လင်လုပ်လို့မရတဲ့ဂေဇက်

DEPARKO DEPARKOSeptember 3, 20121min20315

ကမာ္ဘကြီးဟာရွာကြီးတဲ့လား? ဂေဇက်ကိုဝင်ဘို့ နက်ချိတ် မိုဇယ်ကိုတိတ်တိတ်လေးဖိတ်လို့
ရှိတ်လိုက်မယ်ဟဲ့လို့ ရင်ထဲကစာလေးတွေစီ အပီအပြင်နှိပ်ဘို့ပြင်ကာမှ လင်ကမရ မြင်ရတာ ဘဝင်မကျ ထပ်ကာထပ်ကာနှိပ် လက်ကွက်ထိတ်မှာမီးလောင် ယောင်တောင်တောင် ပေါင်တောင်နဲ့
နက်ဝပ်ကနှေး အီးလေးကိုဝင်ပြန်တော့လည်း မျက်နှာမည်းပေါင်ချိန်က ဒီလိုအဖြစ်မျိုးရှိသလားဟဲ့ ဆိုပြီး အာရာတွေတက် သစ်ဇ်ပေ့ဂျ်ကန်နော့အိုးပန်းဆိုပြီး ငါ့အိပ်ကပ်ထဲက ချွေးနဲစာတွေတတိတိချွေ ဘေကိုတော့မလျှော့ သဂျီးကတော့ပြောသား သူ့ဆုကြေးကဘယ်ဆီနေမှန်းမသိ တရိရိနဲ့ ဖုန်းနဲ့မရလို့ ဆိုင်ကိုပြေး ခြေအေးလို့ဝမ်းယောင် ကြောင်တောင်တောင်နက်ဝပ် တဖြတ်ဖြတ်နဲ့ လင်လုပ်လို့မရတဲ့ဂေဇက် အနေခက်ရအောင် ရွှေလက်နဲ့စာလွှာရေး အတွေးလေးတွေစာစီလို့ မယားလုပ်မယ်ဟဲ့လို့ အလို ဟဲ့ရွာစား မတိမ်းမစောင်း ဘိမ်းမောင်းနဲ့ ငါ့စာလွှာကိုအမြန်ပို့ ဟဲ့ ရို့ရို့ ပလို့ပလို့ဂျိ

15 comments

  • etone

    September 4, 2012 at 12:22 am

    အတွေးကနက်နက်
    အကြံလည်း ပက်စက်ရဲ့
    အောင်မငှီးးးးးးးးးးးးးးးးးး

    ဂေဇက်ကိုလင်လုပ်
    ရှိုးထုတ်ဖို့ဟန်ပြင်
    မျိုးပြုတ်မှာတော့မမြင်
    တကယ်တော့ သဂျိုင်ခီးဆိုတာ
    ဘာဘူဂျီးတဲ့တော့ …… ခွိခွိ 😆

    အိပ်မရလို့ နောက်တာပါအေ နဂိုကတည်းကမှ ရွာထဲလေဆင်နှာမောင်းတိုက်နေတာ ဂယ်ထင်သွားရင် အားနာစရာ ဟိဟိ 😛

  • surmi

    September 4, 2012 at 12:44 am

    ိဗျို ့ ဒေါ်အိတုန်
    ကြုံတုန်းလေးဖိတ်လိုက်ဦးမယ် ။
    ၄ ရက်နေ ့ ည ၉ နာရီနောက်ပိုင်း ….ရွာထဲဝင်လို့ရရင်ပေါ့လေ …

    ဒီပါကို ကိုလည်းဖိတ်ပြီးသားနော် ။

  • မောင်ပေ

    September 4, 2012 at 1:53 am

    လင်လုပ်လို့မရ
    ဖင်လှုပ်လို့က
    ဂွင်ရှုပ်ထုပ်သမျှ
    ဘဝင်ငုတ်တုတ်မကျ
    သခင်ကုတ်ထုတ်ပြ

