ဒီမိုရွာဟုဆိုကြရာဝယ်…

ကြောင်ဝတုတ်September 4, 20121min319

အရင်ဆုံးပြောချင်တာတစ်ခုက ဒီစာရေးတဲ့နေတဲ့အချိန် ဆိုဒ်ပေါ်တင်သင့်မတင်သင့် တော်တော်ကြီးစဉ်းစားတယ်… ရေးပြီးတော့လဲ ပြောသင့်မပြောသင့်သေသေချာချာဆုံးဖြတ်ပြီးမှ ပြောသင့်တယ်ထင်လို့ပြောပါတယ်… အမှားတစ်စုံတစ်ရာပါခဲ့မယ်ဆိုရင်… တွေးခေါ်ရေးသားသော ကျွန်ုပ်၏ တာဝန်သာဖြစ်ကြောင်း ပြတ်ပြတ်သားသားတာဝန်ယူပါသည်…

အရင်ဆုံးပြောချင်တာက… ဂဇက်ဆိုတဲ့ရွာကြီးအကြောင်းပါ… ဂဇက်ဆိုတဲ့အွန်လိုင်းရွာကြီးကို ကျွန်တော်တို့အားလုံး မြတ်နိုးစွာ ဒီမိုရွာကြီးဟု နှစ်နှစ်သက်သက်လက်ခံထားသည်…  ဟုတ်ပါပြီ… ဒါဆိုရင် ရွာသူရွာသားတွေရော ဘယ်လောက်တောင်ဒီမိုဆန်နေကြပြီတုန်း… ဒီမိုဆိုတာကို ဘယ်လောက်အထိ လက်ခံထားနိုင်ကြပြီတုန်း… သေသေချာချာပြန်စဉ်းစားကြည့်ရအောင်…

အရင်ဆုံး ကျွန်တော်စိတ်မကောင်းစွာတွေ့ရတာက ရခိုင်အရေးဆွေးနွေးတိုင်း ဂဇက်မန်ဘာဝင်တွေ တော်တော်များများ အားရဝမ်းသာဝိုင်းဆဲကြတဲ့အဖြစ်… ဒီမိုရွာမှာ သူ့အမြင်ကိုရေးရင် ကိုယ့်ဘက်ကလဲ ခိုင်မာတဲ့အထောက်အထားနဲ့ တိတိပပချေပနိုင်ရင်ချေပ… မချေပနိုင်တဲ့အနေအထားဆိုရင် ပါးစပ်ပိတ်ပြီး ဒေါင့်မှာသွားထိုင်နေရုံပဲ… ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်… အခုအချိန်မှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်တို့နိုင်ငံ ဒီမိုနိုင်ငံအဖြစ်ဦးတည်နေတယ်… အဲဒီတော့ မိမိကိုယ်တိုင်ဒီမိုအဖွဲ့အစည်းထဲမှာ ဘယ်လောက်အထိ ဝင်ဆန့်အောင်ရင့်ကျက်ပြီလဲဆိုတာကို မိမိကိုယ်တိုင်ဆန်းစစ်သင့်ပါပြီ…

အဲဒီလိုမှမဟုတ်ရင် ဒီမိုနိုင်ငံမှာ ဒီမိုကရေစီရလို့ ငါကတော့လုပ်ချင်ရာလုပ်မယ်… ငါလုပ်တာနဲ့ဆန့်ကျင်ရင် ငါ့ရန်သူပဲလို့သဘောထားနေသမျှ ဂဇက်ဆိုတဲ့ဒီမိုရွာရဲ့အနှစ်သာရလဲပျက်ဆီးမှာပဲ…

ထပ်ပြောရရင် လွတ်လပ်စွာကိုးကွယ်ခွင့်အကြောင်း… ဂေဇက်ရွာရဲ့စည်းကမ်းအမှတ်(၆)မှာ လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင်၊ ခွဲခြားမုန်းတီးရေးကိုဖြစ်စေသောစာများမတင်ရ ဆိုတာပါတယ်…

