ဇ = ဇိမ် ရှိရှိ ..မနေရတဲ့ လုူတွေ…အကြောင်း..( တိုင်းပြည်အကြောင်း နည်းနည်းပြောပါရစေ..)

alinsettSeptember 1, 20121min38625

ဖွံ ့ဖြိုးဆဲ..နိုင်ငံ တစ်ခုမှာ ကျွန်တော်..နေထိုင် အသက်ရှင်နေရပါတယ်။

စကားလုံးလှလှလေး သုံးပြီး.. ဖွံ ့ ဖြိုးဆဲ..နိုင်ငံ …လို ့ ပြောရတာပါ ။ အမှန်တကယ်တော့ ဆင်းရဲ..တဲ ့ နိုင်ငံပါ ။

မြန်မာနိုင်ငံဟာ… သယံဇာတ တွေ.. ပေါကြွယ်ဝ တဲ ့နိုင်ငံ တစ်ခု…လို ့ ငယ်စဉ်ကတည်းက စာတွေ ထဲမှာ..သင်ရပါတယ် ။

အမှန်တကယ်လည်း… သယံဇာတ တွေ. ပေါ ပါတယ် ။

သဘာဝတရားကလည်း….လှပ တည်ငြိမ်စွာ..ရပ်တည်..ပေးထားပါသေးတယ် ။

ရာသီဥတုလည်း..မျှတ သာယာတယ်..လို ့ ပြောရင် ရနိုင်ပါတယ် ။

ဒါပေမယ့်…. ဖွံ ့ ဖြိုးတိုးတက်မှု.တွေ လိုအပ်တဲ ့နိုင်ငံ တစ်ခု အနေနဲ ့ရပ်တည်နေရဆဲ..ပါ။

ဘာကြောင့်လဲ….

ကျွန်တော်တို ့နိုုင်ငံ..ဘာကြောင့် ဆင်းရဲ…နေတာလဲ…

ဘာကြောင့်..လဲ…

အဲဒီ အဖြေကို ….. ပညာရှင် တစ်ယောက် မဟုတ်တဲ ့ကျွန်တော်…မသိနိုင်ပါဘူး။

အဲဒီလိုနဲ ့…………

ကိုူယ် လိုက်လို ့မမီတဲ ့ မေးခွန်းတွေ… နဲ ့ အိုးနင်းခွက်နင်း ဖြစ်နေတုန်းမှာ……

__________________________________

လွန်ခဲ့တဲ ့… တစ်လလောက်က….

စာပေ ဟောပြောပွဲ တစ်ခု ကို နားထောင်လိုက်ရပါတယ် ။

ပြောသူကတော့… အားလုံးသိကြတဲ ့..စာရေးဆရာမ ဂျူး ပါ ပဲ ။

ဆရာမ ဂျူးက.. သူဖတ်ခဲ့ရတဲ ့ စာအုပ်တစ်အုပ် ထဲက အကြောင်းအရာ တစ်ခုကို..ပြန်ပြောပြပါတယ် ။

( ဘယ်စာအုပ်လဲ.. / ဘယ် ဟောပြောပွဲ..လည်း.ဆိုတာတွေတော့ အကျယ် ပြောမနေတော့ပါဘူး ။ ဒီဟောပြောပွဲက အကြောင်းအရာကိုလည်း..အားလုံးလိုလို

ကြားဖူးကြမှာပါ ။)

အကြောင်းအရာက တော့…………

ဆင်းရဲတဲ ့နိုင်ငံတွေ….. ဘာကြောင့် ဆင်းရဲနေတာလဲ…. ဆိုတဲ ့အကြောင်းအရာ…ပါ ။

ဆင်းရဲတဲ ့နိုင်ငံတွေဟာ.. အချက် ( ၄ ) ချက်ကြောင့် ဆင်းရဲ..နေရတာပါ..တဲ ့။

အဲဒီ အချက် ( ၄ ) ချက်ကတော့…..

( ၁ ) မကောင်းတဲ ့အိမ်နီးချင်း နိုင်ငံတွေနဲ ့ ထိတွေ ့ဆက်ဆံနေရတဲ ့အခါ……

( ၂ ) သဘာဝ သယံဇာတတွေ..ပေါကြွယ်ဝပြီး..အဲဒီ ပေါကြွယ်ဝမှုကို တလွဲ.အသုံးချနေသူတွေ.ရှိနေတဲ ့အခါ….

( ၃ ) ပြည်တွင်းစစ်တွေ ဖြစ်နေတဲ ့အခါ……..

( ၄ ) ညံ့ဖျင်းတဲ ့အုပ်ချုပ်ရေးစနစ်နဲ ့ ရပ်တည်နေရတဲ ့အခါ….
_________________________________________

အဲဒီ အချက် ( ၄ ) ချက်နဲ ့ကိုက်ညီနေရင်…..

အဲဒီ နိုင်ငံဟာ… ဆင်းရဲခြင်း ဆိုတဲ ့ ထောင်ချောက်ထဲ.. ကျ နေမှာပဲ…. တဲ ့ ။

ကျျွွန်တော်တိ်ု့နိုင်ငံ…ဘာလို့ ့….. မကြွယ်ဝသေးတာလဲ….

ကျွန်တော်တို ့…ဘာလို ့ ဇိမ်ရှိရှိ မနေနိုင် ကြသေးတာလဲ….

အဲဒိ အချက် ( ၄ )ချက်နဲ ့..ကိုက်ညီနေလို ့လား….

