ရေနုတ်မြောင်းများ စနစ်တကျ ရှိခြင်းမှသည်….ရေဘေးအန္တရာယ် ကင်းရှင်းရေး

ယခုတလော ရုပ်မြင်သံကြားသတင်း၊ ရေဒီယိုသတင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ရေဘေးသင့် သဘာဝဘေးအန္တရာယ်သတင်းများအား ဆက်တိုက်ဆို သလိုကြားေ နမြင်နေခဲ့ရသည်။ မိုးတွင်း မိုးရွာသည်ကား မဆန်းပါ။ သို့သော် ၂၀၁၂ မိုးရာသီက ယခင်နှစ်များမိုးရာသီ ကာလများထက် ပိုမိုမိုးများသည်ဟုပင်ဆိုနိုင်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသာမက ရန်ကုန်မြို့တော်ကဲ့သို့ မြို့ကြီးများပင် ရေဘေးဒဏ်ကို ခံနေရ သည့်အတွက် မိုးများမည်းလာတိုင်း ရေများလျှံလာမည်လား ဆိုသော စိုးရိမ်စိတ်ဖြင့်ရင်တမမဖြစ်နေရသည်မှာ မိုးရွာသည့်နေ့တိုင်းပင်။ ယခင်နှစ်များက ရန်ကုန်မြို့တွင် ယခုလောက် ရေမတင် ရေမတတ်ခဲ့။ ယခုအခါတွင် မိုး အ နည်း ငယ်ရွာလိုက်သည်နှင့်တစ်ပြိုင်နက် ရေများကလည်း လမ်းများပေါ်တွင် တင်ချင်လာသည်။ ကွန်ကရစ်ခင်းလမ်းမ တစ်ချို့တွင်ရေမတင်သော်လည်း လမ်းထက် နိမ့်သော လူနေအိမ်များတွင်သာမက အနိမ့်ပိုင်းကျသော လမ်းများ တွင်လည်း ရေတင်ရေဝပ်နေသောကြောင့် ရေများဖွေးလျက်ရှိပေသည်။

ရန်ကုန်မြို့တွင် ရေကြီးရသည်မှာ မြို့နယ်အလိုက်ခြုံပြီးဖော်ထုတ်သတ်မှတ်နိုင်ခြင်းမရှိဘဲ နိမ့်သောနေရာများတွင် ရေတင်ရေကြီး၊ မြင့်သောနေရာ များတွင် လွတ်ဟု သာ ယေဘုယျသုံးသပ်နိုင်သည်။ ခြုံငုံသုံးသပ်တင်ပြရသော် တစ်မြို့လုံးအတွက် ရေဆိုးထုတ် စနစ်ကို ယခုထက်ပိုမိုပြီး ပီပြင်အောင်ဆောင်ရွက်အကောင်အထည်ေ ဖာ်ရန်ဖြစ်ပေသည်။ ယင်းကဲ့သို့ဖြစ်ပွားရခြင်းအား အဖြေကိုရှာကြည့်ရာ အဝေးကြီးတွေးရန်ပင်မလို။ ရေများလျှံတတ်ရခြင်း ၏ အဓိကအခန်းကဏ္ဍ တွင် ရေနုတ်မြောင်း များ၏ြ ပသနာသည် အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် တွေ့မြင်နိုင် မည်ဖြစ်သည်။

ရန်ကုန်မြို့တွင် ရေမြောင်းတော်တော်များများ ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းကြောင့် ပိတ်ဆို့မှု များဖြစ်ပေါ်နေသည်။ အဆိုပါ ရေနုတ်မြောင်းများကို မြို့တော်စည်ပင် က သေသေချာချာ စနစ်တကျဖော်ပေး ထားခြင်းဖြစ်သော်လည်း မြောင်းအနည်းငယ် ရေစီးရေလာကောင်းမွန်နေရုံဖြင့် ရန်ကုန်မြို့ရေကြီးခြင်းဘေးမှ မကင်းနိုင်၊ ရပ်ကွက် အလိုက် မြို့နယ်အလိုက်သာမက တစ်မြို့လုံးအတိုင်းအတာနှင့်အားလုံးပူးပေါင်းဆောင်ရွက် မည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ရေနုတ်မြောင်းများစနစ်တကျရှိရမည့်အချက်သည် ရေကြီး ရေတတ်ခြင်းကို ကာကွယ်နိုင်မည့် အကြောင်းအရင်းတစ်ခု၊ အပိုင်းတစ်ပိုင်းအနေဖြင့် ရှာဖွေတွေ့ ရှိ ရသည်။ ယင်းနောက် ထပ်မံသတိပြုရမည့်အချက်က တိုးတက်လာသည်နှင့်အမျှ ဆောက်လုပ်လာကြသော အိမ်ယာများဖြစ်ပါသည်။ အိမ်ဆောက်လုပ်မည်ဟုဆိုက တည်း က ရေနုတ်မြောင်းအကျယ် မည်သို့မည်မျှပမာဏ ရှိရမည်ဟုတ် သတ်မှတ်သင့်ပြီး တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်သင့်ပါသည်။ ရှိနှင့်ပြီးအိမ်ယာများ ၏ ရေထုတ်ရေနုတ်မြောင်းများကိုလည်း တစ်ပြေးညီစံနှုန်းတစ်ခုထားကာ ဆောင်ရွက်ပြီး အများပြည်သူနှင့်သက် ဆိုင်သည့် လမ်းမကြီးများကိုလည်း ရေနုတ်မြောင်းများ ကို စနစ်တကျ စီမံချက်ထားကာ ဆောင်ရွက်သင့်ပါသည်။ မြို့ရွာများအတွက် စီးဆင်းလာသော ရေပမာဏများပြားပါက ရေထုတ်မြောင်းမှ ထုတ်စွန့်နိုင်သည့် ပမာဏ ထက်ေ ကျာ် လွန်သောေ ရများကို ခေတ္တသိုလှောင်ထားနိုင်သော ရေကန်များလည်း ရှိသင့်ပါသည်။