အဲဒီတော့ စာရေးတဲ့လူကလဲ မိမိကိုးကွယ်ရာဘာသာမဟုတ်သော အခြားဘာသာများကို ဝေဖန်ခြင်း၊ အပြစ်ပြောခြင်းကို ရှောင်သင့်တယ်လို့မြင်ပါတယ်… အဲဒီတော့ ဂဇက်မှာ မူဆလင်တစ်ဦးဦးကဖြစ်စေ… ခရစ်ယာန်တစ်ဦးဦး သို့တည်းမဟုတ် မိုးပြာဂိုဏ်းဝင်တစ်ဦးဦးက ဂဇက်ပေါ်မှာသူ့ဘာသာအကြောင်းလာရေးမယ်ဆိုပါစို့… ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုတုံ့ပြန်ကြမလဲ… ကိုယ်ကိုးကွယ်တဲ့ဘာသာမဟုတ်လို့ မကောင်း ပြောမှာလား ဝိုင်းဆဲကြမှာလား… ဒါဆိုရင် ဂဇက်ကဗုဒ္ဓဘာသာကိုးကွယ်သူများရဲ့ သီးသန့်ဆိုဒ်တစ်ခုလား… အဲဒါဆို ဒီမိုရွာဆိုပြီးဂုဏ်ယူထားတဲ့ ကျုပ်တို့မျက်နှာတွေကို ဓားနဲ့လှီးပစ်ရတော့မယ်…

ရှင်းရှင်းလေးပဲဗျာ… ကိုယ့်ယုံကြည်ရာ… ကိုယ့်ကိုးကွယ်ရာမဟုတ်ရင် မဆွေးနွေးပဲနေ…

မကောင်းတော့ဝင် မပြောတာအကောင်းဆုံးလို့ မျှော်လင့်ပါရဲ့… ဗုဒ္ဓဘုရားရှင်လဲ သူ့ရဲ့ဝါဒပြန့်ပွားဖို့ တခြားဘာသာရေးတစ်ခုခုကိုမကောင်းပြော နင်းတက်လာတဲ့ဗုဒ္ဓဘာသာမဟုတ်ဘူး… သူကိုယ်တိုင်မေတ္တာနဲ့ကြိုးစားပြီး ပြန့်ပွားအောင်လုပ်ခဲ့တာ… ကျုပ်တို့ဗုဒ္ဓဘာသာပြန့်ပွားချင်ရင် တခြားဘာသာတွေပြန့်ပွားအောင်လုပ်တာတွေကို စနစ်တကျလေ့လာပြီး ကျုပ်တို့နဲ့ကိုက်ညီမယ့်အချက်တွေကို အတုယူရမယ်… ပြန့်ပွားအောင်ကြိုးစားရမယ်…

ကိုယ်က ဘာမှမလုပ်ဘဲနဲ့ တခြားဘာသာရဲ့ လုပ်ဆောင်ချက်တွေကို အပြစ်ထိုင်ပြောနေတာ မကောင်းမြင်နေတာမျိုးကို ကိုယ်ကိုးကွယ်နေသောဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ကရော သဘောကျမယ်ထင်နေကြသလားဗျာ…

ထပ်ပြီးအားမနာတမ်းပြောရမယ်ဆိုရင် ရိုဟင်ဂျာချစ်သူဆိုတဲ့တစ်ယောက်ရေးထားတဲ့ “ သာသနာဖျက်မှာလား၊ ဂုဏ်ဆောင်မှာလား၊ အရေချုံလား” ဆိုတဲ့ပိုစ့်မှာ ကော်မန့်ပေါင်း (၃၁)ခုနဲ့ ဝေဝေဆာဆာဆဲထားတယ်ပေါ့ဗျာ…

ကျုပ်တို့ အဲဒီနေရာမှာ တကယ်လုပ်ရမယ့်ကိစ္စက ဆဲဖို့မဟုတ်ဘူး… အဲဒီဆရာတော်အဲဒီအလုပ်ကို အဲဒီလိုလုပ်နေတာ တကယ်ဟုတ်မဟုတ်

လက်လှမ်းမီရာစုံစမ်းပေးပြီး တကယ်တန်းအဲဒီလိုမဟုတ်ဘူးဆိုရင်အချက်ကျကျနဲ့ မဟုတ်ကြောင်းတုံ့ပြန်ရမှာပါ…

တကယ်လို့များ အဲဒီဆရာတော်အနေနဲ့ အဲဒီအလုပ်ကိုတကယ်လုပ်နေတယ်ဆိုရင်တော့ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ယောက်အနေနဲ့ မလုပ်သင့်တဲ့အလုပ်ကို လုပ်တာဖြစ်တဲ့အတွက် ရှုပ်ချရမှာပါ… ဆရာတော် သာသနာပြုမှုလမ်းလွဲနေပါတယ်…

ဆရာတော်နိုင်ငံရေး လုပ်ချင်ရင် နိုင်ငံရေးလုပ်ပါ… နိုင်ငံရေးယောင်ယောင် သာသနာပြုယောင်ယောင်တော့မလုပ်စေချင်ပါ…

ခပ်ကြမ်းကြမ်းပြောရရင်… ဘုန်းကြီးတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်ကိုပဲ ကိုယ်လုပ်သင့်ပါတယ်…

