ဒို့ရွာကလေး သာယာစေလို

ခင္ခSeptember 4, 20121min12629

ဒို့ရွာကလေး သာယာစေလို

ရွာထဲမှာလည်း ဗရုတ်ဗရုတ်၊

ရွာပြင်မှာလည်း ငုတ်တုတ်ငုတ်တုတ်၊

ဘာပြောရမလဲ ကျုပ်တို့ကျုပ်တို့။

တစ်ယောက်မကောင်း တစ်ယောက်ထဲပါ

ရွာကြီးကိုတော့ သနားပါ။

အများသူဌာ ဝင်လို့ကြည့်၊

ရွာကချစ်စရာ ဖြစ်ပါ၏။

တစ်ချို့တွေလည်း ဝင်ရောက်လာ၊

ခဏတာပါ နားကြနားကြ၊

အမြဲပျူဌာ ရှိနေတာ၊

ရွာရဲ့အဆိုး မဟုတ်တန်ရာ၏။

ဒို့တွေအားလုံး လိုချင်တာ၊

ဒီရွာကလေး သာယာစေဖို့။

 

( မရေးတတ်ရေးတတ်နဲ့ ရေးမိလိုက်တာပါ။)

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

 

29 comments

  • manawphyulay

    September 4, 2012 at 10:07 am

    gtalk မှာလည်း ပျောက်နေတာ…
    ရွာထဲကိုတော့ ရောက်ရှိလာ…
    အများသူငှာ ပျော်ရွှင်ရေး…
    ရွာသူရွာသား ဝိုင်းဝန်းပေး…

  • မိုးမှောင်

    September 4, 2012 at 10:24 am

    အများပြည်သူ ကောင်းဖို့ ပြန်လည်ပြင်ဆင်စို့
    ပြင်ဆင်ဖို့အခွင့်အခါ ကျရောက်လာပီကွာ ။

  • မွန်မွန်

    September 4, 2012 at 10:34 am

    လက်တမ်းရေးတဲ့ ကဗျာပါ
    လေးလေးစေတနာ အသိသာ။

    ရှင်းရှင်းလင်းလင်း သိဖို့အရေး
    ပို့စ်ကလေးတော့ တင်ပါမနှေး။

  • etone

    September 4, 2012 at 10:49 am

    ရွာလည်မထွက်ရတဲ့နေ့များဆို ၊ တနေ့လုံး နေမရ ထိုင်မရနဲ့ ……. ထမင်းမစားရတဲ့ နေ့လိုပဲ .. ရင်ထဲမှာ ဟာတာတာနဲ့ ……… 😛 စကားမစပ် … အချိန်နဲ့ တပြေးညီ informationတွေ လှမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အန်ကယ်ရေ ။ စာတွေအကုန်မပြန်ဖြစ်တာက … ဖုန်းက ပိစိညှောင့်တောက်စာလုံးလေးတွေကို ရိုက်ရအားမရလို့ပါ ။ ဟီး :mrgreen:

  • Novy

    September 4, 2012 at 10:58 am

    မနေ့တုံးက ရွာထဲဝင်
    တနေကုန်တောင် ဝင်လို့မရလို့
    ရွာအရေးကို တွေးလို့ပူ
    ရွာကြီးမဆူအောင် အားလုံးထိန်းကြ

  • linnlinnn

    September 4, 2012 at 11:00 am

    မနေ့ကဖွင့်ကြည့်တော့ တနေကုန် network error ပဲပြနေတယ်။ ဒီမနက်ဖွင့်လို့ရပြန်တော့လည်းဗဟုသုတဖြစ်စရာစီစီညံညံမဟုတ်တဲ့ ဆူဆူညံညံအသံတွေတွေ့နေရတော့ နဲနဲညစ်သွားတယ်။ကိုခပြောသလိုသာယာစေချင်ပါ၏။