( ၁ ) မကောင်းတဲ ့ အိမ်နီးချင်းနိုင်ငံတွေ.နဲ ့ ထိတွေ ့ဆက်ဆံနေရသလား…

( ၂ ) သယံဇာတတွေ.ပေါကြွယ်ဝနေသလား…

( ၃ ) ပြည်တွင်းစစ်တွေ..ဖြစ်နေသလား….

( ၄ ) ညံ့ဖျင်းတဲ ့ အုပ်ချုပ်ရေးစနစ်… နဲ ့ရပ်တည်နေရသလား….

( ကျွန်တော် မသိပါဘူး ။ ဒီ အချက်တွေနဲ ့ ချိန်ထိုး ပြီး… သတ်မှတ်ချက် တစ်ခုခု ချဖို ့ ဆိုတာ….

ကျွန်တော်… ဉာဏ် မမီကောင်းပါဘူး )

တွေးနိုင်သူများ..ဆက်တွေးပေးကြပါ ။ ကျွန်တော်ကတော့…. မနေနိုင် မထိုင်နိုင်နဲ ့… တဆင့်ပြန်လည် ပြောပြရုံ သက်သက်ပါ ။

ဒီပို့်စ်လေးက အစ , ပျိုး..ပို ့စ်ပေါ့ ။ ကျွန်တော်က ကျောက်ခဲတစ်လုံးကို ကောက်ပြီး… ဝေးဝေးကို လှမ်းပစ်လိုက်တာပါ ။

ဘာလို ့ပစ်တာလဲ….

ဘယ်ကိုပစ်တာလဲ…

ဘာ ခဲလုံးလည်း…

ဘာကို ထ်ိမှာလဲ…

ဘာ ဆက်ဖြစ်မလဲ…ဆိုတာတွေ ကိုတော့… ဘေးက ကြည့်နေတဲ ့ မိတ်ဆွေများ…က ဆက်တွေးကြပေါ့နော့ …
______________________________

ဇိမ်…မရှိ ဘူး..ဆိုတော့………..

လူမျိုးတမျိုုးလုံး/ တစ်တိုုင်းပြည်လုံးလား..ဆိုတော့လည်း..မဟုတ်ပါဘူး။

တချို ့ကတော့…ဇိမ်ရှိရှိနေနိုင်ကြသားပဲ..နော် ။

( အဲဒီ တချို ့ဆိုတာက… ဘာ…တော ..ဆိုလား… / အဲဒီထဲမှာ… တော့… လူချောတွေပေါ့….ဗျာ. ။အဟဲ..)

ဘာပဲပြောပြော…. ဆင်းရဲသား..လူတန်းစား များတဲ ့ နိုင်ငံလို ့ပြောရင် မငြင်းနိုင်ဘူး ထင်ပါတယ် ။

ဆိုတော့…………..

ဇိမ်ရှိရှိ ..မနေနိုင် သူတွေလည်း. ခပ်များများ..ရှိနေပါတယ် ။

တောနေ လူထု နဲ ့မြို ့ပြနေ လုူထု… ဇိမ်မရှိပုံ..တော့ ကွာတာပေါ့လေ…။

တောနေ လူထုတွေဟာ…..

ရွှံ ့ထဲ.. / နွံ ထဲမှာ..ကျွဲနဲ ့နွားနဲ ့အပြိုင် ရုန်းကုန်နေရတယ်….

ဒါပေမယ့် သူတို ့ဘဝ ဟာ..ဇိမ်..ရှိမလာပါဘူး ။

အနေ ဇိမ်မရှိ ../ အစားဇိမ်မရှိ….

ပြောရေးဆိုခွင့်…. ဇိမ်မရှိ….

လုပ်ရတာနဲ ့တန်တဲ ့အကျိုးရလဒ်..မခံစားရလို ့…ဇိမ်..မရှိ ။

မြိ်ု ့ပြနေ လူထုကျတော့လည်း………….

ဘတ်စ်ကား ကျပ်ကျပ်ကို တိုးဝှေ ့စီးနေရလို ့ ဇိမ်မရှိ…

ကိုယ် ့လုပ်အား / ဉာဏ်အားကို… ရနိုင်သလောက်…ဖျစ်ညှစ်ပြီး..ပိုု.. . ယူချင်တဲ ့ လုပ်ငန်းရှင်( တချို ့ ) ဆီမှာ အလုပ် လုပ်ရလို ့…ဇိမ်မရှိ

ထမင်းစားပြီး.10 မိနစ်တောင် နားမနေရတဲ ့ အလုပ် တွေမှာ.လုပ်နေရလို ့ ဇိမ်မရှိ…

အလုပ် ချိန်ကို ပိုလို ့ရသမျှ ပို…ခိုင်းချင်သူတွေကြောင့် ရတဲ ့လုပ်အားခ နဲ ့မတန်တဲ ့

လုပ်အားတွေ..ပေးနေရလို ့… ဇိမ်..မရှိ..

အလုပ်သမားအခွင့်အရေးတွေ… ဆုံးရှုံးနေရတဲ ့…လုပ်ငန်းခွင်တွေထဲမှာ… တချို ့က.. မသိနားမလည်လို ့.. လုပ်မြဲ..ဆက်လုပ်ကြ /

တချို ့ကတော့… သိလျက်နဲ ့….. ရုန်းမထွက်နိုင်တဲ ့အခြေအနေတွေကြောင့်… လုပ်မြဲ.ဆက်လုပ်…

ဒါကြောင့် ….. ဇိမ်..မရှိ ။

အလုပ်က အိမ် ပြန်တော့လည်း…………

ထိုင်စရာ…. နေရာမရတဲ ့ မိုးမလုံ/ လေမလုံ…လိုင်းကား ကျပ်ကျပ်ပေါ်မှာ…..