အဲဒီလိုမဆင်မခြင်လုပ်တာကြောင့်နဲ့ မျက်စိမှတ်ဇွတ်မျိုးချစ်တွေ… ပြောသမျှယုံဖင်ကုန်းကန်တော့ ဗုဒ္ဓဘာသာဝင်တွေကြောင့်လဲ အမျိုးဘာသာ၊ သာသနာကိုညစ်နွမ်းမှုမဖြစ်စေချင်ပါ…

အဲဒါကိုပြောရင်းနဲ့ဆက်စပ်လို့ ဟိုတစ်နေ့က ဂဇက်ဆိုဒ်ကို ဒေါင်းအောင်လုပ်တဲ့တစ်ဖွဲ့ပေါ့…

အိုင်တီပညာအရ… လေးစာစရာကောင်းပါတယ်… မြန်မာလူငယ်တွေထဲမှာ အဲလိုလုပ်နိုင်တဲ့ သူတွေရှိတာ ဝမ်းမြောက်ဝမ်းသာပါဗျာ…

အဲဒီထဲက ကိုအယ်လ်ဖာဗားနစ်ရှင်းဟာလဲ အခုဂဇက်ထဲမှာ ဝင်နေပါတယ်… ဒါပေမယ့် ကျွန်တော်စိတ်မကောင်းတာတစ်ခုကဂဇက်မှာ

ဘာသာရေးကိစ္စရေးလို့ လာရောက်တရားစီရင်သလိုပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့ နဲနဲလေးများ အာဏာရှင်ဆန်နေသလားလို့ဗျာ…

ကျွန်တော်တို့တတွေက အာဏာရှင်စနစ်နဲ့ပဲ နှစ်ပေါင်းများစွာအသားကျနေပြီးမို့ ကြီးနိုင်ငယ်ညှင်းအလုပ်တွေကိုပဲ အားရနေသလားလို့ ခင်ဗျားတို့အဖွဲ့သားများအားလုံးကို မေးချင်ပါတယ်… ဒီမိုနိုင်ငံကြီးကို အကျိုးပြုမယ့်ပညာရှင်များပဲဖြစ်စေချင်ပါတယ်… ရင့်ကျက်စေချင်ပါတယ်…

နောက်ဆုံးပြောချင်တာက ဒီမိုကရေစီကို ပါးစပ်နဲ့လိုချင်လို့မရပါဘူး…

မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး ကောင်းသောအလုပ်များကို အများအတွက်လုပ်ခြင်းဖြင့်သာ ဒီမိုကရေစီကိုဖော်ဆောင်နိုင်မှာပါ… မိမိတို့နာမည်ကြီးရေးနဲ့ နေရာရရေးအတွက် အခြားတစ်ဦးတစ်ယောက်အပေါ်နစ်နာစေခြင်းဖြင့် ဘယ်သောအခါမှ ဒီမိုမဖြစ်နိုင်ဘူးဆိုတာကို အစဉ်အမြဲသတိချပ်စေချင်ပါတယ်…

 

ကြောင်ဝတုတ်

၂၀၁၂၊ စက်တက်ဘာလ

62 comments

  • kyeemite

    September 7, 2012 at 10:54 am

    ဖက်တီးကက်ရေ…. ကျူပ်လည်း အကြောင်းအရာတခုကို ဆွေးနွေးကြ ပြောကြငြင်းကြ ခုန်ကြတဲ့နေရာမှာ အကြောင်းမဲ့ ဆဲရေးတိုင်းထွာတာ ပုဂိ္ဂုလ်ရေးကို ဦးတည်ပြီး တိုက်ခိုက်ပြောဆိုကြတာကို မြင်ရင် မကြိုက်ပါဘူး
    အဲလိုတွေ အပြန်အလှန်ဆဲဆိုနေတာတွေ့ရင် ဝင်လည်းမမန့်ပါဘူး။:roll: 🙄

  • ပန်းစံပါယ်

    September 7, 2012 at 2:43 pm

    အခုတလော ရွာထဲမှာ ရွာသူရွာသားတွေအတွက် အတော်လေးအဆင်မပြေဖြစ်သွားပြီး ရွာပျက်သွားမလားလို့ပူပင်ရတဲ့အထိပါပဲ။ ဒီအတွက် ရွာလေးမပျက်စီးဖို့ အဓွန့်ရှည်တည်တန့်ဖို့အတွက် ဒီရွာထဲမှာ လုပ်ဆောင်နိုင်သူတစ်ချို့က မိမိစွမ်းနိုင်တဲ့ဘက်ကနေ ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။

    ဘာမှတော့နားလည်ပါဘူး။ တခုခုမန့်ချင်တာ ဘာမန့်ရမှန်းမသိလို့ သူများရေးထားတာလေး ပြန်ကူးလိုက်တယ်နော်။

    ကို amatmin ပြောတဲ့ ” ဒီရွာရဲ့ ရွာသူားတိုင်း ကိုယ့်ရွာကို စောင့်ရှောက်ကြစေလိုပါကြောင်း..”

