ဒီနှစ်မြန်မာပြည်ရော..ကမ္ဘာမှာပါ…
ရေကြီးတဲ့သတင်းကို ခဏခဏကြားနေရတော့..

– ရန်သူမျိုးငါပါးထဲက…ရေ၊ မီး၊ မင်း၊ သူခိုး၊ သားဆိုးသမီးဆိုး(မချစ်မနှစ်သက်သောသူ)
ဆိုပြီးပြောတာ ကြားဖူးကြမှာပါ…သူတို့ကို.ရန်သူလို့
ပြောရပေမဲ့…သူတို့နဲ့ အတူနေ နေကြရတယ်..သူတို့ကိုဘဲ
…ပြန်ပြီး…အသုံးပြုနေရတယ်ဆိုတော့..ဒါကိုကြည့်ပြီး အောက်ပါ
အတွေးလေးဖြစ်မိပါတယ်….

– လူသားတွေဟာ..ဒီရန်သူမျိုး ငါပါးကလွတ်အောင်…
နေ့စဉ်နဲ့ အမျှ အမျိုးမျိုးခုခံ ကာကွယ်ကြရပါတယ်…ဒီလိုခုခံ ကာကွယ်တဲ့
နေရာမှာ..အဲဒီရန်သူတွေကို..ဒီကမ္ဘာကနေ…ပျောက်ကွယ်သွားအောင် လုပ်လို့မရပါဘူး…

ဒါဆိုသူတို့လည်း မပျောက်..ကိုယ်လည်းရှိရမယ်ဆိုရင်…အတူနေလို့ရအောင် ဘယ်လိုလုပ်ကြမလဲ?…

– တချို့လူတွေဟာ..ဒီလောကဓံကို ကြံ့ကြံ့ခံနိုင်အောင် စဉ်းစားဥာဏ်ကိုသုံး
ပြီး ဆောင်စရာ အဖြစ်..တီထွင်မှုတွေ အမျိုးမျိုးလုပ်ကြတယ်…
ရှောင်လို့ရအောင်လည်း…မိုးလေ၀သဂြိုလ်တုစခန်း ၊မြေငလျှင်တိုင်းထွားရေ
စခန်း၊ ဆူနာမီ အချက်ပေးစနှစ်တွေ…စသည် စသည်ဖြင့် အမျိုးမျိုးတီထွင်မှု
လုပ်နေကြပါတယ်…

– တချိုကြတော့…ဒီလိုရန်သူတွေကနေ လွတ်အောင်…လက်ရှိပကတိအခြေအနေရဲ့
အကြောင်းတရားအမှန်ကို မတွေ့ကြသေးလို့..မသုံးသပ်.. မစဉ်းစားတတ်
နိုင်ကြသေးလို့…ဥပမာ..ကျောက်ခေတ်ကလူတွေဆိုရင်…ဒီဘေးဒဏ်ကလွတ်အောင်
သမုဒ္ဒရာပင်လယ်တောတောင် တွေကို ပူဇော်ပသတာ..
စသည်ဖြင့်ပြုလုပ်ကြတယ် လို့ဖတ်ရဖူးပါတယ်…

– အခုခေတ်ကတော့…အဲဒီထက် အဆင့်မြင်တယ်လို့ဘဲ ဆိုရမလား?
ဆင်တူရိုးမှား..မသိမ်းမယိမ်း လို့ဘဲ ဆိုရမလား?…..
တချို့ကျတော့…ဒီလိုရန်သူမျိုး(၅) ပါးရဲ့ဘေးဒဏ်အန္တရယ် တွေ့ကြုံနေရတာကို…
မမွေးခင်.. ဟိုး…. အရင့်အရင်ဘ၀ပေါင်း မြောက်များစွာက …အတိတ်ကံရဲ့
ဝဋ်ကြွေးပေါ့ဆိုပြီး..ဒီဝဋ်ကြွေးကကြေအောင်…ဘာမှ မစဉ်းစားတော့ဘဲ…
ဒီရန်သူ လက်ကနေ ရှောင်ဖို့၊ဆောင်ဖိုကို ဘာမှမလုပ်တော့ဘဲ…လည်စင်းခံပြီး…
အသိမဲ့ အရှိမဲ့ လုပ်ငန်းတွေ လုပ်တဲ့ လူကလုပ်…

-တချို့လည်း ဗေဒင်ယတြာ၊ ဂြိုလ်၊ နက္ခတ်..အဆောင်အဖွဲ့တွေနဲ့..ပြုလုပ်ကြ..

