ကဗျာမဟုတ်တဲ့ ကဗျာ အပိုင်း(၃)

si toneSeptember 1, 20121min1745

“အနမ်း”

မင်းနုတ်ခမ်းက အနမ်း
ငါ့ကို နောက်ဆုံး နုတ်ဆက်သွားမှန်
မသိလိုက်ခင်တုန်းက
စွဲလန်းခဲ့တဲ့ အချစ်အတွက်
ငါ သိပ်ဂုဏ်ယူခဲ့တယ်……
ဒါပေမဲ့ အခုတော့
အဲဒီအချစ်တွေကို ပြန်ဖောက်ထုပ်ပစ်ချင်ပြီး
အလွမ်းပါတဲ့ အနမ်းအတွက်
ငါ… ဂုဏ်မယူချင်တော့ဘူး………..
………………………………………………………………………….

” One upon a time ”

အရင်တုန်းက တစ်ချိန်တုန်းက တစ်ခါတုန်းက
ဆိုတဲ့
စကားလုံးကို ငါ အရမ်းနှစ်သက်တယ်…..
ဘယဖြစ်လို့လဲဆိုတော့
အတူတူကြည်နူးခဲ့တာတွေ အတူတူပျော်ရွှင်ခဲ့တာတွေ
ပြန်မရတော့လို့
ဒီစကားလုံးလေးတွေနဲ့ ပြန်လွမ်းဆွတ်စေခဲ့တယ်……

5 comments

  • may flowers

    September 1, 2012 at 11:36 pm

    အားပေးသွားပါတယ် si tone ရေ။

  • one upon a time ..
    တစ်ခါတုန်းကပေါ့ …
    there was a king ..
    ဘုရင်ကြီး တစ်ပါး ရှိခဲ့ဖူးတယ် ..
    his name was …
    သူ့အမည်ဂဒေါ့ …….?????

    အဲ့ဒီလို ပေါက်ကရတွေပြော ..
    မိုးတိမ်လို ပေါ့ပါးစွာ ဝဲပျံရင်းနဲ့ ..
    အရင်က ဒဏ်ရာတွေကို
    ကုစားတတ်ခဲ့တယ် …
    ဒါပေမယ့် .. ကျုပ်လည်း လွမ်းတတ်တယ် …

  • မောင်ပေ

    September 2, 2012 at 3:05 pm

    “ once upon a time ” ပဲ ကြားခဲ့ဖူးတယ်
    one upon a time ဆိုတာ အသစ်ထွက်တာလားဟင်
    ကျုပ်က အင်းဂလိပ်စာကို အခုမှ သင်တုန်းလေ့လာတုန်းမို ့ပါ

    • ဒီဂလူဂျီးပြောမှ ..
      အနော်လည်း မှားမှန်းသိတွားဒယ် ..
      အဟီးးးးး :mrgreen:
      ခညားဂျီး အရမ်းတော်ဒယ် ..

  • အမှတ်တရဖြစ်စေတာလေးရှိနေတာပါ။

    အတူတူကြည်နူးခဲ့တာတွေ အတူတူပျော်ရွှင်ခဲ့တာတွေ
    ပြန်မရတော့လို့
    ဒီစကားလုံးလေးတွေနဲ့ ပြန်လွမ်းဆွတ်စေခဲ့တယ်……

Leave a Reply