ဒေါက်တာနိုင်အောင်နှင့် ရော်နယ်အောင်နိုင်တို့၏ယုတ်မာမှုများ
ရန်သူ့ဘက်က သူလျှိုဖမ်းဆီးမိရင်တောင်မှ လူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ခွင့်ပြုတယ်လို့ ကျောင်းသားတပ်မတော်ရဲ့ဥပဒေမှာ ရေးသားချမှတ်ထားတာမရှိပါဘူး။
အေဘီမြောက်ပိုင်းမှာကော၊ ဒေါက်တာနိုင်အောင်ရဲ့ဒေါင်းဂွင်စစ်ကြောရေးစခန်းမှာကော စစ်အစိုးရရဲ့ နှိပ်စက်မှုတွေကို တိုက်ပွဲဝင်နေတယ်ဆိုတဲ့သူတွေက စစ်အစိုးရဘက်ကတောင်မလုပ်တဲ့ လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို အရသာခံလုပ်ခဲ့တဲ့လုပ်ရပ်တွေကို ဖေါ်ထုတ်ကြဘို့ အားလုံးမှာတာဝန်ရှိပါ တယ်။ ခေါင်းဖြတ်တယ်၊ လူသတ်တယ်ဆိုရုံအမှုဟာ ဒီလူတွေလုပ်ခဲ့တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူ မဆန်ယုတ်မာမှုတွေကို နှိုင်းယှဉ်ရင် ဘာမှ မဟုတ်တဲ့ဟာလေးတွေလိုတောင် ဖြစ်သွားပါတယ်။ ဒါ့ ကြောင့် ဒီလူယုတ်မာတစုရဲ့လုပ်ရပ်တွေကို ခေါင်းဖြတ်လူသတ်မှုလောက်လေးနဲ့တင် စွဲချက်တင်ဖေါ် ပြတာမျိုးမဟုတ်ပဲ သူတို့ယုတ်မာပက်စက်ပြီး လူမဆန်စွာလုပ်ခဲ့တာတွေအားလုံးဖေါ်ထုတ်ပြီး ဘယ် လိုမိစ္ဆာကောင်တွေဖြစ်တယ်ဆိုတာ အားလုံးက ကိုယ်တတ်နိုင်တဲ့ဘက်က အရေးယူကြမှ ဒီလိုမိစ္ဆာ ကောင်တွေလက်အောက်မှာ ဒီမိုကရေစီတော်လှန်ရေးလုပ်ဘို့လာတဲ့သူတို့ဘဝတွေကို ပက်ပက်စက် စက်နင်းခြွေခံခဲ့ရတာတွေအတွက် တရားမျှတမှုပြန်ရအောင်လုပ်နိုင်မှာပါ။ အားလုံးရဲ့အသက်သွေး တွေ၊ မျက်ရည်တွေနဲ့ရင်းခဲ့လှုပ်ရှားခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကိုလဲ ဒီမိစ္ဆာကောင်တွေက ရန်သူစစ် အာဏာရှင်တွေနဲ့ ဟန်ချက်ညီညီ လုပ်ပြီး ဖျက်ဆီးခဲ့ကြတာကိုလဲ မီးမောင်းထိုးပြရာရောက်မှာပါ။ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူတွေ၊ မျက်မြင်သက်သေဖြစ်ခဲ့တဲ့သူတွေ အနေနဲ့လဲ သူတို့ခံစားခဲ့ရတာကို စာ တတန်ပေတဖွဲ့မဟုတ်တောင် ဘယ်လိုမျိုးနှိပ်စက်ညှဉ်းပန်းတာလုပ်ခဲ့ကြတယ်ဆိုတဲ့ အချက်အလက် တွေတင်ပြီး သူတို့ရဲ့ယုတ်မာကောက်ကြစ်မှုတွေကို ဖေါ်ထုတ်ကြစေလိုပါတယ်။
အောက်ကလူမဆန်တဲ့လုပ်ရပ်တွေက သိထားခဲ့ရသမျှထဲက စုဆောင်းထားတဲ့ အချက်အလက်တွေပါ။ ဒီ့ထက်အများကြီး ပိုနေတာတွေလဲရှိဦးမှာပါ။
– အမျိုးသမီးတန်ဆာနှင့် နို့အိမ်များဖြတ်တောက်နှိပ်စက်ခြင်း
– စအိုအတွင်းသို့ အရာဝတ္ထုများရိုက်သွင်းစစ်ဆေးခြင်း
