ဒုက္ခသည်များကို ကယ်တင်ခဲ့သည့် မြန်မာသင်္ဘောကပ္ပတိန်အား နိုင်ငံတကာမှဂုဏ်ပြု…

lu ta loneJuly 9, 20101min14011

စပိန်သတင်းစာများက ဦးဇော်အောင်၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ ရဲဝံ့မှုများကို တခမ်းတနား ဖော်ပြခဲ့သလို
မြန်မာ့သတင်း မီဒီယာများကလည်း လူသားချင်း စာနာမှုဖြင့် စွန့်စားခဲ့သော ၎င်း၏စိတ်ထားနှင့် လုပ်ရပ်ကို
အလေးထား ဂုဏ်ပြုခဲ့ကြသည်။

ဇွန်လ(၉)ရက်နေ့က ကြမ်းတမ်းခက်ထန်လှသည့် ပင်လယ်ပြင်တွင် ဒုက္ခသည်များအား သက်စွန့်ဆံဖျား ကယ်တင်နိုင်ခဲ့သည့် မြန်မာသင်္ဘော ကပ္ပတိန် ဦးဇော်အောင်အား နိုင်ငံတကာမှ တလေးတစား ချီးကျူးဂုဏ်ပြုနေဆဲဖြစ်သည်။ စပိန်သတင်းစာများက ဦးဇော်အောင်၏ ဆုံးဖြတ်ချက် မှန်ကန်မှု၊ ရဲဝံ့မှုများကို တခမ်းတနား ဖော်ပြခဲ့သလို မြန်မာ့သတင်း မီဒီယာများကလည်း လူသားချင်း စာနာမှုဖြင့် စွန့်စားခဲ့သော ၎င်း၏စိတ်ထားနှင့် လုပ်ရပ်ကို အလေးထား ဂုဏ်ပြုခဲ့ကြသည်။ ဇွန်လ(၉)ရက်နေ့က စပိန်နိုင်ငံ၊ အနောက်မြောက်ပိုင်း ကမ်းလွန်မှ ကီလိုမီတာ (၅၅၀)အကွာမှ ရွက်လှေတစ်စင်းထံမှ အရေးပေါ် အကူအညီ တောင်းခံသည့် SOSသတင်းပေးပို့မှုကို MTM Princess သင်္ဘောပေါ်မှ ဖမ်းယူရရှိခဲ့သည်။ သင်္ဘောသား (၂၂)ဦးအနက် ကပ္ပတိန် အပါအဝင် မြန်မာသင်္ဘောသားချည်း (၂၁)ဦး လိုက်ပါလာသော MTM Princessသည် အဆိုပါ သတင်းပေးပို့မှုကို ရရှိပြီးနောက် သင်္ဘောကပ္ပတိန် ဦးဇော်အောင်က ယင်းဒုက္ခသည်များအား ကယ်တင်ရန် သင်္ဘောသားများနှင့် ဆွေးနွေးခဲ့သလို သင်္ဘောကုမ္ပဏီသို့လည်း အကြောင်းကြားခဲ့သည်။ ကုမ္ပဏီထံမှ ခွင့်ပြုချက် ရရှိသောအခါ မာရှယ်လ်ကျွန်းနိုင်ငံ အလံလွှင့်ထူထားသော MTM Princessသည် ဘေးတွေ့နေသည့် အပျော်စီး အပမ်းဖြေရွက်လှေ Octogonထံသို့ ဦးတည်ခုတ်မောင်းခဲ့လေတော့သည်။