– တချို့ကတော့..လောကမှာ ဖြစ်သမျှအရာအာလုံးတွေဟာ..ဘုရားသခင်ရဲ့ အလိုတော်ကျ အတိုင်းဆိုပြီးလည်းပြောကြပါတယ်…

-တချို့လည်းတခြားသော သတ္တ၀ါတွေရဲ့ အကောင်ပလောင်တွေရဲ့ အသွေးအသားတွေနဲ့
ပူဇော်ပသမှုတွေ ပြုလုပ်ကြ…

အထက်ပါ..ဒီလိုလုပ်နေကြတာတွေဟာ…နောက်ကွယ်မှာ ဘယ်သူတွေက
စေခိုင်းနေသလဲ?…စဉ်းစားဖို့လိုပါတယ်…

လူမှာ..တခြားအကောင်တွေနဲ့ယှဉ်ရင်.. အားသာချက်ဆိုလို့..စဉ်းစားတွေးခေါ်တတ်တဲ့
ဦးနှောက်ဘဲ အသုံးပြုစရာရှိတယ်ဆိုတော့..ဦးနှောက်အတွေးအခေါ်က
မောင်းနှင်နေတယ်လို့ဘဲပြောရလိမ့်မယ်..

ဒါကြောင့် အတွေးအခေါ်မြင့်မားတဲ့ လူတွေဆိုတာ…
ဒီရန်သူတွေကို ဒို့ရှောင်လို့မရဘူး..သူတို့ကို ရန်သူဆိုပေမဲ့
သူတိုနဲ့ ကင်းအောင်နေလို့မရဘူး…ဒါကြောင့်….
သူတို့ကိုအသုံးပြုလို့ရအောင်..ယဉ်ကျေးအောင်…လူသားတွေဟာ.
စဉ်းစားတွေးခေါ်တတ်တဲ့..သတ္တ၀ါပီပီ ….စဉ်းစားဝေဖန်တွက်ချက်မှုတွေ လုပ်လာရာကနေ
ယနေ့ကမ္ဘာမှာဆိုရင်..လူသားတွေရဲ့..စွမ်းဆောင်ချက်ကြောင့်…တိုးတက်မှု တွေဟာ အံ့မခန်းပါဘဲ…

ဥပမာ..မီးဆိုရင် ကျောက်ခေတ်ကလူသားတွေဟာ..ကောင်းကောင်း
အသုံးမပြုတတ်ကြသေးပါဘူး…သားကောင်တွေကို..အစိမ်းစားလာရာကနေ..မီးနဲ့ကင်စား
ကြည့်တယ်…အော်မီးဟာဒီလိုအသုံးပြုရင် ရတယ်ဆိုတာလောက်ဘဲ စဉ်းစားလာရာကနေ
အခုဆိုရင်..လူသားတွေဟာ မီးကို သွင်သွင်ကျယ်ကျယ်
အသုံးပြူလာနိုင်ကြပြီ မဟုတ်ပါလား?..

– ရေနံ၊ ဂက့်စ်၊ လေရေကနေအပူစွမ်းအင်မှ..လျှပ်စစ်စွမ်းအင် အဖြစ်ပြောင်း.
ယူရေနီယမ်ကနေ..နျူးကလီယားစွမ်းအင်ပြောင်း စသည်စသည်ဖြင့် မီးတွေကို
အသုံးပြုလာနိုင်အောင်..

စဉ်းစားဥာဏ်အတွေးခေါ်ဥာဏ်တွေကနေ တဆင့် လူတွေဟာ..
အမျိုးမျိုး အသုံးပြုတတ်လာကြတယ်..ဥပမာ…
အန္တာရာယ်ရှိပါတယ်..ဆိုတဲ့ လျှပ်စစ်မီးတွေဆိုရင်..ကိုယ့်ရဲ့
အိပ်ယာဘေးမှာတောင်ခလုတ်လေးထားပြီး..ကိုယ်လိုရင် လိုသလိုအသုံးပြုနိုင်ကြပြီ…
ဒါဟာ လူတွေအတွေးအခေါ်မြင်းမားလာရာကနေ..မီးအကြောင်းကို
နားလည်လာလိုဘဲဖြစ်တယ်..

ဒါကတော့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုပေါ့…ဒါလည်းတိုးတယ်လို့ပြောရပါမယ်..ဒီတခုတည်းဘဲ တိုးတက်ရင် လူသားလောက…ငြိမ်းချမ်းပြီလား?..လို့နာမ်ဝါဒ သမားတွေမေးစရာရှိ
ပါတယ်…ယနေ့ကမ္ဘာမှ…ရုပ်ဝါဒ၊ နာမ်ဝါဒ ဆိုပြီးငြင်းခုံနေကြတယ်..ဒါပေမဲ့ တီထွင်
တဲ့ ပညာရှင် အသီးသီးတွေဟာ…ငြင်းခုံနေသူတွေ မဟုတ်ကြပါဘူး..လက်တွေ့ သမားတွေ
ပါ…ဘယ်သူက…ရုပ်ဝါဒ၊နာမ်ဝါဒ ဆိုတဲ့ စကားလုံးကို ထွင်ပြီး နာမည်ပေးလည်းတော့ မသိဘူး…ယနေ့မြန်မာပြည်မှာ ရုပ်ကွဲနာမ်ကွဲတွေ လုပ်နေကြလို့လည်း..ရန်ဖြစ်နေကြတယ်
မဟုတ်လား?..