  • အရီးခင်လတ်

    September 4, 2012 at 4:17 am

    ဂေဇက်လို့ အသံထွက်ရင် သူကြီး မျက်ထောက်နီကြီး နဲ့ ကြည့်သတဲ့။
    ဂဇက် ဆိုမှ သဘောကျပြီး နှုတ်ခမ်းမွေးကြီး ကို တသသ လုပ်တာ တဲ့။
    သူကြီး နှုတ်ခမ်းမွေးကြီး အရောင်မတက် ရင် ရွာအဝင်ခက် သတဲ့။
    ဒီတော့ ဂဇက် လို့ ခေါ်မှ လင်တော် လို့ ရမဲ့ သဘော။ 😀

  • Shwe Ei

    September 4, 2012 at 10:36 am

    အော် ဂဇက် ဂဇက် တနေ့မတွေ့ရင်တလလောက်ထင်အောင်ကို ဆွဲဆောင်မှုရှိသကိုး 😀

  • Wow

    September 4, 2012 at 10:36 am

    ဟုတ်ပ ဂဇတ်ကတော့ လင်လုပ်ရခက်တာအမှန်ဘဲ… 😀

  • candle .

    September 4, 2012 at 11:24 am

    ဘာဖြစ်လို ့ တစ်နေ ့လုံး လင့်လုပ်လို ့မရတာလဲဟင်….??

  • ahnyartamar

    September 4, 2012 at 2:34 pm

    အစုတ်အပြတ်လိုင်းတွေ မသုံးနဲ့လေ၊ red link ဝယ်သုံးပေါ့၊ အသံထက်တောင်မြန်သွားအုံးမယ်။

    • candle .

      September 4, 2012 at 3:51 pm

      အိုဘာဆီးက ကုန်မဏီ အကြီးကြီး ရဲ ့ဘယ်တော့မှ မကျတဲ့လိုင်းနဲ ့သုံးတာဘဲ..ရဝူး လေ..
      ဂယ်ဘဲ ..တိတော့ဝူး…ဟီ..ဟိ…

  • DEPARKO DEPARKO

    September 4, 2012 at 3:20 pm

    ဝမ်းနည်းစရာကောင်းတာက အစိုးရဝန်ထမ်းဆိုတော့ အင်စတော်မင်နဲ့ ရတဲ့ဖုန်းလေးနဲ့ စတိုင်ထုတ် အိမ်က အိပ်ယာထဲကသုံးကြည့်တာ ၄ရက်လောက်အလုပ်မဖြစ်ဘူး လိုင်းကောင်းတဲ့အချိန်က မနက် ဝ၂၀ဝ ဆိုတော့ ကြာရင်လုံးပါးပါးတော့မယ် နောက်ဆုံးတော့ ဆိုင်မှာသုံးတာတောင် လိုင်းကျကျနေလို့ သူများတွေမသုံးတဲ့အချိန်ရွေးပြီးစောင့်ရတယ် သွပ်သွပ်။

  • မွန်မွန်

    September 4, 2012 at 3:57 pm

    တို့လို ရုံးကသုံးပေါ့။ 🙂

    အလုပ်တော့မလုပ်
    ခပ်ကုပ်ကုပ်နဲ့ ရွာထဲဝင်
    မြင်သမျှပို့စ် အကုန်ဖတ်
    ကွန်မန့်တွေက တရစပ်နဲ့
    ရှေ့နားရပ်က MD ရယ်..
    ဆယ်ကြိမ်မက check တာကြောင့်
    မျက်နှာပိုးကို အသာသတ်
    ကိုယ်ကို မတ်မတ်ထိုင်လို့
    စားပွဲပေါ်က ဖိုင်ကို ကိုင်ကာ
    စတိုင်အပြည့်နဲ့ ဖွင့်လိုက်တယ်
    ပြောင်းပြန်ကြီးပါတကား….။

    :mrgreen: :mrgreen:

  • DEPARKO DEPARKO

    September 4, 2012 at 4:05 pm

    မွန်မွန်ရေ တို့ရုံးက အင်တာနက်မပြောနဲ့ ကွန်ပြူတာဖွင့်တာတောင်ကြိုက်တာမဟုတ်ဘူး အခုတောင် ခွင့်ယူထားလို့ တစ်ဝကြီးချက်ရတာ ကိုယ်က တတ်ပြီးမတော်တဲ့သူတွေနေတဲ့နေရာကဝန်ထမ်း

Leave a Reply