လွဲပေအုံးတော့ မိုးပြာရေ

Pye Kun ZawSeptember 4, 20121min1047

တစ်ထွာတစ်မိုက်

ဉာဏ်အမိုက်နှင့်

အို.. လူမိုက်တို့

အကြိုက်လို်က်ကာ

ဥဏ်မမှီရာကို

ရှင်တော်မြတ်ဘုရား

မဟောကြားဟု

လွဲမှားမှတ်ယူ

အို.. သူတို့ထင်ရာ

ပေါက်ကရအမြင်

ကမောက်ကမ

တရားများကိုတော့

ရှင်တော်မြတ်ဘုရား

ဟောကြားခဲ့သယောင်

ငရဲဆောင်မည့်

ထို တရားဆုပ်ကိုင်

အမိုက်ပြိုင်ကြ

လူအန္ဓတို့

သံသရာမမှောက်မှားဖို့

ဂရုဏာရှေ့ထား

သူတော်ကောင်းတရား

ဟောကြားညွှန်ပြ

ဆိုဆုံးမလည်း

ထို ဒိဋ္ဌိအစွဲ

မြဲမြဲခန့်ခိုင်

မပြတ်နိုင်သရွေ့

လွဲပေ့အုံးတော့

ရခဲလှစွာ

ဗုဒ္ဓမြတ်စွာ

သာသနာတော်မှ…

 

7 comments

  • Pye Kun Zaw

    September 4, 2012 at 10:03 am

    အဲဒီအမှားက ပေါ်ပြူလာဖြစ်နေတယ်ဗျ

  • may flowers

    September 4, 2012 at 11:18 am

    လက်မထောင်ပြီး အားပေးသွားပါတယ်။

  • ရဲစည်

    September 4, 2012 at 4:15 pm

    ကဗျာ ကောင်းသဗျို့
    သို့ပေတည်း …….
    အကြောင်းအရာကိုတော့ မဝေဖန်လိုကြောင်း ..

    • မောင်ပေ

      September 4, 2012 at 8:40 pm

      ကျုပ်လဲ သူ ့အတိုင်းပဲ ဆိုတဲ့အကြောင်း သတင်းပို ့ရှိခဲ့ပါတယ်

  • San Hla Gyi

    September 4, 2012 at 8:52 pm

    ကဗျာ တော်တော်ကောင်းပါတယ်။ အမှန်တော့ ကျနော်ကိုယ်တိုင်လဲ ဒီလိုပဲထင်တယ်။ ဆိုလိုတာက ကဗျာရှင်ရဲ့ ဆိုလိုရင်းကို ထောက်ခံချင်တာပါ။ ထင်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ။ လောလောဆယ်တော့ မပြောချင် မပြောနိုင်သေးပါဘူး။

  • Pye Kun Zaw

    September 4, 2012 at 10:51 pm

    အခုလိုအားပေးတာကျေးဇူးတင်ပါတယ်.. ကျွန်တော်အမြင်ကို တင်ပြခြင်းသာဖြစ်ပြီး မည်သည့်ရည်ရွယ်ချက်မှ မပါပါကြောင်း

Leave a Reply