Sugarpova ကြောင်အစာ

Sugarpova သကြားလုံးအသစ် ဈေးကွက်ထဲ ရောက်လာပါပြီ။ သကြားလုံးနှစ်သက်သူ ရှာရာပိုဗာကြောင်ကြီး နာမည်ပေးထားတာမို့ နာမည်နဲ့ကုန်ပစ္စည်း သိပ်လိုက်ဖက်ပါတယ်။ ရွာထဲမှာ ကြေးမုံဂျီးလို့ ကြားလိုက်ရရင် ရွာသားများ ကြက်ဟင်းခါးသီးနဲ့ တမာရွက် သွားမြင်ကြသလို နေမှာပါပဲ။  နိုက်ကီနဲ့ ကိုးဟန်း အမှတ်တံဆိပ် ဖက်ရှင်ဒီဇိုင်း ပစ္စည်းများအတွက် ရှာရာပိုဗာဂလေး ကြော်ငြာပေးနေခဲ့ပေမဲ့ အခုသကြားလုံးလိုတော့ အစကနေအဆုံး ပါဝင်ထားတာ မဟုတ်ပါဘူး။

ရှာရာဂလေးခမျာ သကြားလုံး ဈေးကွက်ထဲရောက်ဖို့ အစကနေအဆုံး ၁၈လတိတိ အချိန်ပေးခဲ့ရပါတယ်။ သူ့အတွက် ကိုယ်ဝန်နှစ်ခါ (ဦးကြောင်နဲ့တခါ၊ အောင်ကြူးနဲ့တခါ) ဆောင်ခဲ့ရသလိုပါလို့ ဟာသလုပ် ပြောပါတယ်။ သူမနဲ့တွဲဖက် စီးပွားလုပ်ရောင်းချမည့် ကမာ္ဘတလွှား နေရာ၄ဝ ဆိုင်ခွဲများဖွင့်လှစ် ရောင်းချနေတဲ့ It’Sugar  လက်လီအရောင်းဆိုင်ထဲက sugerpova သကြားလုံး ၁၂မျိုးရှေ့မှာ တနင်္လာနေ့က ရှာရာပိုဗာလေး မတ်တပ်ရပ် ကြော်ငြာပေးခဲ့ပါတယ်။

သူ့အနေနဲ့ နာမည်ကြီး အားကစားသမားတွေ အားဖြည့်အချိုရည်နဲ့ အော်ဂင်းနစ်အစားအစာများအတွက် ကြော်ငြာတာ တွေ့ပေါင်းများပါပြီ။ အားကစားသမားများအပါအဝင် လူတိုင်း သကြားလုံး ကြိုက်နှစ်သက်တာမို့ အခုလိုမျိုး သကြားလုံးအတွက် ကြော်ငြာပေးတာ ဘာဖြစ်လဲလို့ It’sSugar စီအီးအို ဂျက်ဖ်ရူဗင်က ခုခံပြော သွားပါတယ်။

ရှာရာပိုဗာ့ အေးဂျင့်ကတော့ ဒါဟာ သူမနာမည်ကို ဖြန့်ကျက်အသုံးပြုမှု ဗျူဟာရဲ့ တစိတ်တပိုင်း ဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၁၈လအတွင်း ရှာရာဂလေးတယောက် တင်းနစ်ကစားခြင်းအပြင် သူ့ဘဝအတွက်မှာ အချိန်ပေး အလုပ်လုပ်ခဲ့ကြောင်းနဲ့ အခုသကြားလုံးသည် မတူခြားနား ပျော်ရွှင်နှစ်လို့ဖွယ် ကောင်းမှာပါတဲ့။

ချိုချဉ် ပီကေ ဈေးကွက်မှာ တကယ်ခိုင်မာတဲ့ အမှတ်တံဆိပ် မရှိသေးခြင်းနဲ့ ဗြိတိန်နိုင်ငံ တခုထဲမှာတင် တနှစ်ကို သကြားအိတ် သန်း၄၀ဝလောက် ဖြုန်းအားရှိတာ ဈေးကွက်သုတေသန လုပ်ဆောင်ချက်များအရ တွေ့ရှိရကြောင်း သူမအေးဂျင့်က ပြောသွားပါတယ်။ ရှာရာပိုဗာကြောင်ကြီးတယောက် တင်းနစ်ကစားခြင်း မှာသာမက စီးပွားရေးလုပ်ငန်းများမှာလည်း အောင်မြင်မှုသရဖူ ဆောင်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Maria Sharapova debuts ‘Sugarpova’ သကြားပိုဗာ

NEW YORK — Surrounded by gummy fish and tennis gumballs, Maria Sharapova isn’t apologizing.