ယင်းရွက်လှေပေါ်တွင် ဗြိတိန်မှ အပမ်းဖြေခရီး ထွက်လာသော စုံတွဲနှစ်တွဲ လိုက်ပါလာခဲ့ပြီး ပြင်းထန်သော ရာသီဥတုတွင် ရွက်လှေနစ်မြုပ်ခါနီး အခြေအနေ ကြုံနေခြင်းကြောင့် SOSအကူအညီ တောင်းခံမှုကို ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ ဦးဇော်အောင်သည် SOSကြေညာချက်ကို လက်ခံရရှိချိန်တွင် မူလထုတ်လွှင့်သည်ထက် (၃)နာရီ နောက်ကျနေပြီဖြစ်သော်လည်း ထိုနေရာသို့ ရောက်အောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ MTM Princessသည် Octagonနှင့် ရေမိုင်(၉)မိုင် အကွာသို့ ရောက်ရှိနေခြင်းဖြစ်သည်။ သို့သော်လည်း ပြင်းထန်သော လေမုန်တိုင်းနှင့် လှိုင်းများကြောင့် လှမ်းမြင်ရသော အနေအထားသည် ရေမိုင်(၇)မိုင်ထက် မပိုခဲ့ပေ။ Octagon၏အထက် ဝေဟင်တွင် ကမ်းခြေစောင့် ရဟတ်ယာဉ်တစ်စင်းက ဝဲပျံနေခဲ့သော်လည်း ပြင်းထန်လှသည့် ရာသီဥတုကြောင့် ဒုက္ခသည်များအား ကယ်တင်နိုင်ခြင်း မရှိခဲ့သောကြောင့် နောက်ဆုံးမျှော်လင့်ချက်သည် MTM Princessကပ္ပတိန် ဦးဇော်အောင်ထံတွင်သာ ကျရောက်လာခဲ့သည်။

ဦးဇော်အောင်သည် ပထမတစ်ကြိမ် Octagonနားသို့ ချဉ်းကပ်ခဲ့သော်လည်း လှိုင်းများ၏ ပုတ်ထုတ်မှုကြောင့် အဆင်မပြေဘဲ ရေယာဉ်နှစ်စင်း ကွာထွက်သွားခဲ့သည်။ MTM Princessမှ သင်္ဘောသားများသည် အဖွဲ့(၃)ခုခွဲကာ ရွက်လှေအား ဆိုင်းကြိုးများဖြင့် ချိတ်ဆက်ပြီး ဆွဲထားနိုင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြသည်။ ပထမတစ်ကြိမ် ကြိုးပမ်းမှုတွင် မအောင်မြင်ခဲ့သော်လည်း ဒုက္ခသည် ဗြိတိသျှလူမျိုး (၄)ဦးအား ကြမ်းတမ်းခက်ထန်လှသည့် ပင်လယ်ပြင်ကြီးထဲတွင် မထားခဲ့နိုင်သော ဦးဇော်အောင်နှင့် သင်္ဘောသားများသည် မဆုတ်မနစ် ဆက်လက်ကြိုးပမ်းကြသည်။ အခက်အခဲများကြားမှ နောက်ဆုံးရလဒ်အဖြစ် အသက်(၅၈)နှစ်အရွယ် အသက်အကြီးဆုံး ဒုက္ခသည်ကို ၎င်းတို့သည် MTM Princessသို့ ဦးစွာဆွဲတင်နိုင်ခဲ့သည်။ ထို့နောက်တွင်တော့ ကျန်ရှိသူ (၃)ဦးလုံးအား အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ MTM Princessမှ သူရဲကောင်းတစ်စု၏ ကြိုးပမ်းဆောင်ရွက်မှုကို ကမ်းခြေစောင့် ရဟတ်ယာဉ်က တောက်လျှောက်စောင့်ကြည့်နေခဲ့ပြီးနောက် ဒုက္ခသည်အားလုံး လုံခြုံသွားကြောင်း သေချာချိန်တွင် ကမ်းခြေသို့ ပျံသန်းထွက်ခွာသွားတော့သည်။ ဒီဗွန်တွင် နေထိုင်သည့် မိုက်ခ်အာနိုးလ်၊ ဘာဘရာအာနိုးလ်၊ မစ်ဒ်လန်းစ်မှ ဒေးဗစ်ဂျွန်ဆန်နှင့် အန်ဂျယ်လာဂျွန်ဆန်တို့ (၄)ဦးလုံး MTM Princessနှင့်အတူ ဘေးမသီရန်မခ ကမ်းခြေသို့ ပြန်ရောက်ခဲ့သော်လည်း Octagonရွက်လှေကိုမူ စွန့်လွှတ်ခဲ့ရကြောင်း သိရသည်။

