မင်္ဂလ မင်္ဂလာ မင်္ဂလာပါ

ကျွန်တော် မန်းတလေးဂေဇက်ကို စဖတ်မိတာ သိပ်မကြာသေး ။

စိတ်ဝင်စားစရာကောင်းသည် ။ အများသူငှါပျော်နေကြတာ ဆွေးနွေးနေကြတာတွေ ကို မြင်တော့ ကိုယ်ပါ အဲဒီထဲရောက်သွားသလို ခံစားရသည် ။

ယနေ ့၃.၉.၂၀၁၂ တွင်မူ ၊ ကျွန်တော်သုံးနေသော အင်တာနက်ဆိုင်မှာ လိုင်းကောင်းနေသဖြင့် ၊ ရွာသားအဖြစ် မှတ်ပုံတင်လိုက်ပါသည် ။

ယနေ ့မှ စပြီး ကွန်မင့်များလိုက်ပေးပါမည် ။

ယနေ ့မှ စပြီး သိထားသော အကြောင်းအရာလေးများကို စာစီပါမည် ။

အားပေးကြပါ အစ်ကိုတို ့အစ်မတို ့

ပုံ

အားလုံးကို ခင်မင်ချင်သော

ဝူးဝါး ဝူးဝါး

အသက် ၂ဝကျော်

အရပ် ၅ပေ ကျော်

ဘွဲ ့= သိမ်၂ခါထွက်ဖူးသဖြင့် ဘွဲ ့၂ခါရခဲ့ဖူးသည်။

အလုပ်အကိုင် = ပွဲစား

အိမ်ထောင်မရှိ

အထူးလျှို  ့ဝှက်ချက် တစ်ခုမှာ ၊ ကျွန်တော်သည် အပြင်မှာ အရမ်းချောပါသည် ။ ထို ့ကြောင့် ကျွန်တော့် ဓါတ်ပုံကို မြင်လျှင် မိန်းကလေးတစ်ချို  ့နှလုံးရောဂါရကြသည်ဟု ဆိုသည် ။ ထို ့ကြောင့် ရွာထဲရှိ အပျိုလေးများ နှလုံးရောဂါ ရမည်ကို ကျွန်တော့်မှာ စိုးရွံ  ့မိသဖြင့် ၊ ကျွန်တော့် ဓါတ်ပုံအစား ကင်းကောင်ပုံကို တင်ထားခြင်းဖြစ်ပါသည် ။

11 comments

  • ကထူးဆန်း

    September 3, 2012 at 10:09 pm

    ဝူးဝါး ဝူးဝါး အစား ကင်းကောင်လို့ဘဲ ခေါ်လိုက်တော့မယ်လေ.. အရပ်၅ပေကျော်ဘဲဆိုတော့ ဒါလည်း မဖြစ်သေးဘူး … နောက်တာပါ ..
    ကြိုဆိုပါတယ် ဝူးဝါး စကွဲရေ .. 😀

  • may flowers

    September 3, 2012 at 10:27 pm

    မင်္ဂံလာပါ ဝူးဝါးရေ။

  • Ko Khin Lwin

    September 3, 2012 at 11:30 pm

    ဓာတ်ပုံများတင်လိုက်မယ်ဆိုရင် ဝူးဝါး ဝူးဝါး နဲ့ပြေးနေရအုံးမလားဘဲ။
    ခုတော့တော်သေးလို့ ကျေးဇူးပါ ဝူးဝါး x 2 ရေ။

  • YE YINT HLAING

    September 4, 2012 at 7:25 am

    ဝူးဝါး ဝူးဝါး ရေ ! ဝူးဝါး ဝူးဝါး လုပ်ကြဆို့ !

  • Htoo thin

    September 4, 2012 at 7:34 am

    ဝါး ဝူး များများတော့မမူးနဲ့ နော်

  • မဟာရာဇာ အံစာတုံး

    September 4, 2012 at 11:53 am

    ကင်းကောင် ပုံဂျီးနဲ့ဆိုတော့
    “ဝူးဝါး ဝူးဝါး” က သိပ်မလိုက်ဖူးဗျ ..
    “ဂရား ဂရား” ဆိုရင် ပိုလိုက်ဒယ် .. :mrgreen:
    နောက်ထာဘာ .. ကြိုဆိုပါတယ် ..
    အပြင်မှာ ချောဒယ်ဆိုတဲ့ ဝူးဝါး ရယ် ..

  • ရွှေ ကြည်

    September 4, 2012 at 12:18 pm

    ရွာခြိမ်းခြောက်ခံနေရတဲ့အချိန်မှာမှဝင်လာတဲ့ ဝူးဝါးရေ ရွာသက်ရှည်အောင်အရင်ဆုတောင်းကြပါစို့။ 😀

  • ခပ်မိုက်မိုက် ကောင်မလေး

    September 4, 2012 at 1:02 pm

    ဝူးဝါးရေ…
    ကြိုဆိုပါတယ်နော်…
    ဂေဇက်ရွာလေးမှာ ပျော်ရွှင်ပါစေရှင်…:)

  • ကိုခင်ခ

    September 4, 2012 at 2:18 pm

    ဝူးဝါး ဝူးဝါး နဲ့ အထူးခြားဆုံး
    ပိုစ့်တွေရေးနိုင်ပါစေလို့။

  • mayjuly

    September 4, 2012 at 3:32 pm

    ဝူးဝါးးးဝူးဝါးးး…..ဂူးဂါးးးးဂူးးဂါးးး ပဲ လုပ်လိုက်ပါတော့ဗျာ .. 😀
    နောက်ထှာနော်… ရွာထဲမှာ ပျော်ရွင်တွေနဲ့ အများကြီးပေးနိုင်ပြီး ..
    ပျော်ရွင်မှုတွေ အများကြီးရယူနိုင်ပါစေ …

Leave a Reply