“အနမ်း”

မင်းနုတ်ခမ်းက အနမ်း
ငါ့ကို နောက်ဆုံး နုတ်ဆက်သွားမှန်
မသိလိုက်ခင်တုန်းက
စွဲလန်းခဲ့တဲ့ အချစ်အတွက်
ငါ သိပ်ဂုဏ်ယူခဲ့တယ်……
ဒါပေမဲ့ အခုတော့
အဲဒီအချစ်တွေကို ပြန်ဖောက်ထုပ်ပစ်ချင်ပြီး
အလွမ်းပါတဲ့ အနမ်းအတွက်
ငါ… ဂုဏ်မယူချင်တော့ဘူး………..
………………………………………………………………………….

” One upon a time ”

အရင်တုန်းက တစ်ချိန်တုန်းက တစ်ခါတုန်းက
ဆိုတဲ့
စကားလုံးကို ငါ အရမ်းနှစ်သက်တယ်…..
ဘယဖြစ်လို့လဲဆိုတော့
အတူတူကြည်နူးခဲ့တာတွေ အတူတူပျော်ရွှင်ခဲ့တာတွေ
ပြန်မရတော့လို့
ဒီစကားလုံးလေးတွေနဲ့ ပြန်လွမ်းဆွတ်စေခဲ့တယ်……

About si tone

si tone has written 19 post in this Website..