ပြောချင်တာ….ဘုရားဟာရုပ်ဝါဒ၊နာမ်ဝါဒ ဆိုပြီးဘာတခုမှ မပြောခဲ့ပါဘူး…ရုပ်နာမ်ကို
မှီပြီး လှုပ်ရှားနေတဲ့ လူတွေရဲ့ အပြုအမူ(အမှုကံ)အကြောင်းကိုဘဲ..ဘုရားဟောပါတယ်…

ဒါကြောင့်…လူတွေနေ့စဉ်လှုပ်ရှားသွားလာတဲ့နေရာမှာလည်း..ကာယကံ၊၀စီကံ၊မနောကံ
စသည့်ကံတွေရဲ့ လှုပ်ရှားမှုတွေနဲ့ လုပ်ဆောင်နေကြရပါတယ်…ဒီကံတွေကို..
ငယ်ငယ် ကတည်းက အခုထိ..ကာယကံ၊ ၀စီကံ၊ မနောကံ တို့မှ
ပြစ်မှားခဲ့သည်ရှိသော်….ထိုအပြစ်တို့မှ..ကင်းလွတ်ပပျောက်ပါရစေချင်း
အကျိုးအလို့ဌာ ..ခွင့်လွတ်ပေးသောမူပါဘုရားဆိုတာ…အခုထိကိုယ်ကိုယ်တိုင်…
ကံကိုလုပ်ပြီး..ကံကို မသိနားမလည်သလို ဖြစ်နေတယ်….

ဘုရားဟာ…ကိုယ်လုပ်တဲ့ကံဟာ သမ္မာဖြစ်နေသလား? မဖြစ်ဘူးလား?…ဆိုတဲ့
ကံ ပညာကို သင်ပေးသူဘဲဖြစ်တယ်….သမ္မာတဲ့ အပြော၊အပြု၊အနေတွေ ဖြစ်အောင်နေနိုင်ရင်…သီလတို့
သြကာတို့ဆိုတာ အထပ်ထပ်ယူနေဖို့ ရွှတ်ဆိုနေဖို့..ဘုရားမခိုင်းခဲ့ပါဘူး…

ကံကို ကောင်းကောင်းမြင်လို့ကတော့…သူနှိပ်စက်တဲ့ဒဏ်ကနေကောင်းကောင်း ရှောင်နိုင်ပါတယ်….နောက်မြင်တဲ့ ပညာကိုလည်းအဆောင်အဖြစ် တသက်လုံးကိုယ်နဲ့ မခွာဆောင်လာနိုင်မှာပါ…တကုတကလုပ်ရတာ…အားထည့်ရတာမျိုး မဟုတ်ပါဘူး..
“အလုပ်သည်ပင်လျှင်တရား…တရားသည်ပင်လျှင် အလုပ်”…အလုပ်လုပ်တဲ့နေရာမှာရော..လူအချင်းချင်း ဆက်ဆံတဲ့ နေရာမှာရော အသုံးပြု
လို့ရပါမှ..အကာလိကဆိုတဲ့ တရားဂုဏ်ရည်နဲ့ ညီညွှတ်မှာပေါ့ လို့ပြောချင်တယ်…

ဒီလိုရှောင်နိုင်ပြီဆိုရင်…”ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီး” တယ်ဆိုတာ
ဖြစ်လာနိုင်ကြမှာပါ…
အခုတော့..ကံကို မမြင်ကြလို့….ရန်သူကို မိတ်ဆွေဖြစ်အောင်
မလုပ်နိုင်ကြဘူး..အထက်ပါ..ရန်သူမျိုး (၅)ပါးထဲမှာ..

ဘုရားဟာ..ရေနဲ့ မီးအကြောင်းကို လေ့လာသူ မဟုတ်လို့
သိပ်မပြောလိုတော့ပါဘူး….မင်း၊ သူခိုး၊ သားဆိုးသမီးဆိုး
ဆိုတဲ့ရန်သူတွေကို…ရန်သူမဖြစ်အောင်..ကိုယ့်ရဲ့
ကံကိုမြင်မှတော့..သူများတွေရဲ့ ကံကိုလည်းမြင်မှာ ဖြစ်တဲ့ အတွက်..ဒီရန်သူ
လက်ထဲကနေ လွတ်နိုင်ပါတယ်…ရန်သူတွေကို
ယဉ်းကျေးအောင်လည်း..ကိုယ်နားလည်သဘောပေါက်ထားတဲ့ ကံပညာ
နဲ့လမ်းညွှန်မှုပေးနိုင်ပါတယ် …

