တနေ့သား၌ကျွန်ပ် ဆီသို့ ဖုန်းဝင်လာ၏။ ဆရာထက်လား ဟူ၍မေးပြီး အေးဗျာ မနောဖြူလေး ဆောင်းပါးကတော်တော်ကောင်းတယ် ရွေးလိုက်ပြီ ဟူ၏။ သို့ကလို ပြောသူကား မန္တလေး အလင်းက CEOဦးတင်ကိုအောင်ဖြစ်ပါလေ၏။ မနောဖြူလေး၏ မြန်မာပြည်ကို ချစ်သည်ဆောင်းပါး(၃၁.၈.၂၀၁၂)ထုတ်မန္တလေး အလင်းဂျာနယ်တွင် ပါလာလေသောအခါ ကျွန်ပ်အား “ မိတ်ဆွေ ထက်ဝေးရေ့ အသင်တို့ ဂျာနယ်က မနောဖြူလေးဆိုသည်ကား အဘယ်သူနည်း ပိန်ပိန်သေးသေး ဖြူဖြူဖွေးဖွေးမျက်မှန်နဲ့ ဟို ..လေဒီလေးလားကွဲ့ ဟု ပုသိမ်က သတင်းစာဆရာတစ်ယောက်က ဤသို့မေးလာလေသော် ကျွန်ပ်က အဆွေတော် ဂေဇက်ဝင်တွေက ပြောင်းပြန်နာမည်မှည့်တတ်
လေသည်။ပမာဆိုသော် ဦးဦးပါလေရာဆိုသော ပုဂ္ဂိုလ်သည်ကား နာမည်က ပါလေရာဆိုသော်လည်း ဥပဓိရုပ်မြင်ရုံနှင့် ကြည်ညိုလောက်ပေသည် အဆွေတော် ။နေရာတကာပါဖို့ဝေးစွ တွေ့ချင်လျှင်တောင် မနည်းတောင်ပန် ဖုန်းဆက် မေတ္တာရပ်ခံရ သည်။ စာအရေးအသားကို ကြည့်လျှင် အနှီပုဂ္ဂုလ်၏ အရည် အချင်းကို
အသင်သိသာနိုင်သည်ဟု ပြန်ဖြေရသည် ။အနှီမနောဖြူလေးဆိုသော အမျိုးသမီး သည်ကား ၀တုတ် ဖက်တီး အစားကြီးသူပါတကား။သို့သော် သူ့အမည်နာမကား မနောဖြူလေးဟူ၏။သို့သော် မနောမဖြူ ရန်ကုန်ရောက်စဉ် ဆက်သွယ်ရန် ဖုန်းမပေး ကြုံကြိုက်တုန်း လက်ဖက်ရည် တစ်ခွက် တစ်ဖလား သောက်သွားစေချင်သော စေတနာမရှိ။အဘဖေါ ၏ ဆန်းမားပဲလေ့ ဒါနပြု မိတ်ဆုံပွဲတွင် သင်းကား တ၀တပြဲ အ၀ဆွဲသည်ကို မြင်ခဲ့ရလေသည်။
တလောက ဂေဇက် စ၀င်သော မန္တလေးက သမီးပျိုလေးတစ်ယောက်က ဘဘဆရာထက် ဘလက်ချောဆိုသော အကိုတော် အကြောင်း သိရင်ပြောစမ်းပ ဟု ဆိုလာချေသော် ဘလက်ချောဆိုသူကား မျက်မှန် နှင့် ပြဇာတ်မင်းသားပုံ ဖမ်းထားသူ လူချောတစ်ဦး ဖြစ်ကြောင်း ၊ စာရေးကောင်းရုံမက သီချင်းပါဆိုကောင်းကြောင်း သို့သော် အဆိုပါ ဘလက်ချောသည် ပြောင်းပြန် နာမည်မှည့် ပုံက သူ့နှလုံးသားသည် မမည်း ဆွတ်ဆွတ်ဖြူ သည်ကို ကျွှန်ပ်က သက်သေပြ ဖို့ သူ့၏ချိုပေါ့ကျကို မျက်ရည်မကျပဲ ညွှန်းလိုက်ရသည်က တစ်ကြောင်း။
