စစ်ပွဲတွေမရှိဖို ့ကသာ အရေးကြီးတယ်

phone_kyawSeptember 2, 20121min1076

မြန်မာ့သမိုင်းတလျှောက်မှာ အပစ်မဲ့တဲ့လူတွေသေခဲ့တယ်
အားကြီးတဲ့လူက သတ်တယ်
အားနည်းတဲ့သူတွေ သေကြတယ်။

လွတ်လပ်ရေးတိုက်ပွဲမှာလည်း သေခဲ့တယ်
လွတ်လပ်ရေး ရပြီးတော့လည်း သေခဲ့တယ်
ပြည်တွင်းစစ်ပွဲမှာ ကိုယ့်အချင်းချင်းလည်းသေခဲ့သလို အရပ်သားတွေလည်းသေခဲ့တယ်။

စစ်တပ်ကကျောင်းသားတွေကို သတ်လို ့သေခဲ့တာ ရှိသလို..
စစ်သားအချင်းချင်းလည်း သတ်လို ့စစ်သားတွေသေခဲ့တာပဲ။

ဒါနဲ ့များဗျာ-
မြောက်ပိုင်းက သုံးဆယ်လောက် သေတာကိုများ ရေးကြီးခွင်ကျယ်လုပ်လို ့။
မနေ ့တစ်နေ ့ကပဲ ကချင်ဘက်မှာ ခုနှစ်ဆယ်လောက် တရက်အတွင်းမှာ သေခဲ့တယ်။

ဆိုတော့ဗျာ-
အခြားသူတွေကိုလည်း ပြန်အားနာပါအုံး။

ဒါတွေကို ပြောနေမဲ့အစား အနာဂတ်မှာ အချင်းချင်း ဒီလိုမသတ်ကြရအောင် မသေရအောင်….
လုပ်တာက မှ အကျိူးမရှိဘူးလား…။

ဘုန်းကျော်
ဩစတျေးလျ
၂-၉-၂ဝ၁၂
လင်းစတားမိုင်း

 

6 comments

  • စစ်ပွဲတွေ မရှိဖို့ကလည်း အရေးကြီးသလို
    မှုခင်းတွေ နည်းနိုင်သမျှ နည်းသွားဖို့လည်း
    အရေးကြီးသေးသဗျ …

  • YE YINT HLAING

    September 2, 2012 at 3:37 pm

    စစ်ဘေး သင့်တဲ့ မိသားစု တွေ တောထဲဝင်ပြေး လိုက် သူများနိုင်ငံထဲ ဝင်အောင်းလိုက် ဝမ်းလျှောရောဂါတွေ ဖြစ်လိုက် နှင်ထုတ် လို့တခါ ထပ်ပြေးရလိုက် သားတကွဲ မယားတကွဲဖြစ်လိုက်နဲ့ စားရေးသောက်ရေး အတွက် ဘယ်သူလာပေးမလဲ မျှဝေကယ်တင်ကြမလဲ ဆိုတာ နေ့စဉ်နဲ့အမျှ မျှော်လင့်နေကြရှာတယ် ။ ကျွဲ့ နှစ်ကောင် ကြားက မြေဇာပင်တွေ ဖြစ်နေကြတာပေါ့ဗျာ ! သောင်းနဲ့ သိန်းနဲ့ ချီ နေပြီဖြစ်တဲ့ လူတွေ အကြီးအကျယ် ဒုက်ခ ရောက်နေကြတာပါ ။ နှစ်ဖက် ခေါင်းဆောင်များ ?????????????????????

  • ma ma01306

    September 2, 2012 at 3:39 pm

    သတ္တဝါ အချင်းချင်း သတ်ဖြတ်ခြင်း ကင်ဝေးးကြပါစေ
    လူ အချင်းချင်း သတ်ဖြတ်ခြင်း ကင်ဝေးကြပါစေ

  • ကိုခင်ခ

    September 2, 2012 at 4:26 pm

    စစ်နှင့်ငြိမ်းချမ်းရေးမှာ ငြိမ်ချမ်းရေးကို လိုလားကြမှာပါ။
    ဒါပေမယ့် စစ်ကလည်းရှိနေကြတာမို့ နားလည်မှုနဲ့ ညှို့နှိုင်းမှု့တော့လိုနေပြီလေ။

  • သစ် တည်

    September 3, 2012 at 10:40 pm

    တော်တော်ဂိုဆိပ်ဒပ်ကအစင်မြင့်ဒါပဲ
    လူ ့ခွင့်ရေးလိုလားဒူဂျီး
    တီးခံဆိပ်ကောင်းတူဂျီး
    ယဟန်းဒါဂျီး…….

Leave a Reply