စဉ်းစားကြစေလိုပါတယ် ( ၃၈ )

( မှန်မမှန် သိချင်လို့ပါ )

 

အက်ရှင် ဘဘ ဒီမို ရဲ့

Face Book မှာတွေ့တာပါ ။

 

Original Source ကတော့ ၊

ခိုင်အောင်ကျော် ( နယူးယောက် ) ၊

လို့ Credit ပေးထားပါတယ် ။

 

၁ ။ အဲဒီ သတင်း ၊

ဘယ်မှာမှ ပါတာ မတွေ့သေးတော့ ၊

ရွာသူားတွေကို အသိပေးတာပါ ။

 

၂ ။ သူကြီးက အမေရိက က Media ဆိုတော့ ၊

နားကြီး မျက်စိကြီးဆိုတော့ ၊

သတင်း မှန်မမှန်လဲ သိချင်လို့ပါ ။

 

၃ ။ ထင်ရှားတဲ့ အဖြစ်အပျက်လေး ၊

လို့လဲ ထင်လို့ပါ ။

 

တိုင်းပြည်မျက်နှာ အိုးမဲသုတ်ရန်

 

အမေရိကပြည်ထောင်စုအစိုးရက

( Managing Media and Rupblic ) အစီအစဉ်အရ

မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။

၎င်းအစီအစဉ်မှာ သြဂုတ်လ-၂၇-ရက်မှ

စက်တင်ဘာလ-၁၄ရက်နေ့ ထိ

ရက်သတ္တသုံးပတ် ကြာမြင့်မည်ဖြစ်သည် ။

 

ထို့ ကြောင့် နိုင်ငံရေးပါတီများမှ

ကိုသန်းဇော်အောင် ( DP ) ။

ကိုဇင်မောင်မောင်ဋ္ဌေး ( NUP ) ။

ကိုစိုင်းဝင်းမြင့် ( SNDP ) ။

ကိုမောင်ဝင်းစိုး ( RNDP )

ကိုထိယန်အုပ်ထန်း ( CND ) ။

ကိုကျော်သူရ (NDF ) ။

ကိုစိန်ထွန်း ( CPP )

Wali Ullah ( National Democratic Party of Development ) တို့ 

လေ့လာရေးခရီး ရောက်ရှိလာခဲ့ ကြသည် ။

 

လေ့လာရေးအဖွဲ့ မှာ အမေရိကပြည်ထောင်စု

ဝါရှင်တန်မြို့ တွင် ပထမလေ့လာရေးဖြစ်ပြီး ၊

ဒုတိယအစီအစဉ်အဖြစ် ဖလော်ရီဒါပြည်နယ် ၊

တတိယအစီအစဉ်အဖြစ် အိုင်အိုးဝါးပြည်နယ်ဖြစ်ပြီး

၎င်းမှတဆင့် ကာလီဖိုးနီးယားပြည်နယ် သို့ သွားရောက်ကာ

စက်တင်ဘာလ-၁၅-ရက်နေ့ တွင် ပြန်လည်ထွက်ခွါသွားကြမည့်

 အစီအစဉ်များ ရှိသည် ။

 

ဝါရှင်တန်ဒီစီတွင် လေ့လာရေးကို ၂ ရက်ပြုလုပ်ချိန် သြဂုတ်လ-၂၉-ရက်နေ့ ၌

( Freedom House 1301, Comnecticut avenue Washington Dc )

ခန်းမမှာ ပြုလုပ်ခဲ့ ရသည် ။

 

Mr-Robert Heman က ဥက္ကဋ္ဌဖြစ်ပြီး

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများနှင့် လွတ်လပ်စွာ မေးကြမြန်းကြ

လေ့လာကြနှင့် ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ ကြသည် ။

၎င်းဆွေးနွေးပွဲတွင် လေ့လာသူများက မိမိတို့ ၏ ပါတီအမည်နှင့် နာမည်များကို

မိတ်ဆက်စကားပြောကြပြီး မိမိတို့  သိလိုသမျှနှင့် မြန်မာနိုင်ငံ၏

နိုင်ငံရေးအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ကြသည် ။

 

သို့ သော်လည်း ရခိုင်ပြည်နယ် ဘူးသီတောင်မြို့ နယ်မှ Wali Ullah က

သူသည် ရိုဟင်ဂျာပါတီမှ ဖြစ်ကြောင်း ။

ယခုဖြစ်ပျက်နေသော ရိုဟင်ဂျာလူမျိုးများ၏

ရခိုင်ပြည်နယ်မှ အခြေအနေများကို ပြောပြရလျှင် ငိုချင်ပါကြောင်း ၊

ရိုဟင်ဂျာလူမျိုးများအား ကူညီပေးစေလိုပါကြောင်းကို

-၃-မိနစ်ခန့်  အစည်းအဝေး ဆွေးနွေးချက်များနှင့်

မည်သို့ မျှ မပါတ်သက် မဆီမဆိုင်ဘဲ ပြောဆိုသွားသည် ။

 