ဇွန်လကုန်က ရန်ကုန်သို့ ပြန်ရောက်လာသည့် ကပ္ပတိန် ဦးဇော်အောင်အား မိသားစုက ဂုဏ်ယူဝံ့ကြွားစွာ ကြိုဆိုခဲ့ကြသည်။ အဏ္ဏဝါရေပြင်တွင် သူရဲကောင်းဆန်ဆန် အားထုတ်ကြိုးပမ်းခဲ့သည့် ပုလဲနှင့်ငါးလုပ်ငန်း ကပ္ပတိန်ဟောင်းက ယခုလုပ်ရပ်သည် ၎င်း၏တာဝန်ဟု ခံယူထားကြောင်း၊ MTM Princessမှ သင်္ဘောသားများအားလုံး ၎င်းနှင့် လက်တွဲညီညီ ကြိုးပမ်းမှုကြောင့် ယခုစွမ်းဆောင်မှုမျိုး ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။ ယင်းသည် (၁၉၉၆)ခုနှစ်ကတည်းက အရာရှိတစ်ဦး ဖြစ်လာခဲ့ပြီး MTM Princessသည် ၎င်းတာဝန်ယူသည့် ဒုတိယမြောက် သင်္ဘောဖြစ်သည်။ မိခင်ဖြစ်သူ၏ ဂုဏ်ယူဝမ်းသာစွာ ကြိုဆိုမှုကို ခံယူခဲ့ရသည့် ကပ္ပတိန်က မိမိတို့၏ လူသားချင်း စာနာမှုဖြင့် ကြိုးပမ်းခဲ့မှုအတွက် ကြည်နူးမိကြောင်း၊ ထိုကြိုးပမ်းမှုကြောင့် ဗြိတိန်နိုင်ငံက မည်သို့ဂုဏ်ပြုမည်ဆိုသော အချက်အား မစဉ်းစားခဲ့ကြောင်း ပြောကြားသွားသည်။ Octagonကိစ္စသည် မြန်မာသင်္ဘောသားများ၏ ပင်လယ်ပြင်တွင် စွန့်စားကယ်တင်မှုများအနက် ပထမဆုံး မဟုတ်ချေ။ တရုတ်တောင်ပင်လယ်တွင် နစ်မြုပ်နေသည့် ဗီယက်နမ် ငါးဖမ်းလှေ တစ်စင်းမှ အမျိုးသမီး တစ်ဦးကိုလည်း မြန်မာသင်္ဘောသားများ ကယ်တင်ခဲ့ဖူးသည်။ သို့သော်လည်း Octagon ကိစ္စမှာမူ နိုင်ငံတကာမှ မြန်မာ့သတ္တိကို အလေးအနက်ထား အသိအမှတ်ပြုစေမည့် ကြီးကျယ်သော စွမ်းဆောင်မှုတစ်ခု ဖြစ်စေခဲ့သည်။ မြန်မာ့ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ကြီးမှ ဦးစိုးမင်းအောင်က MTM Princessမှ မြန်မာသင်္ဘောသားများသည် မြန်မာကို ကမာ္ဘသိအောင် စွမ်းဆောင်ပြခဲ့ကြောင်း ချီးကျူးပြောဆိုသွားခဲ့သည်။

11 comments

  • etone

    July 9, 2010 at 5:09 am

    မြန်မာလူမျိုးတွေသတိ္တရှိပါတယ်ကွ တွေ့တယ်မို့လား ။

  • zamte

    July 9, 2010 at 6:30 am

    တချို့က ကောင်းတယ် မတော်ကြဘူး။ တချိုက တော်တယ် မကောင်းကြဘူးဗျ။ ဒီလူကတော့ လူသားဆန်ပြီး ဂရုဏာတရားကြီးမားသော ပညာတတ် လူတော်လူကောင်းတဦးပါပဲ။ ဂုဏ်ယူပါတယ် မိတ်ဆွေ။

  • lu ta lone

    July 9, 2010 at 6:36 am

    မြန်မာလူမျိုးတွေ အတွက် ဂုဏ်ယူစရာ မင်္ဂလာတပါးပါ…
    အဲဒါကြောင့် ဒီပို့စ်ကို တင်လိုက်တာပါ… သူငယ်ချင်းတို့…

  • Foreign Resident

    July 9, 2010 at 7:43 am

    Dear all,

    First, I would like to say that
    I really appreciate Capt Zaw Aung for his effort in saving survivors.
    It is really very difficult task.

    But I want to explain the true situation.
    Lu Ta Lone translation was not perfect description to true events.
    But, no need to blame to him as ordinary people cannot understand the marine law, its usage & situation.