တိုးဝှေ ့ပြီး..စီးရမယ်…./ ဇိမ်..မရှိ…

ချွေးနံ ့တထောင်းထောင်း… ထ , နေတဲ ့ အိမ်အပြန် / မေပန်းပြိီးရင်းးးးထပ် မောရင်း….ဇိမ်မရှိ….။

အိမ်ရောက်ဖို ့ကို… လိုင်းကားပေါ်က ဆင်းရုံနဲ ့မရောက်ပဲ….

လမ်းကြို လမ်းကြားတွေထဲ..မိနစ် 30လောက် လျှောက်ပြီး… ဝင်ဦး…၊

အိမ်ရောက်တော့…တစ်နေ ့တာ မောပန်းလာသမျှ….

ဖြေဖျောက်လို ့ရလို ့ရငြား…. T V ကြည့်မယ်… ပြင်တော့…မီးကပျက်……။

ဇိမ် မရှိလိုက်တဲ ့ဘဝတွေ… ပါ ။

______________________

ဒီထက် ဇိမ်မရှိတဲ ့ဘဝတွေ.. ရှိနေသေးတယ်..နော် ။

မယုံ မရှိနဲ ့ ။
______________________

ဇိမ် ..ရှိချင်တယ် လို ့ ပြောနေတော့………….

စားချင်တာစား…လုပ်ချင်တာလုပ်ပြီး…

ဘာ အလုပ်အကိုင်မှ မလုပ်ပဲ… ထိုင်နေဖို ့ကို ဆိုလိုတာ မဟုတ်ပါဘူး ။

ကိုယ် လုပ်တဲ ့ လုပ်အားနဲ ့ထိုက်တန်တဲ ့ အကျိုးရလဒ်တွေ…. ရ လာမှ ဇိမ်ရှိမယ် ။

အလုပ် အကိုင် အခွင့်အလမ်းကောင်းတွေ..ရ လာမှ ဇိမ်ရှိမယ် ။

ဝင်ငွေနဲ ့ ထွက်ငွေ..မျှတ မှု.ရှိလာမှ… ဇိမ် ရှိမယ် ။

မိုးမလုံ / လေမလုံ တဲစုတ်ကလေးတွေ…ထဲမှာနေ..ပြီး… ထမင်း နပ် မမှန်လို ့ ပိန် ချောင် / မွဲတေနေ တဲ ့ မိသားစုတွေ.. မရှိမှ… ဇိမ်ရှိတယ်….

ပညာ မသင်ရပဲ.. လမ်းဘေး ရောက်နေတဲ ့ ကလေးငယ်တွေ ရဲ ့အနုာဂတ်တွေ.လှ ပ လာမှ ဇိမ် ..ရှိမယ် ။

မသေသင့်တဲ ့ရောဂါလေးတွေ..နဲ ့ သေနေတာတွေ… မရှိတော့အောင် လုပ်နိုင်မှ ..ဇိမ်ရှိတယ်…

လူတန်းစေ ့ နေနိုင် သူတွေ..များလာမှ ဇိမ်ရှိမယ်..။

အရင်က ဒီ နိုင်ငံ ထက်… ချို ့တဲ ့….တဲ ့နိုင်ငံတွေက အခု…ဒီနိုင်ငံ ထက် သာပြီး.. တိုးတက်မှု နှုန်းတွေ မြင့်တက်သွားတာကို…

အမီ လိုက်နိုင်မှ… ဇိမ် ရှိမယ်..။

နောက်တစ်ချက်…………………...
____________________________

စည်းကမ်း ရှိ်မှ ..ဇိမ် ..ရှိမယ်…

_____________________________

အရေးကြီးဆုံးကတော့…စည်းကမ်းရှိဖို ့ပါ ။

အိမ်တစ်အိမ်../ မိသားစုတစ်စုူပဲဖြစ်ဖြစ်…( ဒါမှမဟုတ်..) မြျို့နယ်…/ မြို ့ / ပြည်နယ် / တိုင်း / နိုင်ငံ….

(နေရာဒေသ တစ်ခုခုပေါ့ဗျာ…) အဲင်္ဒီနေရာ တစ်ခုခုမှာ….

အုပ်ချုပ်သူနဲ ့

အုပ်ချုပ်ခံ… ဆိုပြီး.နှစ်မျိုးှိရှိပါတယ် ။

အုပ်ချုပ်သူ ဘက်လည်း…. သူ…အုပ်ချုပ် ပိုင်ခွင့် ရတဲ ့… အတိုင်းအတာထဲကနေ

စည်းကမ်း ရှိရှိ အုပ်ချုပ်ရင်…………….

_______

အုပ်ချုပ်ခံသူတွေဘက်ကလည်း….

စည်းကမ်းရှိရှိ / သမာသမတ်ကျကျ အုပ်ချုပ်နေတဲ ့…. စနစ် / လမ်းကြောင်း ထဲမှာ..

စည်းကမ်းရှိစွာ.. နေထိုင်..နိုင်ရင်…..

ဖွံ ့ဖြိုးတိုးတက်မှု..ဆိုတာ ( ဇိမ် ရှိဖို ့ဆိုတာ ) သိပ် မဝေးနိုင်ပါဘူ း ။

__________

စည်း ကမ်း သည် လူ ၏ တန်ဖိုး..ဆိုတဲ ့စကားလေး..ရှိပါတယ် ။

အမှန်ပါပဲ.. ။

စည်းကမ်းသည် လူ ၏ တန်ဖို းလည်း.. ဖြစ် သလို………… အဖွဲ ့အစည်း တစ်ခု ၏ တန်ဖိုး ..လည်း ဖြစ်ပါတယ် ။

အဲဒီထက် တစ်ဆင် ့ တက်ပြောရရင်….