  • ကိုခင်ခ

    September 4, 2012 at 11:16 am

    မနှောရေ ခင်ခ ဂျီတော့ကို မြေမြုပ်လိုက်တာကြာရောပေါ့။

    မမွန်မွန်ရေ အဆီအငေါ်မတည့်ရေးထားတဲ့ကဗျာကို ဖတ်ပေးသွားတာကျေးဇူးပါ။

    မအိတုံရေ စာအကုန်မပြန်ဖြစ်လည်းကိစ္စမရှိပါဗျာ ဖတ်တယ်ဆိုရင်ဘဲရပါတယ်။ ဟုတ်တယ်ကျွန်တော်လည်း ဖုန်းနဲ့သုံးရင် ဖတ်တာဘဲလုပ်တာမို့ပါ။

    Novy နဲ့ linnlinnn ရေ မနေ့က ရွာဘက်မှာ မိုးအရမ်းရွာနေလို့နေမှာပါ။ အခုတော့ သာယာပါရဲ့။

    မိုးမှောင်နဲ့ နာဂရ တို့ရေ ကွန့်မန့်အတွက်ကျေးဇူးပါ။

  • ကိုခင်ခ

    September 4, 2012 at 12:32 pm

    နာဂရ ရေ ကျွန်တော်ကဗျာထဲမှာ ရေးလိုက်တဲ့ “တစ်ယောက်မကောင်း တစ်ယောက်ထဲပါ ´´ ဆိုတာ ခင်ဗျားကိုညွှန်းထားတာ မဟုတ်သလို ဘယ်သူ့ကို ရည်ရွယ်ညွှန်းထားတာမှ မဟုတ်ပါ၊ တစ်ခါတရံ အဆင်မပြေကြလို့ မကျေနပ်ကြရင် အဲဒီအခါ မကျေနပ်တဲ့ အဆင်မပြေဖြစ်ကြတာ တစ်ယောက်နဲ့တစ်ယောက်ပါ အခြားအများသူဌာ စာရေးကြသူတွေ စာဖတ်ကြသူတွေရှိတဲ့ ရွာတစ်ခုလုံးနဲ့ မဆိုင်ပါကြောင်း သဘောမျိုးကို ကဗျာဆိုတာ စာတိုဖွဲ့လို့ရေးရတာမို့ အခုလိုရေးခဲ့တာပါ။ ကိုနာဂရမန့်လိုက်တာက ဘယ်လိုတွေးမိပြီး မန့်ဖြစ်တာလည်း ကျွန်တော်စဉ်းစားမရပါ ဒါပေမယ့် ကွန်မန့်ဆိုတာလွတ်လပ်စွာမန့်ခွင့်ရှိလို့ မန့်တာ ကိုတော့ ဘာမှမပြောလိုပါ။
    လူ့ဘဝဆိုတာ သေခါနီးများတွေးချိန်ရရင် ပြန်တွေးလိုက်ပါက ဘာမှမဟုတ်ပါဘူးဗျာ၊ အဲဒီတော့ နေရတဲ့ အချိန်လေးမှာ ကျွန်တော်က အာလုံးကိုပျော်စေချင်တဲ့သူပါ။
    ပေါ့ပေါ့ပါးပါး ပျော်ပျော်ပေါ့
    ကိုခင်ခ။

  • ကိုခင်ခရေ တစ်ဖက်ကပို ့စ်မှာ ကျနော့်ကိုစွပ်စွဲနေတော့ စိတ်မကောင်းဖြစ်နေတာ
    အကို ့ကဗျာ ဖတ်ပြီး အော်သူ ကျနော့်ကို အထင်လွဲနေပြီ တွေးမိသွားလို ့ပါဗျ

    • ရဲစည်

      September 4, 2012 at 3:36 pm

      တဖက်ပို့စ် ဆိုတာ
      ကျနော့် ပို့စ်လားဗျ … အဲမဆီမဆိုင် ကိုခင်ခ ပို့စ်ထဲ ရောက်လာပီ
      မတတ်နိူင်ဘူး …
      ကိုနာဂရရေ ကျနော်ရေးထားတာ သေချာပြန်ဖတ်ပေးပါဗျာနော်