သို့မှ သာပိုမိုသောရေများကို ခေတ္တနားခိုထိန်းသိမ်းထားနိုင်ပြီး ရေကြီးရေလျှံခြင်းဘေးမှ ကင်းဝေစေပါလိမ့်မည်။ ယခုအခါတွင်မူ ရန်ကုန်မြို့တော်ကြီး၏ခေတ္တရေထိန်း ကန်တော်တော်များများသည်ခေတ်မီအိမ်ရာများ၊ ဈေးကြီး များအဖြစ် သို့ပြောင်းလဲနေလေသည်။ ယခင်ကတည်ရှိခဲ့လေသော ရေနားခိုရာကန်ကြီးများ ကို ပြန်လည်လေ့ လာ စိစစ်ပြီး ပြုပြင်ထိန်းသိမ်းမှုများလည်း စနစ်တကျဆောင်ရွက်ပြီး ပြည်သူများအနေဖြင့်လည်း မိမိတို့အိမ် မိမိတို့နေရာမှရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးကို တစ်ပိုင်တစ်နိုင်တာဝန်ယူဆောင်ရွက်သင့်ပေသည်။

ဒီမိုကရေစီနိုင်ငံတော်ကြီးဝယ် အများနှင့်တူညီသော ဆောင်ရွက်မှုများကိုဆောင်ရွက်ရပေမည်။ ရေနုတ်မြောင်း များကာလရှည်ကြာစွာ ရှင်သန်ရပ်တည်နိုင်ရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြမည်၊ စည်းကမ်းနှင့်အညီ စနစ် တကျလိုက်နာကြမည်ဆိုပါက ရေကြီးရေလျှံခြင်းဘေးမှကင်းဝေးမည်ဖြစ်ပြီး အစစအရာရာ မြို့တော်စည်ပင် သာယာ တာဝန်ဟုသာ သဘောမထားဘဲ တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့တော်ကြီးသည် ရေကြီးရေလျှံမှုေ ကြာင့် ကား လမ်းများပိတ်ဆို့ခြင်း၊ အနိမ့်ပိုင်းတွင်ရှိသော လူနေအိမ်များရေလျှံခြင်းဘေးမှကင်းဝေးမည်ဖြစ်ပါကြောင်း။

 

ဦးသိန်းဗိုလ်(ခ)သိန်းကိုဝင်း

3 comments

  • we R one

    September 4, 2012 at 2:07 pm

    ရေမြောင်းထဲကို အမှိုက်ပစ်မချဖို့ကလည်း အရေးကြီးတယ်မလား..။ ရေနှတ်မြောင်းတွေ ဘယ်လောက်ပဲစနစ်တကျ ဖောက်လုပ်ထားထား. ရေမြောင်းထဲကိုအမှိုက်တွေ ပစ်ချနေသ၍ ပြသာနာတွေ က ရင်ဆိုင်နေရအုံးမှာပဲ..။

  • မောင်ပေ

    September 4, 2012 at 8:35 pm

    ကျုပ်တို ့မန်းတလေး မိုးမရွာ ၊ မရွာနဲ ့
    ဟော… 4.9.2012 နေ ့လည် ၃နာရီလောက်ကနေ ဆက်တိုက်ရွာချလိုက်တာ
    တစ်မြို ့လုံး ရေတွေကြီးကုန်ပါရော့လား
    မြောင်းတွေလုပ်ထားပေမယ့်လဲ ၊ စည်းကမ်းမရှိတဲ့ လူနေအိမ်များရဲ ့ဗရမ်းဗတာ နိုင်မှုတွေကို မြို ့သူားတွေ မျက်ဝါးထင်ထင် တွေ ့ကြုံ ခံစားနေရပေါ့

Leave a Reply