စည်းကမ်းသည်…နိုင်ငံ တစ်ခု ရဲ ့ တန်ဖို းလည်း.. ဖြစ်ပါတယ်။

ကဲ..ဒီ ထက် တစ်ဆင့် ထပ်ပြောရဦးမယ်..ဆိုရင်….

စည်းကမ်းသည်.. ကမ္ဘာ တစ်ခု ၏ တန်ဖိုး..ပေါ့ဗျာ..။

စည်းကမ်းရှိတဲ ့ ကမ္ဘာ တစ်ခု ဖြစ်နေလေ.. တန်ဖို းကြီးတဲ ့ကမ္ဘာမြေ တစ်ခု ဖြစ်လာလေလေ..ပေါ့ဗျာ..။

_________________________________________________-

အပေါ်မှာ ..ပြောခဲ့တဲ ့ အချက် ( ၄ )ချက်ထဲက…

နံပါတ် ( ၂ ) အချက်က… တကယ်တော့… ကောင်း ရမယ့် အချက်ပါ ။

တိုင်းပြည်တစ်ခုမှာ….

သယံဇာတတွေ..ပေါ့ကြွယ်ဝတာ… ဘာလို ့မကောင်းရမှာလဲ….

ဒါပေမယ့်……………..

အဲဒီ သယံဇာတတွေကို…. တလွဲ..အသုံးမချမိဖို ့ လိုပါတယ်…။

______

ကျန်တဲ ့ အချက်… ( ၁ ) ၊ ၊ ( ၃ ) ၊ ( ၄ ) တွေကတော့……………

မဖြစ်ရင် ကောင်းမယ်.. ။

ဖြစ်နေရင်တော့……………..

ရုန်းထွက်နိုင်ဖို ့……….. မလွယ်ကူလှပါဘူ း။

မြန်မြန်လေး…….. ထောင်ချောက်ထဲက လွတ်အောင် လုပ်ကြပေါ့ဗျာ..။

ဘယ်သူတွေ..လုပ်မလဲ…

တာဝန်သိ သူ… / တာဝန်ရှိသူ..တိုင်း../ လုပ်ပိုင်ခွင့် ရှိသူတိုင်း… ကူညီ ကယ်တင်ပေးမှ ဖြစ်မှာပါ ။

မပြောကောင်းမဆိုကောင်း… ကျွန်တော်တို ့နိုင်ငံဟာ.. အဲဒီ ထောင်ချောက်တွေထဲ..ကျနေတာလာ း…။

ကျနေရင်တော့……………

ကျွန်တော်…လုပ်နိုင်တာက………….

ထောင်ချောက်ကြီးထဲက မြန်မြန် လွတ်ကင်းနိုင်ပါစေ….. / မြန်မြန် ဇိမ်ရှိရှိ နေနိုင် ကြပါစေ..လိ ု့…. ဆန္ဒပြုရုံ.လေး………

ဆုတောင်းပေး နိုင်ရုံလေး…ပါပဲ..ဗျာ..။

_____________________

တွေးမိတာလေးကို… ကောင်းစေလိုတဲ ့ စိတ် သက်သက်နဲ ့ ချရေးမိတာပါ ။

( ဒီနေရာ မှာ..ကျွန်တော့် အတွေးနဲ ့ အခြားသူ ရဲ ့ ့အတွေး မတူနိုင်ပါဘူး။ ကွဲပြားနိုင်ပါတယ် ။

ကျွန်တော်က ကျွန်တော့် ပတ်ဝန်းကျင်မှာ မြင်တွေ ့နေရတာတွေကို ကျွန်တော် ့ အမြင်ကို ချရေးတာပါ ။

ကျွန်တော့်လို ပတ်ဝန်းကျင်မျိုးမှာ..မရှိတဲ ့ / ပြည့်စုံကြွယ်ဝနေတဲ ့ ပတ်ဝန်းကျင်ထဲက လူတစ်ယောက် အနေနဲ ့ဆိုရင်…

အမြင် အတွေး..ဘယ်လိုမှ မတူနိုင်ပါဘူး ။

ဥပမာ…. အလင်းဆက် နေထိုင်ရှင်သန်ရတဲ ့ ပတ်ဝန်းကျင်နဲ ့

သမ္မတ ကြီးတစ်ယောက် နေထိုင် ရှင်သန်ရတဲ့ပတ်ဝန်းကျင်အခြေအနေ…

မတူနိုင်ပါဘူး ။ သမ္မတ ကြီးတစ်ယောက် အနေနဲ ့ ………….

ကျွန်တော့် ထက်..ပို ပြီး..ကျယ်ကျယ်ပြန် ့ပြန် ့ တွေးပေးနိုင်ရင်လည်း တွေးနိုင်မယ်..။

မတွေးချင်လို ့..မတွေးပဲ……….