      • etone

        September 6, 2012 at 11:52 am

        အဲ့ဒီဟက်ကာတွေ သူတို့အထင်က တကယ်သာ ခိုင်မာနေလျှင် တယောက်တည်းက အကောင့်အများကြီးသုံးနေတာကို … လက်ဆုပ်လက်ကိုင်ပြသင့်တယ်လို့ထင်ပါတယ် ။

  • ခပ်မိုက်မိုက် ကောင်မလေး

    September 4, 2012 at 1:06 pm

    သူများ မကောင်းကြောင်း…
    ကိုယ် ကောင်းကြောင်းဆိုသလိုပေါ့ ဟုတ်လား…။
    သူများကောင်းကြောင်းလည်း မပြောနဲ့…
    ဆိုးကြောင်းလည်း မပြောနဲ့…။
    ကိုယ် ကောင်းကြောင်းလည်း မပြောနဲ့…
    ဆိုးကြောင်းလည်း မပြောနဲ့ပေါ့နော်…။

    ဒို့ရွာကလေး သာယာစေလို…
    ပျော်ပျော်ရွှင်ရွှင် ဝိုင်းဝန်းပြီး…
    စည်းစည်းလုံးလုံးပေါ့နော်…။

    ကိုခင်ခ ကဗျာလေးကောင်းပါတယ်…
    အားပေးသွားပါတယ်နော်…။
    ခင်မင်လျက်….မိုက်လေး

  • ကိုခင်ခ

    September 4, 2012 at 1:18 pm

    မှန်ပါ၏ ခပ်မိုက်မိုက်ရေ၊

    တကယ်အော်ငိုမယ်ဆို ကျွန်တော် ငိုချင်းတီးဖီု့ ဆိုင်းဝိုင်းပို့ပေးမလို့ ကိုပေါက်ရေ။

  • may flowers

    September 4, 2012 at 1:37 pm

    ( မရေးတတ်ရေးတတ်နဲ့ ရေးမိလိုက်တာပါ။) ဆိုပေမဲ့ ဖတ်လို့ကောင်းပြီး ပြောချင်တဲ့ အကြောင်းလေးကို

    လည်းထိထိမိမိရေးဖွဲ့ ထားတဲ့ကဗျာလေးမို့ အားပေးသွားပါတယ်ကိုခင်ခရေ..။

  • ကိုခင်ခ

    September 4, 2012 at 1:43 pm

    ကျေးဇူးပါ မမေရေ၊ ရွာကိုသာယာစေချင်တဲ့ စိတ်လေးတွေနဲ့ ဖတ်ကြလို့ ကောင်းနေကြတာနေမှာပါဗျာ။

  • ကိုရင်စည်သူ

    September 4, 2012 at 1:47 pm

    စေတနာနဲ့ အချစ်ကို လုံးဝခံစားမိတယ်…
    ဘရာဗို .. ပါ.. ကိုခင်ခ… 😎

  • surmi

    September 4, 2012 at 1:58 pm

    ရွာသူားတွေညီနေကြတာ ကြည်နူးစရာပါ
    အတွေး အရေးကောင်းတဲ ့ ကိုခကြီးလဲ ရွှင်လန်းသာယာပါစေဗျားးးးးးး

  • ရဲစည်

    September 4, 2012 at 3:46 pm

    အူးလေးရေ
    အနော်လဲ ခံစားမိသဗျ
    ဒီလိုပဲ ပျော်ပျော်ရွှင်ရွှင် နေခြင်သပ
    တခါတလေလဲ မုန်းတိုင်းပီး နေသာတတ်ပါတယ်
    အဲ …
    နာဂစ်လို ဟာမျိုးတော့ မပါချင်ဘူး 🙁

