ဆရာတက္ကသိုလ်စိန်တင်ကို စောစံဖိုးသင်စာအုပ်ဖတ်ကတည်းကစိတ်ဝင်စားမှုရှိခဲ့ပါတယ် မြန်မာ့သမိုင်းနောက်ခံတဲ့အထုပ္ပတ္တိတွေရေးလို့ပါ၊ဆရာနဲ့တွေ့ဘို့အကြောင်းဖြစ်လာတာကတော့ကျွန်တော့်

ဦးကြီးဝတ်လုံတော်ရဦးထွန်းစိန်အကြောင်းဖတ်လို့ရနိုင်မယ့် စာအုပ်တွေသိချင်လို့ပါ ပြီးခဲ့တဲ့နှစ်နိုဗင်ဘာမှာ စာအုပ်တိုက်ကဆရာဖုန်းနံပါတ်တောင်းပြီးပြီးဆရာ့ဆီဖုန်းဆက်ဖြစ်ပါတယ် ‘ဘဘကြီးက တက္ကသိုလ်စိန်တင်ပါလားခင်ဗျာ’ မေးတော့’ ဟုတ်ပါတယ် မင်းကဘယ်သူများလဲလို့’ပြန်မေးတော့ ကျွန်တော်က ကျွန်တော် ၀တ်လုံတော်ရဦးထွန်းစိန်ရဲ့တူပါ ကျွန်တော့်ဦးကြီးကွယ်လွန်ချိန်မှာ ကျွန်တော်တို့ငယ်တော့ ကျွန်တော့ဦးကြီးသမိုင်းကို ပြည့်ပြည့်စုံစုံ သိခွင့်မ၇ခဲ့ပါဘူးသခင်တင်မြရေးတဲ့ ဘုံဘ၀မှာဖြင့် စာအုပ်မှာ အနည်းအကျဉ်း နောက် အပေါင်းအသင်းရောင်းရင်းများ၏ကျော်ရင်မှာ တစိတ်တပိုင်းဒို့ဗမာအစည်းအရုံးသမိုင်းကြောင်းမှာ တကြောင်းတလေ နောက် အိုးဝေမဂ္ဂဇင်းအဟောင်းတွေမှာနဲနဲပေါ့လေ ကျွန်တော်တွေ့ရပါတယ် ကျွန်တော်ကတော့ တော်လှန်ရေးကောင်စီအစိုးရဟာ ဦးကျော်ငြိမ်း တို့နဲ့ခင်တဲ့ကျွန်တော့်ဦးကြီးကိုမုန်းတီးခဲ့တယ်လိုသိရတယ် နောက် ဦးထွန်းစိန်က ကျောင်းသားသမဂ္ဂဥက္ကဌ ဖြစ်ခဲ့တာဆိုတော့လေ ကျောင်းသားကိုသမိုင်းရောလူပါသတ်တဲ့တော်လှန်ရေးကောင်စီကြောင့် သူ့သမိုင်းတွေပျောက်ခဲ့ရတယ်လို့ထင်ပါတယ် ဘဘကြီးအနေနဲ့ဘယ်စါအုပ်တွေမှာများ ပါတယ်ဆိုတာလမ်းညွှန်ပေးပါခင်ဗျာ’ လို့ပြောတော့ အေး ငါရေးတဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့်သခင်ဗစိန် မှာပါတယ်အားမာန်သစ်စာပေမှာ၇ှကြည့်လို့ဆိုပါတယ်။