မျက်ကွယ်ပြု..နေရင်လည်း.နေမယ်ပေါ ့ ။ ဒါက စကားပမာ/ ဥပမာပါ ။

ကျင်လည်ရတဲ ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး.အမြင် / အတွေးတွေ..ကွဲပြားနေနိုင်တာကိုပြောချင်တာပါ ။

စကားပမားလေးကို ကြုံလို ့ထည့်ပြောလိုက်တာပါ ။ မှန်လွန်းသွားတာ… မှားလွန်းသွားတာရှိနရင်..ကျွန်တော့် မသိနားမလည်မှု ကို.ခွင့်လွတ်နားလည် ပေးကြပါ ။

ဒီ ့ထက် လည်း..ပို မပြောလိုတော့ပါဘူး ။

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတဲ ့ပိုစ့် ဖြစ်သွားမှာ စိုးလို ့ပါ ။

ကိုယ် ့ပေါင် ကိုယ်…လှန်..ထောင်းရပြီ..ဆိုကတည်းက…မကောင်းပါဘူး။

ပေါင်ကို လှန်..လိုက်ရလို ့..ရှက်ကိုးရှက်ကန်းလည်း…ဖြစ်ရဦးမယ် ။

ထောင်းလိုက် ရလို ့….နာ လည်း..နာ…ရဦးမယ်….

ဒီတော့……………….

ကိုယ် ့ပေါင် ကိုယ် လှန်ထောင်းနေရတဲ ့……

ဘဝတွေ.. ဝေးရအောင်…..

ဇိမ်..ရှိရှိလေး…နေနိုင်ကြပါစေ..တော့……….လို ့……

ဆန္ဒလေးပြု..လိုက်ရပါတယ် ။

___________________________________

လေးစားစွာဖြင့်

အလင်းဆက်

25 comments

  • အလင်းဆက်

    September 1, 2012 at 8:31 pm

    က = http://myanmargazette.net/141855/arts-humanities
    ခ = http://myanmargazette.net/143018/arts-humanities
    ဂ = http://myanmargazette.net/143588/arts-humanities
    ဃ = http://myanmargazette.net/144518/arts-humanities
    င = http://myanmargazette.net/145317/arts-humanities
    စ= http://myanmargazette.net/145905/arts-humanities
    ဆ= http://myanmargazette.net/146558/arts-humanities

    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ

  • မောင်ပေ

    September 1, 2012 at 9:30 pm

    ညီငယ် အလင်းစက်ရေ
    တစ်ခါတစ်လေကြ ၊ စီးပွားလုပ်ငန်းအဆင်မပြေ ဆုံးရှုံးတဲ့အချိန်မျိုးကြရင် အရမ်းစိတ်ပျက်မိတယ်
    ဒါပေမယ့်… ကိုယ့်ထက်ဘဝဆိုးတဲ့လူတွေ မြင်ရပြန်တော့ ၊ ငါ သူရို ့လောက် မဆိုးသေးပါလားဆိုပြီး ဖြေသိမ့်မိသလို
    ကိုယ့်ထက် အများကြီးမြင့်တဲ့ ဘဝတွေကို ကြည့် ၊ စိတ်ကူးယဉ်ပြီး…တစ်နေ ့ငါလဲ သူရို ့လို ဖြစ်ရမယ် ဆိုပြီး အားပြန်တင်းရတယ်ကွာ

  • ကိုခင်ခ

    September 1, 2012 at 10:07 pm

    ကိုအလင်းဆက်ရေ
    ဇနပုပ်တဲလေးမှာ
    ဇီးယိုကို
    ဇွန်းနဲ့
    ဇိမ်ခံပြီး စားနေလိုက်အုံးမယ်ဗျာ။

  • YE YINT HLAING

    September 2, 2012 at 2:28 am

    ကိုအလင်းဆက် ရေ ! အတွေး ကောင်း အရေးကောင်းသူ တစ်ယောက်လို့ ထပ်ပြီး ပြောပရစေဗျာ ! ” အ ” အထိ ဆက်လက်ဖတ်ရှု အားပေးသွားမှာမို့ ဇိမ် ရှိရှိလေး တွေးပြီး ဇိမ်ရှိရှိ လေး ရေးသွားနိုင်ပါစေဗျာ !

  • Nay Mara

    September 2, 2012 at 5:42 am

    အားပေးသွားပါတယ် ။

    • zarlay

      September 2, 2012 at 3:09 pm

      ဇိမ်ရှိရှိနေနိုင်တဲ့သူတွေလည်းရှိပါတယ်။ ဘယ်သူတွေလည်းဆိုတာသိမှာပါ။

  • aanyar thar

    September 2, 2012 at 1:45 pm

    အဖေ..အမေ အပါအဝင် မိ့သားစု့..၉..ယောက်.. ရှိ့တယ်..ဆိုပါဆို့….အဖေဖြစ်သူက…၁.. လကို…သူ့ဝင်ငွေ..၂..သိန်း..ရှိ့မယ်….မိန်းမဖြစ်သူကို..၁..လ..၁..သိန်းပဲပေးတယ်..(ကျန်တဲ့..၁.သိ်န်းက.. .သူ့အတွက်..စမောလ်..ကိစ္စ..မာဆတ်ဘာညာ..ဘာညာ..အတွက်..ချန်တယ်.ဆိုပါတော့)…. မိန်းမဖြစ်သူကလည်း..သူပေးတဲ့..၁..သိန်း..ထဲက..( ပါတိတ်ဖိုး..လူမှု့ရေး.. သာရေး..နာရေး…. သားသမီးရေး.. ဘာရေး.ညာရေး..စသဖြင့်..).အကြောင်းပြပြီး.(ယောကျာင်္း..ကိုအားကျမခံ)…..၁..သိန်း..ထဲက…၈..သောင်း..ဗုန်း….အဟို့……. … ကျန်တဲ့သားသမီး…(၇)…..ယောက်…… .အဘယ်ကဲ့သို့သော်..စည်းစိမ်ကို… .အမောင်အလင်းစက်. .ပြောသလို..အဘယ်သို့ခံစားရပါအံ့နည်း…. အဖြေဟာ..ကိုယ်စားများတဲ့.. တိုင်းပြည်ဟာ…ပျက်၏..ပေါ့…. သူငယ်ချင်း.. ..ကျနော်အပါအဝင်..ပညာတတ်တွေ..သူများနှိုင်ငံမှာ.. ကျွန်ခံနေရတယ်လေ… .ဂနာဟိ့..မှတ်လော့….သူငယ်ချင်း…

  • ကိုလင်းဆက်ရေ ..
    ကျနော်ကတော့ “ဇိမ်” ဆိုတဲ့ စကားလုံးကို မကြိုက်မိတာတော့ အမှန်ပဲ ..
    ဇိမ် ဆိုတာကို ကျနော်ကတော့ မကောင်းတဲ့ အပြုအမှု အကျင့် တွေနဲ့ တွဲဖက်မြင်မိသဗျ …
    ဇိမ် အစား အေးအေးဆေးဆေး .. အေးအေးလူလူ .. စတဲ့ စကားလုံးတွေကို ပိုကြိုက်မိသဗျာ …
    ဒါကြောင့် ကျနော်ကတော့ဖြင့် “ဇိမ်” ရှိရှိ မနေချင်ဘူး ..
    “အေးအေးလူလူ” ပဲ နေချင်တော့တယ်ဗျာ ..

  • အလင်းဆက်

    September 2, 2012 at 7:45 pm

    ကိုကြီ..ပေ..ရေ ။ အတွေးလေး.တူပါ့ဗျာ.။
    ကျွန်တော့်မလဲ..အဲသလိုလေးပဲ.ဖြေတွေးနေရပေါ့ ။ 😀
    ______________

    ဇနပုပ်တဲလေးမှာ
    ဇီးယိုကိုဇွန်းနဲ့ ဇိမ်ခံပြီး စားနေလိုက်အုံးမယ် ့ ကိုခင်ခရေ့…
    တယ်လည်း..အေးချမ်းလှပါလားဗျာ.။

    ကဲ..ဈ မှသည်…အ ..အထိ ဆက်လက် ခံစားပေးပါဦးနော့
    ___________
    အတွေး ကောင်း အရေးကောင်းသူ တစ်ယောက်လို့ ထပ်ပြီး ပြောပြန်တဲ ့YE YINT HLAING
    ရေ… ကျေးဇူးပါ ။” အ ” အထိ ဆက်လက်ဖတ်ရှု အားပေးသွားမှာမို့ ဇိမ် ရှိရှိလေး တွေးပြီး ဇိမ်ရှိရှိ လေး
    ရေးနိုင်အောင်… ဆုတောင်းပေးလို ့ကျေဇူးပါ..လို ့ ။
    ဆက်လက် ခံစားဖတ်ရှုပေးပါဦးခညာ….
    😀
    ________________
    အားပေးဖတ်ရှုသွားတဲ ့..
    Nay Mara ရေ..ကျေးဇူး…။:D
    ________________
    zarlay
    ရေ..
    ဇိမ်ရှိရှ် ိနေနိုင်သူတွေ..ရှိတယ် ။ ဘယ်သူတွေလဲ..ဆိုတာလည်း..အားလု့းလိုလို သိကြတယ် ။
    အစ ဖော်ပေးတဲ ့အတွေးလေး..အတွက် ကျေးဇူး..ပါ ။
    😀
    _______________
    aanyar thar
    ရေ.. အားပေး ဖတ်ရျု..ဝေဖန် ခံစာေးပးလို ့ ကျေးကျေးပါ…
    ______________-
    ကိုအံစာ…ရေ..
    ကျွန်တော်လည်း… ဇ ကွဲ.လေးမှာ ဘာခေါင်းစဉ် နဲ ့ရေးရမှန်း မသိ ။ စဉ်းစားရ ခက်နေတာလေ.။
    အဲဒါနဲ ့ပဲ..ဇိမ် ဆိုတဲ ့စကားလုံးလေးပဲ…. ပြေးမြင်ပြီး..
    ခံစားရေးဖွဲ ့လိုက်တာ ..။ အဟီး ကျွန်တော်ကလူရော… စကားလုံးရော…ချို ့တဲ ့တယ် ဗျ ။
    😀
    __________________
    စာချစ်သူများ.အားလုံးကို ခင်မင်လေးစားစွာ…ကျေးဇူးပါ…လို ့…
    😀

    • ဟေ့လူဂျီး ..
      ခညားလားဂျ .. စကားလုံး ချို့တဲ့တယ်ဆိုတာ .. 😀
      လူဂ အနော့်ထက် စာရင် ပိုတောင် ဖွံ့ဖြိုးသေးတယ် ပြောရမှာ ..
      စကားလုံး ကတော့ ပြောနေနဲ့ ..
      အနော့်ထက် တောင်လိုယာလို ပုံအောင် သာဒယ်ဆိုတာ သိပီးသားဘာ .. 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 2, 2012 at 8:13 pm

    မှန်ပါတယ်ခင်ဗျား ကျွန်တော် 😀 တို့
    အမိမြန်မာပျည် သဂျီးအခေါ် အဖ မြန်မာပြည် ကြီးဟာ သယံစာတတွေပေါကြွယ်လှဘာဒယ်
    ဒါဘေမဲ့
    အဲ့သည်သယံစာတတွေ ဘယ်သူ့တွက်လဲတော့သိဘူးဗျ
    ပျေးဘီ
    ဂိန်ညောင်ညောင်ညောင်

  • အလင်းဆက်

    September 3, 2012 at 6:14 pm

    သူတို ့အတွက်ပဲ…လေ..။
    😀
    ကိုမိုက်ကယ်တို ့များ… ပျေးတာတောင် ဂိန်ညောင်ညောင် …တဲ ့။
    😀