  • DEPARKO DEPARKO

    September 4, 2012 at 4:15 pm

    နာဂရရေ သစ်ပင်မြင့်ရင်လေတိုက်ခံရစမြဲပါ ဥပက္ခာသာထားလိုက် အချိန်တန်မောရင်ရပ်သွားလိမ့်မယ် လေသမားတွေပါ ကိုယ်ဟာမြန်မာပြည်အနှံ့တာဝန်ထမ်းနေရတဲ့ဝန်ထမ်းပါ ရခိုင်မှာ ၄ နှစ်လောက်တာဝန် ထမ်းဆောင်ဘူးတယ် ကိုယ်တိုင်မီးမလောင် မီးလောင်ခြင်းကိုလည်းအားမပေးတတ်ပါဘူး

  • Crystalline

    September 4, 2012 at 7:27 pm

    ကျမက မန်ဘာမဝင်ခင်ကတည်းကရွာထဲမှာတော်တော်ပျော်မိတယ်.. ဆိုက်တွေထဲမှာလည်း ဒီဆိုက်တခု လောက်ပဲဝင်ဖြစ်တာပါ..နောက်ပိုင်း နောက်ပိုင်းမှာတော့ အကြောင်းကြောင်းသောအကြောင်း တွေကြောင့် သံယောဇဉ်တော်တော်လျော့သွားတာတော့အမှန်ပဲ.. အရင်ကဆိုတနေ့မဝင်ရရင်မနေနိုင်..အခုတော့ စိတ်ထားတတ်သွားပြီး

  • မောင်ပေ

    September 4, 2012 at 8:17 pm

    သာသာယာယာ
    ဝင်လို ့မရတဲ့အခါ
    နေရတာခက်
    စိတ်အရမ်းပျက်
    စွဲလန်းစိတ်ကနှက်

  • padonmar

    September 4, 2012 at 8:41 pm

    တစ်ခါဆူဆူပူပူဖြစ်ပြီးရင် ပိုချစ်ပိုစည်းလုံးသွားတတ်ကြတဲ့ ရွာဖြစ်တာမို့လို့ စိတ်ကောက်နေတဲ့ချစ်သူတွေတောင်ပြန်တဲ့သွားပါလိမ့်မယ်။

  • မမ အညာသူ

    September 5, 2012 at 2:47 pm

    ကောင်းပါတယ်
    အားပေးသွားပါတယ်ရှင်

  • ကိုခင်ခ

    September 5, 2012 at 4:27 pm

    ကိုရင်စည်သူ၊ ကိုဆာမိ၊ ကိုရဲစည်၊ DEPARKO ၊ Crystalline ၊ ကိုပေ ၊ မပဒုမ္မာ ၊ မမမအညာသူ စတဲ့ ရွာသူ/သားတွေ ကျေးဇူးပါဗျာ။

  • ကျနော်လဲ ခံစားရပါတယ်ဗျာ။ကနေ ့လဲတနေ ့လုံး IC3.gov ပေါ်နေတယ်လေနော်။
    ခုမှဝင်နိုင်လို ့ပါ။ကျနော့်နာမည်တပ် အဆော်ခံရလို ့စိတ်မကောင်းဖြစ်ရပါတယ်ဗျာ။

  • Alpha Vanishing

    September 5, 2012 at 4:46 pm

    ့်မြန်မာလူမျိုးအချင်းချင်းတွေရဲ ့ site ကိုမလုပ်ချင်ပါဘူး နောင်အစစအရာရာစဉ်းစဉ်းစားစာ ဆင်ဆင်ခြင်ခြင်နဲ ့ ဂေဇက် ကြီး သပ်သပ်ရပ်ရပ် ဖြစ်စေချင်ပါတယ်…
    ဟက်ကာဆိုလို ့ ခွိခွိ ဆိုတဲ ့ post မျိုးက လာစွပေးနေသလိုဖြစ်နေလို ့ပါ
    အားလုံးရဲ ့ကိုယ်စား အချင်းချင်း နားလည်ကိုယ်ချင်းစာပေးကြပါ
    ကျွန်တော်တို ့လည်း သတင်းအမှားတွေလွင့်နေတဲ့ အခြား site များကို ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်

    We Are Myanmar………

Leave a Reply