်။ထိုုင်းငါဖမ်းလုုပ်ငန်းရှင်တွေက ယဉ်ကျေးပါတယ်။
တလကိုု ဒေါ်လာ တသိန်းလောက် လာပေးပြီး စစ်ပြေငြိမ်းကြရပေါ့။
ကျနော်တိုု ့လည်း ရိက္ခာတွေ၊လက်နက်၊ဆေးဝါးတွေ ပြည့်ပြည့်စုုံစုုံပြန်ဖြစ်တယ်။

ကျနော်ဆိုုလိုုခြင်တာကတော့ ကျနော်ဟာ ကိုုယ်အကျိုးတွက်လုုပ်ခဲ့တာမရှိဘူး။
ဒါကြောင့် ဘာကိုုမှာ ကျနော်မကြောက်ဘူး။ ကျနော်တိုု ့မြန်မာပြည်သူတွေ အဖိနိ်ပ်ခံဘဝကလွတ်မြောက်ဖိုု ့ ဘယ်လိုုခြိမ်းခြောက်မှုကိုုမှ ကျနော်ဟာတုုန်လှုပ်ခဲ့ပါဘူး။
ကျနော်အခက်ခဲဆုုံး အကြမ်းတမ်းဆုုံးအချိန်မှာ ကျနော်နဲ ့ အတူ တသားတည်းရပ်တည်ခဲ့ကြတဲ့ ကိုုအောင်သူ၊ ကိုုဝင်းမင်း၊ ကိုုဝင်းနိင်ဦး ၊ ကိုုအောင်နိင်ဦး၊ကိုုကျော်ကိုု၊ ကိုုဆလိုုင်း တိုု ့နဲ့တကွ ရဘော်အပေါင်းကိုု မှတ်တမ်းတင်ဂုုဏ်ပြုပါတယ်။

( ဒုုတိယပိုုင်းကိုုဆက်လက်ဖေါ်ပြပါမယ်။)

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး