ကြောက်တယ် ကြောက်တယ်

ma ma01306September 1, 20123min25425

ကြောက်တယ်

ကြောက်တယ်

သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ

ဝါဆိုဝါခေါင် ရေဖောင်ဖောင်

အိမ်အောက်မှာ ရေတွေကြီး

မျှော့နက်မဲကြီး တွယ်တတ်တယ်

ထမင်းထုပ်တောင်မဝသေးလို့

မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်

ကယ်မဲ့သူရယ် ကူမဲ့သူရယ်

ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်

ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့

သက်ကယ်ရိတ်လေး ထွက်ကြမယ်

တောထဲမှာလေ မြွေနဂါးတဲ့ သေနတ်ကြီးတွေ

လွယ်ထားတယ်

ကြောက်တယ်ကြောက်တယ်

NGO ရယ်အမြန်လာလို့

အိမ်မိုးလေးတွေမိုးပေးကွယ်

ရွှေသွေးရင်နှစ် မေ့သားချစ်တွေ

အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်

ကျန်းမာရေးတွေချို့တဲ့ကြလို့

ဖျားနာကြတာများနေတယ်

ကမာ္ဘ အရပ်ရပ် ရေတွေကြီးတော့

ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်

အသင်းလေးတွေ ထားပေးကွယ်

ဝါဆိုဝါခေါင်ရေတွေကြီးလို့

ဝါတွင်းရောက်မှာကြောက်လှတယ်

ကြောက်တယ်

ကြောက်တယ်..

25 comments

  • ကို ခင်ခ

    September 1, 2012 at 3:03 pm

    တယ်ဆိုတဲ့ ကဗျာပါလား မမရေ။

    • ma ma01306

      September 1, 2012 at 3:23 pm

      ” ဟုတ် ”
      သာဘာဝ ဘေးအန္တရာယ်ဟာ တကယ်ကြောက်စရာမို့ပါ.. 🙁
      ဒီကဗျာလေးနဲ့ ရေဘေးး ပရဟိတ မ..မ အလှုခံတာပါ။။..:)

    • zarlay

      September 2, 2012 at 2:51 pm

      ကဗျာလေးက ဖတ်လို့ကောင်းပါတယ်ရှင့်။ ကဗျာစပ်တာလည်းတော်ပါတယ်။

      • ma ma01306

        September 2, 2012 at 5:34 pm

        အယ့်လိုလေးအားပေးတာ.. အားရှိပါ၏

  • surmi

    September 1, 2012 at 3:53 pm

    မမလေးရေ စာတွေရေးလို ့
    ရေဘေးဒုက္ခ ကယ်ပေါ ့ကွယ်
    ကုသိုလ်ဆိုတာ ယူတတ်ရင်ရသမို ့
    ဘယ်လိုရ ရယူထားမယ်
    တိုက်တာအိမ်မြေ ဈေးတွေတက်သလို
    ရေတွေကလည်း တက်ပေါ ့ကွယ်
    တချိန်ကြရင် ရေပြန်ကျလို ့
    နဂို ဘဝပြန်ရမယ်
    သို ့ပေမဲ ့ကွယ် ကုန်ဈေးနှုံးက
    မဆုံးနိုင်အောင်တက်တော ့တယ်
    ကြောက်တယ် ကြောက်တယ်

    • ma ma01306

      September 2, 2012 at 1:45 pm

      သဘဝက အပြစ်ပေးတာ
      မြစ် ချောင်း အင်းအိုင် တောနေပြည်သူ ဖြစ်နေတယ်..
      သစ်ပင်တွေရယ် ခုတ်ထွင်ကြတော့
      အပူကြီးလို့သေတတ်တယ်
      တာတမံတွေ သေချာစောင့်ရှောက်
      ရေကြီးပြီးလည်း သေနိုင်တယ်
      ချောင်းတမံတွေ တိမ်ကော ပပျောက်
      ရေနစ်ပြီးလည်း သေတတ်တယ်
      လယ် ယာ မြေတွေ ရေတွေမြုတ်လို့
      နစ်နာမှုတွေများလှတယ်
      လယ် ယာ မြေတွေ မိုးတွေ ခေါင်တော့
      ကျောမွှဲ ပြည်သူ နစ်နာတယ်
      ခရိုနီတွေ သိမ်းပိုက်ထားတော့
      ဆင်းရဲသားတွေ သနားစဖွယ်
      ကိုယ်နဲ့မဆိုင် မြင်တာပြောမိ
      အနေမတတ်လို့ ကြောက်လှတယ်
      ကြောက်တယ်..ကြောက်တယ်..

  • YE YINT HLAING

    September 1, 2012 at 4:08 pm

    ပြောရရင်ကွယ် မကုန်ဘူးကွဲ့
    ရေတွေ ကလည်း ကြီးလှတယ်
    စပါး ခင်း တွေ ရေတွေ မြုပ်တော့
    ဆန်ဈေး တက် မှာ ကြောက်လှတယ်
    အမြော် အမြင် ကြီးကာ ဂိုထောင်ကြီးနဲ့
    သူတို့ လှောင် မှာ ကြောက်ရတယ်
    ကြောက်တယ် ကြောက်တယ် ။ ။

    • ma ma01306

      September 2, 2012 at 12:52 pm

      လမ်းသစ်တွေဖောက် မြေတွေပျောက်
      အရင်းရှင်လက်ထဲ မြေပျောက်စမြဲ
      ရေတိုက်စားလည်း မြေပျောက်စမြဲ
      လူဦးရေသာ တိုးလာပြီးတော့
      လယ်ယာမြေများ ပျောက်ပျက်တယ်..
      သေချာတွေးရင် လယ်ယာမြေတွေ ပျောက်ပေါ့ကွယ်
      နောင်အနာဂတ် မျိုးဆက်များအတွက်
      ငတ်မွှတ်ခြင်းများဖြစ်တော့မယ်
      တကယ့်အရေး တကယ်ဘေးမို့
      ဘယ်သူကူလို့ မပါ့မယ်
      ကြောက်တယ် ကြောက်တယ်

    • ma ma01306

      September 2, 2012 at 1:55 pm

      ဟားဟားးးးးးးးးးးးးးးးး
      သူ .. ညာနေတယ်..
      ဘယ်နေတာ ဟုတ်ဘူး

  • may flowers

    September 2, 2012 at 3:42 pm

    ဆန်ဈေးဆီဈေး မတက်ရေးတွက်

    အမြဲတွေးကာ စိုးထိတ်တယ်

    ရေတွေကြီးကာ စပါးတွေမြုပ်တော့

    ဆန်ဈေးတက်မှာ ကြောက်လှတယ်

    ကြောက်တယ် ကြောက်တယ်။

    • ma ma01306

      September 2, 2012 at 5:43 pm

      တက်နေကြတာ မထူးဆန်းတော့
      တို တက်နေတာ များလှတယ်
      တက် တိုင်းကောင်းတယ် ထင်နေကြတော့
      စကပ်တိုလေးတွေ ဝတ်ကြတယ်
      တက်လက်စနဲ့ တက်ပေါ့ကွယ်…(ကုန်ဈေးနှုန်း)
      တိုးးးးတက်ကြတာ များနေကြတော့
      ဘတ်စ်ကားတွေ ကျပ်လှတယ်..
      အပြိုင်အဆိုင် မောင်းကြလွန်းတော့
      သေတဲ့သူတွေများလှတယ်
      ကြောက်တယ်..ကြောက်တယ်..

  • nozomi

    September 4, 2012 at 12:48 pm

    ဧရာဝတီတိုင်းမှာ နေဘူးတယ်
    ဧရာဝတီရဲ့ အလှကို ခံစားတတ်တယ်
    ဧရာဝတီမှာ ရေကြီးလို့ ရေတောထဲမှာ လနဲ့ချီလဲ နေဘူးတယ်
    အဲဒီတော့ ဧရာဝတီရဲ့ ဒုက္ခတွေကိုလဲ ခံစားနားလည်တယ်

    ကျွန်တော်တို့ ဧရာဝတီသားတွေ ဒုက္ခရောက်ကြတော့ သမ္မတကြီးက သိန်း ၄၀၀ဝ ကျော် လာပေးသွားတယ် ဆိုပေမဲ့
    ဧရာဝတီ တိုင်းမှူး လုပ်ဖူးတဲ့ ဦးရွှေမန်းကြီးနဲ့ ဧရာဝတီက ရွေးပေးလိုက်တဲ့ အမတ်မင်းများကတော့ ပြည်ထောင်စုအဆင့် ဟုတ် မဟုတ် ဆိုတာနဲ့ ငြင်းခုန်နေကြရလို့ ကျွန်တော်တို့ကို လှည့်တောင် စကားမပြောနိုင်

    သူတို့ တွေအတွက် မမ ရဲ့ ကဗျာလေး က အားဖြစ်မှာပါ
    အပေါ်မှာ ပြောထားတယ် ” ဒီကဗျာလေးနဲ့ ရေဘေးး ပရဟိတ မ..မ အလှုခံတာပါ ” ဆိုလို့
    တကယ်ဆို လှူချင်ပါတယ်နော

    • ma ma01306

      September 5, 2012 at 11:28 pm

      လှုချင်တဲ့စိတ် ရှိတာကို ကျေးဇူးတင်နေပါတယ်..