    Actually, Capt. Zaw Aung’s ship was “summoned” ( ordered ) to rescue by AMVER
    ( Automated Mutual-assistance Vessel Rescue System managed by US coast guard )
    It means, if Captain Zaw Aung didn’t approach to rescue scene & didn’t rescue these 4 survivors,
    then this Captain would be arrest in next port or at least his tickets would be suspend.
    He must obey this order if not he would be arrested ( according to recent shipping Laws )

    For you convenience I explain shortly.

    Yacht Octagon emit SOS ( SOS = truly in grave danger )
    MRCC Falmouth ( Maritime Rescue Coordination Centre, British ) received SOS message
    MRCC Falmouth asked AMVER ( US Coast Guard ) for nearest ship in this area
    AMVER replied nearest ship was “MTM Princess” ( Capt. Zaw Aung’s Ship )
    Then MRCC Falmouth ordered “MTM Princess” to make rescue
    “MTM Princess” become On Scene Commander & rescued survivors
    That’s all.

    For more detail please see following link
    http://www.sail-world.com/CruisingAus/index.cfm?SEID=0&Nid=70619&SRCID=0&ntid=0&tickeruid=0&tickerCID=0

    Again, I am not understate the Capt. Zaw Aung efforts.
    Just explain the true picture, more clearly.

    Thanks.

  • ghost

    July 9, 2010 at 9:29 am

    ကဲ ကမ္ဘာကြီးရေ….ဗမာက ဘယ်လိုလူမျိုးလဲ …သိပြီလား …ဂုဏ်ယူပါတယ်ခင်ဗျာ…စစ်အစိုးရပြည်သူတွေအပေါ် တာဝန်မဲ့ပေမဲ့ မြန်မာတွေ က ဘယ်သူ့ အပေါ်မှာ တာဝန်မမဲ့ဘူး

  • kyaw

    July 9, 2010 at 12:51 pm

    FR, Thanks for ur explaination abt recent shipping law.

  • sususan

    July 9, 2010 at 2:06 pm

    တကယ့်ကိုဂုဏ်ယူဝမ်းမြောက်စရာပါရှင်..

  • chitlay

    July 10, 2010 at 2:37 am

    လေးစားအတုယူစရာကောင်းတဲ့ စိတ်ဓါတ်ပါပဲ။

  • Pa Pa

    July 10, 2010 at 3:30 am

    FOREIGN RESIDENT ရေးထားတဲ့စာကို သေချာ ဖတ်ပြီးရင်မူရင်းသတင်းကို ဖတ်ပါ summoned အရကူညီရတာ မူရင်း သတင်းအရ ဦးအောင်ဇော် ကူညီခွင့်ပထမ မှာ မရှိသေးပါ နောက်ကူညီဖို့စာရင်းသွင်းပြီး မှ သာကူညီခွင့်ရ တယ်ဆိုတဲ့အကြောင်းလေး ကိုသေခြာသိပြီးမှ ………. ပေးပါမြန်မာ က ကူညီခွင့်ရခဲ့တာ ကိုတော့ေ လးစားပါတယ်…။
    ဒါပေ မဲ့အရမ်းကာေ ရာ ခလုတ် တိုက်တာ ကိုတော့ ဖါးပြုတ် ကိုတ်တယ် မဖြစ်စေရင်တော့ ပိုလို့ကောင်း မယ် လို့ အကြံပြုခြင် ပါ တယ် ခင်ဗျာ….။

  • Foreign Resident

    July 10, 2010 at 9:26 pm

    (1) Capt. Zaw Aung has right to help any time / any ship emitted SOS / at sea.
    (2) Actually, MRCC Falmouth ordered Capt. Zaw Aung to help these (4) survivors,
    because his ship is the nearest ship in this area / 11.0 nautical miles ( about 12 miles ) away.
    (3) Capt. Zaw Aung cannot refuse this order from MRCC without sound reason. ( otherwise arrested )
    (4) Owner or operator of ship ( MTM in this case ) also cannot refuse this order. ( otherwise arrested )
    ( that’s why Capt. Zaw Aung emphasise informed to Owner MTM Company & they approved )
    (5) Capt. Zaw Aung or ship’s Company can claim back this charge / cost / money to Insurance / P & I / Underwriter later.

  • ayemyacho

    July 31, 2010 at 6:05 am

    မြန်မာပီပီမြန်မာ့စိတ်ဓာတ်ကိုပြလိုက်တာပါပဲ
    လေးစားဂုဏ်ယူမိပါတယ်ရှင်

Leave a Reply