သူပြောပြီးနောက် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ

ပြန်ကြားရေးနှင့် ဆက်သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက

ချက်ချင်းပင် ဖြေရှင်းကန့် ကွက် တင်ပြလိုက်ရသည် ။

 

ကိုမောင်ဝင်းစိုးက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း ။

သူတို့ လူမျိုးကို ကုလားလို့ ခေါ်ကြောင်း ။

ကုလားဆိုသည်မှာ

ဘင်္ဂလီမူဆလင်ခေါ်တောများကို ရခိုင်ပြည်နယ်တွင်မှာပါမက

မြန်မာနိုင်ငံမှာပါ ခေါ်ဝေါ်ကြောင်း ။

ယင်းသို့ ခေါ်ဝေါ်ကြခြင်းမှာ နှိမ့်ချခေါ်ဝေါ်ခြင်းမဟုတ်ကြောင်း ။

ဘင်္ဂလီမူဆလင် ခေါ်တောလူမျိုးများမှာ

တဘက်နိုင်ငံက ခိုးဝင်လာသောလူမျိုးများသာဖြစ်ကြောင်း ။

အိမ်ရှင်ကို စော်ကားသူများသာဖြစ်ကြောင်း ။

ဧည့်သည်များမှာ ဧည့်သည်လို မနေဘဲ

အိမ်ရှင်ကို စော်ကားလာသော ပြဿနာများဖြစ်ပါကြောင်း ။

မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးထဲတွင်

( ရိုဟင်ဂျာ ) ဆိုသောလူမျိုးမှာ မပါကြောင်း ပြောဆိုကြေညာထားပါကြောင်း

( ၈ ) မိနစ်ခန့် သေသေချာချာ ရှင်းပြသွားခဲ့ သည် ။

 

ယင်းသို့  ရှင်းလင်းတင်ပြသည်များကို

( Freedom House ) ဥက္ကဋ္ဌ ( Robert Haman ) က

မှတ်တမ်းတင်ထားမည့်အကြောင်း ပြောဆိုသွားသည် ။

ကိုမောင်ဝင်းစိုး၏ ဖြေရှင်း ပြောဆိုချက်မှာ ထိရောက်အောင်မြင်သွား၍

လေ့လာရေးခရီးစဉ်တွင် ပါလာသူများက

အထူးအားရနှစ်ထောင်းဖြစ်ကြရသည်ဟု သိရသည် ။

 

ယခုလို ရိုဟင်ဂျာပါတီကပါဟု ပြောပြီး လေ့လာရေးခရီးစဉ်တွင် ပြောကြားသော

( Wali Ullah ) မှ သူတို့ ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ကာ

ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်ဟု မိတ်ဆက်ပြောဆိုသွားသည် ။

 

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိဟု

ကမ္ဘာကိုတိကျ သေချာစွာ ပြောဆိုထားရာ

ယခုကဲ့ သို့  အမေရိကပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့ တွင် လေ့လာရေးခရီးစဉ်၌

ယခုကဲ့ သို့ ထုတ်ဖေါ်ပြောဆိုခြင်းကို မည်သို့ မျှ ခွှင့်လွှတ်နိုင်စရာအကြောင်းမရှိ ။

 

လေ့လာရေးခရီးစဉ်များတွင် ပါဝင်ကြသူ အခြားသော ကိုယ်စားလှယ်များကလည်း

၎င်း( Wali Ullah ) နှင့် ပတ်သက်၍ အထူးစောင့်ကြပ်ကြည့်ရှူနေကြရာ

သူက အခြားသူများနားမလည်သော ကုလားစကားများနှင့်

တိတ်တခိုး ဖုံးဖြင့် ဆက်သွယ်ပြောနေသည်ကို တွေ့ နေရသည်ဟုဆိုသည် ။

 

နိုင်ငံတကာသို့  အစိုးရမှ ကိုယ်စားလှယ်များအဖြစ် စေလွှတ်သောအခါ

ယခုကဲ့သို့  သမ္မတဦးသိန်းစိန်၏ မျက်နာကို ခြေထောက်နှင့် တက်နင်းစေသည့်

အပြောအဆိုများ ၊ နိုင်ငံကို သိက္ခာကျစေအောင် ဖန်တီးသူများ မဖြစ်ရအောင်

အထူးစီစစ်ပြီး စေလွှတ်ရမည်ဖြစ်တော့သည် ။

 

