တစ်ထွာတစ်မိုက်

ဥာဏ်အမိုက်နှင့်

အို.. လူမိုက်တို့

အကြိုက်လိုက်ကာ

ဥဏ်မမှီရာကို

ရှင်တော်မြတ်ဘုရား

မဟောကြားဟု

လွဲမှားမှတ်ယူ

အို.. သူတို့ထင်ရာ

ပေါက်ကရအမြင်

ကမောက်ကမ

တရားများကိုတော့

ရှင်တော်မြတ်ဘုရား

ဟောကြားခဲ့သယောင်

ငရဲဆောင်မည့်

ထို တရားဆုပ်ကိုင်

အမိုက်ပြိုင်ကြ

လူအန္ဓတို့

သံသရာမမှောက်မှားဖို့

ဂရုဏာရှေ့ထား

သူတော်ကောင်းတရား

ဟောကြားညွှန်ပြ

ဆိုဆုံးမလည်း

ထို ဒိဋ္ဌိအစွဲ

မြဲမြဲခန့်ခိုင်

မပြတ်နိုင်သရွေ့

လွဲပေ့အုံးတော့

ရခဲလှစွာ

ဗုဒ္ဓမြတ်စွာ

သာသနာတော်မှ…

 

About Pye Kun Zaw

Pye Kun Zaw has written 13 post in this Website..