  • နေဝန်းနီ

    September 3, 2012 at 7:28 pm

    အင်း တစ်ချိန်တုန်းက တစ်နေရာမှာပေါ့ဗျာ…။ အထက်လူကြီးတွေက အောက်လက်ငယ်သားတွေကို ဘာပြောတယ်မှတ်လဲ…။ မင်းတို့က ခိုင်းသလောက်လေးလုပ်ပြီး ပါးဖောင်အောင်စားပြီး နားကားအောင်အိပ်လို့ရသေးတယ်တဲ့…။ ငါတို့က အဆင့်ဆင့်ပေးထားတဲ့တာဝန်တွေနဲ့ တဲ့….။ အဲဒိတော့လည်း ငနေဝန်းနီတို့ ….။ ဝဝ စား ဝေးဝေးရှောင် ဝီစီသံကြားရင် ဝပ်နေလိုက်တာပေါ့ ဟ ဘယ်ရမလဲ….။

  • nature

    September 4, 2012 at 12:18 am

    ….( ၁ ) မကောင်းတဲ ့အိမ်နီးချင်း နိုင်ငံတွေနဲ ့ ထိတွေ ့ဆက်ဆံနေရတဲ ့အခါ……
    ကိုယ်ဆင်းရဲတာသူများကိုအပြစ်တင်လို့မရပါဘူး။ ဆင်းရဲတဲ့အိမ်တအိမ်က ဘေးနားက ချမ်းသာတဲ့အိမ်က ငွေမချေးလို့ မထောက်ပံ့လို့ဆိုပြီးအပြစ်မတင်သင့်ပါဘူး။ ကိုယ့်အပြစ်ကိုပဲကိုယ်ရှာသင့်ပါတယ်။ကိုယ့်အားကိုယ်ကိုးကျိုးစားသင့်ပါတယ်။

    ( ၂ ) သဘာဝ သယံဇာတတွေ..ပေါကြွယ်ဝပြီး..အဲဒီ ပေါကြွယ်ဝမှုကို တလွဲ.အသုံးချနေသူတွေ.ရှိနေတဲ ့အခါ….
    သယံဇာတပစ္စည်းတနှစ်တန်ဘိုးဘယ်လောက်ထွက်လဲ။ တယောက်ကို တစ်ကျပ်နှုံးနဲ့ လူဦးရေ သန်း၆၀x၃၆၅ ရက်=၂၁၉၀ဝသန်း
    ဒီသယံဇာတပစ္စည်းတွေကို အစိုးရပိုင်အနေနဲ့ ထုတ်ယူနေတာလား။ ပြည်သူတွေကိုထုတ်ယူခွင့်ပေးထားတာလား။ ကျန်းမာရေး ပညာရေး လမ်းတံတားတည် စတဲ့ Project တွေအတွက်ဝင်ငွေဘယ်ကရလဲ။ ဝင်ငွေထက်ထွက်ငွေများနေတယ်ဆိုတာသေချာပါတယ်။

    ( ၃ ) ပြည်တွင်းစစ်တွေ ဖြစ်နေတဲ ့အခါ……..
    ဒါကတော့ ဆင်းရဲခြင်းကိုတိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်စေတယ်ထင်ပါတယ်။ စစ်ဖြစ်ရင် စစ်စရိပ် ကုန်မယ် ငွေကုန်ရင်ဆင်းရဲမယ်။ ပြည်သူတွေမြေဇာပင်ဖြစ်မယ်။ ဆင်းရဲဒုက္ခရောက်မယ်။

    ( ၄ ) ညံ့ဖျင်းတဲ ့အုပ်ချုပ်ရေးစနစ်နဲ ့ ရပ်တည်နေရတဲ ့အခါ….
    အုပ်ချုပ်ရေးစံနစ်ကတော့ ညံ့တယ်လို့မထင်ပါဘူး။ စီးပွားရေးအခြေခံခိုင်မာတောင့်တင်းမှုမရှိတဲ့အတွက်အပေါ်ထပ်အဆောက်အအုံကို သက်ရောက်မှုလို့ထင်ပါတယ်။ ပြဿနာတခုရဲ့ရေသောက်မြစ်ကိုမှန်ကန်စွာ ရှာဖွေဖြေရှင်းနိင်မှုမှာအားနည်းချက်တွေရှိတတ်တဲ့အတွက် ခုတ်ရာတခြားရှရာတလွဲ ဖြစ်နေတယ်လို့မြင်ပါတယ်။

  • ဆင်းရဲတဲ ့နိုင်ငံတွေဟာ.. အချက် ( ၄ ) ချက်ကြောင့် ဆင်းရဲ..နေရတာပါ..တဲ ့။

    အဲဒီ အချက် ( ၄ ) ချက်ကတော့…..

    ( ၁ ) မကောင်းတဲ ့အိမ်နီးချင်း နိုင်ငံတွေနဲ ့ ထိတွေ ့ဆက်ဆံနေရတဲ ့အခါ……

    ( ၂ ) သဘာဝ သယံဇာတတွေ..ပေါကြွယ်ဝပြီး..အဲဒီ ပေါကြွယ်ဝမှုကို တလွဲ.အသုံးချနေသူတွေ.ရှိနေတဲ ့အခါ….

    ( ၃ ) ပြည်တွင်းစစ်တွေ ဖြစ်နေတဲ ့အခါ……..

    ( ၄ ) ညံ့ဖျင်းတဲ ့အုပ်ချုပ်ရေးစနစ်နဲ ့ ရပ်တည်နေရတဲ ့အခါ….