တကယ်ဘဲ ဒီကံတွေကို ဘုရားက..ပိုင်ပိုင်နိုင်နိုင်သိခဲလို့လည်း…
ဘုရားလက်ထက်မှာ လူဆိုးတွေကို ယဉ်ကျေးအောင် သွန်သင်နိုင်တာကို
ကြည့်ခြင်းအားဖြင့်…ဘုရားဟောတဲ့ ကံဟာလူတွေ မြင်နိုင်တဲ့ ကံဖြစ်လို့ဘဲ..

လူဆိုးသူခိုးတွေကို…ကိုယ်လုပ်ခဲ့တဲ့ ကံကိုမြင်အောင် ဆိုပြီး….. ငရဲမီးက
လူပြည်ထက်ဘယ်လောက်…အဆပေါင်းမြောက်များစွာ..ပူတယ်ဆိုတာကို..တန်းခိုးနဲ့
အဓိဋ္ဌာန်လုပ်ပြပြီး…..မိလ္လကမုဆိုးကို..မြင်လား ငရဲ့ပြည်မှာ မင်းဆွေမျိုးတွေလို့….
ဘုရားမပြောခဲ့ပါဘူး…ကံင်္သခါရဆိုတဲ့ ရန်သူကို..ကိုယ်ကိုယ်တိုင်မမြင်ဘဲ..ဒီလိုသူများက
မြင်ပေးရုံလောက်နဲ့ ကံရဲ့ နှိပ်စက်တာကနေ မလွတ်နိုင်ပါဘူး… အင်္ဂုလိမာလတို့၊
မိလခမုဆိုးတွေကို…အထက်ပါသူမြင်ခဲ့ တဲ့ “ကံ” ကို နားလည်အောင်ချပြသွားနိုင်ခဲ့လို့
ယဉ်းကျေးတဲ့လူတွေ ဖြစ်လာကြတာပါ…

စေတီပုထိုးကျောင်းကန်တွေ များလာတာကိုကြည့်ပြီး
ယဉ်ကျေးတယ်..တိုးတက်တယ်လို့ပြောလို့မရဘူး…
မြန်မာပြည်ကို တခြားပြည်ပကလူတွေက.. Soldier နဲ့ Pagodas ဘဲများလို့
မတိုးတက်တာလို့ ပြောနေကြပြီ..ဒါကိုယ်စိတ်နာ စရာမလိုဘူးဗျား…စဉ်းစားသုံးသပ်
ဖို့ သတိပေးတဲ့ စကားဘဲ..နောက်ဘာသာ၊စာပေယဉ်ကျေးမှု၊ လူမျိုး၊
အဆောက်အဦးတွေကို…ထိန်းသိမ်းတာလောက်နဲ့ တာဝန်ကျေပြီလို့ မသတ်မှတ်ပါစေချင်ဘူး…..

လူတွေအတွက် အကျိုးရှိတဲ့ အရာတွေ မပျောက်ပျက်အောင်..မှန်ကန်တဲ့ အတွေးအခေါ်တွေကို ထိန်းသိမ်းနိုင်ပါမှ..ယဉ်ကျေးမှုတွေကို ထိန်းသိမ်းတယ်လို့ပြောရပါမယ်…
ပြောချင်တာ တိုးတက်တယ်၊ ယဉ်ကျေးတယ်ဆိုတာ…လူအတွေးအခေါ်တွေက တိုးတက်ပါမှ တိုးတက်တယ်လို့ပြောရမယ်…

နောက်ဆုံးအနေနဲ့ တင်ပြချင်တာကတော့..ဒီရန်သူမျိုးငါးပါးလောကဓံ
အဆိုးတရား..ကိုမတွေ့ကြုံရလေအောင်….ရုပ်နာမ်းအားလုံးမှန်သမျှဟာ..ဒုက္ခဘဲဆိုပြီး…
လူတွေကို ဒီဒုက္ခလွတ်အောင်…

သူတို့လို့ခေါ်တဲ့…ရုပ်နာမ်တရား..ရန်သူမျိုးငါးပါး ဘေးဒဏ်အန္တရာယ်က လွတ်ဖို့ဆိုတာ
” သူတို့နဲ့ အတူ..ရှိပြီး အေးမှ ကောင်းသလား?…သူတို့နဲ့ အတူ..မရှိမှ အေးတာ ကောင်းသလား? “ဆိုတာကို…
အတွေးလက်ဆောင်အဖြစ် နိဂုံးချုပ်လိုက်ရပါကြောင်း….

About Ko out of...

Ko out of... has written 91 post in this Website..