ကျွန်တော် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာရန်ကုန်ရောက်ပေမယ့် သခင်တင်မြကိုကော တက္ကသိုလ်စိန်တင်ကိုမတွေ့ခဲ့ရပါဘူး ကျွန်တော်တို့က ၀မ်းရေးခက်တဲ့သူတွေဆိုတော့ အလုပ်ကိုဘဲဦးစားပေးရတာပေါ့ ဆန္ဒ တခုကဆန္ဒတခုအဖြစ်နဲ့ဘဲ အခါအခွင့်သင့်တဲ့အချိန်လေးကိုဘဲ ကျွန်တော်စောင့်မျှော်ခဲ့၇ပါတယ်။ ပြီးခဲ့တဲ့ လကတော့ ကျွန်တော်ပန်းဆိုးတန်းဘက်ရောက်တုန်း အင်းဝစာအုပ်ဆိုင်ကိုဝင်ဖြစ်ပါတယ် ဒါပေမယ့်စာအုပ်ကကုန်နေပါတယ် ဒီအခါ အရောင်းစာရေးမလေးတွေက ကိုမင်းကိုနိုင်တို့ ကိုမြအေးတို့စာအုပ်လေးတွေကို ကျွနတော်မြင်အောင်ပြပြနေတော့ ကျွန်တော်ပြုံးမိပါတယ် ဒါပေမယ့်ကျွန်တော်မှာကလဲ ငွေပိုငွေလျှံကလဲမရှိတော့ မ၀ယ်နိုင်ပါဘူးဒါနဲ့ဘေးချင်းကပ်က စာပေလောက(2)ကိုဝင်တော့၇ပါတယ်3000 ကျပ်တောင်ပေးရပါတယ်ဗျာ၊

သခင်ဗစိန်စာအုပ်ကို ကျွန်တော့်ဦးကြီးဦးထွန်းစိန်ရဲ့ သမိုင်းအစအနလေး သိအောင်ဝယ်ပေမယ့် အပွင့်လင်းဆုံးနဲ့ အရိုးသားဆုံးဝန်ခံရမယ်ဆိုရင် နိုင်ငံရေးဆိုတာ ကျွန်တော် နကန်းတလုံးတောင်နားမလည်ပါဘူး ဒါပေမယ့် သခင်ဗစိန်ဆိုတဲ့စကားသံကြားတိုင်း အောင်ဆန်းအက်တလီစါချုပ်ကို ဂဠုံဦးစောနဲ့အတူကန့်ကွက်ခဲ့တာတွေ လန်ဒန်မှာ မြန်မာကိုယ်စလှယ်အဖွဲ့ကို တရုတ်သံရုံးက ဗိုလ်ချုပ်အောင်ဆန်းကိုလေစားလို့ညစာဖိတ်ကြွေးတော့ မူးမူးနဲ့ဗိုလ်ချုပ်အောင်ဆန်းကို အရှက်ခွဲစော်ကားခဲ့တာတွေ ကို ကျွန်တော်ဖတ်ခဲ့ရတဲ့ သမိုင်းစာအုပ်တွေက စာကြောင်းတွေသတိရတိုင်းမုန်းတီးမိတယ်ဗျာ ဂဠုံဦးစောနဲ့အမြဲတွဲမြင်မိတာစိတ္တဇတခုလိုပါဘဲဒါပေမယ့်တခါတရံမှာ သမိုင်းရှုထောင့်ဆိုတာနားလည်ရခက်တယ် သူံအမြင်ကိုယ့်အမြင်ဆိုတာလဲရှိတယ် သူဖြတ်သန်းခဲ့တဲ့ခေတ်က သူ့အမြင်ကဘာလဲပေါ့ ဒါလေးလဲသိရအောင် နောက်စာရေးဆရာရဲ့ရှုတောင့်တခုကချဉ်းကပ်တင်ပြမှုလေးလဲသိသင့်တယ်လို့ထင်မိပြီးဝယ်ခဲ့တာပါ။

စါအုပ်ဝယ်ပြီးပန်းဆိုးတန်းကမိတ်ဆွေဆိုင်မှာ ကျွန်တော် ခဏထိုင်ဖတ်ဖြစ်ပါတယ်။နောက်ကျွန်တော် တက္ကသိုလ်စိန်တင်ထံကိုဖုန်းလှမ်းဆက်ပြီးနေရပ်လိပ်စာတောင်းလိုက်ပါတယ် ဆရာနေတာက မြောက်ဒဂုံမြို့သစ်64ရပ်ကွက်က ဗထူးဈေးအနီး မိုးမခလမ်းမှာပါ ကားတတန်ဆိုက္ကားတတန်နဲ့ရောက်အောင်သွားဖြစ်ပါတယ် ဆရာကတော့ပုံမှာပါတဲ့အတိုင်း အိမ်ေ၇ှ့ထိုင်ခုံလေးမှာထိုင်လျှက်ပါ ဒီနေ့က8ရက်ဥပုပ်ဆိုတော့ဆရာက သီလလဲယူထားပါတယ်။ကျွန်တော်ရောက်သွားတော့ ဆရာကလှိုက်လှိုက်လှဲလှဲဝမ်းသာစကားဆိုပါတယ်ကျွန်တော်ဝယ်လာတဲ့စါအုပ်လေးမှာလဲ အမှတ်တရလက်မှတ်ထိုးပေးပါတယ်။နောက်တော့စာပေအကြောင်းဆွေးနွေးပါတယ် သံတွဲကစာရေးဆရာ မောင်လွန်းကြင်(ဦးမောင်) အကြောင်းလဲပြောပါတယ် ဦးမောင်မဟာဝိဇ္ဇာဘွဲ့ယူတော့ဘွဲ့ဝတ်ရုံကို ဆရာဇနီးကရုံပေးရတဲ့အကြောင်းမိသားစုလိုခင်မင်တဲ့အကြောင်းပြောပါတယ်။မောင်လွန်းကြင်ကွယ်လွန်တဲ့အတွက် များစာယူကြုံးမရဖြစ်မိတဲ့အကြောင်းတွေကိုပြောပါတယ်၊