မကြာခင်မှာပင် အမျိုးသားပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က

အင်ဒိုနီးရှားနိုင်ငံသို့  ကိုယ်စားလှယ်သုံးဦးနှင့်အတူ

လွှတ်တော်ညီလာခံအပြီး လေ့လာရေးခရီး

သွားရောက်ကြတော့မည်ဖြစ်သည် ။

 

ဤသို့ သွားရောက်မည်ဆိုခြင်းကို ပြည်သူ့ လွှတ်တော်၌ မကြေညာသေးသော်လည်း

ဝန်ကြီးဋ္ဌာနများမှ ဤသတင်းပေါက်ကြားလာသည် ။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သွားရောက်မည့်

ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှာ

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးဟု သတ်မှတ်ခြင်းခံရသော သူများမဟုတ်ဘဲ

ယာယီဧည့်နိုင်ငံသား မှတ်ပုံတင်ကို ကိုင်ဆောင်ထားသူများဖြစ်ကာ

ဤသို့  လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင်နှင့် ပါ့စ်ပို့ များရအောင်

အဓိက ဖန်တီးလုပ်ကိုင်ခဲ့ သူမှာ ( မောင်ဦး ) က ဆောင်ရွက်ပေးခဲ့ သည်ဟု

သတင်းများ ထွက်ပေါ်နေသည် ။

 

ယာယီဧည့်နိုင်ငံခြားသားများကို

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်းမခံရမှီကပင်

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ

ကော်မရှင်ထိ တိုင်ကြားခဲ့ သောကြောင့် ၄င်းသူများမှာ ရွေးကောက်ပွဲဝင်ရန်

အရည်အချင်း ပြည့်မှီသူများ မဟုတ်ကြချေ ။

 

သို့ သော်လည်း ဗဟိုရွေးကောက်ပွဲကော်မရှင်မှ နေပြည်တော်မှနေပြီး

၎င်းယာယီ ဧည့်နိုင်ငံသား ကဒ်ပြားကိုင်ဆောင်သူများအား

လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ပြုခဲ့ ရာ

ဘင်္ဂလီမူဆလင် လူဦးရေ ထူတပ်သော ဘူးသီးတောင်နှင့် မောင်တောမြို့ တွင်

သူတို့  က ရွေးချယ်ခံခဲ့ ကြရသည် ။

 

သို့ သော် သူတို့  ရွေးချယ်ခံခဲ့ ကြရသော နိုင်ငံရေးပါတီမှာ

( National Democratic Party for Development ) ဟု ပြောဆိုသော်လည်း

သူတို့ ကိုယ် သူတို့ က ရိုဟင်ဂျာပါတီဟု ထုတ်ဖေါ်ပြောဆိုခြင်းမှာ

ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည် ။

 

ယခုကဲ့ သို

့အမျိုးသားပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် သွားရောက်မည့်

သူတို့ မှာ အင်ဒိုးနီးရှားနိုင်ငံသို့ ရောက်သွားလျှင် ဦးခင်အောင်မြင့်က

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ကိုမောင်ဝင်းစိုးလို ချက်ချင်း

တုန့် ပြန်ပြောဆိုရဲပါမည်လား ဆိုသည်မှာ စောဒကတက်စရာ ဖြစ်နေပါသေးသည် ။

 

သို့ သော် တုန့် ပြန်ပြောဆိုနေရခြင်းထက် အင်ဒိုနီးရှား ခရီးစဉ်အား

သွားရောက်ရာ၌ အခြားသော နိုင်ငံရေးပါတီများကိုသော်၎င်း အစိုးရမှ

စေလွှတ်သင့်သည်ဟု ထင်မြင်ယူဆမိသည် ။

 

အဘယ့်ကြောင့်ဆိုသော် နောက်သွားမည့် ကုလားကိုယ်စားလှယ်က

လွှတ်တော်မှာတောင် သမ္မတက ပြောဆိုသော စကားတွေဟာ

အဓိပ္ပါယ် မရှိပါကြောင်းလို့  ပြောကြားခဲ့ ပါပြီ ။

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ၏

အင်ဒိုနီးရှားခရီးစဉ်တွင် နိုင်ငံသားမဟုတ်သောအမတ်(၃)ဦးလိုက်ပါမည့် 

သူများမှာ အောက်ဖေါ်ပြသူများဖြစ်သည်။

 