    ကျနော်လဲ လက်ခံပါတယ် ခုအချက်တွေကိုဗျ။

  • အလင်းဆက်

    September 4, 2012 at 7:32 pm

    ကိုအံစာ… အဲဒါ..ဂယ်ကြောတာရားဟင်…
    ခိ ခိ …:D
    ________________
    နေဝန်းနီရေ..
    ကျေူးဇူးနော် ။ ဖတ်ရှု ခံစားပေးလို ့..။
    ___________
    nature…
    ရေ ့…
    ကျကျနန ခံစားဖတ်ရှုပြီး.. သေသေချာချာ ကျကျနန ပေးသွားတဲ ့ c0mment အတွက်.ကျေးဇူးနော် ။
    နံပါတ် ( ၁ ) အချက်ကို ..
    ကျနော်လည်း..အဲဒလိုလေး.မြင် မိပါသေးတယ်….
    ဒါပေမယ့်…………….ကျနော်ကပဲ..အဆိုးမြင်သမား ဖြစ်နေသလားတော့မပြောတတ်ပါဘူး..ဂျာ…
    😀
    _________________
    နာဂရ ချစ်သူကြီးရေ…
    အမြင်ချင်း..တူတယ်ပေါ့နော်….
    😀

    ကျွန်တော် ခံစားခဲ့တဲ ့ အက္ခရာ ထွေရာလေးပါးများကို စဉ်ဆက်မပြတ် ဖတ်ရှု ခံစားပြီး
    ဝေဖန် အကြံပြု.ကြသော..
    ကျွန်တော်ချစ်သော စာချစ်သူများကို…
    လေးစားစွာ..ခင်မင်..ကျေးဇူးတင်လျက်ပါ ။

  • ရဲစည်

    September 4, 2012 at 9:02 pm

    ဖတ်ပီး မမန့်ဖြစ်ဘူးဗျို့
    ဆောရီးပါ …………။
    အတွေးရော အရေးပါ ညက်ညက်ကလေးမို့
    ထောင့်မှ ထိုင်ပီး ကုပ်ကုပ်လေး အားပေးသွားပါကြောင်း ။

  • Shwe Ei

    September 5, 2012 at 3:21 pm

    ဇိမ်ရှိဖို့ထက် နပ်မှန်ဖို့ဦးစားပေးနေရတဲ့ဘဝတွေကို ပြောင်းလဲစေချင်တယ်ဗျာ။

    • Inz@ghi

      September 5, 2012 at 3:23 pm

      မကြည်ပြာ ပြောတဲ့အတိုင်းပါပဲဗျာ

      ပုံ

      ရဲဝင်း

      😀

  • kai

    September 5, 2012 at 4:01 pm

    “ဇိမ်”ရှိရှိနေချင်ရင်တော့..
    “ဇ” ရှိတဲ့သူတွေက
    “ဇွဲ”နဲ့
    “ဇွတ်”လုပ်မှဖြစ်မယ်..။

    နှစ်၁၀၀ဝ ကျိန်စာ 😕

  • အလင်းဆက်

    September 5, 2012 at 7:31 pm

    အော်….သူဂျီးရယ်..နှစ် 1000 ကျိန်စာ..တဲ ့လား.
    အဟင့်…
    ______________
    အတွေးရော အရေးပါ ညက်ညက်ကလေးမို့
    ထောင့်မှ ထိုင်ပီး ကုပ်ကုပ်လေး အားပေးသွား..သူ…ကိုရဲ..ရေ..
    ကျေးဇူးပါ..လို ့. တိုးတိုးပြောလိုက်ပါရစေ….
    ကျယ်ကျယ်မပြောတာ..က … အား.မရှိလို ့ပါ ။
    ________________
    ရွှေ..အ်ိ ရေ..
    အဲဒါလည်း အမှန်ပဲ.နော်..
    _________________
    ဂီ…ရေ…
    အားပေးဖတ်ရှု.လို ့ကျေးဇူးနော်..။

    ခင်မင်လေးစားစွာ…

  • MaMa

    September 6, 2012 at 1:50 pm

    `ဇ´ မရှိဘူး။
    `ဇိမ်´ မကျဘူး။
    ဒါပေမယ့် စုတ်ချာနေတဲ့ကွန်နက်ရှင်ကို အံတုရင်းနဲ့ …
    မောင်ဂီရဲ့ တရုတ်ဗေလုဝ လို `ဇွဲ´ တော့ ရှိလာတယ်။ 😀

  • ကိုသင်း

    September 14, 2012 at 10:37 am

    အချက်လေးချက်ထဲက
    တစ်ချက်ကိုတော့ဖြင့် အားပေးသွားမည် ဖြစ်သည်။

    ပုံ
    ကိုတရုပ်ကြိး

  • အလင်းဆက်

    September 14, 2012 at 7:00 pm

    မမရေ..
    တယ် ဟုတ်ပါလား.ဗျ ။

    ကိုသင်းရေ..
    ဘယ် အချက်များပါလိ်မ့် ။
    😀

  • အရီးခင်လတ်

    October 9, 2012 at 7:20 pm

    “ဖတ်ရွေး အဖွဲ့ ကိုယ်စား”

    အတွေးလေးတွေ ဆန်းသစ်စွာဖြင့် အက္ခရာ ခေါင်းစဉ်လေးတွေနဲ့ လိုက်လျော ညီထွေစွာ ရေး ထားတာတွေကို ဒီတပုဒ်တာမက အခြား အပုဒ်များကို ပါ နှစ်သက်မိလို့ အားလုံးအတွက် ပေါင်းပေးလိုက်ပါသည်။

Leave a Reply