ဤသို့ သို့ဂလို မမ၊ Etone ဆူး၊ မောင်ပေ၊ ဖက်တီးကက်၊ ကိုရင်စည်သူ၊ ကမ်းဝေး ၊.ချာတူးးလန်(အမာခံနာမည်တွေကျန်ပါသေးသည်)..အစ၇ှိသော ဂေဇက် ၀င် အမာခံများက နာမည်ကို ပြောင်းပြန် မှည့်ကြလေရာ မနောဖြူလေးသည်လည်းနာမည်ကို ပြောင်းပြန်ပြန် မှည့်ခဲ့လေသည်တည့်.အကျွှန်ပ်ဆရာကြီး
ထက်ဝေးမှာလည်း ဂေဇက် ၀င် မမာတမာဖြစ်ရချေရာ အပြင်၌ အလွန်တုံးအလွန်ညံ့လေရာ ပြောင်းပြန် ထက်မြက်သူဟု မှည့်ခေါ်စေရာ၏။ ဝေးဆိုသည်ကား သိုးဆောင်းတို့၏ဘာသာစကား WAY ကိုယူ၍ ထက်မြက်သော လမ်းကြောင်းပေါ်၌ လျှောက်နေသူဟု အနက်ဖွင့် ခဲ့လေသည်က တမှုံ့။
အနို့လို သို့လို ဂေဇက် ၀င် အကြောင်းရှင်းလင်းပြီးသကာလ မနောဖြူလေးအကြောင်းကို ဆက်ရလေသော် Satire စတိုင်ယာခေါ်သရော်စာကိုရေးသော မြန်မာပြည်ကို ချစ်သည်ဟူသောစာက ဂျာနယ်တွင်ပါလာသော် မိတ်ဆွေရဲသား တစ်ယောက်က ဆရာထက်ရေ့ ခင်ဗျား ဂေဇက်က လက်စွမ်း ထက်ပုံက ကျုပ်တို့ကို တောင်းစားတာနဲ့ ခိုင်းနှိုင်းလိုက်ပါရောလား သင်းမနောဖြူ လုပ်ထည့်လိုက်ပုံကမလွယ်လှချေတကားဟူ၍ ညည်းတွား သလို ပြောလာချေ၏။ တဖန် မြောင်းမြက
မိတ်ဆွေ စာရေးဆရာ ကား ဂေဇက် ကို ဖတ်သူဖြစ်ရတကား မနောဖြူ လုပ်ချက် သိပ်မိုက်တယ် ဆရာ ဆက်ရေးစေဖို့ ဆော်သြစေလိုကြောင်း ဖုန်းဆက်လို့ အားပေးလေပါ၏။
ဂေဇက် အင်းအားကို ပန်းတနော်အလှူ ရခိုင်သွေးချင်းများလက်ဆောင် စသည် ဧရာဝတီ ဂျာနယ် မန္တလေး အလင်းဂျာနယ် တို့တွင်ပါဝင်လေခဲ့ရာ ဂေဇက် ၀င်တို့၏ဓါတ်ပုံက အထင်းသား ရှိချေရာ လူရှိန်ခဲ့ရလေရာ ယာဉ်ထိန်း၇ဲ တစ်သိုက်က အဆိုပါဂျာနယ်အဟောင်းများကို အလုအယှက်လိုက်ပါရှာ နေသည်ဟုသတင်းရလေ၏။ စည်ပင်ဈေးတာဝန်ရှိသူတစ်ချို့က လည်း ပန်းတနော်အလှူသတင်းဓါတ်ပုံပါသော ဂျာနယ်ကို လိုက်လံရှာဖွေနေသည် ကြားရလေရာ အဘယ်ကြောင့် ရှာရလေသနည်းဟု မိတ်ဆွေ တို့ မစဉ်းစားကြပါလေနှင့် မနောဖြူလေးပပုံပါသည်ဟူ၍ ကျွှန်ပ်က အာချောင်ထား၍ ဖြစ်ပါချေသည်တကား။
မှတ်ချက်။ ။ ပေါက်သည် ဟူသောဝေါဟာရသည် စာပေလောက၌ ကျော်ကြားခြင်း ရောင်းအားကောင်းသောစာအုပ်ဖြစ်ခြင်းကို ဆိုလိုသည် တလွဲမတွေးကြရန်။

About htet way

has written 133 post in this Website..