– ယောင်္ကျားနှင့်အမျိုးသမီးများ၏တန်ဆာများတွင် လျှပ်စစ်ဓါတ်ရှော့ခ်ရိုက်၍စစ်ဆေးခြင်း
– ဆေးလိပ်မီးနှင့် ယောင်္ကျား၊ မိန်းမတို့၏အတွင်းခန္တာကိုယ်များကို တို့နှက်၍စစ်ဆေးခြင်း
– လူမြင်ကွင်းတွင် အဝတ်အစားမရှိထားခြင်း
– မုဒိမ်းကျင့်ခြင်း
– အရှင်လတ်လတ်ခန္တာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ပြီး မသေမရှင်ထားခြင်း
– အလွန်အေးသောနေရာတွင် အပြစ်ဒါဏ်အနေဖြင့် အကာအကွယ်နွေးထွေးမှုမရှိပဲထားခြင်း
– လူများကို တရိစ္ဆာန်များကဲ့သို့ မြေကျင်းတွင် ခန္တာကိုယ်တဝက်တပျက်မြှုပ်နှံထားခြင်း၊ ကြက်ခြင်းများတွင်ပင် နေစေခြင်း
– လက်နှင့်ခြေများကိုမိုင်းကပ်ပြီး မိုင်းခွဲခြင်း
– ဒါဏ်ရာရသူများကို ကုသမှုမပြုလုပ်ပဲ ထားရှိခြင်း
– ခန္တာကိုယ်ပေါ်တွင် လောင်စာတင်၍မီးရှို့ခြင်း
– အခြားလူတဦး၏အစိတ်အပိုင်းကို ဖြတ်တောက်ပြီး အခြားတဦးတယောက်ကို ပါးစပ်ဖြင့်ကိုက်ခိုင်းခြင်း
– အခြားတယောက်၏ခေါင်းဖြတ်ပြီးလည်ပင်းမှထွက်လာသောသွေးသောက်ခိုင်းခြင်း
– ခန္တာကိုယ်အတွင်းသို့ မီးဖုတ်ထားသော သံချောင်းရိုက်သွင်းစစ်ဆေးခြင်း
– လက်ခြေများကို သံဖြင့်ရိုက်၍ လက်ဝါးကပ်တိုင်တင်ခြင်း
– အရှင်လတ်လတ်ကိုယ်ခန္တာအစိတ်အပိုင်းအားဖေါက်၍ ချိတ်ဆွဲထားခြင်း
ထို့ထက်မက များစွာသောလူမဆန်သည့်လုပ်ရပ်များကို လုပ်ခဲ့ကြသည်။ ထိုလုပ်ရပ်များကို အားပေးပြီး တာဝန်ယူပါသည်ဟုဆိုခဲ့သော ဆရာဝန်ဖြစ်ပြီး ဆရာဝန်ကျင့်ဝတ်နားမလည်သူနှင့် ရှေ့နေဖြစ်ပြီး ရှေ့နေ ဖြစ်ပြီး တရားမျှတမှုအကြောင်းနှင့်လူသားဆန်မှုအကြောင်းနားမလည်သူ တို့က ယခုမှသူတို့နှင့်ဘာမျှမပါတ်သက်ယောင်ယောင် အရှက်မရှိပဲ ငြင်းချက်များထုတ်လျှက်ရှိပါသည်။
ထိုသို့ကျူးလွန်ခဲ့သူများကို လူသားအသိုင်းအဝိုင်းမှ ဝိုင်းကြဉ်အပြစ်ပေးကြရန်လိုပါသည်။
ယခုထိုလူများ၏လုပ်ရပ်ကြောင့် မြန်မာနိုင်ငံအတွင်းတွင် ကျောင်းသားတပ်မတော်သည် ထိုလိုလူတွေ နှင့်မဟုတ်တရုတ်လုပ်သည့်လူများအဖြစ်သာအမြင်ခံနေရသည်မှာ အမှန်တကယ်ယုံကြည်ချက်အ တွက်၊ အသက်၊ ဘဝတို့ကို စွန့်လွှတ်ရုံးကန်သွားကြသော ကျောင်းသားအဖွဲ့ဝင်တိုင်းအတွက် နာ ကြည်းစရာကောင်းလှပါသည်။ လက်ရှိကျောင်းသားတပ်မတော်အနေနှင့် ထိုသူများ၏မတော်မတရား လုပ်ရပ်များကို အပြည့်အစုံဖေါ်ထုတ်၍ လူသိရှင်ကြားစည်းဖြတ်နိုင်မှသာ ထိုသူများ၏အမဲရိပ်မှ လွတ် မြောက်မည်ဖြစ်ပါသည်။