  • ခပ်မိုက်မိုက် ကောင်မလေး

    September 4, 2012 at 1:00 pm

    ကဗျာလေး စပ်ထားတာ မိုက်တယ်…
    ဝမ်းနည်းစရာတော့ ကောင်းတယ်နော်…
    အင်းးးးးးးကြောက်ဖို့လည်း ကောင်းတယ်…
    အားပေးသွားပါတယ်နော်…မမ

    • ma ma01306

      September 6, 2012 at 10:30 am

      အားပေးတော့ အားရှိ၏

      ကြင်နာတတ်သူလေးဆိုတာ သိရှိလိုက်ပါတယ်..(ဝမ်းနည်းစရာတော့ ကောင်းတယ်နော်…
      အင်းးးးးးးကြောက်ဖို့လည်း ကောင်းတယ်…)

      ညီမလေး ကျန်းမာပျော်ရွှင်ပါစေ..

  • Foreign Resident

    September 6, 2012 at 9:27 am

    အဘ တို့လို ခေတ်ဟောင်း အဖိုးကြီးတွေ ခမျာ မှာလဲ ၊
    အခုလို ကာရန် ရှိ ကဗျာလေးတွေကိုပဲ ၊
    နားလည် နှစ်သက်နိုင်တော့တယ်ကွယ် ။

    • ma ma01306

      September 6, 2012 at 10:12 am

      လာဖတ်တာလေးစားပါတယ်..
      အဘရယ် မ..မ ရင်ထဲကလာတာပါ..
      ကာရန်တွေမညှိပါဘူး နဘေလည်းမသိပါဘူး..
      မ..မတွေးမိတာ ရေးတတ်သလိုလေး ရေးထားတာပါ..
      ခံစားမိတဲ့ စကားလုံးလေးတွေလို့ပဲ သတ်မှတ်ပါတယ်..

      အဘ ကျန်းမာပျော်ရွှင်ပါစေ..

  • လုံမလေး မွန်မွန်

    September 6, 2012 at 10:00 am

    ဘယ်လောက်ပဲ ရေကြီးပြီး ဆန်စပါးတွေဘာဖြစ်ဖြစ် ပို့ကုန်တော့ မရရအောင် ပို့ကြမှာပေါ့။ တို့ပြည်သူတွေသာ ဆန်ကွဲစားရင်စားရပေါ့…

    • ma ma01306

      September 6, 2012 at 10:22 am

      အင်းးးးးးးးးး
      တိုင်းပြည်အတွက် သူတို့ ငွေလိုတယ်လေနော်..ဒါကြောင့်ပါ

  • ma ma01306

    September 6, 2012 at 10:05 am

    အားပေးတော့ အားရှိ၏

    ကြင်နာတတ်သူလေးဆိုတာ သိရှိလိုက်ပါတယ်..(ဝမ်းနည်းစရာတော့ ကောင်းတယ်နော်…
    အင်းးးးးးးကြောက်ဖို့လည်း ကောင်းတယ်…)

    ညီမလေး ကျန်မာပျော်ရွှင်ပါစေ..

  • chityaaung

    September 6, 2012 at 1:04 pm

    ကြောက်တယ်ကြောက်တယ်

    NGO ရယ်အမြန်လာလို့

    အိမ်မိုးလေးတွေမိုးပေးကွယ်

    တဲ့လား တော်တော် ၆သုံးမကျတဲ့ အတွေးအခေါ်ပေပဲ အနာဂါတ် ရင်လေးစရာပါလား….။ ဒီမိုးဒီလေ ဒီ …………….တွေနဲ့တော့ဟုတ်တော့ဟုတ်နေပြီပဲ………။

    • ma ma01306

      September 7, 2012 at 1:00 pm

      ၆ ကအသုံးကျပါတယ်
      မ..မက ၆ ဏန်းသမားပါ..
      အတွေးအခေါ်နဲပါးကြတော့
      ဆွေမျိုး ရွှေမျိုး ခွဲနေလို့ပါ ..

  • kyeemite

    September 7, 2012 at 3:59 pm

    ဒုက္ခရောက်နေသူတွေကိုခံစားနားလည်ရေးဖွဲ့ထားတာလေး
    ခံစားဖတ်ရှု့သွားပါဂျောင်းနဲ့ စေတနာကိုလေးစားပါဂျောင်း..

    • ma ma01306

      September 11, 2012 at 9:52 am

      ဂေဇက်မှစ ကမာ္ဘကို ပရဟိတတွေ့ဆုံပွဲလေးကို လေးစားစွာ ဖိတ်ကြားပါတယ်..

      http://yinminkhine.multiply.com/journal/item/1490/1490

      စာပေ မိတ်ဆွေ များနှင့် MMG _အနာဂတ်ကောင်းကင်+ရွှေမြို့တော်+ဖူးစာရှင်လေးနှင့်

      မန်ဘာ အက်တမင်များ အားလုံးတွေ့ ဆုံပွဲလေးကို ဖိတ်ကြားအပ်ပါသည်။။။။။။။။။။။။။

Leave a Reply