့(၁) ဦးဇါကီးအာမတ် -၁၂/ပဘတ( နိုင်) ၀၂၉၉၅၁

( ဘ ) နုရ်အာလမ် -၁၁/မတန ( ယ ) ၀၉၂၂၂၈

မိ-ခေါတိဇါ-၁၁/မတန( ယ ) ၀၉၂၂၂၈ ဖြစ်ပြီး

သူ့ အား မောင်ဦးမှ လာဘ်ငွေစားပြီး ထုတ်ပေးခြင်းဖြစ်သည်ဟု သိရသည် ။

မိဘနှစ်ဦးစလုံးမှာ ယာယီကဒ်ပြားမျှသာ ကိုင်ဆောင်ထားသူဖြစ်ပါလျှက်နှင့်

ဦးဇါကီးအာမတ်က ပန်းဘဲတန်းမြို့ နယ် ရန်ကုန်မှ မှတ်ပုံတင်ကဒ်ရရှိထားသည်မှာ

လိမ်လည်ရယူထားခြင်းဖြစ်ကြောင်း သိနိုင်သည် ။

 

( ၂ ) ဦးဇါယဒ်ရော်မန် -MDW- ၂၄၇၄၇၇ -ယခု( နိုင် ) ၁၁-မတန( ယ )

ကိုင်ဆောင်ထားသူဖြစ်သည် ။

မောင်တောမြို့ က ယာယီကဒ်ပြားကိုင်ဆောင်သူမှာ

လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းနှင့် ကိုက်ညီမှု ရှိမရှိကို

နေပြည်တော် ဗဟိုရွေးကောက်ပွဲကော်မရှင်မျှ မည်သည့်အတွက်ကြောင့်

ရွေးကောက်ပွဲ ၀င်ခွင့်ပြုရပါသနည်း ။

 

ဦးဇါယဒ်ရော်မန်၏ ( ဘ ) အိုဆီဒူရော်မံ -AKB-၀၄၇၂၇-

( မိ ) ဇိန်ရ်ဘာဟာ -AKB-၁၀၈၃၆၈ -ဖြစ်သည် ။

မိဘနှစ်ဦးစလုံးက စစ်တွေမြို

့မှ ယာယီကဒ်ပြားကိုသာ ကိုင်ဆောင်ရပြီး သားဖြစ်သူက မောင်တောမြို့ မှ

နိုင်ငံသား -ယာယီကဒ်ပြား ကိုင်ဆောင်ထားခြင်းမှ

လိမ်ညာယူထားခြင်းဖြစ်ကြောင်း ထင်ရှားနေသည် ။

 

ဦးအဒူရာဇတ် -( ၁၁/မတန ( ယ )

တို့ သည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားကြရာ

ယခုကဲ့ သို့ တိုင်းရင်းသားလူမျိုးမဟုတ်သူများက

မည်သည့်အတွက် မှတ်ပုံတင်ရသွားရသနည်းဆိုသည်မှာ ပြေးကြည့်စရာမလို ။

 

ထို့ ကြောင့် သူတို့ အားချက်ချင်း လွှတ်တော်ကိုယ်စားလှယ် များအဖြစ်မှ ရုပ်သိမ်းပြီး

အမြန်ဆုံးထုတ်ပါယ်ရေးကို ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း ပြောချင်သည် ။

 

သို့မဟုတ်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်မှာ

အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ် အတွင်း ဤလွှတ်တော်ကိုယ်စားလှယ်များ၏

ပြောဆိုနေသော စကားများကို ကြားသိရသည်နှင့် တလုံးတပါဒမျှ မဖြေရှင်းဘဲ

မြန်မာနိုင်ငံသို့  ပြန်လာခဲ့ ပြီးမှ အရေးယူဆောင်ရွက်ရမည်ဆိုပါက

ကျော်မကောင်း ကြားမကောင်း ဖြစ်ရပါတော့မည်ဟု ထင်မြင်ယူဆရပါကြောင်း ။

 

ခိုင်အောင်ကျော် ( နယူးယောက် ) ထံမှ ဖြစ်ပါသည်

 

အဘ Foreign Resident 

Foreign Resident

About Foreign Resident

Foreign Resident has written 202 post in this Website..

စားဝတ်နေရေးအတွက် သင်္ဘောလိုက်နေရင်း ၊ ကံဇတ်ဆရာရဲ့အလိုကျ ကျွန်းကြီးတစ်ကျွန်း ပေါ်မှာ သောင်တင်နေမိပြီး ၊ အမိမြေကို လွမ်းဆွတ်နေရသူပါ ။