ထိုင်ဝမ် ဥပဒေပြု အမတ်များ တရုတ်ပြည်မနှင့် ကုန်သွယ်ရေးအပေါ် သဘောကွဲ ထိပ်ကွဲဒူးပြဲ…

lu ta loneJuly 9, 20101min884

တရုတ်ပြည်မနှင့် အငြင်းပွားဖွယ် ကုန်သွယ်ရေး စာချုပ်နှင့် ပတ်သက်ပြီး ပါလီမာန် ပထမရက်ဖြစ်သည့် ကြာသာပတေးနေ့တွင် ထိုင်ဝမ် ဥပဒေပြု အမတ်များ အချင်းချင်း ထချကြပြီး ထိခိုက် ဒဏ်ရာများ ရရှိသွားကြသည်။

အာဏာရ ကူမင်တန်ပါတီကြီး၏ အမတ်ဖြစ်သူ ဝူယူရှန်မှာ ခပ်ဝေးဝေးမှ လှမ်းပစ်လိုက်သော ရှေးဟောင်းနာရီကြီး တစ်လုံး မျက်နှာမှန်သွားသောကြောင့် ဆေးရုံ အရေးပေါ်ဌာနသို့ သယ်ဆောင် သွားခဲ့ရသည်။ “သူ့မျက်နှာ တစ်ပြင်လုံး သွေးတွေ ရဲဗလောင်းခနေတာပဲ၊ မျက်စိကို ကွက်တိ ထိသွားတာ” ဟု ဝန်ကြီးချုပ် ဝူဒန်ရီက သတင်းထောက်များကို ပြောပြသည်။

အတိုက်အခံပါတီ Democratic Progressive Party (DPP) ပါတီမှ အမတ် တစ်ယောက်ကိုလည်း အခြား မကျေနပ်သူ အမတ် တစ်အုပ်စုက စင်မြင့်ပေါ်မှ ပစ်ချလိုက်လို့ ဆေးရုံကားနှင့် ခေါ်ဆောင်သွားရကြောင်း၊ အတော် ထိခိုက်သွားကြောင်း၊ အခြားသူ ငါးဦးခန့်လည်း ထိပ်ကွဲ သွားကြောင်း၊ ပါလီမာန် အစည်းအဝေးမှာ စရုံပင်ရှိသေး၊ အသေအချာ ဘာမှ မဆွေးနွေးရသေးခင် ထရိုက်ကြတာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းပြသည်။

၁၉၄၉ ခုနှစ်  ပြည်တွင်းစစ် ပြီးကတည်းက ကွဲသွားခဲ့သည့် ထိုင်ဝမ်နှင့် ပြည်မကြီးအကြား ပြန်လည် သင့်မြတ်ရေးအတွက် နှစ်ဘက်ဆွေးနွေးသူများက ပြီးခဲ့သော အပတ်က ကုန်သွယ်ရေး ECFA စာချုပ်ကို လက်မှတ် ရေးထိုးဖြစ် ခဲ့ကြသည်။

ကူမင်တန် နိုင်ငံရေးသမားများက ECFA ကို ထိုင်ဝမ်ကျွန်း အနာဂါတ်အတွက် ကြိုဆိုဩဘာ ပေးကြပြီး၊ အတိုက်အခံ DPP တို့ကတော့ ထိုင်ဝမ် လွတ်လပ်ရေး ထိပါးသည်ဟု စာချုပ်ကို ကျိန်ဆဲကြရင်း ပါလီမာန်တွင် ထရိုက်ကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် မေလ က ပင်လယ်နက် ရေတပ် စခန်း တွင် ရုရှား တပ် ချရေး မချရေး နှင့် ပတ်သက်ပြီး
ယူကရိန်း အမတ်များ သဘော ထား ကွဲရာ လွှတ်တော် ထဲ ဉ် သွေးထွက်သံယို ဖြစ်သည် အထိ ဖြစ်
ခဲ့ရသည်။

4 comments

  • လင်းဝေကျော်

    July 9, 2010 at 4:27 am

    တကယ်တော့ လူတွေဟာ လောဘ ဒေါသ သားကောင်တွေပါပဲ။
    ဥပဒေပြု အမတ်မင်းများလည်း ဥပဒေ မလိုက်နာနိုင် ပဲ စိတ်တိုလာတော့ ထချကြတာ ပါပဲ။

  • onlinezz

    July 9, 2010 at 8:48 am

    မကြာမီ မြန်မာပြည်အမတ်များလည်း အဝေမတည့်၍
    တစ်ဦးနှင့်တစ်ဦး မြန်မာသိုင်းဖြင့် ဆော်ပလော်တီးကြပါတော့မည်။ 😛

  • cobra

    July 9, 2010 at 11:50 am

    ပေါက်ဖော်ကြီးတွေချပြီးရင်တော့တို့ဗမာတွေအလှည့်ရောက်တော့မယ်….။သိပ်မလိုတော့ဘူး…၁ဝလပိုင်းဆိုရင်တွေ့ရတော့မှာပါ။

  • azure

    July 10, 2010 at 4:07 am

    ဘယ်ကောင်တွေ ချချ ဒီကတော့ အနေသာကြီးပါ ဗျာ

Leave a Reply