ငြိမ်းချမ်း
တောထဲမှာ တရားဥမဒေမရှိဘူးတဲ့။ လက်နက်ကိုင်နေတာ သေကြမှာပဲဆိုတာတော့ ကျနော် သိတယ် ။ ဒါပေမယ့် လူကို လူက သတ်တာ မထူးဆန်းပေမယ့် မတရားသဖြင့် နှိပ်စက်ညှင်းပန်းပြီးမှ ရက်ရက်စက်စက် သတ်တာတော့ ခေါင်းဆောင်ဆိုတဲ့ လူကြီးတွေလွန်တယ်လို့ မြင်တယ်။ ကျနော့် အမြင်တော့ AB အရိပ်မဲက လွတ်အောင်ဆိုတာထက်… လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြန်လာတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးက ဒီလိုပါဆိုပြီး ပြည်သူတွေ သိစေချင်သလို သက်ဆိုင်သူတွေကို လဲ….. အဟဲ… ဘာမှတရားမစွဲပါဘူးဗျ…။ ဒါပေမယ့် AB ကိုတော့ သူတောင်းပန်သင့်တယ်ထင်တယ်။
တစ်ဖက်က ကိုဖုန်းကျော်ပို့စ်မှာတော့ ကချင်မှာ လူ ၇၀ တောင်သသွားတယ်တဲ့။ အခုမှ အဲဒီကိစ္စ လူ ၃၀ လောက်(ရော့..အင့် သတ်တာတာမဟုတ်ပဲ နည်းပေါင်းစုံနဲ့ ရက်ရက်စက်စက် ညှင်းပန်းပြီးမှ သတ်တာ…. ကိုဖုန်းကျော် လို့ပြောတာများလား.) သေတာကို လာပြောနေသေးဆိုတော့ကာ……….၇ွာထဲမှာလဲ လူ့အခွင့်အရေးသမားတွေ အများကြီး ရှိကြပါတယ်။
ကျနော်ကတော့ သိပ်နားမလည်ပါဘူး..။ နားလည်တာတစ်ခုက ကိုယ့်အဖွဲ့လေး အတွင်းမှာတောင် တရားမျှတမှုမရှိတဲ့ ခေါင်းဆောင်တစ်ယောက်က မြန်မာပြည် လူထုအတွက် ဘာတွေများလုပ်ပေးနိုင်ပြီး ..ကျနော်တို့ကရော ဘာတွေကို ယုံကြည်ကြရပါ့မလဲ ..။ ကျနော် သိတဲ့ ခေါင်းဆောင်ဆိုတာ ထင်သာမြင်သာ ပွင့်လင်းမှုကို အခြေခံပြီးမှ ကျန်တာတွေ ဆက်လုပ်သင့်တယ် ထင်ပါတယ်..။ လူ့အခွင့်အရေး သမားတွေ ၀င်မမန့်လို့ လူအခွင့်အရေး အကြောင်းမသိတဲ့ …….
+++ရာဇ၀င်လူဆိုး+++
Was this answer helpful?
LikeDislikeမဟတ်တမဂန်နီဂိုလေးဇားဒယ်
တူရို့ ဂိုမကျိုက်ဖူး
ဒါဒွေဒဂယ်လုပ်တယ်ဆို
မင်းဒို့ ကောင်ဒွေဘာဂေါင်ဖစ်ဖစ်
တကယ်ပြောနေတာနော်………
Was this answer helpful?
LikeDislikeခုလို ကြားရတော့ စိတ်မသက်သာပါ။ဒီပြသနာတွေ ရှင်းပြကြပါဗျာ။
Was this answer helpful?
LikeDislikeတကယ်ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အသေးစိတ်ကို
ပါဝင်ခဲ့တဲ့သူတွေ အထူးသဖြင့်
ခံခဲ့ရသူတွေ နစ်နာခဲ့ရသူတွေကိုယ်တိုင် မိမိအမည်ကိုဖေါ်ပြပြီး စုစုစည်းစည်း တင်ပြ/ဖေါ်ထုတ်ဖို့လိုပါမယ်..။
ဒီခေတ်မှာ သူပုန်လုပ်ဘူးလို့ လူရှေ့မထွက်ရဲစရာမရှိတော့ပါဘူး..။
Was this answer helpful?
LikeDislike