စာပေစီစစ်ရေးကြောင့် ဆ၇ာ့စာအုပ်တွေအမြောက်အများသိမ်းဆည်းဖျက်ဆီးခံခဲ့ရတဲ့အကြောင်းတွေလဲပြောပါတယ် သခင်ဗစိန်စါအုပ်ဆိုရင်1988 စက်တင်ဘာမှာထုတ်ပေမယ့် လွတ်လပ်ရေးလိုချင်ရင်တိုက်ယူမှရမယ် ဆိုတဲ့စကားကို မိုးသီးဇွန်တို့အုပ်စုက ယူယူပြောလို့ စာအုပ်တွေသိမ်းပြီးမီးရှို့ခံခဲ့ရတဲ့အကြောင်း မင်းတုန်းမင်းတရားကြီးစာအုပ်ဆိုလဲ မိဘုရားများပြီးရာဂစိတ်ပြင်းပြသူဖြစ်တယ်လို့ရေးသားချက်ဟာ ဘုန်းမီးလျှမ်းလျှမ်းတက်အောင်တောက်ပနေတဲ့ ဦးနေ၀င်း မယားများတာကိုစောင်းရေးတယ်လိုဆိုပြီး ထုတ်ဝေထားတဲ့စါအုပ်တွေကို သိမ်းသွားတဲ့အကြောင်း ပြောပြပါတယ် စာပေစီစစ်ရေးကနှစ်ပေါင်းများစွာ စာရေးဆ၇ာတွေကို နှိပ်စက်လို့စာကောင်းပေကောင်းတွေတိမ်မြုပ်သွားခဲ့တာတွေ

ဘယ်လိုမှရပ်တည်လို့မ၇တော့တဲ့အတွက်စာပေလောကကို ကျောခိုင်းသွာတဲ့စာရေးဆရာတွေလဲရှိခဲ့တယ်ဆိုတဲ့အကြောင်းတွေလဲပြောပြပါတယ် အခုတော့စာပေစီစစ်ရေးဆိုတာဖျက်ရတော့မယ်ဆိုတော့ဆရာရေးဆရာတယောက်က အမြင်ကိုအမြင်အတိုင်းအ၇ှိကိုအရှိအတိုင်းရေးရမယ်ဆိုရင်တော့ စာကောင်းပေကောင်းတွေပေါ်လာမယ်လို့ပြောပါတယ် နောက်ရီစရာတခုပြောဦးမယ် ဆရာတို့ရပ်ကွက်ထဲမီးမလာတာကို hotnews ထဲထည့်ေ၇းလို့ မီးရုံးကအကြီးအကဲတွေရောက်လားပြီးနောက်မရေးပါနဲ့ လိုတာရှိရင်ကျွန်တော်တို့ကိုပြောပါ ဆရာနောက်တခါရေးလို့ရှိရင် ကျွန်တော့်ကို ဖြုတ်မယ်လို့အထက်က သတိပေးထားပါတယ်လို့ပြောပါတယ် အော် ကလောင်သွားဆိုတာ ထက်တာပဲလေလို့ ကျွန်တော်ပြုံးခဲ့ရပါတယ်၊