    အဲဒါလေးက တော်တော်ပြည့်စုံထိရောက်တဲ့ စကားလေးလို့ယူဆမိပါတယ်။

  • Sweet Tooth

    September 7, 2012 at 4:47 pm

    ဝင်တာမကြာသေးပေမယ့် ရိုးရှင်းပြီး သုံးရလွယ်ကူတဲ့ ဂဇက်ရွာလေးကို မြင်မြင်ချင်း သံယောဇဉ်ဖြစ်မိပါတယ်။လက်ဆော့ရမယ့် ရွာလေးမဟုတ်ဘဲ ထင်ထားတာထက် ပိုအဆင့်ရှိနေလို့ ဒီရွာလေးရဲ့ဂုဏ်သိက္ခာကို လေးစားမိပါတယ်။အများ အကျိုးအတွက် အကျိုးရှိမယ့် ပို့စ်တွေ ရေးတင်ကြရင်း ဒီရွာလေး ကိုစောင့်ရှောက်ကြပါ။အပြင်မှာလည်း နွေးထွေးစွာ ငြင်းကြ ပျော်ကြတဲ့အခါ အဝေးရောက် မန်ဘာတစ်ယောက် အနေနဲ့ မချင့်မရဲ ဖြစ်နေရပါတယ်။မန်းလေး ရောက်တဲ့အခါ လာလည်ချင်ပါတယ်။

  • မိုးတိမ်

    September 7, 2012 at 6:39 pm

    လွန်ခဲ့တဲ့(၂)ရက်လောက်က ရွာထဲကို ဘယ်လိုမှဝင်လို့မရပါ။
    IC3 (http://www.ic3.gov/default.aspx)ရဲ ့ အပြာရောင်စာမျက်နှာကြီးပဲတွေ့နေရတယ်ဗျ။
    အဲဂဒါ ဘာဖြစ်တာလဲ သိတဲ့လူများပြောပြကြပါဦး။

  • Alpha Vanishing

    September 7, 2012 at 8:03 pm

    .:: We Are Watching You ::.

    • မိုးတိမ်

      September 7, 2012 at 10:14 pm

      ခိခိ…
      ဘာတွေတွေ့တုန်းဟ။ ဟေ့ကောင်တွေ ငါ့ကွန့်မန့်တိုင်း ပြန်ဖတ်ကြည့်စမ်း။
      အမျိုး၊ဘာသာ၊သာသနာ စော်ကားတာပဲဖြစ်ဖြစ်၊ ရွာကိုထိခိုက်အောင်လုပ်တာပဲဖြစ်ဖြစ်
      ငါကတော့ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ရှင်းရှင်းပြောရရင် မင်းတို့မကြိုက်တဲ့ကောင်
      ကိုလဲ ငါမကြိုက်ဘူး(အယူအဆချင်းမတူလို့)။အာဏာရှင်ပုံစံ မင်းတို့လုပ်ရပ်ကိုလဲ ငါမကြိုက်ဘူး(လုပ်ကိုင်တဲ့ပုံစံမှားလို့)။ဥပမာ ကိုစံလှကြီးလို ရှင်းလင်းတင်ပြပုံနဲ့ မီဒီယာကို
      မီဒီယာနဲ့တိုက်သင့်တယ်။သိပ်တင်းလာလို့ ဆဲမိတာကိုတောင် ငါအပြစ်လို့မမြင်ဘူးကွာ။
      မင်းဟာမြန်မာပါနော်။အေးငါကတော့ ဗမာစစ်စစ်ကြီးကွ။သောက်ကုလားဆိုဒ်တစ်ခုပေးလိုက်
      မယ်။http://leebamar.blogspot.com/ (-ီးဗမာတဲ့) အခုထိဝင်ရတုန်းပဲ။မင်းတို့ အဲဒီဆိုဒ်ကို
      ပြုတ်တဲ့အထိအရင်တိုက်ပြ။ပြီးမှရွာထဲပြန်လာဟုတ်ပြီလား။

  • kai

    September 10, 2012 at 4:26 pm

    ဟက်ကာနဲ့ပါတ်သက်တဲ့.. မည်သည့်မှတ်ချက်..ကွန်မန့်မှ မရေးစေလိုကြောင်းရယ်ပါ..
    ဒီပို့စ်လည်း.. ဒီမှာကော်မန့်ပိတ်ပါရစေ… :mrgreen:

Comments are closed.