She likes candy, and that’s the next category she’ll add her name to.

It’s actually more than putting her name and face on a product. While she has worked with the likes of Nike and Cole Haan to design shoes and clothes, she has never started from scratch like she has with this deal.

Sharapova said the development, from concept to launch, has taken 18 months.

“It’s like I’ve been pregnant twice,” Sharapova said jokingly.

Sharapova is ranked third heading into the U.S. Open, which starts next week.

On Monday, the tennis star stood in front of 12 varieties of Sugarpova candy at the new retail store of her partner It’Sugar, a candy company that has 40 locations around the world.

“I’ve seen enough of all these athletes endorsing the latest energy drink or organic health product,” said CEO Jeff Rubin, who calls himself the Chief Gummy Officer of It’Sugar. “We all know that everyone, including athletes, love candy, so what’s wrong with endorsing what we all eat?”

Sharapova’s agent, Max Eisenbud, said this was just another step in diversifying her brand.

“We looked at a lot of things over the last 18 months that she can focus on in her life after tennis,” said Eisenbud. “We met with Jeff and found that candy was different, fun and unexpected.”

Like anything Eisenbud has done with Sharapova, market research was essential.

“We found out that the gummy category specifically had no real name recognition and that something like 400 million bags were sold in the U.K. alone,” Eisenbud said.

Eisenbud hired Dentsu America, which worked with Sharapova on her Canon commercials. Dentsu took the idea away from tennis and more along the lines of Sharapova as a sex symbol and fashion icon. The logo includes a pair of lips, and there are gummies in the shape of dress shoes.

“Making it too much about tennis was predictable,” Eisenbud said. “She’s so much bigger than that.”

Sharapova does have one thing going for her: Margins on candy are pretty spectacular.

“Candy might not be healthy, but the industry sure is,” Rubin said.

6 comments

  • မောင်ပေ

    September 4, 2012 at 12:30 pm

    နောက်ဆိုရင် သကြားလုံးလေး ကို လျှာပေါ်တင်ပြီး
    ရှာရာလေးရဲ ့ရိုက်ချက်တွေကို ကြည့်ရင်း
    ဟီဟိ

  • ရဲစည်

    September 4, 2012 at 3:49 pm

    ရှာရာငပိ ကြော်ငြာချင်ကြောင်း ..
    အူးကြောင် ခွေးပြူးပါ …………..

  • etone

    September 4, 2012 at 4:37 pm

    အချိုသိပ်ကြိုက်တယ် ဟုတ်စ :mrgreen:
    ဦးကြောင်နော် ……… ကြေးမုံဂျီး …. ကြေးမုံဂျီး…. နဲ့ ကမ္မဝါဖတ်သလို ရွတ်နေလွန်းလို့ သူများတွေ ယုန်ထင် ၊ ကြောင်ထင် ၊ ဝက်ထင်တွေ ဖြစ်ကုန်ပြီ ။ ဂျီတော့ပ်ကနေ လာလာမေးကြတယ် ..အဟိ ….
    ရွာထဲက တယောက်လားဆိုပဲ … အဲ့နာမည်နဲ့ တွေ့မိလို့တဲ့ ……. ။ တကယ်တော့ ဦးကြောင်က ချိန်ပါကြီးပါဆိုတာ သူတို့သိမသွားဘူး ။ 😉

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 4, 2012 at 6:36 pm

    ဆယာကြောင်ကြီးခင်ဗျား
    အော်ဂင်းနစ်အစားအစာများ နဲ့ ငါးငပိ အကြောင်းကို
    အင်္ဂလိပ်လိုရေးသားပြုစုပြီး စာအုပ်ထုတ်ဝေဘို့ အကြံပြုပါတယ်ခင်ဗျား

  • Crystalline

    September 4, 2012 at 6:45 pm

    ဦးကြောင်ရဲ့ Sharapova ကို အိုလံပစ်ဖိုင်နယ်မှာစိတ်ကုန်သွားတယ်.. ဆရီနာကိုဘယ်လိုမှမယှဉ်ဘူး.. Sugarpova လည်း ဦးကြောင်မျက်နှာနဲ့အားပေးရမှာပေါ့.. 🙂

  • Crystalline

    September 4, 2012 at 6:59 pm

    ဦးကြောင်ရဲ့ Sharapova ကို အိုလံပစ်ဖိုင်နယ်မှာစိတ်ကုန်သွားတယ်.. ဆရီနာကိုဘယ်လိုမှမယှဉ်ဘူး.. Sugarpova ကိုတော့လည်း ဦးကြောင်မျက်နှာနဲ့အားပေးရမှာပေါ့.. 🙂

Leave a Reply