ကျွန်တော်ပြန်တော့မယ်လို့ လက်အုပ်ချီကန်တော့တဲ့ခါ ဆရာက စါအုပ်နှစ်အုပ်လက်ဆောင်ပေးပါတယ်၊တအုပ်ကတော့အနော်၇ထာမင်းနှင့်ဗိုလ်ချုပ်အောင်ဆန်း တဲ့ ဆောင်းပါးတွေပေါင်းရေထားတာပါ ပထမမြန်မာနိုင်ငံကိုအနော်ရထာကထူထောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ စတုတ္ထမြန်မာနိုင်င့ထူထောင်သူအဖြစ်ဆရာ့သမိုင်းအမြင်ပါ နောက်တအုပ်ကတော့ကျွန်တော်တို့အမေတဲ့ စာရေးဆ၇ာများစွာရဲ့အမေဆောင်းပါးတွေပါ ဒါပေမယ့်ထူးခြားတာက စါအုပ်အဖုံးပါ ပုံပါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီး နှစ်အတန်ကြာတွေ့ခွင့်မ၇တဲ့ သားငယ်မောင်ထိန်လင်းကို 19.6.2011 နေ့မင်္ဂလာဒုံလေဆိပ်မှာတွေ့ဆုံစဉ် ကြည့်တဲ့အကြည့်က မိဘတဦးရဲ့ သားသမီးတို့မျက်နှာကိုတွေ့မြင်တိုင်း မေတ္တာ ပီတိဟာ ဒီပုံလေးက အသက်သွင်းပေးသလိုပါဘဲတဲ့ ဒီပုံကိုအသုံးပြုဘို့ d wave ဂျာနယ်ကိုခွင့်တောင်းတာ ခွင့်ပေးတဲ့အတွက် သူစိတ်ပျော်ရွှင်မိတဲ့အကြောင်း ဒိပုံကိုသူအလွန်နှစ်သက်မိတဲ့အကြာင်းဆရာကပြောပြပါတယ် ဒီစာအုပ်လေးကတော့ ဆရာ့ရင်ခွင်ထဲက စါအုပ်လေးပါ။

ကျွန်တော်ဆရာ့ကိုတွေ့ပြီးပြန်လာတော့ ကျွန်တော့်ရင်ထဲမှာလဲ ပီတိဖြစ်ရပါတယ် မြန်မာပြည်မှာ စါပေပညာရှင်တွေဟာ တဖြည်းဖြည်း ကွယ်လွန်လာနေပြီးဖြစ်ပါတယ် ဒီလိုအချိန်အခါမှာ ဆ၇ာတက္ကသိုလ်စိန်တင်လိုဆ၇ာမျိုးကိုကန်တော့ခွင့်ရတဲ့အတွက်ပါ ဒါပေမယ့်တဆက်တည်းစိုးရီမ်စိတ်ရှိမိတာက တချိန်က စာပေကိုစာပေ သစ္စာနဲ့ရေးခဲ့တဲ့စာရေးဆရာမျိုး ဥပမာ ဗန်းမော်တင်အောင်တို့ သခင်သိန်းဖေမြင့်တို့လို ဒဂုန်တာ၇ာ လူထုဦးလှ အမေလူထုဒေါ်အမာ ဂျာနယ်ကျော် ဦးချစ်မောင် အိုးဝေညိုမြ စတဲ့ စာရေးဆရာတွေ ဆ၇ာဇော်ဂျီ ဆရာမင်းသုဝဏ် စတဲ့ မြန်မာ့စာပေသမိုင်းရဲ့ မီးရှုးတန်ဆောင် စာရေးဆရာမျိုးတွေဟာ နောင်မျိုးဆက်တခုမှာ ထပ်ပေါ်လားမလား ဒါမှမဟုတ် ဒီလိုဆရာမျိုးတွေရှိခဲ့တယ်ဆိုတာ နောင်မျိုးဆက်က ဒဏ္ဍာရီတခုလိုများ လက်ခံသွားမှာလားဆိုတာကိုပါ။

မန်းဂေဇက်မင်ဘာများအားချစ်ခင်လေးစားလျှက်

ထွန်းထွန်းဦး(ကြက်တောင်)

About ဖိုးကြက်တောင်@badminton

ဇိုး ကြက်တောင် has written 13 post in this Website..